သတင်းတို

ငြိမ်းချမ်းရေး ဖော်ဆောင်မှု ထူးခြားထင်ရှားဖြစ်စဉ်ဟု ဦးသိန်းစိန် ပြော

Hits:392
  | |
Print This Post

သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များသည် မြန်မာ့နိုင်ငံရေး ဖြစ် ပေါ် တိုးတက်မှုတွင် အထူးထင်ရှား အရေးပါသော ဖြစ်စဉ်များ ဖြစ်သည်ဟု ပြောဆိုလိုက်သည်။ လက်ရှိ အပစ်အခတ် ရပ်စဲ ထား သော အဖွဲ့များအပြင် ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(KIO/KIA) ကိုလည်း ချန်လှပ်မထားဘဲ အပစ်အခတ် ရပ်စဲရုံသာ မက နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်ရန် တံခါးဖွင့်ထားကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော နှစ်သစ် ကူး သ၀ဏ်လွှာတွင် ဦးသိန်းစိန်ကပြောဆိုခြင်း ဖြစ်သည်။ ထို့အပြင် ငြိမ်းချမ်းရေး ကြိုးပမ်းနေချိန်တွင် တပ်မတော်အနေဖြင့်လည်း အသက်သွေးချွေးပေးဆပ်ပြီး နိုင်ငံတော်လုံခြုံရေး အတွက်သာမက ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံးအတွက်ပါ ကြိုးပမ်းလျက်ရှိကြောင်း ယမန်နေ့က ပြည်ထောင်စု လွှတ်တော် နာယက ဖတ်ကြားတင်ပြသည့် ယင်းသ၀ဏ်လွှာ၌ ပါရှိသည်။


WSJ LIVE VIDEO:

2 Responses

Leave a Reply

  1. pps၁၂၃၄၅

    စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ် ဆင်တာလည်း တိုင်းပြည်အတွက် အသက်ပေးလှူတာလား??????
    ဒီအတိုင်းဆို အစိုးရကို ပုန်ကန်သူတိုင်းသည်လည်း တိုင်းပြည်ကို ဖျက်ဆီးနေတာပဲလား။
    အစိုးရ အတွက် အသက်ပေးလှူသွားတယ်။ စစ်အာဏာရှင် စနစ် အတွက် အသက်ပေးလှူ သွားတယ်ဆိုတာ မှန်ကောင်းမှန်လိမ့်မယ်။
    သို့သော် ဒီတိုင်းပြည်မှာ စစ်အစိုးရကြောင့် ဘဝပျက်ခဲ့ရတဲ့လူတွေ များနေတဲ့ အချိန်မှာတိုင်းပြည် အတွက် ဆိုတာကို တော့ စဉ်းစား ချင့်ချိန်ပြောသင့်တယ်။

  2. သမတတဦးအနေနဲ့ငြိမ်းချမ်းရေးစကားတွေပြောနေပြီးကချင်ကိုတိုက်ခိုက်နေတာပြည်သူလူထု ကိုကလိမ်ကကျစ်လုပ်နေတာဘဲ၊တပ်မတော်ကအသက်သွေးချွေးပေးဆပ်ပြီးနိုင်ငံတော်လုံခြုံ ရေးအတွက်ကချင်ကိုတိုက်နေတာဆိုတော့ကချင်ကြောင့်နိုင်ငံတော်မလုံခြုံဘူးလို့ဆိုချင်တာလား၊တိုင်းရင်းသားတွေကိုဖိနှိပ်ပြီးငြိမ်းချမ်းရေးအမည်ခံပြည်သူကိုတင်မကကမ္ဘာကိုပါလိမ်နေ တာတိုင်မ်းမဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာသူ့ပုံပါလာတော့ဘဝင်တွေမြင့်နေလောက်ပြီဘာတွေရေးထားတယ်ဆိုတာဘာသာပြန်ပေးလိုက်ကြပါအုံး၊နားလည်သွားအောင်ပါ။