သတင်းတို

အယ်လ်ဂျာဇီးရာ သတင်းဌာနကို အစိုးရ ကန့်ကွက်

Hits:1
  | |
Print This Post

ရခိုင် အရေးနှင့် ပတ်သက်သည့် အယ်လ်ဂျာဇီးရာ သတင်းဌာန၏ သတင်း အစီအစဉ်ကို မြန်မာ အစိုးရက ကန့်ကွက်လိုက်သည်။ ဒီဇင်ဘာ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အချက် ၇ ချက်ပါ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ အယ်လ်ဂျာ ဇီးရာ၏ သတင်းအစီအစဉ်တွင် ဖော်ပြမည့် ရိုဟင်ဂျာများကို လူမျိုးတုံးစေရန် သတ်ဖြတ်လုပ်ဆောင်နေသည် ဆိုသော သတင်းမှတ် တမ်း အပါအ၀င် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်သည့် ဖော်ပြချက်များသည် မဟုတ်မမှန် လုပ်ကြံ ပုံကြီးချဲ့ခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပွင့်လင်း မြင်သာမှုရှိစွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြား ဖိနှိပ်ခြင်းများ လုံးဝ မရှိကြောင်း၊ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်များ၏ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေး သည့် ကော်မရှင် ဖွဲ့၍ စုံစမ်း စစ်ဆေးနေကြောင်း စသည်တို့ပါရှိသည်။ အယ်လ်ဂျာဇီးရာ သတင်းဌာနက ရခိုင်အရေးနှင့် ပတ်သက် သည့် သတင်း အစီအစဉ်ကို ဒီဇင်ဘာ ၈ ရက် မှ ၁၂ ရက်နေ့အထိ အာရပ်ဘာသာဖြင့် လည်းကောင်း၊ ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း ထုတ်လွင့်ပြသမည် ဖြစ်သည်ဟု ဆိုသည်။


WSJ LIVE VIDEO:

3 Responses

Leave a Reply

  1. လံကြုတ်လား ဘာ လား စောင့်ကြည့်ကြပါဦး ဟ… ကြည့်တောင် မကြည့်ရသေးဘူး လံကြုတ်ဆို တော့ ဦးသိန်း စိန် အစိုးရက အကြား အမြင်ရနေတာလား …ဒါမှမဟုတ် အမှန် တွေပေါ်သွား မှာ ကြောက်နေတာ လား … မြန် မာ စာ ဆရာ မ က ၁၀ တန်း တုန်း က အတန်း ထဲမှာ အလို မကျတိုင်း ပြော သလို ပြောရမယ်ဆို ရင်တော့… ဦးသိန်းစိန် ရေ… သောက်ကျိုး နည်း —တကတည်း မှဘဲ….ဆုံးအောင်လည်း ကြည့်လိုက်ပါဦးဟ

  2. ဦးသိန်းစိန်ကြီးရဲ့ အမှန်တရားတွေကို တကယ် လုပ်ထားတယ် ဆို ရင် ဘာမှ တုံ့ပြန်မနေဘဲ ရင်ကော့ပြီး ကြည့် လိုက်စမ်း ပါ အဲဒီ့အစီအစဉ်တွေကို ….အခုတော့ပြတောင်မပြရသေးဘူး ဖင်ပိတ်ငြင်းနေတယ် အမှန်တွေမဟုတ်ဘူးဆို ပြီး … အဲဒီ့နေ့ တွေ မီးဖျက်ထား ရင်ဒုက္ခ ကြည့်လို့ မရအောင် :P

  3. အယ်လ်ဂျဇီရာကထုပ်လွှင့်မဲ့သတင်းကိုကြားကတဲကမင်းတို့ဗိုလ်ချုပ်တွေလန့်ဖျားဖျားကုန်ကြပြီ လား၊မင်းတို့နဲ့အတူတူRNDPအဖွဲ့တွေလဲပါပါတယ်၊ခုံရုံးမှာတွေ့ကြပါလိမ့်မယ်၊မင်းတို့ရိုဟင်ဂျာ တွေကိုပေါ့သေးသေးထင်နေကြတာအခုတော့ဘယ်ထိအောင်ရောက်သွားပြီလဲ၊မင်းတို့ကဒုက္ခ သယ်တွေကိုဘယ်လောက်ထိအောင်အငတ်ထားမောင်းထုတ်နေကြတယ်ဆိုတာနဲ့မင်းတို့ဘယ် လိုသတ်ဖြတ်ခဲ့ကြတယ်ဆိုတာတွေကအတိအကျအထောက်အထားတွေသူတို့ဆီမှာရှိနေပါပြီ သမတကြီးဘရူးနိုင်းသွားခဲ့တာလဲအကျိုးမရှိခဲ့ပါဘူး၊လုပ်ရဲရင်ခံရဲရမှာပေါ့၊မင်းတို့ရတဲ့အချိန် လေးမှာရိုဟင်ဂျာဒုက္ခသယ်တွေကိုမှန်မှန်ကန်ကန်ကူညီကြပြီးသူတို့ရဲ့ရရှိသင့်တဲ့အခွင့်အရေး လေးတွေတော့အနဲအကျင်းလုပ်ပေးကြပေါ့၊ဒါမှလဲကမ္ဘာကကြည့်ရှုမဲ့လူသားတွေကမင်းတို့အ တွက်စုတောင်းပေးကြမှာပေါ့ ။