တောင်ကုတ်တွင် ခရီးသည်တင်ကား မှောက်မှု ၁၄ ဦးသေ | ဧရာဝတီ

တောင်ကုတ်တွင် ခရီးသည်တင်ကား မှောက်မှု ၁၄ ဦးသေ

Hits:397
  | |

ရန်ကုန်-တောင်ကုတ်-သံတွဲ ပြေးဆွဲသည့် အောင်သစ္စာ ခရီးသည်တင်ယာဉ်သည် ယနေ့ နံ့နက်အစောပိုင်း အချိန်က တောင်ကုတ်မြို့အနီး၌ ဘရိတ်ပေါက်ပြီး ပေ ၁၂၀ အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ၁၄ ဦး သေဆုံးသွားကြောင်း နောက်ဆုံးရရှိသည့် သတင်းများအရ သိရသည်။ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ကျား ၇ ဦး၊ မ ၆ ဦး၊ ကလေး ၁ ဦး သေဆုံးပြီး သံဃာ ၃ ပါး၊ ကျား ၂၆ ဦး၊ မ ၄ ဦး စုစုပေါင်း ၃၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။


One Response

Leave a Reply

  1. ဘုရား၊ဘုရား….စိတ်မကောင်းစရာ သတင်းပါလား။