ယခုနှစ် နွေရာသီ ဓာတ်အားပြတ်တောက်မှု ဆိုးရွားမည် မဟုတ်ဟု လျှပ်စစ်ဝန်ကြီး ကတိပြု | ဧရာဝတီ

ယခုနှစ် နွေရာသီ ဓာတ်အားပြတ်တောက်မှု ဆိုးရွားမည် မဟုတ်ဟု လျှပ်စစ်ဝန်ကြီး ကတိပြု

Hits:374
  | |

ယခုနှစ် နွေရာသီတွင် ဓာတ်အား ပြတ်တောက်မှု ယခင်နှစ်များကဲ့သို့ ဆိုးရွားမည် မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကတိပြုပြောဆို လိုက်သည်။ လာမည့် နွေရာသီတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ လျော့ကျမည် ဖြစ်သော်လည်း ဓာတ်ငွေ့လျှပ်စစ်တာဘိုင်များ တပ်ဆင်ထား ခြင်းကြောင့် မဂ္ဂါဝပ် ၂၀၀ ခန့်သာ လျော့ကျမည် ဖြစ်ပြီး ယခင် နှစ်များကဲ့သို့ ဆိုးရွားသော မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။ ဓာတ်အား ပြတ်တောက်မှု မဆိုးရွားဟု ဆိုသော်လည်း ၂၄ နာရီ မီးပေးမည်၊ မပေးမည်ကို တိကျသေချာစွာ ရှင်းလင်းသွားခြင်း မရှိပေ။


3 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. အခုတောင် တို့  ဒလမှာ တစ်ချိန် လုံး မီးပျက် လို့ တို့ တွေဖြင့် ထမင်းချိုင့် မမှန် တာကြာပြီ။
    သူကတော့ဖြီးကောင်းနေတယ်။
    အေးလေ သမ္မ္မတလူဆိုတာလည်း ဖြီးကောင်းနေတာပေါ့။

  2. စက်မှုဇုံမှာတနေ့၅နာရီဘဲပေးတာတောင်ဆိုးဆိုးဝါးဝါးမဟုတ်သေးဘူးလား

  3. လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးရေ
    နွေရာသီတွင် ဓာတ်အား ပြတ်တောက်မှု ကနှစ်တိုင်းဖြစ်နေတာပဲ။ အဆင်ပြေစေမယ်ဆိုပြီးပြည်သူကို ဖြီးတာလဲ နှစ်တိုင်းပဲ။
    နွေရာသီတွင် ဓာတ်အား ပြတ်တောက်မှု ယခင်နှစ်များကဲ့သို့ ဆိုးရွားလဲ ၀န်ကြီးရာထူးကအေးဆေးဆို တာလူတိုင်းသိပါတယ်။ ဘကြီးစိန်ရဲ့ တပည့်ဆိုတော့ ဘာပြောပြောတင့်တယ်နေတဲ့သူကိုး၊ ဆက်သာဖြီးထားပါ။
    ဓာတ်ငွေ့လျှပ်စစ်တာဘိုင်တွေကို ခု ဘယ်လို တင်ဒါခေါလဲမသိဘူး။ အရင် မီးစက်တွေတပ်တဲ့ company တွေတော့ တော်တော်ထောသွားပြီ။ နွေရာသီ အသာထား။ ခု ဒလမှာ EPC ကို ပိုက်ဆံစုပေးမှ မီးရတယ်။ ပိုက်ဆံမပေးတဲ့ ရပ်ကွက်ကို မီးဖြတ်တယ်။
    ပြည်သူတွေ ဘ၀ကတော့ မှောင်ထဲကမထွက်သေးဘူး။