အိပ်နေတာပဲ ကောင်းပါတယ် | ဧရာဝတီ

အိပ်နေတာပဲ ကောင်းပါတယ်

Hits:26,714
  | |

မြန်မာပြည် လွှတ်တော်တွင်း တနေရာ (ဓာတ်ပုံ - CNN ရုပ်သံမှ)

အခုတလော ထိုင်းနိုင်ငံက ရုပ်သံသတင်းကြည့် ပရိသတ်တွေအတွက် ထိုင်းလွှတ်တော် အစည်းအဝေးတွေဟာ ပျင်းစရာ မကောင်းတော့တာကို တွေ့ရပါတယ်။

ဥပဒေကြမ်းတခုနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။ ဒီဥပဒေကြမ်းဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြည်တော်ပြန်နိုင်အောင် ရေးဆွဲထားတယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။

ရုန်းရင်းဆန်ခတ် ဖြစ်မှုဟာ လွှတ်တော်ဥက္ကဋ္ဌကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၀န်းရံပြီး လွှတ်တော်ထဲက ခေါ်ထုတ်သွားမှုနဲ့ အဆုံးသတ်ပါတယ်။ အမတ်တချို့က လွှတ်တော်ဥက္ကဋ္ဌရှိရာကို သွားကြပြီး အော်ဟစ် ကန့်ကွက်ကြ၊ တချို့က စာရွက်စာတမ်းတွေနဲ့ ပစ်ပေါက်ကြတာကို ရုပ်သံသတင်းတွေမှာ ရှင်းရှင်းလင်းလင်း တွေ့ခဲ့ရပါတယ်။

ဒီလိုဖြစ်ရပ်ကို ရုပ်သံကနေ တိုက်ရိုက်ပြသတာ တွေ့လိုက်ရတော့ ထိုင်းတွေက အေးအေးဆေးဆေး နေတတ်တယ်၊ မြန်မာတွေလောက် ရန်မလိုဘူး ဆိုတဲ့ အယူအဆတခုက မှားနေတယ်လို့ ဆိုရမလိုပါပဲ။

တကယ်ဆိုရင် မြန်မာတွေကပဲ အေးအေးဆေးဆေး နေတတ်ကြတာ မဟုတ်လား။

နေပြည်တော်က လွှတ်တော် အစည်းအဝေးများဟာ အင်မတန် တည်ငြိမ်အေးချမ်းတဲ့ အသွင်ကိုဆောင်တာ အားလုံးအသိပါ။ အမတ်မင်းတချို့ အိပ်ငိုက်နေ၊ အိပ်စက်နေကြတဲ့အထိ အေးချမ်းပါတယ်။ လွှတ်တော်ထဲ အိပ်မောကျကြတဲ့ နေရာမှာတော့ နိုင်ငံတကာကို ပုခုံးချင်း ယှဉ်နိုင်ပြီလို့ ဆိုနိုင်တာပေါ့။

ဟိုတလောက စစ်အရာရှိကိုယ်စားလှယ် အများအပြား အစားထိုးမှုတွေကို တွေ့ရပါတယ်။ ဘာကြောင့် အစားထိုးမှန်းတော့ မသိရပါဘူး။ လွှတ်တော်ထဲ အိပ်ပျော်သွားတတ်တဲ့ စစ်အရာရှိများကို ပြန်ရုပ်သိမ်းသွားတာလည်း ဖြစ်နိုင်ပါတယ်၊ အိပ်စက်ခြင်းကြောင့် ဒီလို အရေးယူတယ် ဆိုရင်တော့ များပြီ ထင်ပါတယ်။

အေးရာအေးကြောင်း ငိုက်နေ၊ အိပ်နေကြတာဟာ ရုန်းရင်းဆန်ခတ် ဖြစ်နေတာထက်တော့ ပိုကောင်းတယ် မဟုတ်လား။

ထိုင်းလွှတ်တော်မှာ ဖြစ်နေတဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ပေါ်လာမှပဲ နေပြည်တော် လွှတ်တော်အခင်းအကျင်းကို ဖန်တီးခဲ့ သူများဟာ အမြော်အမြင်ကြီးကြပါလားဆိုတဲ့ အယူအဆ ပေါ်လာပါပြီ။

ဒီအယူအဆ မှန်တယ် ဆိုရင်တော့ လွှတ်တော်ထဲကို စစ်အရာရှိ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရောက်အောင်လုပ်၊ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းအတွက် နေရာကို အချိန်ယူတည်ထောင်ခဲ့တဲ့ ပါတီကြီးတခုရဲ့ ကိုယ်စားလှယ်တွေ ရောက်သွားအောင် စီစဉ် ကုလားဖန်ထိုးခဲ့တာဟာ တကယ့်ကို အမြော်အမြင်ကြီးတဲ့ လုပ်ရပ်လို့ ဆိုရမှာပါပဲ။

စိတ်တူ၊ သဘောတူ၊ အမြင်တူသူတွေ အများစုနဲ့ စုစည်းထားတဲ့ လွှတ်တော်ဟာ ရုန်းရင်းဆန်ခတ် ဖြစ်စရာအကြောင်း မရှိတော့တာကြောင့် ငြိမ်းချမ်းရေးကို မြတ်နိုးသူတချို့ နေပြည်တော်ရဲ့ လွှတ်တော် အခင်းအကျင်းကို စိတ်ဝင်စားလာဖွယ်ရှိတယ်လို့ ယူဆရပါတယ်။


33 Responses

Leave a Reply

  1. One can realize how this 25% of handicapped military member put interest for the benefit of people , we have no confidence on these group who were trained to Kill, or to be Killed. One can witness this concept during the Sangha Revolution. Please let them send back to the right place, to the barracks.

  2. ဟားးးးး မိုက်တယ်… အားပေးလျှက်ပါ…

  3. အခုတော့အားလုံးကင်းဝေးသွားပြီထင်ပါတယ်။

  4. အိပ်နေမယ်။ ဒါထဖတ်ဆိုထဖတ်မယ်လေ ဒါကန့်ကွက်ဟုတ် ဒါထောက်ခံဟုတ် ပြီးအိပ်မယ်လေ မနာလိုမဖြစ်ပါနဲ့ ။ နိုင်ငံတော် သြော် ဟုတ်ကဲ့ချစ်ပါတယ် အားလုံးပြည့်စုံအောင်ပေးထားတယ်လေ။် ပြည်သူတွေ သြော်သြော်ချစ်ပါတယ် ဘာလုပ်လုပ်သည်းညည်းခံနေလို့။ ခံနေလို့။

  5. အိပ်၍မပျော်သော ည များကုန်ဆုံးပါစေကွယ်…..
    အိပ်၍မပျော်သော ည …များ…..ကုန်ဆုံးပါစေကွယ်…..

  6. အပြစ်မမြင်ပါနဲ့။နားလည်ပေးကြပါ။

  7. - ဘာမှမနားလည်တာလဲမှမဟုတ်တာ ဥက္ကဌ၊တော့သူ့ကိုထောက်ခံနေတယ်ထင်နေမှာ
    သြော်…. ၂၅% တော့ အိပ်ငိုက်ယုံကလွှဲပြီး ဘာမှမတတ်ပါလား..
    အိပ်မက်ယောင်ပြီး ထောက်ခံတယ်ဆိုပြီးထထအော်နေမှအခက်သားလား…
    လစာနဲ့မလောက်ဘူး… အိပ်ယာလိပ်ပါထောက်ပံ့ပေးပါလို လွှတ်တော်ကိုတင်ပြကြပါအုံး

  8. တသက်လုံးသာအိပ်လိုက်ပါတော့၊လွတ်တော်ကသရဲချောက်တယ်၊ကျတ်တောက်ပြေးတယ်၊အော်နေပြည်တော်၊နေပြည်တော်၊

  9.ုKYAWKYAWHLAING

    အိပ်ပါစေကွာ အိမ်မှာဆိုမအိပ်ရဘူး မိန်းမကိုနှိပ်ပေးနေရတာလေ

  10. အိပ်တာပဲကောင်းတယ်…ခင်ဗျားတို့ကိုယ်တိုင်လုပ်ကြည့်ဗျာ….

  11. မပြောကြပါနဲ့၊ သူတို့ကအိပ်နေကြတာမဟုတ်ဘူး။ စဉ်းစားနေကြတာ၊ ပြည်သူတွေကိုဘာတွေ ကောင်းအောင်လုပ်ပေးရမလဲလို့(ကိုယ်ထင်တာ ကိုပြောတာ)

  12. ဧရာဝတီကို သတင်းများ ပို့ချင်ပါသည်. မည်သည့်လိပ်စာနှင့် ပေးပို့ရမည်ကို ညွှန်ကြားစေချုင်ပါသည်။

  13. အိပ်နေတာလည်း မဖြစ်နိုင်ဘူး .စဉ်းစားနေတာလည်းမဖြစ် နိုင်ဘူး. ဖြစ်နိုင်တာက အဆီရစ်နေတာဖြစ်မယ်.

  14. ထမင်းဝလို့အိပ်နေတာပါ။

  15. ကောင်းစေချင်သူ

    တကယ်တော့ လွှတ်တော်ထဲမှာအိပ်နေတဲ့သူတွေမှာအပြစ်မရှိပါဘူး။ သူတို့ကို စိတ်မပါပဲ အမိန့်အာဏာနဲ့အတင်းသွားငိုက် အဲလေ သွားထိုင်ခိုင်းတဲ့သူတွေမှာသာ အပြစ်ရှိတာပါ။

  16. ထမင်းဝလို့အိပ်နေတာ .. သွားအိပ်ခိုင်းတာလည်း ကောင်းပါတယ်.

  17. မောင်မောင်မင်းနိုင်

    အိပ်နေတာကမှ ပိုတောင်ကောင်းအုံးမယ်

  18. မအူပင်သား

    သူဒို အိပ်နေတာ ဟုတ်ပါဘူး ဘယ်သူ့ သွားပြီး ဒုက္ခသွားပေးရင်ကောင်းမလဲ လို့ စဉ်းစားနေတာ

  19. ပန်းတနော် မှ

    နေ့ တိုင်းလွှတ်တော်ရုပ်သံစောင့်ကြည့် နေရပါတယ် skynet က လွှင့်တာပါ ၊ လွှတ်တော်ကိုယ်စားလှယ်ကြီး အိပ်နေတာ မကောင်းပါဘူး ၊ လွှတ်တော်ထဲမှာ စားဖို့ အချင်ထုပ် ယူသွားကြပါလား ၊ အကြည့် ရတော်တော် ဆိုးတဲ့ ကိုယ်စားလှယ် အချို့ ရဲ့  အိပ်စက်ချင်း က ကျွန်တော်တို့  လွှတ်တော်ရုပ်သံ ကြည့် ရှု နေသူပြည်သူကို စော်ကားနေတာ လား ခင်ဗျာ မေးလိုက်ချင်ပါတယ် ၊ ကိုယ်စားလှယ်ကြီးများ လွှတ်တော်သာ တက်နေရတယ် အိမ်က အိမ်သူဇနီး မယား ထံစိတ်ရောက်နေတာလား တာဝန်ကျေ လွှတ်တော်တက်နေရတာလား ။ အိပ်တာက အား စားတာက အသားဖြစ်တယ် တဲ့ မြန်မာစကားပုံ အတိုင်း မှန်နေပြီ။

  20. ပန်းတနော် မှ

    အိပ်နေတာ အိပ်ရေးမ၀လို့ ပါ ။လွှတ်တော်တက်မှပဲ အိပ်ရေး၀၀ အိပ်ရတာပါ ၊အိမ်မှာက ကောင်းကောင်းမအိပ်ရလို့ လား ၊ လွှတ်တော် ထဲမှာက ရေမီးစုံတယ်လေ ။ Skynet ကလွှတ်တော် လိုင်း ထုပ်လွှင့်ပေးနေတော့ ကျွန်တော်တို့ နေ့ တိုင်းကြည့် ဖြစ်ပါတယ် အချိန်ယူပြီးတော့ ကြည့် ရတယ် လွှတ်တော်ကိုယ်စားလှယ် အချို့ အိပ်ရေးမ၀တာ တွေ့ နေရတယ် ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကြီး နှင့် ပြည်သူတွေကို အားမနာပဲ လွှတ်တော်ကိုယ်စားလှယ် တချို့  နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ နေတာ ပြည်သူတွေကို ဂရု မစိုက်တဲ့ သဘောလား ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း ပြောတဲ့လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ တိုးတက်အောင်လုပ်ရမဲ့ အစား တစ်တိုင်းပြည်လုံး ကြည့် ရှုနေတဲ့ လွှတ်တော်ရုပ်သံ မှာ လည်းကိုယ်စားလှယ် တစ်ချို့  အိပ်စက်နေတာ မြင်လို့ မကောင်းပါဘူး

  21. လတ အိပ်နေတာကမှကြည့်ကောင်းသေးတယ်

  22. မိုမိုး

    မအိပ်လို့ဘာလုပ်နေရမှာတုန်း၊ ဘာထပြောပြော ဘယ်သူကအကောင်းမြင်မှာမို့လဲ။

  23. ဘာမနာလိုဖြစ်နေတာလည်း. လွတ်တော်ထဲးမှာ ဘာစကားတွေပြေားမယ်
    ဆိုတာငါတို့သိပြီးသားပဲ ခင်ညွန်ကိုကြည် ဘယ်သူမှပြသနာမရှာဘူးလေ
    ငါတေို့လဲးလုပ်ခြင်တာလုပ်မှာပဲ ပြီးရင်မင်းတို့ ပြန်ပြီးသင်ပုန်းခြေလေ
    မကောင်းဘလား. ငတုံးတွေ

  24. ဂိုးဆက်နိုင်

    ဒီလူကြီး….အယ်မဟုတ်ပါဘူး ဒီလူလေး တရားမှတ်နေတာပါ။
    သေချာကြည့်ပါလား….လက်နှစ်ဖက်က…သီသိ မှတ်နေတာလေ

  25. သားအမည်ကထူးအောင်မွန်
    သားက၄တန်းကျောင်းသားဖြစ်ပါတယ်
    ဆရာမကသားကိုမေးတယ်ကြီးလာရင်ဘာလုပ်မလဲးတဲ့
    သားကပြေားလိုက်တယ်. စစ်သား နဲ့ ရဲ မလုပ်ဘူး
    ဆရာမကမေးတယ်ဘာဖြစ်လို့လည်း?
    စစ်သားနဲ့ရဲတွေကို လူတွေကမုန်းလို့ မလုပ်ချင်ဘူး
    အမေစုကိုအရမ်းချစ်တယ်
    မှတ်ချက်——သားပြေားတာကိုအဖေကရေးပေးတာ
    သားစာကျက်လိုက်ဦးမယ်. ဘိုင့်ဘိုင်

  26. ကိုကို

    အေးအေးဆေးဆေး နေတာ ကောင်းပါတယ်

  27. ဖိုးမှန်

    မီဒီယာမြင်ကွင်းကြီးမှာတော့…..တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ ..ဒီလိုမဖြစ်သင့်
    ပါဘူး။ ဒါဟာ…..ပုံရိပ်တွေကို ကျဆင်းစေပါတယ်…။ လွတ်တော်ကြီးအသက်ဝင်လာအောင်…
    အကြီးအကဲများနှင့်တကွ……ဒေါ်အောင်ဆန်းစုကြည် ၊ မတ်များအားလုံး လုပ်ဆောင်ကြစေချင်
    ပါတယ်…။ ဒါဟာ…ဘာကိုပြနေသလဲဆိုရင်…… ပြည်သူတွေအတွက် အကျိုးရှိမဲ့ ဥပဒေတွေ
    မလုပ်ရသေး ဘူး လို့ ပြနေပါတယ်ခင်ဗျာ။ နိုင့်ငံသားကောင်း တပ်မတော်ကိုယ်စားလှယ်တွေ
    အနေနှင့် ပြည်သူအတွက် အကျိုးရှိမဲ့ဟာတွေကို အန်တီ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ
    တွဲလုပ်ကြဖို့ တိုက်တွန်းပါရစေ…ခင်ဗျာ…..။

  28. ကာချုပ်ကြီးက-အလှည့်ကျအိပ်ရမယ်ဆိုလို့—ပို့လိုက်တာထင်တယ်

  29. အခုမှပဲ အေးအေးဆေးဆေး အိပ်ရတော့တယ်။ ရုံးမှာဆို ဒီလိုအိပ်လို့ ဘယ်ရမှာတုန်း။ ဥပဒေတွေက သူ့ဟာနဲ့သူဖြစ်သွားမှာပဲ။ (မှတ်ချက် – ပုံစာ)

  30. အိပ်နိုင်သူတွေ အိပ်ကြပါ၊ အိပ်ကြပါ။မအိပ်နိုင်သေးတော့ ဖားရိုက်ရအုံးမယ်။

  31. ဘိုးလှကြီး

    အိပ်တယ်ဆိုတာ ဘ၀င်ကျ သွားတယ်ခေါ်ပါတယ်၊ လွှတ်တော်အမတ်တွေ ဘ၀ဟာ တော်တော် ဘ၀င်ကျလှတယ်လို့ မြင်မိတယ်၊ တချိန်က ဖေါင်ကြီး သင်တန်းတက်တုံးက ငိုက်တာ သတိရမိတယ်လေ၊ ဒါကြောင့်မို့ ရွှေမြန်မာနိင်ငံတော်ကြီး ဟာ ကမ္ဘာမှာနေဘို့ အကောင်းဆုံး ဆိုပြီး ဂျပန်တွေ ဒီမှာ ပင်စင် ပိုက်ဆံနဲ့ လာနေကြသတဲ့၊ ဘ၀င် မကျနိင်တဲ့ သူတွေအဖို့တော့ ထမင်းရေ နပ်မှန်အောင် ပူလောင်ပြေးလွှားနေရ ရှာတယ်တဲ့၊ ဒါကြောင့် ဗုဒ္ဓဟာမြန်မာပြည်မှာ လာပြီး ပွင့်တော်မူရပါတယ် သူတော်ကောင်းတို့။

  32. တရုတ်နိုင်ငံမှာမနက်၀၇၀၀နာရီကစပြီးသင်ခန်းစာ(သို)လုပ်ငန်းခွင်းဝင်ရပါတယ်။…အဲနေ့လည်၁၁၀၀နာရီမှာထမင်းစားနားပြီး နေ့လည်၁၂၀၀နာရီမှ၀၂၀၀အထိအိပ်စက်အနာယူရပါတယ်…ကျွန်တော်တို့နိုင်ငံက၀န်ထမ်းတွေလုပ်ငန်းခွင်ကို၀၉၀၀/၁၀၀၀နာရီမှရောက်မကြာဘာဘူနေလည်စာစားပြီတော့ထမင်းလုံစီအိပ်ငိုက်ပေါ့အလုပ်လည်းထင်
    သလောက်မပြီးဘူးပေါ့..