ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးဆု လက်ခံရန် ဟာဝိုင်အီသို့ ထွက်ခွာ | ဧရာဝတီ
သတင်းတို

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးဆု လက်ခံရန် ဟာဝိုင်အီသို့ ထွက်ခွာ

Hits:447
  | |

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးဆု လက်ခံယူရန် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်းသို့ ယနေ့ ထွက်ခွာသွားကြောင်း AP သတင်းတရပ်တွင် ဖော်ပြထားသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဟာဝိုင်အီကျွန်း၊ ဟိုနိုလူလူ၌ ကျင်းပမည့် Rotary Global Peace Forum တွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း၊ သူ၏ အကြမ်းမဖက် လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဂုဏ်ပြု ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ Rotary သည် ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းတခုဖြစ်ပြီး အဖွဲ့ဝင် ၁.၂ သန်းကျော် ရှိသည်။


One Response

Leave a Reply

  1. In this time thousands of people are peacefully live in refugee camps along China and Thai borders
    and many people are in rest in peace ( RIP) every day. PEACE , PEACE , PEACE.