သတင်းတို

ငြိမ်းချမ်းရေးဆုတောင်းပွဲ ခွင့်ပြုမိန့်ဖြင့် ကျင်းပ

Hits:220
  | |
Print This Post

ငြိမ်းချမ်းရေး လိုလားသူများ စုပေါင်းပြီး ငြိမ်းချမ်းရေးအတွက် ၀တ်ပြုဆုတောင်းပွဲကို မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ယနေ့မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ကျောက်ပန်းတောင်း ရဲစခန်းခွင့်ပြုချက်နှင့် ပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင် သံဃာတော်များ သြ၀ါဒစကားမိန့်ကြားကာ မေတ္တာသုတ် ရွတ်ဖတ်ခြင်း၊ နှစ်သစ်ကူးငြိမ်းချမ်းရေး ဆုတောင်းလွှာ ဖတ်ကြားခြင်း၊ ငြိမ်းချမ်းရေး သီချင်းနှင့် ကဗျာများ သီဆိုရွတ်ဖတ်ခြင်း၊ စီတန်း လှည့်လည်ကာ ငြိမ်းချမ်းရေး အမှတ်တံဆိပ်ကို ဖယောင်းတိုင်များဖြင့် ပုံဖော်ခြင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တာဝန်ခံများက ငြိမ်းချမ်းရေး ဆုတောင်းစကား ပြောကြားခြင်းများ ပြုလုပ်ပြီး လူစုခွဲသွားကြသည်။ “ကချင်ဒေသမှာ  စစ်ပွဲတွေရပ်ဆိုင်းဖို့ ငြိမ်းချမ်းရေး လိုလားတဲ့ သူတွေက စုပြီးတော့ စစ်ဘေးဒဏ်ကိုခံစားနေရတဲ့ သူတွေအတွက် ၀တ်ပြုဆုတောင်းပေးဖို့ပါ” ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ မမေစံပယ်ဖြူက ဆုတောင်းပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောသည်။ လက်ရှိကချင်ပြည်နယ်တွင် အစိုးရစစ်တပ်က လေကြောင်းနှင့်တမျိုး၊ မြေပြင်မှ တဖုံထိုးစစ်ဆင်နေ ခြင်းကြောင့် ဒုက္ခသည်များ သွေးပျက်ခြောက်ခြားနေကြရသဖြင့် အဆိုပါဆုတောင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။


WSJ LIVE VIDEO:

Leave a Reply