ထိုင်း-မြန်မာ နယ်စပ်တွင် မူးယစ်ဆေး သယ်သူများနှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ် | ဧရာဝတီ
သတင်းတို

ထိုင်း-မြန်မာ နယ်စပ်တွင် မူးယစ်ဆေး သယ်သူများနှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်

Hits:1
  | |

မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် ထိုင်းစစ်တပ်တို့ ယနေ့ ထိုင်း-မြန်မာနယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူ ၂ ဦး သေဆုံးပြီး စိတ်ကြွဆေးပြား အလုံး ၄ သောင်းကို ဖမ်းဆီးရမိသည်ဟု ထိုင်း စစ်တပ် တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။ ထိုင်းစစ်တပ်က သတင်းအရ မယ်ဟောင်ဆောင်ခရိုင် မယ့်စွတ်ဦးနှင့် နမ်းဖယ်ဒင်းကျေးရွာ အနီးအနားတွင် သွားရောက် စောင့်ဆိုင်း၍ ဖမ်းဆီးရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသေးစိတ် အချက်အလက်များကိုမူ မသိရှိရသေးပေ။


Leave a Reply