အရိုက်ခံရသည့် တော်ဝင် သစ်အလုပ်သမားများ ဆးကုသစရိတ် လိုအပ် | ဧရာဝတီ
သတင်းတို

အရိုက်ခံရသည့် တော်ဝင် သစ်အလုပ်သမားများ ဆးကုသစရိတ် လိုအပ်

Hits:199
  | |

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ ၀ါးတရာဒေသရှိ တော်ဝင်သစ်အချောထည် စက်ရုံ၌ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော စက်ရုံလုံခြုံရေး ၀န်ထမ်းများနှင့် အလုပ်သမားတို့အကြား ပဋိပက္ခကြောင့် အရိုက်ခံရသည့် အလုပ်သမား ၆ ဦး ကို ဆေးရုံတင်ခဲ့ရပြီး ယခုအခါ ထိုအလုပ်သမားများ အတွက် ဆေးဝါးကုသစရိတ် လိုအပ်နေကြောင်း သိရသည်။ အင်းစိန်ဆေးရုံကြီး၌ ဆေးဝါး ကုသခံယူနေရသည့် လူနာ ၆ ဦးအနက် ၃ ဦးမှာ ဓာတ်မှန်ရိုက်ရန် လိုအပ်နေကြောင်း၊ သို့သော် ငွေကြေးလုံလောက်မှု မရှိ၍ ဆက်လက် ဆေးကုသရန် ခက်ခဲနေကြောင်း အလုပ်သမားများအား ကူညီပေးနေသူ ကိုထက်ကိုကိုက ပြောသည်။


WSJ LIVE VIDEO:

Leave a Reply