တရုတ်က ကချင် ငြိမ်းချမ်းရေး အတွက် ပါဝင်ဆောင်ရွက်မည် | ဧရာဝတီ
သတင်းတို

တရုတ်က ကချင် ငြိမ်းချမ်းရေး အတွက် ပါဝင်ဆောင်ရွက်မည်

Hits:92
  | |

အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရေး အတွက် တရုတ်နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying က အင်္ဂါနေ့က ပြောသည်။ အစိုးရ ကိုယ်စားလှယ်များနှင့် KIO ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုကို တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက် နေ့က ပြန်လည် ပြုလုပ်သည်။ နှစ်ဘက် တွေ့ဆုံဆွေးနွေးမှု အပြီး ပူးတွဲကြေညာချက် တစောင်လည်း ထုတ်ပြန်သည်။ ယခင် တရုတ် နိုင်ငံ သံအမတ်ကြီးဟောင်း နှင့် ယခု နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှရေးရာ အကြီးအကဲ Luo Zhaohui သည် တနင်္လလာနေ့က ပြုလုပ်သည့် ယင်းတွေ့ဆုံဆွေနွေးပွဲသို့ တက်ရောက်ခဲ့သည်။


Leave a Reply