မြန်မာ ဗီဒီယို ဇာတ်ကားများ ခွင့်မပြုဘဲ မရောင်းရ | ဧရာဝတီ

မြန်မာ ဗီဒီယို ဇာတ်ကားများ ခွင့်မပြုဘဲ မရောင်းရ

Hits:2,217
  | |

ထုတ်လုပ်ဖြန့်ချိသူများ၏ ခွင့်ပြုချက်မရှိသော မြန်မာ ဗီဒီယိုဇာတ်ကား ဗီစီဒီ၊ ဒီဗီဒီ များကို စည်ပင်နယ်နိမိတ်၊ ပလက်ဖောင်း၊ အဝေး ပြေးကားဂိတ်၊ လမ်းဘေး နှင့် ဈေးများတွင် ဥပဒေမဲ့ ရောင်းချနေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သတိပေး တားမြစ်ချက် ထုတ်ပြန် သည်။ ဆင်ဆာ ရှိသည်ဖြစ်စေ၊ ဆင်ဆာမဲ့ ဖြစ်စေ ၊ နှစ်ချို့ကားဟောင်း ဖြစ်စေ၊ ကားသစ် ဖြစ်စေ လက် ၀ယ်ဖောက်ကား ရောင်းချသည်ကို တွေ့ရှိရပါက အရေးယူခံရမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ၌ ဖော်ပြထားသည်။ ဗီဒီယို အငှားဆိုင် များအနေဖြင့်လည်း မိမိတို့ ဆိုင်အမည်ဖြင့် ၀ယ်ယူထားသော ဇာတ်ကား အချပ်များကို တဆင့် လွှဲပြောင်းရောင်းချခြင်း၊ သတ်မှတ် နယ်မြေမှ ကျော်၍ ရောင်းဝယ်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူ ခံရမည်ဟုလည်း သတင်းစာတွင် ပါရှိသည်။


2 Responses

Leave a Reply

  1. ကျွန်တော်သိချင် ပါ တယ်..နိုင်ငံခြားရုပ်ရှင် ကာတွေး ကိုးရီယာ.ကားတွေး ရောင်းနေတဲ့ လူးတွေးကို လွတ်လပ်စွာ..ပေးရောင်စေချင်တယ်။။။
    မြန်မာ နဲ့ ပတ်သက်တဲ့ ..ဘာမှမရောင်းရင် ပေးရောင်စေချင် တယ်..ခင်ဗျာ…

  2. ဟာဒါဆို – ဗီဒီယိုခွေတွေ တိုးတိုးသားဖြစ်ကုန်ပြီ ။ ဈေးကောင်းရတော့မယ် ၊ ကျေးဇူးပဲ ဥပဒေကြီးရေ။