မြန်မာ-ဂျပန် ချစ်ကြည်ရေး “သွေး” ရုပ်ရှင်ကား အထူးပွဲပြ | ဧရာဝတီ
သတင်းတို

မြန်မာ-ဂျပန် ချစ်ကြည်ရေး “သွေး” ရုပ်ရှင်ကား အထူးပွဲပြ

Hits:1,246
  | |

မြန်မာ စာရေးဆရာမ ဂျာနယ်ကျော် မမလေး ရေးသားပြီး ဂျပန် ဒါရိုက်တာ ကိုဂျိချီနို(Koji Chino) ဇာတ်ညွှန်းရေးသား၍ မြန်မာ နှင့် ဂျပန် အနုပညာရှင်များ ပါဝင်ရိုက်ကူးခဲ့သည့် “သွေး” ရုပ်ရှင်ဇာတ်ကားကို ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ သဘင်ဆောင်၌ ပြသခဲ့ကြောင်း အစိုးရထုတ် သတင်းစာများတွင် ဖော်ပြထားသည်။


One Response

Leave a Reply

  1. 2007 ဂျပန်ရုပ်ရှင်ပွဲတော် -သမတရုပ်ရှင်ရုံမှာပြတုန်းကသွားကြည့်ဖြစ်ပါတယ်။လက်မှတ်တွေကိုနံနက်(၁၀)နာရီမှာပေးမယ်လို့ပြောပေမဲ့နံနက်၅နာရီလောက်တည်းကလာတန်းစီတဲ့လူတွေနဲ့ပြည့်သွားလို့တန်းစီလို့မရတော့ဘူးလို့ပြောပါတယ်။(အဲကြည့်ချင်တော့သူများတွေပြောသလို-ဗိုလ်ချုပ်ကိုခိုင်းလိုက်ပါလား။…ပထမတော့သူတို့ပြောတာနားမလည်ပါဘူး။နောက်မှ… အဲဒီခေတ်ကတော့ခြင်္သေ့ကိုခိုင်းရတာပေါ့။…တန်းစီနေတဲ့သူတွေထဲကလက်မှတ်ပြန်ရောင်းမဲ့ကုလားမတယောက်ကိုဘယ်လောက်နဲ့ရောင်းမလဲမေးတော့၁၅၀၀ကျပ်… ကြည့်ချင်တော့ပေးလိုက်ရတာပေါ့။…တုံကင်ပြားလေးတခုရတယ်။အဲဒီတုံကင်ပြားကိုလက်မှတ်နဲ့ဂျပန်သံရုံးကစာရေးဆရာရဲမြလွင်(ဦးရဲလွင်)ကလဲပေးတယ်။ကြေညာထားတဲ့လက်ကမ်းစာစောင်မှာ-၃၀၃မိနစ်(၅နာရီ၃မိနစ်)ကြာမယ်လို့ပြောပေမဲ့ ဂျပန်မြန်မာချစ်ကြည်ရေးဇာတ်ကားကြီးကိုရက်ရက်စက်စက်ဆင်ဆာဖြတ်လိုက်တာ ၃နာရီခွဲလောက်ဘဲကြာတော့တယ်။…Intermission နဲ့နှစ်ကားစာကြာပါတယ်။အဲသလိုIntermission နဲ့နှစ်ကားစာကြာတာIndia ဇာတ်ကား Khakee မြန်မာလို ကာကီ(ရောင်)..၀တ်တဲ့ရဲတွေအကြောင်း နေပြည်တော်ရုပ်ရှင်ရုံမှာ India Film Festival မှာကြည့်ဖူးတယ်။…။ညနေ၄း၃၀မှာသွားကြည့်တော့အောက်ထပ်မှာဘဲကြည့်ရတယ်။ဂျပန်မလေး Yumi ကရထားပေါ်ကနေလက်ပြပြီး…တန့်တန်..တန့်တန်..ပြောနေတော့..အော်စကားမပီလို့တာ့တာ…တာ့တာလို့ပြောတာဆိုပြီးပရိသတ်က၀ိုင်းရယ်ကြတယ်။အဲဒီဇာတ်ကားသာမြန်မာပြည်မှာပြရင်အကယ်ဒမီရမဲ့သူကတော့ခင်စိုးပိုင်ပါဘဲ။…မျိုးသနာထွန်းရဲ့ယောကျာင်္းသရုပ်ဆောင်တဲ့ဂျပန်လူမျိုး Toshiyuki NAGASHIMAကလည်းမြန်မာသရုပ်ဆောင်နေအောင် နဲ့အတော်ကိုဆင်တူတာကြောင့် နေအောင်ဝင်ပြီးသရုပ်ဆောင်နေသလားလို့တောင်ထင်မိတယ်။မျိုးသနာထွန်းနဲ့ဂျပန်မင်းသားတို့စကားပြောနေတုန်း ကောင်းကင်ကလေယာဉ်ပျံကဗုံးကျဲချလိုက်တော့ဂျပန်မင်းသားကမျိုးသနာထွန်းကိုဖက်ပြီး ကားဘေးနားကိုလှဲချလိုက်တဲ့အခန်းမှာ…ရိုက်ချက်ကနိုင်ငံတကာအဆင့်မီတယ်။…သူတို့ညားပြီးသားတယောက်မွေးတော့အဲဒီနေရာကို မင်းမော်ကွန်းကသရုပ်ဆောင်တယ်။မင်းမော်ကွန်းရဲ့မွေးစားအဖေမန်းတလေးတကသိုလ်ကကျောင်းဆရာနေရာမှာတော့ ကျော်သူကသရုပ်ဆောင်တယ်။(အဲဒါကြောင့်မြန်မာပြည်မှာပြသခွင့်မပြုတာလို့ယူဆပါတယ်)။မင်းမော်ကွန်းရဲ့ဖအေတူမအေကွဲညီမနေရာမှာတေးသ့ရျင်နွဲ့ယဉ်ဝင်းရဲ့သားအဆိုတော်ဂျီလတ် နဲ့ညားတဲ့ဂျပန်သရုပ်ဆောင်မင်းသမီး Akari ASOU(မြန်မာပြည်မှာတော့Yumiလို့ဘဲသိကြပါတယ်)သရုပ်ဆောင်တယ်။မင်းမော်ကွန်းနေမကောင်းလို့ရေခဲအုပ်ပေးတော့..ဂျပန်မလေးက ..ရပါတယ်။ကျမလုပ်ပေးပါ့မယ်လို့ပြောတာကို မြန်မာစကားမပီတော့…ရပါတယ်။ကျမ ***ပေးပါ့မယ်လို့ပြောလိုက်တော့ ပရိသတ်က၀ိုင်းရယ်ကြတော့တာပေါ့။…