ဒုတိယ ကမ္ဘာစစ်အတွင်း ကျဆုံး ဂျပန်စစ်သည် ကမ္ပည်းကျောက်စာတိုင်များ ထားရှိ | ဧရာဝတီ
သတင်းတို

ဒုတိယ ကမ္ဘာစစ်အတွင်း ကျဆုံး ဂျပန်စစ်သည် ကမ္ပည်းကျောက်စာတိုင်များ ထားရှိ

Hits:509
  | |

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန် လေတပ်၊ ကြည်းတပ်၊ တင့်ကားတပ်၊ မော်တော်ယာဉ် တပ်များမှ စစ်သည်အင်အား ၂၀၀၀၀ ကျော် အခြေပြုခဲ့သည့် မိတ္ထီလာမြို့တွင် ကျဆုံး ဂျပန်စစ်သည်များ၏ ကမ္ပည်းကျောက်စာတိုင်နှင့် လွမ်းစေတီတို့ တည်ထားကြောင်း သိ ရသည်။ မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်သစ် ရွှေကျောင်း ဘုန်းတော်ကြီးကျောင်း အတွင်း၌ ၁၉၇၂ က ကျောက်စာတိုင် ရေး ထိုး မှတ်တမ်း ကမ္ပည်းတင်ခဲ့ပြီး အမှတ် ၁၀၂ မော်တော်ယာဉ်တပ်မှ ကျဆုံး ဂျပန်စစ်သားများ ကျောက်စာကမ္ပည်းတိုင်နှင့် လွမ်းစေ တီကို ၁၉၈၂ တွင် မိတ္ထီလာမြို့ ထုံးဘို ဘုန်းတော်ကြီးကျောင်း အတွင်း၌ စိုက်ထူ တည်ထားခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်း စာ ၌ ပါရှိသည်။


Leave a Reply