ကရင်နှင့် ချင်း အမတ်နှစ်ဦး ရာထူးဝန်အဖြစ် သမ္မတဦးသိန်းစိန် ခန့်အပ် | ဧရာဝတီ
ကရင်နှင့် ချင်း အမတ်နှစ်ဦး ရာထူးဝန်အဖြစ် သမ္မတဦးသိန်းစိန် ခန့်အပ်
Hits:18,908
  | |
တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံနေသော သမ္မတဦးသိန်းစိန် (ဓာတ်ပုံ – သမ္မတရုံးဝက်ဆိုက်)
သမ္မတဦးသိန်းစိန်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် ချင်းတိုးတက်ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဝင်များအဖြစ် ခန့်အပ်ပြီး အစိုးရအဖွဲ့တွင် ထည့်သွင်းလိုက်ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်က အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်ရွှေကို ဟိုတယ်နှင့် ခရီးသွားလာရေး ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်ပြီးနောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ပြည်သူု့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်၊ ချင်းတိုးတက်ရေးပါတီမှ ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးငွန်မောင်းတို့ နှစ်ဦးကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များအဖြစ် ခန့်အပ်ကြောင်း အမိန့်အမှတ် ၈/၂၀၁၃ ဖြင့် ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်ရာ ပါတီစုံအစိုးရ အသွင်ပြောင်းလဲရေး ဒုတိယခြေလှမ်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် အစိုးရ၀န်ကြီးဌာနများတွင် အရာရှိများနှင့် ၀န်ထမ်းများရွေးချယ်လေ့ကျင့်ရေးအတွက် အဓိက ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံလိုက်ရသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးမန်းမောင်မောင်ဥာဏ်က သမ္မတဦးသိန်းစိန်က ရာထူးဝန်အဖြစ် မခန့်အပ်မီ ကြိုတင် အသိပေး သဘောထား တောင်းခံမှုများရှိခဲ့ပြီး ရာထူးဝန်အဖြစ် တရားဝင်ခန့်အပ်ခံရချိန်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဝင်အဖြစ်မှလည်းကောင်း နုတ်ထွက်ထားရကြောင်း ဧရာဝတီသို့ပြောသည်။
“ကျနော့်သဘောထား ဆန္ဒကို ကြိုမေးတာတော့ရှိပါတယ်။ လက်ခံလိုက်တယ်။ ကျနော်တို့က အများအကျိုးအတွက် ကျရာနေရာကနေ လုပ်မယ်ဆိုတဲ့ ခံယူချက်ရှိထားတာကိုးဗျ။ ပေးတဲ့တာဝန်ကို အများအကျိုးအတွက် ဆောင်ရွက်ဖို့ လက်ခံတာပါ။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကလည်း နုတ်ထွက်ရတယ်။ ပါတီဝင်အဖြစ်ကလည်း နုတ်ထွက်ရတယ်။ ပါတီထိပ်ပိုင်း အထက်လူကြီးတွေနဲ့ ညှိုနှိုင်း ဆွေးနွေးခွင့်ပြုချက် ယူပါတယ်” ဟု ဦးမန်းမောင်မောင်ဥာဏ်က ဆိုသည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သမ္မတဦးသိန်းစိန်သည် ပါတီစုံအစိုးရဖြစ်ပေါ်ရေး အတွက် လွှတ်တော်ဥက္ကဋ္ဌများနှင့် ညှိုနှိုင်းပြီး နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များကို အစိုးရအဖွဲ့တွင် ရာထူးနေရာများ ပေးအပ်နေရာ များမကြာမီ အခြားနိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အစိုးရအဖွဲ့အတွင်း ထည့်သွင်းလာလိမ့်မည်ဟု သုံးသပ်သည်။
“သိပ်မကြာခင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ NLD က အမတ်တွေကိုလည်း အစိုးရ အဖွဲ့အတွင်းမှာ ထည့်သွင်းတော့မယ်လို့ မျှော်လင့်ပါတယ်။ ပါတီစုံ အစိုးရသွားချင်လို့ ပထမ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါက်တာတင်ရွှေကို ဒုဝန်ကြီးပေး၊ နောက်ထပ် ချင်းပါတီနဲ့ တစည ပါတီက အမတ်တွေကိုလည်း ၀န်ကြီးရာထူး အဆင့်ရှိတဲ့ ရာထူးဝန်ရာထူးပေးတာပေါ့။ ဒါကတော့ ထင်သာမြင်သာရှိပါတယ်။ တခုပဲ အစိုးရသက်တမ်း တ၀က်ကျော်လောက်မှာမှ လုပ်တာဆိုတော့ နောက်ကျတယ်” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
သင်္ဃန်းကျွန်းင်္မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့်ကလည်း သမ္မတဦးသိန်းစိန်သည် ပါတီစုံအစိုးရ ပုံစံကို အကောင်အထည်ဖော်မည်ဟု ကြိုတင်ပြောထားသည့်အတိုင်း လုပ်ဆောင်လာခြင်းဖြစ်သည်ဟု သုံးသပ်သည်။
“ပြည်ထောင်စု ရာထူးဝန်ဆိုတာက ပြည်ထောင်စုဝန်ကြီးအဆင့်ရာထူးတွေပါ။  သမ္မတက ပြောတဲ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်းခေတ်ကလို အမျိုးသား စည်းလုံးညီညွတ်ရေး လုပ်မယ်ပြောတယ်။ ပါတီစုံဒီမိုကရေစီဆိုတော့ စနစ်ကို လက်ခံတော့ အစိုးရအဖွဲ့ကို ပြည်ခိုင်ဖြိုးအစိုးရပုံစံကနေ ပါတီစုံပါတဲ့ အစိုးရပုံစံအဖြစ် ကူးပြောင်းတာပေါ့။ ညွှန့်ပေါင်းအစိုးရ မဟုတ်ပေမယ့် ပါတီစုံ အစိုးရပုံစံ သွားတာပေါ့။ အခြား နိုင်ငံရေးပါတီတွေကိုလည်း မကြာခင်မှာ ကမ်းလှမ်းလာဦးမှာပဲ” ဟု ဦးသိန်းညွှန့်က ရှင်းပြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကမူ သမ္မတဦးသိန်းစိန်သည် ညီညွတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် နီးစပ်သော နိုင်ငံရေးပါတီများမှ အမတ်များကို အစိုးရအဖွဲ့အတွင်း ထည့်သွင်းလာခြင်းဖြစ်သည်ဟု ပြောသည်။
“အစိုးရအဖွဲ့ကို ညွှန့်ပေါင်းအစိုးရလိုမျိုး ပြင်ဖွဲ့တာတော့မဟုတ်ဘူး။ ညီညွတ်ရေးနဲ့ သင့်မြတ်ရေးလို့ ခေါင်းစဉ်နဲ့ ပါတီတွေက အမတ်တွေကို စခန့်တယ်လို့ထင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းကဆိုသည်။
သမ္မတဦးသိန်းစိန်က ပါတီစုံအစိုးရအဖွဲ့ ပုံစံပြောင်းလဲလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း အစိုးရ၀န်ကြီးတနေရာ ပေးအပ်မည်ဆိုသော သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။
9 Responses
Leave a Reply
  1. It is a good news
  2. မလုပ်တာထက် စာရင် လုပ်လိုက်တာ တော်ပါသေးတယ်။ အင်္ဂလိပ်စကားပုံ ‘Better late than never’ ဆိုတာလိုပေါ့။
    တခုပဲ သတိထားသင့်တာက ပါတီစုံ၊ လူမျိုးစုံပါအောင်လို့ တိုင်းရင်းသားမို့၊ တခြားပါတီကမို့ အလုပ်ခန့်တာထက် သက်ဆိုင်ရာဌာန နယ်ပယ်မှာ သိသူ တတ်ကျွမ်းသူ ပညာရှင်တွေ ဖြစ်ဘို့ လိုပါတယ်။ နေ၀င်းလက်ထက်က ဌာနတွင်း အမှုထမ်းနေတဲ့ တကယ် သိတတ်သူတွေကို ရာထူး တိုးမပေးပဲ စစ်တပ်က လူတွေ ဆွဲခေါ် အရာရှိနေရာတွေ အုပ်ချုပ်သူနေရာတွေပေးခဲ့လို့၊ အဲသည်ထုံးစံကို သန်းရွှေခေတ်၊ ယနေ့ကာလအထိ ဆက်လက် လုပ်နေလို့ ဌာနတိုင်း၊ စက်ရုံတိုင်း နေရာတိုင်းမှာ လစ်ဟင်းမှုများစွာနဲ့ အဆင်မပြေတာတွေ၊ အခက်အခဲ ဖြစ်၊ ပျက်ဆီးမှုတွေ၊ မတိုးတက်တာတွေ ဖြစ်နေတာလို့ မြင်ပါတယ်။ သူ့ ဆိုင်ရာဆိုင်ရာ ပညာ သင်လာသူတွေ၊ ဌာနတွင်း လုပ်သက်ကျေ၊ လုပ်တတ်သူတွေကို ရာထူးတိုး၊ နေရာပေးဘို့ သင့်နေပါပြီ။ ဌာနဆိုင်ရာ အုပ်ချုပ်မှုဟာ နိုင်ငံရေး ယုံကြည်ချက်၊ ခံယူချက်၊ ဘယ်ပါတီဝင်ဆိုတာထက် သူတတ်ကျွမ်းမှုက ပိုအရေး ပါပါတယ်။
  3. Good news for appointing Civil Services Board members from ethnic groups. This Civil Services Board member is equal to Deputy Minister post. It mean, President Thein Sein government have appointed three Deputy ministers from none UDSA members .
    How about NLD , I believed Aunt Su is the best person for Prime Minister post. Since, she is not qualify for President and Vice President post according to 2008 constitution drafted by the previous government without NLD and major ethnic groups notice. As for Aunt Su , event those, she is not qualify for President or Vice President post , she have one excuse for president post , she is the daughter of Myanmar National Leader General Aung San. That make her to qualify the country highest post for president.
    As I mention several time in my previous comment . Respect for equality of ethnic gourps and sovereign equality of States, the country highest President post should go to Arakan, Bumar, Chin, Kachin, Karen, Mon, Shan ethnic groups to one term. We, ethnic groups don’t mind one of the general will be came the Vice-president post , 1, or 2 ..
    At least one ethnic groups representative have to pick up for Minister post. As for deputy minister ,we have to pick according to the number of ethnic groups as well. There were 36-minister and a bunch deputy minister were over seeing the country right now.
    Currently, Myanmar government maintains diplomatic and consular relations with 75 countries in all five continents of the world. It has established embassies in 29 countries. As for Ambassador , at least one ethnic representative have to pick up from each ethnic groups.
    As for border guard or national arm forces, There were six Bureau of Special Operation groups and thirteenth regional military commander. We must have half of ethnic representative in this Bureau of Special Operations and also ethnic representative for regional commanding commander. They the Burmese people will still in majorities and they still have the Lion share . I believed President Thein Sein government will know what to do for ethnic minorities groups involvement in Myanmar. We all want to be apart of Myanmar and we want to have the right to serve our people and our country. When we talk about national unity, peace , harmony and equal right , majority of the Burma people have to change their old ideology and go forward for equal right. That will make it a better country and peaceful country. We will be the next Asian Tiger again.
    Thanks for irawaddy web page . Giving us the right to share a little idea for our beloved country and our people.
  4. Ne Win also did the same thing. It is just to make some mouths shut. Instead, Thein Sein better tries to build the genuine Union which will be good for all of us. I mean for all of us. The ethnics are not the only ones who suffer under the military dictatorship. The Burmese are the majority. Many many Burmese are needlessly suffering because of bad governments too. So, we all need to have a decent government which is democratic and true Union. Unless we have real democratic government, there are millions of mouths which can speak out against the current regime.
  5. မင်းကြီးညို
    တ.စ.ညပါတီမှ ဦးမန်းမောင်မောင်ဥာဏ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရ
    လို့ ဂုဏ်ယူပါတယ်။ သူဟာ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုံးကလဲ တ.စ.ညပါတီမှ ရွေးချယ်ခံခဲ့
    ရသူပါ။ အင်အားကြီးပါတီကြီးတွေကြားမှာ သူကရွေးချယ်ခံခဲ့ရတာဟာ သူ့ရဲ့ဒေသခံပြည်သူတွေ
    က ၀ိုင်းဝန်းထောက်ခံကြလို့ပါ။ ယခုတော့ သူ့ရဲ့ကြိုးစားမှုကြောင့် ၀န်ကြီးအဆင့်နဲ့ညီမျှတဲ့ရာထူး
    ကို ထိုက်တန်စွာ ရရှိခဲ့ပါပြီ။
  6. မပြောပလောက်တဲ့ရာထူးပေးပြီး၊ တိုင်းရင်းသားများကိုစည်းရုံးတာ ကောင်းပါတယ်။
    Something is better than nothing.
  7. This is not reform. Thein Sein is just throwing a few bones at them to bite around. Something may be better than nothing but it is no more than an inch of a million miles to reach democracy. Thein Sein rather implements genuine democracy by drafting a brand new constitution for real reform. The current constitution is no way near to serve genuine democracy in the Union of Burma. If these guys are dogs, they may be happy with getting these bones.
  8. ခုလို ခန့်ထားတာပာာ တိုင်းရင်းသားတွေကို ပျားရည်နှင့် ၀မ်းချတာပါ။
    ဒုသမ္မတ တွေ ဆိုရင် ခန့် ထားတာပဲရှိပြီး သမ္မတရုံးဝန်ကြီး တွေဖြစ်တဲ့ ဦးစိုးသိန်းတို့  ဦးအောင်မင်းတို့လောက်တောင် power မရှိတာလူတိုင်းသိတယ်။
    ကိုယ်နှင့်နီးစပ်သူကို ခန့် ပြီး ကိုယ်ရဲ့တပည့်မပာုတ်တာဆိုရင် ဘယ်လောက်အလုပ်လုပ် ဖြုတ်ချပစ်တာ အရင်အစိုးရတွေရဲ့လမ်းနောက်ကိုလိုက်နေတာပါ.
  9. ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း အစိုးရ၀န်ကြီးတနေရာမက ပေးချင် ပေးနိုင်တာပေါ့။ အရေးကြီးတဲ့ နေရာတွေကို ကိုယ်တပည့်တွေပေး။ အရေးသိပ်မကြီး တဲ့နေရာဆိုရင် အတိုက်အခံပါတီက လူတွေကို သဘောကောင်းချင်ယောင်ဆောင်ပြီးပေးလိုက်။အခုလို ပေးထားတော့ ၂၀၁၅ ကြရင် သမ္မတရာထူးအတွက် သိပ်ပူစရာ မလိုဘူးပေါ်.