ဧရာဝတီ | ကချင် စစ်ပွဲ

ကချင် စစ်ပွဲ

ကချင်ဒေသသို့ အကူအညီပေးရေး အဖွဲ့များ ပေးဝင်မည်

မစ္စတာ နမ်ဘီးယားက မြစ်ကြီးနားတွင် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့များနှင့် တွေ့ရသည်ကို ၀မ်းသာကြောင်း၊ ဤဒေသမှ အဖြစ်အပျက်များကို စိတ်ဝင်စားကြောင်း၊ လက်ရှိအခြေအနေကို အကောင်းမြင်ကြောင်း ပြောသည်ဟု သိရသည်။

စစ်ပြေငြိမ်းရေး အကောင်အထည်ဖော်ကြရန် အစိုးရနှင့် KIO သဘောတူ

နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေးလမ်းကြောင်းများ ထားရှိရေး၊ စစ်ရေးတင်း မာမှုများ လျှော့ချနိုင်ေ ရးနှင့် နောက်တကြိမ် ဆွေးနွေးပွဲ တွင် လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး စသည်တို့ကိုလည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။

KIO နဲ့ အစိုးရ ဆွေးနွေးရေး စားပွဲဝိုင်းပေါ်ရောက်ဖို့ နီးစပ်လာ

တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း မပြုသည်မှာ သဘောထား တင်းမာမှုများကို ရှောင်လွှဲလိုသောကြောင့် ဖြစ်ကြောင်း၊ သို့သော်လည်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့က သတင်း ထုတ်ပြန်ချက်များတွင် ၎င်းတို့အား အပြစ်ပုံချထားသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို သတင်းသမားများ တုံ့ပြန်ငြင်းဆို

“KIA ဘက်မှာ အွန်လိုင်းကပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ လူကိုယ်တိုင်ကွင်းဆင်းပြီး သတင်းယူရင်ပဲ ဖြစ်ဖြစ် အားလုံး အဆင်ပြေတယ်။ မေးချင်တာ အကုန်လုံးဖြေတယ်။ ပွင့်လင်းမြင်သာတယ်။ တပ်မတော်ဘက်က စစ်ပွဲနဲ့ပက်သက်တဲ့ မှတ်ချက်တွေ၊ အချက်အလက်တွေ တောင်းရင် ဘယ်တုန်းကမှ မရခဲ့ဘူး”

လေလှိုင်းထဲက ကချင်တိုက်ပွဲ

ဒီတော့ ကြည်လင်ပြတ်သားနေတဲ့ သဇင် FM လိုင်းမှာပဲ လိုင်ဇာ FM ဟာ ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ မပီမသ ဖြစ်ခဲ့ရပါတယ်။ မြစ်ကြီးနားမှာ စက်ထိုင်လွှင့်တာမို့ အဝေးက လွှင့်တဲ့ လိုင်ဇာ FM ဟာ သဇင်ကို မယှဉ်နိုင်ပါဘူး။ သဇင် FM က လိုင်ဇာ FM လွှင့်တဲ့ အချိန်တွေမှာပဲ တထပ်တည်း မြန်မာ နဲ့ ကချင် ဘာသာနှစ်မျိုး လွှင့်ပါတယ်။ မနက် ၆ နာရီကနေ ည ၁၀ နာရီအထိ အရပ်အနား မရှိ တောက် လျှောက် လွှင့်ပါတယ်။

ကချင်ရွာထဲသို့ လက်နက်ကြီးကျ၊ ၂ ဦးသေ

“မနေ့က ညနေ ၇ နာရီလောက်မှာ အမြောက်ကြီးနဲ့ တနာရီလောက် ပစ်ခတ်ခဲ့တယ်။ ဗုံးခိုကျင်းထဲမှာ ပုန်းဖို့လုပ်နေတဲ့ မိသားစုကို ထိသွားတော့ အမေဖြစ်သူနဲ့ ၈ နှစ်အရွယ် ကျောင်းသားလေး သေသွားတယ်။ နို့စို့ကလေးရယ်၊ သူ့ယောက်ျားကလည်း ဒဏ်ရာ ရသွားကြတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။

နေပြည်တော် လေးလပတ် အစည်းအဝေး ကချင်အရေး ဆွေးနွေးမည်

စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ မည်သို့ချမှတ်သည်ကို မသိရသေးသော်လည်း လက်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ၊ တနှစ်နီးပါး ရှေ့တန်းသို့ ရောက်ရှိနေသည့် တပ်များ လဲလှယ်ရေး ကိစ္စရပ်များကို ဆွေးနွေးမည်ဟု စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ဆိုသည်။

အစိုးရ တပ်မတော်နှင့် KIA ကို ပူတာအို ဒေသခံများ ဆန္ဒပြ

“KIA အနေနဲ့ လမ်းတံတားဖျက်တာတွေ၊ အကြမ်းဖက်မှုတွေ ထပ်မလုပ်ဖို့လည်း ဆန္ဒထုတ်ဖော်ကြတယ်လို့ ပြောတယ်။ ကျနော်လည်း မြစ်ကြီးနား ရောက်နေလို့ အတိအကျတော့ မသိသေးဘူး” ဟု ကချင်ပြည်နယ် ပူတာအို မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလီပေါ်ရဲက ဧရာဝတီကို ပြောသည်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ တောင်ငူရောက်ပြီ

“အာဏာပိုင်တွေက လာပြီးတားဆီးခြင်း မရှိသေးဘူးဆိုပေမယ့် မြို့အဝင်တည်းက အထူးရဲတပ်ဖွဲ့တွေက လိုက်နေတယ်။ တားဆီးတာရှိလည်း ဖြေရှင်းပြီးတော့ ဆက်သွားမှာပဲ” ဟု ဆရာတော်က ဧရာဝတီသို့ မိန့်သည်။

စီးပွားရေး ပိတ်ဆို့မှု ပြန်သုံးသပ်ရန် ထိုင်းရောက် ကချင်များ ဆန္ဒပြ

“မြန်မာအစိုးရ ပြုပြင်ပြောင်းလဲနေတယ်လို့ သတ်မှတ်ပြီးမှ အမေရိကန်က Sanction ကို ပြန်ရုတ်သိမ်းပေးခဲ့တယ်။ အဲဒီအချက်က ကျမတို့ တိုင်းရင်းသားတွေအတွက် လူအခွင့်အရေး ချိုးဖောက်မှုကို ဖြစ်စေတယ်။ အဲဒါတွေကို ကျမတို့က မလိုလားဘူး။ ဒါကြောင့် သူတို့ သတ်မှတ်ထားတဲ့ Sanction ကို ပြန်ပြီးတော့ စဉ်းစားစေချင်တယ်။ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု အစစ်ရောက်မှ Sanction ကို ပြန်ဖွင့်ပေးဖို့ ကျမတို့က တောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု မဆိုင်းဇင်က ပြောသည်။

အပေါင်းလား၊ အနုတ်လား ၊ အပြောင်းအလဲလား

နော်ဝေးနိုင်ငံ ပါလီမန်ရှေ့ရင်ပြင်ဆီ ဇန်န၀ါရီလ ၂၆ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ကျနော် ရောက်သွားခဲ့ပါတယ်။ အနုတ် ၁၀ ဒီဂရီ စင်တီဂရိတ် ရှိတဲ့အပြင် ဆီးနှင်းတွေလည်း ထူထပ်စွာ ကျနေတဲ့ကြားထဲမှာ လူ ၅၀ လောက်က ပိုစတာတွေထောင်ပြီး ကြွေးကြော် သံတွေ အော်နေတာ မြင်လိုက်ရပါတယ်

ကချင် ငြိမ်းချမ်းရေးအတွက် သွားရောက်သူများကို စစ်တပ် တားမြစ်

ဇန်န၀ါရီ ၂၄ ရက်က လာရောက် တားမြစ်သည့်အရာရှိများက ရှေ့လမ်းခရီးတွင် မိုင်းအများအပြား ရှိသည့်အတွက် အန္တရာယ်များကြောင်း ကောင်းမွန်စွာပြောဆိုသည်ဟု ကိုနေမျိုးဇင်က ပြောသည်။

ကချင်ကို အပြတ်ချေမှုန်းရန် ကြံ့ခိုင်ရေးပါတီ အမတ် လွှတ်တော်တွင် ပြော

တိုင်းရင်းသား ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်သည် သီးသန့် ဖြစ်နေပြီး အာဏာ ပိုမိုရှိနေသည့် အဖွဲ့အစည်းဖြစ်၍ နိုင်ငံတကာ၏ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီကြောင်း

ကချင်စစ်ပွဲ ထပ်မံဖြစ်ပွားမှုအပေါ် အမေရိကန် အပြင်းအထန် ကန့်ကွက်

ဒါပေမယ့် သံရုံးရဲ့ ကြေညာချက်မှာ လိုင်ဇာဒေသတခုတည်းကိုသာ ရည်ညွှန်းပြီး ကျန် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ KIA အဖွဲ့က တပ်မတော်စခန်းများနဲ့ အရပ်ဘက် ပစ်မှတ်များကို တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှုနဲ့ လဂျားယန်ဒေသက တပ်မတော် စခန်းများကို KIA တပ်ဖွဲ့များက လာရောက် တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှုများအပေါ် အံ့သြမိပါတယ်

ဖားကန့်၌ အစိုးရ လုံခြုံရေးတပ်ဖွဲ့ ဗုံးခွဲ တိုက်ခိုက်ခံရ

မရှီကထောင် တံတား တိုက်ခိုက်မှုကို မြန်မာ့တပ်မတော်ပိုင် မြ၀တီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ကချင်လွတ်လပ် ရေး တပ်မတော်(KIA) အကြမ်းဖက် သောင်းကျန်းသူများက တံတား လုံခြုံရေး ကင်းအား အကြောင်းမဲ့ လက်ပစ်ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်ဟု ရေးသားထားသည်။

မိုင်းထိ ကချင်ဒေသခံ တဦး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ

ကိုဇော်ဌေးသည် ဇန်နဝါရီ ၁၃ ရက် ည ၇ နာရီဝန်းကျင်က မိုးညှင်းမြို့သို့အလုပ်ကိစ္စဖြင့်သွားရာမှ မော်စီဆာမြို့နှင့် မိုက်ပုံရွာအနီးတွင် မိုင်းထိပြီး ဒဏ်ရာပြင်းထန်ခြင်းကြောင့် မိုးညှင်းဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းလိုက်ခြင်း ဖြစ်ကြောင်း ကူညီဆောင် ရွက်ပေးသူ နေသူ ကိုခိုင်နေမင်းက ဧရာဝတီ သို့ ပြောသည်။

ကချင်ပြည်နယ်မှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်

“ခါရာကို ထိုးနေတာကြာပြီ။ တက်လာလိုက်ပြန်၊ လန်ကျလိုက်ဖြစ်နေတာ။ အခု ခါရာကို သိမ်းပြီးသွားရင်တော့ ဒီဒေသတခွင်လုံး ကျပြီ။ အဲဒါကြောင့် ခါရာကို သူတို့ရအောင် တိုက်နေတာ။ စစ်တပ်က ဒေသစိုးမိုးဖို့အတွက် ဒီပတ်ပတ်လည်မှာ ရှိတဲ့တောင်ကုန်းတွေကို အကုန်တိုက်နေတာ။ အခုလောလောဆယ်က တောင်ကုန်းအမြင့် ၂ ကုန်းဖြစ်တဲ့ ၇၇၁ ဘွန်လွယ်ကုန်းနဲ့ ဖွန်းပြင်ဘွန် တောင်ထိပ် ၂ ခုကို သူတို့လက်နက်ကြီးတွေ တင်ထားပြီ”

လားရှိုး – မူဆယ် ကုန်တင်ယာဉ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

“မူဆယ် ဘက်ကနေ မြန်မာ့တပ်မတော် စစ်ကား ၆ စီးက လားရှိုးဘက် ဆင်းတာ။ နမ့်အွန်နားမှာ အဲဒီ ဖရဲသီးကားနဲ့ ရှောင်တဲ့ အချိန် လက်ပစ်ဗုံးက စစ်ကားကို မထိဘဲနဲ့ ဖရဲသီးကား ခေါင်မိုးပေါ် ကျတယ်လို့ ကြားတယ်” ဟု မူဆယ်မြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

မန္တလေး – မြစ်ကြီးနား ရထား အချိန်များ ပြောင်းလဲသတ်မှတ်

“အတတ်နိုင်ဆုံး ပြေလည်အောင် ကြိုးစားနေပါတယ်။ ရထားလမ်း တလျှောက်က တံတားတိုင်း လိုလိုမှာ မြန်မာ့ တပ်မတော် က တာဝန်ယူထားပါတယ်။ မသွားမဖြစ်၊ မလာမဖြစ်တဲ့ သူတွေကတော့ သွားရ လာရမှာပဲ။ စိုးရိမ် ကြောင့်ကြမှုတော့ ရှိကြမှာပဲ။ ဒါပေမယ့် ကျနော်တို့ ဘက်က လုံခြုံမှုရှိအောင်တော့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမယ်” ဟု ကချင်ပြည်နယ် အစိုးရလမ်းတံတား ၀န်ကြီး ဦးကမန်းဒူနော်က ဧရာဝတီကို ပြောသည်။

ကချင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိသဖြင့် ကလေးတဦးသေဆုံး

“ဖြစ်ဖြစ်ချင်း ဇမ်မိုင်က ထပြေးလာနိုင်လို့ မိဘတွေဆီ ပြန်ပြေးပြောတော့မှ ကျနော်တို့သိတာ။ သူထပြေးလာတဲ့ အချိန်မှာ ကျန်တဲ့ကလေး ၂ ဦးက အဲဒီနေရာမှာတင် မထနိုင်လို့ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့သူထဲက မျိုးလှိုင်ကတော့ အဲဒီနေရာမှာတင် သေသွားတယ်။ သူတို့နဲ့အတူ ပါသွားတဲ့ ဂန့်ဖန်းကတော့ ဘာမှ မဖြစ်ခဲ့ဘူး။ ပြေးလာနိုင်တဲ့ ဇမ်မိုင်ကတော့ တင်ပါး၊ ခြေထောက်နဲ့ ဦးခေါင်းမှာ မိုင်း ထိတယ်”

ကချင် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာအထိ လမ်းလျှောက်

“ကျနော်တို့ အဖွဲ့ အခု ထောက်ကြံ့နား(ရန်ကုန်မြို့မှအထွက်)ကို ရောက်နေပါပြီ။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ကျနော် တို့ရဲ့လမ်းလျှောက် လှုပ်ရှားမှုဟာ တစုံတခုသော အကျိုးသက်ရောက်မှု ရှိမယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးဆောင်သူ တဦးဖြစ်သည့် ကိုရန်နိုင်ထွန်း က ဧရာဝတီကို ပြောပြသည်။

UNFC အနေနှင့်သာ အစိုးရနှင့် ဆွေးနွေးလိုဟု KIO ထုတ်ပြန်

“လဂျားယန် စစ်ဆင်ရေးကို ရပ်လိုက်ပြီလို့ ပြောပေမယ့် ၁၉ ရက်၊ ၂၀ ရက်တွေမှာ တိုက်ပွဲပြင်းထန်တဲ့ အခြေအနေရှိနေတယ်။ ဒီလို အခြေအနေမှာ KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ သီးခြား ၂ ဖွဲ့တည်း တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ UNFC အနေနဲ့သာ တွေ့ဆုံမယ်”ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီကို ပြောသည်။

တပ်မတော်က ငြိမ်းချမ်းရေးလိုလားသည်ကို သက်သေထူလိုက်ပြီဖြစ်ကြောင်း သမ္မတ ပြော

“KIO၊ KIA ရဲ့ လိုင်ဇာဌာနချုပ်ဟာ ကျနော်တို့ တပ်တွေနဲ့ လက်တကမ်းအကွာမှာပဲ ရှိနေပါတယ်။ ဒါပေမယ့် KIO၊ KIA ရဲ့ လိုင်ဇာ ဌာနချုပ်ကို အပြီးတိုင်ခြေမှုန်းသိမ်းယူခြင်း မပြုလုပ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လိုလားတယ် ဆိုတဲ့အချက်ကို အမှန်တကယ်ဖြစ်ကြောင်း သက်သေထူခြင်းပဲ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

လဂျားယန်သာမက ကချင်ပြည်နယ်အနှံ့ ထိုးစစ်များရပ်ပေးသင့်ကြောင်း KIO ထုတ်ပြန်

“လဂျားယန်ဟာ ပထမ ခြေလှမ်းဖြစ်နိုင်ပါတယ်။ နောက် ကချင်ပြည်နယ် တနယ်လုံးအတွက် ဘယ်နေ့ ဒီလို ကြေညာလာမလဲ ဆိုတာ ကျနော်တို့ မျှော်လင့်နေတယ်။ စစ်ရေး အရှိန် လျော့သွားတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ကျနော်တို့ တိုက်တွန်း သွားမယ်” ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (Peace Creation Group) မှ ဦးဆန်းအောင်က ဧရာဝတီကို ပြောသည်။

သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အေကို ဖိတ်ခေါ်

ကေအိုင်အိုကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်း ထားပြီး ယခုလည်း ဒီနေရာကနေ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်

မြေဇာပင် တဖြစ်လဲ လိုင်ဇာမြို့

အရင်တုန်းက ရောင်းသံဝယ်သံတွေ၊ စားသောက်ဆိုင်ဖွင့်တဲ့ အသံတွေနဲ့ နေ့သစ် စတဲ့လေ့ရှိတဲ့မြို့ဟာ အခုတော့ မိုးမလင်းတလင်းကတည်းက လက်နက်ကြီးသံနဲ့ စတင်ပါတယ်။

လိုင်ဇာ ဒေသခံများ တရုတ်ဘက်သို့ တိမ်းရှောင်ရန် ပြင်ဆင်ထား

ဒေသခံတွေက ပြင်တော့ ပြင်ဆင်နေကြတယ်။ တိုက်ပွဲက နေ့တိုင်း နေ့တိုင်းလိုလို ဖြစ်နေတယ်။ လိုင်ဇာအနီးအထိ ချဉ်းကပ်လာတယ်ဆိုတော့ အားလုံး စိုးရိမ်နေကြတယ်

တွေ့ဆုံဆွေးနွေးရန် KIO ကို ဝန်ကြီး ဦးအောင်မင်း ထပ်မံ ကမ်းလှမ်းမည်

အကြောင်းကြောင်းကြောင့် တဖက် အဖွဲ့အစည်းက အကြောင်း မပြန်နိုင်သေးရင် သူအနေနဲ့ နောက်အပတ်တွေမှာ ထပ်ပြီးတော့ ကမ်းလှမ်းစာကို ပို့မယ်လို့ ပြောတယ်

ကချင်စစ်ပွဲနှင့် ဒုက္ခသည်အရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖြေကြားချက်

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် ဘာကြောင့် ထိုးစစ်ဆင် တိုက်ခိုက်ရတယ်၊ KIA နယ်ထဲမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီပေးရေး ဘာကြောင့် နှေးနေရတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး၊ နိုင်ငံတော် သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဧရာဝတီကို ဖြေကြားထားပါတယ်။

ကချင်စစ်ပွဲ ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင်ဆန်း စုကြည် ပြောပြီ

ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာတဲ့ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဒါတွေကို ရှောင်လွှဲနိုင်မှာပါ။ အခု ကချင်စစ်ပွဲနဲ့ ပတ်သက်လို့ တကမ္ဘာလုံးက စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေကြပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

KIA ၏ ခါရာတောင်ကုန်းကို အစိုးရတပ် ဆက်လက် ထိုးစစ်ဆင်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ အခြေစိုက်ထားသည့် ခါရာတောင်ကုန်းတို့ကို အစိုးရတပ်များက ယနေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်များ အသုံးပြု၍ ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း စစ်မြေပြင်သို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။

KIA ဘက်သို့ ရောက်ရှိနေသည့် အစိုးရ တပ်သားများ ကို ပြန်လွှတ်ပေးပြီ

“ဒီဘက်ကပြောတော့ သုံ့ပန်းတဲ့၊ ဟိုဘက်က ပြန်ပြောတော့ ခွင့်မဲ့ပျက်ကွက် တပ်ပြေးတွေတဲ့၊ ပြန်ရင် ဘာဖြစ်မလဲဆိုတာ မစဉ်းစားရဲသေးဘူး” ဟု ဒေါ့ဖုန်းယန်မြို့နယ် ရဲစခန်းမှ ရိက္ခာပြတ်သဖြင့် ရွာထဲ ရိက္ခာဆင်းဝယ်ရာမှ KIA တပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် ယခု KIA က ပြန်လည်လွှတ်ပေးလိုက်သည့် ရဲတပ်သား တဦးက ပြောသည်။

ကချင်ဒုက္ခသည်စခန်းများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေ

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ လူနေရပ်ကွက်ပေါ်သို့ ယနေ့နံနက်တွင် အစိုးရတပ်၏ လက်နက်ကြီးကျည် ကျရောက်ပြီးနောက် KIA ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည်စခန်းများကိုပါ ပစ်ခတ်မည်ကို စိုးရိမ်နေရကြောင်း ကချင်ဒုက္ခသည်စခန်းများ ကော်မတီက ပြောသည်။

ကချင်ဒုက္ခသည်များ လက်ခံရန် ယူနန် ပြင်ဆင်ထား

လတ်တလော စစ်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်မှ ထွက်ပြေးလာမည့် ဒုက္ခသည်များအား လက်ခံနိုင်ရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ဒုက္ခသည် စခန်း ၄ ခုကို ပြင်ဆင်ထားကြောင်း The Global Times သတင်းစာက ဖော်ပြသည်။

အစိုးရဘက်မှ လက်နက်ကြီးကျည်ဆန်များ လိုင်ဇာ ရပ်ကွက်အတွင်း ထိမှန်၊ ၃ ဦးသေ

အစိုးရစစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ဆန်များ လိုင်ဇာမြို့တွင်း ခကျန် ရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသား ၁ ဦးသေဆုံးပြီး၊ ကလေး ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ဖွန်းပျဉ်ဘွန် တောင်ကုန်းကို သိမ်းပိုက်ရေး အစိုးရတပ် ဆက်လက် ထိုးစစ်ဆင်

အစိုးရတပ်များက KIA တပ်ဖွဲ့ဝင်များ၏ထံမှ သိမ်းပိုက်ထားသည့် ယင်းရှေ့တန်းစခန်းတွင် နေရာယူထားပြီး ဖွန်းပျဉ်ဘွန် တောင်ကုန်းကို ရရှိရန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလဆိုင်းက ဧရာဝတီသို့ ပြောသည်။

ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေးနွေးရန် ပြည်သူ့လွှတ်တော် တိုက်တွန်း

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများအဆုံးသတ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရအကြား ဗီဒီယိုကွန်ဖရင့် အပါအ၀င် ခေတ်မီ အီလက်ထရောနစ် နည်းပညာများ အသုံးပြု ဆွေးနွေးလုပ်ဆောင်ကြရန် ပြည်သူ့လွှတ်တော်က တိုက်တွန်းလိုက်ကြောင်း သတင်းရရှိသည်။

ကချင်တွင် အစိုးရတပ် ရဟတ်ယာဉ် တစင်းပျက်ကျ

ကချင်ပြည်နယ် တိုက်ပွဲများ ဖြစ်ပွားရာ ဒေသတွင် ယမန်နေ့ ညနေက အစိုးရတပ်မှ ရဟတ်ယာဉ် တစင်း ပျက်ကျခဲ့ရာ ကချင်လက်နက်ကိုင်များက ၎င်းတို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသော်လည်း အစိုးရဘက်ကမူ အင်ဂျင် ချွတ်ယွင်းခြင်းကြောင့် ပျက်ကျခြင်း ဖြစ်ကြောင်း ပြောသည်။

ကချင်ထိုးစစ်အရေး UNFC က ဦးအောင်မင်းနှင့် ဆွေးနွေးမည်

ကချင်ပြည်နယ်အတွင်း အစိုးရတပ်က ထိုးစစ်ဆင်နေမှုများအား ရပ်ဆိုင်းရန် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

ကချင်စစ်ပွဲ အပစ်ရပ်ရေး UNFC နည်းလမ်းရှာ

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို အစိုးရ စစ်တပ်က ထိုးစစ်ဆင်နေမှုအား ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးတွက် နည်းလမ်းရှာဖွေရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြိုးပမ်းနေကြောင်း သိရသည်။

ပြည်သူ့စစ်စခန်းကို KIA ဝင်ပစ်၊ တဦးဒဏ်ရာရ

ကချင် ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်း ကျေးရွာ အုပ်စုရှိ ကျေးရွာ ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ရာ လူတဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

စစ်သုံ့ပန်းတဦး လိုင်ဇာတွင် ထပ်မံ သေဆုံး

သေဆုံးသွားသူမှာ ဒု-တပ်ကြပ် ရဲဇော်ဟု စုံစမ်းသိရှိရပြီး ၂၀၁၂ ဒီဇင်ဘာလ ၁၄-၁၅ ရက်တွင် ဖြစ်ပွားခဲ့သည့် လဂျားယန် တိုက်ပွဲတွင် ကျန်ရစ်ခဲ့သူ ၇ ဦးအနက်မှ တဦးဖြစ်သည်။

အစိုးရတပ်များ လိုင်ဇာ တောင်ကုန်းတခုကို ဆက်လက် ထိုးစစ်ဆင်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီး ဖွန်းပျဉ်ဘွန် တောင်ကုန်းစခန်းကို အစိုးရ စစ်တပ်က အလုံးအရင်းဖြင့် ယနေ့ နေ့လယ် ၁၂ နာရီက စတင် ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။

ကချင်ထိုးစစ်နှင့် ပတ်သက်၍ အစိုးရ ကြေညာချက် ထုတ်ပြန်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၏ ခြေကုပ်စခန်းများအား မြန်မာ့တပ်မတော်က တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အပြစ်မဲ့ ပြည်သူများအား အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကျဉ်စေလိုကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။

လေကြောင်း ထိုးစစ်ဆင်မှု ကုလနှင့် အမေရိကန်တို့ စိုးရိမ်ကြောင်း ပြောဆို

ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်များကို အစိုးရစစ်တပ်က လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများအပေါ် စိုးရိမ်ကြောင်း၊ အမြန်ဆုံး ရပ်တန့်ရန်နှင့် အကောင်းဆုံး နည်းလမ်းရှာ၍ တွေ့ဆုံ ဆွေးနွေးမှုမှတဆင့် မတူညီမှုများကို ညှိနှိုင်း အဖြေရှာကြရန် ယမန်နေ့တွင် ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က တိုက်တွန်းလိုက်သည်။

လေကြောင်းပစ်ကူပြီး KIA စခန်းထောက် တောင်ကုန်းကို အစိုးရတပ် သိမ်း

ကချင်လွတ်လပ် ရေးတပ်မတော် (KIA) ၏ ရှေ့တန်း စခန်းထောက် နေရာဖြစ်သော တောင်ကုန်းတခုကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်က လေကြာင်းပစ်ကူ တိုက်ခိုက်မှုဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်တပ်ပိုင် မြ၀တီ ရုပ်မြင်သံကြားက ယမန်နေ့က ထုတ်ပြန်ကြေညာသွားသည်။

ကချင် ကလေးငယ်များ စစ်ပွဲကြောင့် စိတ်ဒဏ်ရာရနေ

အစိုးရတပ်များနှင့် KIA တပ်များအကြား စစ်ပွဲများ အရှိန်မြင့် တက်လာချိန်တွင် ကချင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်များနှင့် ၎င်းတို့၏ ကလေးငယ်များသည် ကြောက်ရွံ့မှု၊ မလုံခြုံမှု၊ လူမျိုးရေး မုန်းတီးမှုနှင့် တိုက်ခိုက်လိုစိတ် ကဲ့သို့သော မူမမှန်သည့် စိတ်ဒဏ်ရာများ ပိုမို ခံစားလာရကြောင်း သတင်း ရရှိသည်။

အစိုးရစစ်တပ်က KIA ကို လေကြောင်းမှ ပြင်းထန်စွာ ထိုးစစ်ဆင်

ယခုလအတွင်း ဖြစ်ပွားသော စစ်ပွဲပေါင်း ၁၅၀ ၀န်းကျင်အနက် ယနေ့ထိုးစစ်ဆင် ပစ်ခတ်မှုသည် အကြီးမားဆုံး ထိုးစစ်ဆင်မှုဟု ပြောဆိုနိုင်ကြောင်း၊ မြန်မာ့တပ်မတော် လေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ တိုက်ရိုက် လမ်းညွှန်မှုဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစိုးရတပ် အမြောက်ဆံကျ၍ ကချင် အရပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) လိုင်ဇာ ဌာနချုပ် အနီးသို့ ယနေ့ နံနက်ပိုင်းက အစိုးရတပ်ဖက်မှ ပစ်ခတ်သည့် အမြောက်ဆံ ကျရောက်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃ ဦးအနက် နှစ်ဦး ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိသည်။