စာပေစိစစ်ဌာနကို ဖျက်သိမ်းပြီး အသစ်ဖွဲ့ | ဧရာဝတီ
သတင်းတို

စာပေစိစစ်ဌာနကို ဖျက်သိမ်းပြီး အသစ်ဖွဲ့

Hits:194
  | |

“စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲ” ကို ဖျက်သိမ်းပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်အောက်တွင် “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” သစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ စာနယ်ဇင်းများ မထုတ်ဝေမီ စာပေစိစစ်ရေးသို့ ဆင်ဆာ ကြိုတင်ရသည့် စနစ်ကို ၂၀၁၂ သြဂုတ်လအတွင်း ဖျက်သိမ်းခဲ့ပြီးနောက် ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး ခွင့်ပြုချက်ဖြင့် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲကို ဆက်လက် ဖျက်သိမ်းခြင်းဖြစ်သည်။


Leave a Reply