အာရှလမ်းမ အမှတ်(၁) စတင် ဖောက်လုပ်နေ | ဧရာဝတီ

အာရှလမ်းမ အမှတ်(၁) စတင် ဖောက်လုပ်နေ

Hits:466
  | |

ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့မှ စ၍ မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့အထိ မြန်မာနိုင်ငံတွင်း ဖြတ်ဖောက်ရန် သတ်မှတ်ထားသော အာရှ လမ်းမကြီး အမှတ်(၁) ကို ထိုင်း ကုမ္ပဏီ See Sang Kam Yotah (1979) Co.,Ltd က တာဝန်ယူ၍ ကရင်ပြည်နယ် ကော့ ကရိတ်မြို့အထိ ဆက်လက် ဖောက်လုပ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် အာရှလမ်းမကြီး ၄ လမ်းရှိရာ ယခု ဖောက်လုပ် အမှတ်(၁) လမ်းကို ၂၀၀၆ ခုနှစ်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှ သင်္ကန်းညီနောင်မြို့အထိ ထိုင်းနိုင်ငံ၏ အကူအညီဖြင့် ဖောက်လုပ်ခဲ့ပြီး ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။


Leave a Reply