ကရင်ပြည်နယ်တွင် မိုင်းဟောင်း ပေါက်ကွဲပြီး မောင်နှမ ၃ ဦး ဒဏ်ရာရ | ဧရာဝတီ
သတင်းတို

ကရင်ပြည်နယ်တွင် မိုင်းဟောင်း ပေါက်ကွဲပြီး မောင်နှမ ၃ ဦး ဒဏ်ရာရ

Hits:271
  | |

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ထီခိုတောရွာနေ မောင်နှမ ၃ ဦးတို့သည် ဇန်နဝါရီလ ၇ ရက်နေ့က တောင်ယာမှ အပြန်တွင် မိုးဟောင်း ၁ လုံး ပေါက်ကွဲမှုကြောင့် မောင်နှမ ၃ ဦးစလုံး ဒဏ်ရာရသွားကြောင်း သိရသည်။ အသက် ၁၂ နှစ်အရွယ် မောင်ဇေယျာဦး၊ အသက် ၅ နှစ်အရွယ် မသီရိ၊ အသက် ၄ နှစ်အရွယ် မနှင်းဝတ်ရည်တို့သည် ဒဏ်ရာများ ရရှိသွားပြီး မြဝတီမြို့ရှိ ရွှေက္ကိုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


Leave a Reply