မိုးထိမိုးမိ ဆန္ဒပြ ခေါင်းဆောင်များကို ထောင်ဒဏ်ချ | ဧရာဝတီ

မိုးထိမိုးမိ ဆန္ဒပြ ခေါင်းဆောင်များကို ထောင်ဒဏ်ချ

Hits:499
  | |

မိုးထိမိုးမိ ရွှေလုပ်သားများ တနိုင်တပိုင် လုပ်ပိုင်ခွင့်ရရှိရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့ကြသူများကို ၂၀၁၂ နိုဝင်ဘာ ၂၃ ရက်နေ့က မန္တလေးတိုင်း ပျဉ်းမနား၊ ရေနီမြို့အဝင် ရေနီ စက္ကူစက်အနီးတွင် အရပ်ဝတ် စွမ်းအားရှင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်လူစုခွဲပြီး ဦးဆောင်သူ ၄ ဦးကို ဖမ်းဆီးခဲ့ရာ ယနေ့ နံနက် ၁၁ နာရီတွင် ရေတာရှည်မြို့နယ် တရားရုံးက ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၆ လစီ နှင့် ပုဒ်မ ၁၈ အတွက် ငွေဒဏ် ၁ သောင်း ကျပ်စီ ချမှတ်လိုက်ကြောင်း သိရသည်။ ထောင်ဒဏ်နှင့် ငွေဒဏ် ကျခံရသူ ၄ ဦးမှာ ကိုရဲရင့်ထွန်း၊ ကိုစောနောင်၊ ကိုနိုင်ဝင်းနှင့် ကိုနေအောင်ထက် တို့ဖြစ်သည်။


Leave a Reply