ဦးသန်းရွှေနှင့် အငြိမ်းစား ၆၉ ဦးအတွက် ထောက်ပံ့ကြေးကိစ္စ ထပ်မံ စစ်ဆေးမည် | ဧရာဝတီ
ဦးသန်းရွှေနှင့် အငြိမ်းစား ၆၉ ဦးအတွက် ထောက်ပံ့ကြေးကိစ္စ ထပ်မံ စစ်ဆေးမည်
Hits:1
  | |
၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက တရုတ်နိုင်ငံသို့ တရားဝင်အလည်အပတ် သွားရောက်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ – Reuters)
ယခင် နအဖ အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစား ပုဂ္ဂိုလ် ၇၀ နီးပါး၏ ထောက်ပံ့ငွေကြေး တောင်းခံမှု ကိစ္စကို ဥပဒေနှင့်ညီ၊ မညီ ထပ်မံ စစ်ဆေးသွားမည်ဟု သိရသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရ အကြီးအကဲ နှစ်ဦးနှင့် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦး၏ အိမ်အကူ၊ ထမင်းချက်၊ ဥယာဉ်ခြံလုပ်သား စသည့် ၀န်ထမ်းများအတွက် ထောက်ပံ့ကြေး ရလိုကြောင်း အိုးအိမ်ဦးစီးဌာနက တောင်းခံသော ဖြည့်စွက် ဘတ်ဂျက်တောင်းခံမှုတွင် ထည့်သွင်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရာ နိုဝင်ဘာလ ၂၃ ရက်နေ့က အတည်ပြုပေးလိုက်ရကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
အဆိုပါကိစ္စကို အတည်ပြုပေးလိုက်သော်လည်း လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အသေးစိတ် မသိရှိကြသည့် အတွက် ဝင်ရောက် ဆွေးနွေးမှု မပြုကြကြောင်း၊ သို့သော် ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် ခေါ်ယူမည့် ပဉ္စမအကြိမ် လွှတ်တော်၌ ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။
“ဒီကိစ္စက ဥပဒေနဲ့ညီလား၊ မညီလားဆိုတာကို ပြန်လေ့လာရဦးမှာပါ။ ကျနော် တယောက်တည်း အနေနဲ့လည်း ဆွေးနွေးလို့ မရဘူး။ ကျနော်တို့ပါတီရဲ့ သဘောထားက ဘယ်လိုလဲ၊ ဒီကိစ္စအပေါ် ဆွေးနွေးမလား ဆိုတာ အစည်းအဝေး လုပ်ရဦးမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြောသည်။
အငြိမ်းစား ပုဂ္ဂိုလ်များအတွက် ဘတ်ဂျက် တောင်းခံမှုသည် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ ၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ်အတွက် နောက်ဆက်တွဲ တောင်းခံရာတွင် ပါဝင်ကြောင်း၊ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ NLD ကိုယ်စားလှယ်များ အပါအ၀င် မည်သည့် ကိုယ်စားလှယ်ကမှ ဆွေးနွေးမှု မရှိခြင်းသည် ထူးခြားမှု တခုဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
ယင်းကိစ္စအား အတည်ပြုပြီးမှသာ ဖတ်မိသည့်အတွက် ၎င်းကိုယ်တိုင် မဆွေးနွေးလိုက်ရကြောင်း၊ ၀န်ကြီးဌာနများ၏ ဘတ်ဂျက်တောင်းခံမှု ကိစ္စအားလုံးကို ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ဖြတ်တောက်ခြင်း ပြုလုပ်ခဲ့သကဲ့သို့ သက်ဆိုင်ရာ ၀န်ကြီးများကလည်း ပြန်လည်ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ သို့သော် ယခုကိစ္စအား ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ် များအပြင် မည်သည့် ပါတီကမှ မဆွေးနွေးကြောင်း၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဟုတ်သည့် ကိုယ်စားလှယ်များ အနေဖြင့် ဆွေးနွေးသင့်သည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။
“တကယ်ဆိုရင် ဒီကိစ္စကို အိုးအိမ်ဌာနကလည်းပဲ ရှင်းရှင်းလင်းလင်း တောင်းခံသင့်တယ်၊ အခုရေးထားတာက နိုင်ငံ အကြီးအကဲဟောင်း ၂ ဦးနဲ့ အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦးရဲ့ အိမ်အကူတွေအတွက် ထောက်ပံ့ငွေ ရလိုမှုကို တခြားကိစ္စတွေနဲ့ ရောနှောထားတော့ ကိုယ်စားလှယ်တွေက သတိမထားမိကြဘူး” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
နိုင်ငံအကြီးဟောင်းများ ဘတ်ဂျက်တောင်းခံမှု ကိစ္စသည် လက်ရှိတွင် အရေးမကြီးဟု ယူဆကြောင်း၊ လက်ရှိတွင် ရခိုင် အရေးကိစ္စ၊ ကချင်ဒေသတွင်း စစ်ပွဲများ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စများကို ဦးစားပေးနေရသည့်အတွက်  NLD ပါတီ အနေဖြင့် မဆွေးနွေးခဲ့ကြောင်း ဦးဝင်းထိန်က ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)  ဥက္ကဋ္ဌ နှင့်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ၎င်းတို့ပါတီ ကိုယ်စားလှယ်များ အနေဖြင့် ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်သော ကိစ္စများကိုသာ အလေးထား ဆောင်ရွက်နေရခြင်းကြောင့် ထိုကိစ္စအပေါ် အာရုံစိုက်မှု အားနည်းခဲ့ကြောင်း၊ သို့သော် ထိုဘတ်ဂျက်ငွေ တောင်းခံမှုသည် ပြည်သူများထံမှ ပေးဆောင်ရမည့် ဘဏ္ဍာငွေ ဖြစ်၍ လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးမှု၊ မေးခွန်းထုတ်မှုများ ဖြစ်လာနိုင်ကြောင်း ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံမှာ အငြိမ်းစား ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး အဆောင်အယောင်ပေးရာမှာ ၀န်ကြီးအဆင့် ပုဂ္ဂိုလ်တွေမပါဘူး၊ နောက်တခုက ဖြည့်စွက်ဘတ်ဂျက် တောင်းခံတာဆိုတော့ သာမန်ဘတ်ဂျက်တောင်းခံမှုပဲ ဖြစ်မှာပါ ဆိုပြီးတော့ ကိုယ်စားလှယ် အများစုကလည်းပဲ အမှတ်တမဲ့ ဖြစ်သွားကြတယ်ထင်တယ်”ဟု ဒေါက်တာ အေး မောင် က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံပါ နိုင်ငံတော်အကြီးအကဲများ အငြိမ်းစားယူခြင်းနှင့်ပတ်သက်၍ ပြဌာန်းထားသော အဆောင်အ ယောင်ဆိုင်ရာ ဥပဒေ၌ နိုင်ငံတော် သမ္မတနှင့်ဒု သမ္မတများ အငြိမ်းစားယူသည့်အခါတွင် ၎င်းတို့၏ အကျိုးခံစားခွင့်အတွက် ပင်စင်လစာ၊ ယဉ်မောင်း၊ နေအိမ်စသည်တို့ ပေးအပ်ရမည်ဟု ဖော်ပြထားကာ ၀န်ကြီး အဆင့်များ မပါရှိကြောင်ုး သိရသည်။
သို့သော် အိုးအိမ်ဦးစီးဌာန၏ ဖြည့်စွက် ဘတ်ဂျက်ငွေတောင်းခံသည့် စာရင်းတွင် နိုင်ငံ အကြီးအကဲဟောင်း ၂ ဦးနှင့်ယခင် (နအဖ) အစိုးရ၏ နိုင်ငံတော်အဆင့်ရှိ အငြိမ်းစား ပုဂ္ဂိုလ်များ၊ ၀န်ကြီးများ၊ ဒု ၀န်ကြီးများအပြင် လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်များနှင့် လွှတ်တော် ဥက္ကဋ္ဌများ စသည်ဖြင့် ပါဝင်ပြီး ၎င်းတို့၏ အိမ်အကူဝန်ထမ်း ၄၀၀ ကျော်အတွက် တောင်းခံသည့် ငွေကြေးမှာ ကျပ် ၁၆၉ သန်းကျော် ဖြစ်သည်။
အစိုးရအဖွဲ့ ၀န်ကြီးဌာများမှ လွှတ်တော်သို့ တင်ပြသည့်ဘတ်ဂျက်များကို ရေးရာကော်မတီအလိုက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့ စစ်ဆေးသည့် အားကစား ၀န်ကြီးဌာနကလည်း တခြားနေရာတွင် အသုံးပြုမည့် ဖြည့်စွက် ဘတ်ဂျက်ငွေကို ဆီးဂိမ်းအတွက်ဟုဆိုကာ လှည့်ပတ် တင်သွင်းသည့်အတွက် ကျပ်သန်းပေါင်း ၆၀၀၀ ကိုဖြတ်တောက် လိုက်ရကြောင်း၊ ယခုကိစ္စကိုလည်း ဥပဒေအတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် (ခ) ခင်မောင်ရီက ပြောသည်။
အငြိမ်းစား ပုဂ္ဂိုလ်များအတွက် တောင်းခံသည့် ယခုဘတ်ဂျက်ကိစ္စကို စိစစ်သည့်ကော်မတီက အဓိက တာဝန်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် သတိမထားခြင်းလည်း ရှိနိုင်သကဲ့သို့၊ မပြောသင့်သည့်အတွက် ထုတ်ဖော်မပြောခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ထိုကိစ္စသည် စစ်တပ် အကြီးအကဲဟောင်း ဦးသန်းရွှေနှင့် သက်ဆိုင်နေခြင်း၊ ဦးသန်းရွှေသည် ယခုအချိန်အထိ အစိုးရ အဖွဲ့ အပေါ် သြဇာ အာဏာ သက်ရောက်မှု ရှိနေခြင်းတို့ကြောင့် ကိုယ်စားလှယ်များက ထောက်ပြ၊ ဝေဖန်၊ ဆွေးနွေးခြင်း မလုပ်ဆောင် ရဲကြကြောင်းလည်း တချို့က ဝေဖန်သည်။
“တကယ်တော့ ဒီပုဂ္ဂိုလ်တွေက အစိုးရအဖွဲ့တွေအပေါ် ၀င်စွက်ဖက်တာ မရှိတော့ဘူးလို့ထင်တယ်၊ အခုကိစ္စကိုလည်း လုပ်ပေးပါလို့ အဲဒီပုဂ္ဂိုလ်တွေက တောင်းဆိုတာ မဖြစ်နိုင်ဘူး၊ တချို့က လုပ်ပေးသင့်တယ် ထင်လို့ လုပ်ပေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ဦးခိုင်မောင်ရီက သုံးသပ်သည်။
ထိုကိစ္စအား ဆောက်လုပ်ရေး ၀န်ကြီးဌာနက ရေးဆွဲတင်ပြခြင်း ဖြစ်သည့်တိုင် လွှတ်တော် အသီးသီး၏ ဥပဒေကြမ်း ကော်မတီများနှင့် လွှတ်တော် နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသော ပူးပေါင်းကော်မတီတို့ထံ ပမထ တင်ပြရကြောင်း၊ ထိုကော်မတီက စိစစ် အတည်ပြုပြီးမှသာ ကိုယ်စားလှယ်များထံ ရောက်ရှိလာသည့်အတွက် ကိုယ်စားလှယ်အများစုက အလေးထားမှု အားနည်းသွားကြောင်းလည်း ကိုယ်စားလှယ်များထံမှ သိရသည်။
ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ဥက္ကဋ္ဌမှာ အမျိုးသားလွှတ်တော် ဒု ဥက္ကဋ္ဌ ဦးမြညိမ်းဖြစ်ပြီး ၎င်းသည် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် တဦးလည်းဖြစ်သည်။
“တချို့ လုပ်ဆောင်ချက်တွေက သူ့ပါတီနဲ့ သူ့အစိုးရ လိုမျိုးဖြစ်နေတယ်၊ ဥပဒေကြမ်း ကော်မတီ ဆိုတာလည်း တခါတလေမှာ ကြံ့ခိုင်ရေးပါတီက ရေးပေးလာတာတွေကို လက်မှတ်ထိုးပေးရုံ အဆင့်ဖြစ်နေတယ်” ဟု ဥပဒေကြမ်း ကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။
ယခုလုပ်ရပ်ကြောင့် နောင်တွင်ဤ ဖြစ်ရပ်မျိုး မဖြစ်စေရန် ကိုယ်စားလှယ်များ အနေဖြင့် အသေးစိတ် လေ့လာဖတ်ရှုရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက လွှတ်တော်အပေါ် အများပြည်သူ၏ ယုံကြည်မှု အားနည်းလာနိုင်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။
23 Responses
Leave a Reply
  1. အရည်အချင်းမရှိပဲနဲ့ခေါင်းဆောင် မလုပ်နဲ့။ခေါင်ဆောင်ကောင်းဆိုတာ ကိုယ့်နိုင်ငံပညာရေး စီးပွာရေး ကျန်မာရေးအစစအရာရာကောင်အောင် တိုးတက်အောင်လုပ်ရတာ ။ရောင်းရသမျှသယံဇာတငွေတွေကို ကိုယ်အိတ်ထဲကို ထည့်တာမဟုတ်ဘူး။ အခုချိန်ထိနိုင်ငံပိုက်ဆံမက်တုန်းပဲး။
  2. အခုချိန်ထိအရိုးကိုက်ချင်တုန်ဘဲလားအမောင်တို့ ရယ်…နိုင်ငံတကာခေါင်းဆောင်တွေလိုအထောက်အပံ့ယူချင်ရင်လည်း အရင်ခိုးထားတာတွေကို နိုင်ငံတကာစံနှုံးနဲ့ ညီအောင် အစစ်ခံလိုက်ပေါ့ …ဘာလဲကုန်သွားလို့ လား…
  3. မြန်မာ တိုင်းရင်းသူ
    ပြည်ပတိုင်းပြည်တွေက ထောက်ပန့်ကြေးတွေ ရတော့မယ့် အရိပ်အယောင်မြင်တာနဲ့ စလာကြပြိ။
    aung ရေးထားသလိုပဲ အခုချိန်ထိ နိုင်ငံ ပိုက်ဆံ မက်တုန်း။ ပြည်ပတိုင်းပြည်တွေက ပေးတဲ့ ပိုက်ဆံတွေ အကူတွေက တိုင်းပြည်အတွင်း လမ်းပန်း အဆက်အသွယ်တွေ၊ လိုအပ်တာတွေ အတွက် သုံးဘို့၊ ပြည်သူတွေ ကျမ်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာ အဆင့်မြှင့်ဘို့ သုံးဘို့။ သူတို့အိတ်ထဲ ထည့်ဘို့ အကွက်တွေ ရှာနေပြီ။ ကိုယ်ခန့်ထားတဲ့ အလုပ်သမားကို လုပ်ခ ကိုယ့်ဘာသာ ပေးရမှာပေါ့။ ဘာလို့ နိုင်ငံ ဘဏ္ဍာထဲက ပေးရမှာလဲ။ မကြားဘူး ပါဘူး။ လောဘဇော တိုက်နေပုံတွေက အံ့မခန်းပဲ။
  4. Mr. President, Mr. Chairman, Pyithuhluttaw, Mr. Chairman, Amyotharhluttaw,
    1. U Than Shwe, U Maung Aye and All Na Wa Ta people had destroyed our country totally.
    2. All these people were awarded Sithu, Mahartharaysithu etc. secretly which were normally announced publicly on the Independent day. The reason they did not announce was they knew they did not deserve these titles. In fact these titles are now only used mainly in the Obituary announcements in the news papers. What a shame and sadness.
    3. They had stolen a lot of money which can buy the whole world. Still they are asking more money (without shame) for their servants.
    4. If they have immunity to their sins and get what they have asked for, then I will destroy the Naypyidaw on grounds of planting Teak trees . And for this, it is fair enough that I should be awarded Agga maha tharaysithu, winna kyawhtin, aggamaha zawtikadara and all the awards that I could not name.
    Oo thaw
  5. မင်းမျိုးနိုင်
ံနေ၀င်းခေတ်ကစပြီးသည်နေ့ထိနိုင်ငံတော်အကြီးအကဲဆိုတာတယောက်မှမရှိဘူး။မင်းတို့ပြော
    ပြောနေတဲ့အကြီးအကဲနဲ့နောက်လိုက်တွေဆိုတာအလီဘာဘာနဲ့ခိုးသားလေးဆယ်နဲ့ဘာထူး
    လို့လဲ။သူခိုးဒါးပြလူမိုက်ခေါင်းဆောင်တွေကသူတို့တပြည့်သားမြေးတွေအတွက်ပြည်သူတွေရဲ့
    ငွေတွေကိုအချောင်ဝင်နိုက်နေပြန်ပြီ။ဒီကောင်တွေသိပ်တော့မရိုးဘူး။တခုခုကြံစည်နေပုံရ
    တယ်။ပြည်သူတွေသတိရှိကြဖို့လိုမယ်နော။ပြည်သူတွေညီညွတ်ဖို့အချိန်ရောက်နေပြီ။အရေး
    ကြီးပြီ သွေးစည်းကြစို့။
  6. We understand that these personnel had already enjoyed their first military pensions and not suitable to receive second allowance. They should be fair to the people. However this issue should be decided legally by the Law Makers in the parliament.
  7. ရှေ့နွား ကဖြောင့်ဖြောင့် မသွားရင်…………
    နောက်က နွားကျောင်းသားက လောက်လေးနဲ့ပစ်တတ်တယ်နော်
    နောင် ဘ၀အထိ ရိပ်ခါ တခါတည်း အတည်ပြုပေးလိုက်ကြပါ……
    ဒါမှ မင်းတို့လည်း အကျုံးဝင်မှာ
  8. It is expected this retired person (U Than Shwe) will take the country resources with all possible ways and as much he can exploit as possible till death.
    Too sad, the current regime is still under his shadow and influence in some ways, indirectly even in some cases may be direct intervention, who knows? Not saying pessimistic, trying to find the realistic thing and to remove the constraints and barriers if these are true. Just sharing idea (may be true or not) with the good will.
    How to move quickly towards genuine democratic society is of crucial paramount for which removing the barrier or understanding the status quo righteously is also significantly important.
  9. Were they voted by The hole Country of People?
  10. Ne Ne Lay Hma MA THa Htar Bu.
  11. NLD က မသိလို့ မဆွေးနွေးလိုက်ရဘူးပြောတာ လက်ခံနိုင်စရာမရှိပါဘူး။ ပြည်သူတွေက ထောက်ခံအားပေးပြီး NLD ကိုလွှတ်တော်ထဲရောက်အောင်လုပ်ပေးလိုက်တာ အဲ့ဒီလို မဟုတ်တာလုပ်မဲ့ ကိစ္စတွေကို ပြတ်ပြတ်သားသားထောက်ပြပေးဖို့ဖြစ်ပါတယ်။ တခြားကိစ္စတွေကို အားရုံစိုက်နေလို့ မသိဘဲဖြစ်သွားတယ်ဆိုတာ မဖြစ်ကောင်းပါဘူး။ NLD ဆက်ပြီး ဘယ်လိုယုံရမလဲ။
  12. လက်ရှိရာထူးသမားတွေကိုတော့ ထားပါ။ အငြိမ်းစားယူသွားပြီးသူများ ဆိုတာ သူတို့ရဲ့ အငြိမ်းစားလစာ ပေးထားပြီးသားလေ။ မလောက်ဘူး ဆိုရင်လဲ လွတ်တော်မှာ တရားဝင်တောင်း။ နိုင်ငံတော်မှာ လောက်အောင် မပေးနိုင်ဘူး ဆိုရင်လဲ ခံယုံပေါ့။ ဒင်းတို့ ဖွတ်ဖွတ်ကျေအောင် လုပ်ထားတဲ့ နိုင်ငံ့ဘဏ္ဍပဲ။ တန်သင့်သလောက်ယူပေါ့။ ကြားလို့မှ မကောင်း။
    ခံယူမဲ့သူတွေ တောင်းတာတော့ မဖြစ်နိုင်လောက်ဘူး။ အခုထိ ဖါးနေတဲ့ လူတွေ ရှိနေလို့ပဲ။ အဲဒီလူ (ကပ်ဖါး ၀န်ကြီး) တွေကို ဖြုတ်ပစ်ရမယ်။
  13. Whatever,,I think we should make some consideration about it in Parliament.
  14. ပါကြီးဖိုး
    ရာထူးရှိစဉ်က ထားစရာမရှိလောက်အောင် ခိုးထားကြပြီးကာမှ အခုအချိန်မှာတောင် အိမ်အကူအတွက် အသုံးစရိတ်ကို လွှတ်တော်မှာ တောင်းတယ်ဆိုပါလား… မယုံနိုင်စရာပါပဲ။ ဗိုလ်ချုပ်ဟောင်းများလည်း ဦးခင်ညွန့်လိမ်နည်းကို သုံးပြီး သစ်ခွပန်းတွေရောင်း၊ အိမ်မှာ ရှိတာလေးတွေ ထုတ်ရောင်းကြရမယ့် အခြေ ဆိုက်ရတော့မယ့်အကြောင်း…ဒါမှမဟုတ် အခြားနည်းတွေနဲ့ ဗြောင်လိမ်ကြတော့မယ် ထင်ပါတယ်။ နအဖ အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစား ပုဂ္ဂိုလ် ၇၀ တို့ဟာ အရှက်မရှိတဲ့လူတွေရဲ့ ထိပ်ခေါင်သရဖူ ဆောင်းထိုက်ကြပါတယ်။
  15. “ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်”
    “ကိုအောင်မင်း .. နတ်သံလေးနှောပြီး ပြောပြလိုက်စမ်းပါဦး”
    • ဘယ်လိုပြောရမှာလဲ- အနော်တို့ က တရုပ်ကိုလဲကြောက်ရတယ်လို့  အကြောခိုင်းတာလားဂျ။
  16. မြန်မာ တိုင်းရင်းသူ
    အဓိပ္ပါယ် မရှိတာ၊ နိုင်ငံဘဏ္ဍာနဲ့ ပေးရမယ်လို့။ ကိုယ့် အိမ်မှာ ခိုင်းဘို့ ခေါ်ထားတဲ့ အလုပ်သမား ကိုယ့်ဘာသာ ပေးရမှာပေါ့။ မပေးနိုင်ရင် မထားနဲ့၊ ကိုယ်တိုင် ထလုပ်။ ပေးနိုင်ရင် တရာမက ခေါ်ထား။ ဘယ်သူမှ သောက်ရေး မလုပ်ဘူး။
  17. ဥပဒေမှာပြဌါန်းထားတာရှိရင်တော့တစ်မျိုးပေါ့ ၊ ဒီလိုမှမဟုတ်ရင်တော့ ဥပဒေထက်မှာ မည်သူမှမရှိဆိုတဲ့ စကားအတိုင်းဘဲဖြစ်သင့်ပါတယ် ၊ မလုပ်မရှုပ်မပြုတ် ဒီအတိုင်းဆက်သွားနေရင် ဒီအတိုင်းဘဲဖြစ်မှာပါ။
  18. “Insein Prison” is always open for them. They can rest there without worrying for any bills…
  19. အဲဒိသူတွေဟာ ပြည်သူကရွေးချယ်တင်မြှောက်ခဲ့တဲ့ ခေါင်းဆောင်တွေလား၊ သူတို့ခိုးယူခဲ့တဲ့
    ပြည်သူ့ဘဏ္ဍာတွေထဲကပေးချေပေါ့၊နောက်ထပ်လိုချင်သေးလို့လား၊အားမနာဘူး။တိုင်းပြည်က
    ပြာပုံပဲရှိတော့တယ်။
  20. သန်းရွှေ၊ မောင်အေးးနဲ့အပေါင်းအပါတွေကို နောက်နောင်ကို ထောက်ပံ့ငွေကြေး အလီလီပေး စရာမလိုအောင် တခါထဲ အပြတ် လားပင်စင်သာပေးလိုက်ပါတော့။
  21. ဒီလူတွေကိုထောက်ပံ့ဖို့လွှတ်တော်မှာတင်ပြပြီးလွတ်လပ်ရေးဖခင်ငါတို့ဗိုလ်ချုပ်အောင်ဆန်းမိသားစုကိုထောက်ပံ့ဖို့ကြမတင်ပြဘူးလား..ဟဟ..၁၀သက်စားမကုန်အောင်ရှိသားနဲ့တောင်းစားချင်သေးတယ်..ပြည်သူ့ပိုက်ဆံကို..သောက်ရှက်ကိုမရှိတဲ့မျက်နှာတွေနဲ့..
  22. ဗိုလ်ချုပ်မှူးကြီးအတွက် ပင်စင်က ၁၀ သန်း၊ ဆုငွေက သန်း ၂၃၀၊ ဒုတိယဗိုလ်ချုပ်မှူးကြီးက ပင်စင် ၈ သန်း၊ ဆုငွေ ၁၈၄ သန်း ပေးခဲ့ပြီးပြီလေ။ နိုင်ငံက မသေမချင်း ဆက်တာဝန်ယူနေရဦးမှာလား