ရိုဟင်ဂျာ လှေစီးများ မလေးရှားသို့ ရေကူးခိုးဝင် | ဧရာဝတီ
သတင်းတို

ရိုဟင်ဂျာ လှေစီးများ မလေးရှားသို့ ရေကူးခိုးဝင်

Hits:554
  | |

မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည့် လူ  ၅၀၀ ခန့် လှေတစီးဖြင့် ၁၅ ရက်ကြာ ဖြတ်သန်းလာပြီး မလေးရှားနိုင်ငံအတွင်း ၀င်ရောက်ရန် မီတာ ၅၀၀ ခန့် ရေကူးခိုးဝင်လာစဉ် တဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ထုတ်ဖော် ပြောဆိုသည်။ ၎င်းတို့သည် ကယ်တင်မည့် အကူအညီ ရဖို့ထက် အဖမ်းမခံရအောင် မလက်ကာ ရေလက်ကြားရှိ လန်ကာဝီကျွန်း အနောက် မြောက်ဘက်တွင် ပုန်းအောင်းနေကြ ကြောင်း ပြောသည်။ မြန်မာနိုင်ငံ ရခိုင်ဒေသအတွင်း မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများကြောင့် မလေးရှားသို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာများ ဖြစ်မည်ဟု ယူဆသည်။ လန်ကာဝီကျွန်း ရဲအရာရှိ အကြီးအကဲ Harrith Kam Abdullah က ခေါင်းဆောင်ကိုလည်း တနင်္လာနေ့တွင် ဖမ်းဆီးမိခဲ့ကြောင်း ပြောသည်။ The Star သတင်းစာ၌ ဖမ်းဆီးစဉ် ရေထဲ ခုန်ချ ထွက်ပြေးရန် ကြိုးစားသူ တယောက်သည် လှေ၏ ပန်ကာဖြင့် တိုက်မိပြီး သေဆုံးသွားကြောင်း၊ ၎င်းအား လန်ကာဝီ မွတ်စလင် သင်္ချိုင်းတွင် တနင်္လာနေ့က သဂြိုဟ် ခဲ့ကြောင်း ဖော်ပြထားသည်။ ကျန်သူများအား လူဝင်မှုကြီးကြပ်ရေးဌာနသို့ လွှဲပြောင်းပေးပြီး၊ ဥပဒေအရ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် လအတွင်း မြန်မာနိုင်ငံသားပါသည့် သဘောင်္နစ်မြုပ်မှုများကို ကယ်တင်ပေးခဲ့ကြောင်း၊ ၎င်းတို့သည် မြန်မာပြည်က ထွက်ပြေးလာသည့် ရိုဟင်ဂျာများ ဖြစ်နိုင်ကြောင်း၊ စင်ကာပူနိုင်ငံက လည်း ၎င်းလှေစီး ထွက်ပြေးလာသူများအား လုံးဝ အ၀င်မခံကြောင်း ပြောသည်။


WSJ LIVE VIDEO:

Leave a Reply