ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူးဆု လက်ခံယူ | ဧရာဝတီ
သတင်းတို

ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူးဆု လက်ခံယူ

Hits:506
  | |

တောင်ကိုရီယားနိုင်ငံတွင် ၅ ရက်တာ ခရီးစဉ် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ နံနက်ပိုင်းက ၁၉၈၀ ခုနှစ် အာဏာရှင် ချွန်ဒူးဝမ် အစိုးရကို ဆန့်ကျင်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုတွင် ကျဆုံးသွားသူများအား သွားရောက် ဂါရ၀ပြုခဲ့သည်။ ထို့နောက် ၁၈ ကြိမ်မြောက် ဂွမ်ဂျူး အောက်မေ့ဖွယ် အခမ်းအနားတွင် ၂၀၀၄ ခုနှစ် နေအိမ် အကျယ်ချုပ်ကျခံနေရစဉ် ရရှိခဲ့သည့် ဂွမ်ဂျူး လူ့အခွင့်အရေးဆုနှင့် ဂွမ်ဂျူးမြို့တော်ဝန်၏ ဂွမ်ဂျူး မြို့တော်သူ ဆုကိုလည်း လက်ခံယူခဲ့သည်။ ယနေ့ညပိုင်းတွင် ဆိုးလ်မြို့ဟိုတယ် တခုတွင် ကိုရီယား ကုမ္ပဏီများ၏ အစီအစဉ်ဖြင့် နာမည်ကျော် ကိုရီယားပညာရှင်များနှင့် ညစာ စားသုံးရန် ရှိကြောင်း သိရသည်။


Leave a Reply