အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ ရဲ ၃ ဦးကို အရေးယူ | ဧရာဝတီ
သတင်းတို

အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ ရဲ ၃ ဦးကို အရေးယူ

Hits:1
  | |

ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးရဲစခန်းမှ ဒု ရဲအုပ် နွေအောင်သည် အသက် ၁၄ နှစ်အရွယ်ရှိ အိမ်ဖော်မိန်းကလေး တဦးအား အဓမ္မပြုကျင့်သောကြောင့် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။ အဆိုပါ ဒု ရဲအုပ် နွေးအောင်၏ သမီးဖြစ်သူ အသက် ၂ နှစ်အရွယ်အား သွားရောက် ထိန်းကျောင်းပေးခဲ့စဉ် လွန်ခဲ့သည့် ၁ နှစ်မှ စတင်၍ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ယင်းအမှုနှင့် ပတ်သက်၍ သံသယရှိသူ ရဲတပ်ကြပ် တင်စိုးဝင်းနှင့် နေ၀င်းနိုင်တို့ကိုလည်း အရေးယူထားကြောင်း သိရသည်။


WSJ LIVE VIDEO:

2 Responses

Leave a Reply

  1. I like update news from irrawady

  2. ကူညီပါရစေ ဆိုတာ အဲဒီလိုမျိုးကို ပြောတာလား မသိဘူး နော်….ကျောချမ်းစရာကြီး….ရဲအရာရှိကနေ မုဒိမ်းသမား ဘဝ ရောက်သွား ရရှာတယ်….ဆရာတော်ကြီး ပြောတဲ့ အရိုးမရှိတဲ့ အရာ ၂ ခုကို အလိုမလိုက် နဲ့တဲ့ မိန့်ကြားချက်က အမှန်ဘဲ….အလိုလိုက်တော့..အလိုက်လိုတယ်..အလိုက်လိုတော့ အမိုက်ကိုပို မိသွားတာပေါ့..