သမ္မတ ဦးသိန်းစိန်ကို ICG အဖွဲ့ ငြိမ်းချမ်းရေး ဆုချီးမြှင့် | ဧရာဝတီ

သမ္မတ ဦးသိန်းစိန်ကို ICG အဖွဲ့ ငြိမ်းချမ်းရေး ဆုချီးမြှင့်

Hits:1
  | |

နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့(International Crisis Group-ICG)က သမ္မတ ဦးသိန်းစိန်ကို In Pursuit of Peace ချီးမြှင့်ကြောင်း သိရသည်။ သိန်းပေါင်းများစွာသော လူများ၏ ဘ၀များကို ပြောင်းလဲ သွားစေသော ခေါင်းဆောင်မှုနှင့် ပဋိပက္ခများ ပြီးဆုံးသွားစေရေး ဆက်ဆံရေးနှင့် ဆောင်ရွက်ချက်များအတွက် ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊၂၀၁၃ ဧပြီ ၂၂ ရက်၌ အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် ဆု ချီးမြှင့်ပွဲနှင့် ညစာ စားပွဲ ကျင်းပ၍ ဂုဏ်ပြုမည် ဖြစ်ကြောင်း ICG က ထုတ်ပြန်ထား သည်။ ဦးသိန်းစိန် နှင့် အတူ ဘရာဇီးလ် နိုင်ငံ သမ္မတ ဟောင်း Luiz Inacio Lula da Silva ကိုလည်း ဂုဏ်ပြု ချီးမြှင့်မည် ဖြစ်ကြောင်းလည်း သိရသည်။


One Response

Leave a Reply

  1. International Crisis Group ကပေးမဲ့ In Pursuit Of Peace ဆုဟာသမတဦးသိန်းစိန်နဲ့လုံးဝ မထိုက်တန်ပါဘူး၊ဒီအဖွဲ့အစည်းတွေဟာတခါတခါကြတော့ အရူးဆန်လွန်အားကြီးပါတယ် လက်တွေ့မကျတဲ့အလုပ်တွေလို့ထင်ပါတယ်