မြဝတီတွင် ရွှေထည်ပစ္စည်းနှင့် ငွေ သိန်း ၈၀၀ ကျော် လုယက်မှုဖြစ် | ဧရာဝတီ
သတင်းတို

မြဝတီတွင် ရွှေထည်ပစ္စည်းနှင့် ငွေ သိန်း ၈၀၀ ကျော် လုယက်မှုဖြစ်

Hits:1
  | |

ကရင်ပြည်နယ် မြဝတီမြို့နေ ရွှေသရဖူရွှေဆိုင်မှ ကိုသိန်းလွင်သည် နိုဝင်ဘာ ၂၇ ရက်နေ့က ရွှေထည်ပစ္စည်းများ သိမ်းဆည်၍ ပြန်လာစဉ် မျက်နှာ အဝတ်စည်းထားသည့် ဆိုင်ကယ်သမားက ကိုသိန်းလွင်၏ ဆိုင်ကယ်ကို ကန်လှဲကာ ရွှေထည်ပစ္စည်းများ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆိုင်ကယ်လဲကျစဉ် သေနတ်ဟု ထင်ရသော အရာဖြင့် ချိန်ကာ ရွှေထည် မျိုးစုံ ၁ ပိဿာ ၄၀ ကျပ်သား၊ မြန်မာငွေ ၄၃ သိန်းနှင့် ထိုင်းဘတ်ငွေ ၄ ထောင်ကို လုယက်သွားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ လုယက်သွားသူကို ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။


WSJ LIVE VIDEO:

2 Responses

Leave a Reply

  1. လုသွားတဲ့ သူက ရဲ ဖြစ်နေအုံးမယ်….မပြောနိုင်ဘူးနော်….အခုတလော မုဒိမ်းရဲ လူသတ်သမားရဲ တွေ ပေါ်နေတယ်…အခုဟာက ဓါးပြရဲ ဖြစ်ချင်ဖြစ်နေမှာ….သတိထားကြ

  2. သေချာတာပေါ့….မြ၀တီမြီု့က…သေးသေးလေး….ဒါတောင်မမိဘူးဆိုတော့…ရဲဓမြ…ဒါမှမဟုတ်..၇ဲနဲ့ဓမြ…ပေါင်းစားတာ