လက်ပံတောင်းကိစ္စ ဒဏ်ရာရ သံဃာ ဆေးဝါးကုသခံယူရန် နိုင်ငံတော်က စပေါ် ဘတ် ၁ သန်း ကြိုတင်ကျခံ | ဧရာဝတီ

လက်ပံတောင်းကိစ္စ ဒဏ်ရာရ သံဃာ ဆေးဝါးကုသခံယူရန် နိုင်ငံတော်က စပေါ် ဘတ် ၁ သန်း ကြိုတင်ကျခံ

Hits:1
  | |

လက်ပံတောင်းတောင် ဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် သက်တော် ၆၄ နှစ်ရှိ ဦးတိက္ခဉာဏ ထိုင်းနိုင်ငံတွင် ဆေးဝါး ကုသမှု ခံယူရန် နိုင်ငံတော်က ဘန်ကောက်ဆေးရုံကြီးသို့ ဘတ် ၁ သန်း ကြိုတင်ပေးပို့ ထားကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။ ၎င်းနှင့်အတူ ညီဝမ်းကွဲ တော်စပ်သူ မန္တလေး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးဝင်း လိုက်ပါပြီး ယမန်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါ ဘတ် ၁ သန်းမှာ ဆေးဝါးကုသမှု စပေါ်ငွေဖြစ်ပြီး နိုင်ငံခြား ဆေးရုံများတွင် ကျန်းမာရေးအတွက် ဆေးကုသခံယူပါက ယင်းကဲ့သို့ စပေါ်ငွေ တင်ထားရလေ့ရှိသည်။


One Response

Leave a Reply

  1. Please be care Mr. President and team,
    Do it to protect the business for burma army(U pil) and china, then
    give it to care for, then do it protect, give it to care,…..,……,……..,
    (in Democracy system, government selected by population is doing the duty by the tax
    of the people of country. government and army never do business if do that is not legalize
    democracy system )