ငြိမ်းချမ်းရေး ညှိနှိုင်းရန် ၈၈ မျိုးဆက် ကျောင်းသားများ ကချင်သို့ သွားရောက် | ဧရာဝတီ

ငြိမ်းချမ်းရေး ညှိနှိုင်းရန် ၈၈ မျိုးဆက် ကျောင်းသားများ ကချင်သို့ သွားရောက်

Hits:218
  | |

၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်လှယ်အဖွဲ့သည် ကချင်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးရန် ကချင်ပြည်နယ် လိုင်ဇာဒေသသို့ ယမန်နေ့က ရန်ကုန်မြို့မှ ထွက်ခွာသွားပြီး ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိမည်ဟု သတင်းရရှိသည်။ အဆိုပါအဖွဲ့တွင် ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင်၊ မစမ်းစမ်းမော်တို့ ၄ ဦးပါဝင်ကြောင်း၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲ အရှိန်အဟုန်မြင့်တက်နေမှု အပေါ် စိုးရိမ်ပူပန်မိကြောင်းနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် နှစ်ဖက်ညှိနှိုင်းရန် တိုက်တွန်းကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သဘောထား ထုတ်ပြန်ထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>