စစ်ရေးနည်း တခုတည်းဖြင့် ရေရှည်လုံခြုံမှု မတည်ဆောက်နိုင် | ဧရာဝတီ
စစ်ရေးနည်း တခုတည်းဖြင့် ရေရှည်လုံခြုံမှု မတည်ဆောက်နိုင်
Hits:8,989
  | |
ပါကစ္စတန်အခြေစိုက် အစွန်းရောက် တာလီဘန်အဖွဲ့က မြန်မာကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ရန်မလိုကြောင်းနှင့် လုံခြုံရေး အပြည့်ရှိကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သော်လည်း ရခိုင်ပြည်နယ် ပဋိပက္ခများအပေါ် အခြေပြုပြီး အစ္စလမ်မစ် စစ်သွေးကြွ လှုပ်ရှားမှုများ ကျယ်ပြန့်လာနေသည်မှာ အမှန်ဖြစ်သည်၊ မြန်မာ အစိုးရအနေဖြင့် ပေါ်ထွန်းစ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး အလားအလာများကို ဖျက်ဆီးနိုင်သော ပေါ်လစီနှင့် လုပ်ဆောင်ချက် ခြေလှမ်းမမှားရန် ကြီးစွာ သတိပေးနေ သလိုလည်း ဖြစ်သည်။
ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်စလင် ဘာသာဝင်များအရေးကို အကြောင်းပြုပြီး မွတ်စလင်ကမ္ဘာမှ အစ္စလမ်ဘာသာရေး အစွန်းရောက် ဂျီဟဒ်ဝါဒီများက ယခင် နာမည်ပင် မကြားဖူးခဲ့သည့် မြန်မာနိုင်ငံကို ယခုအခါ ပစ်မှတ်ထားမှု ရုတ်တရက် ကျယ်ပြန့် ကြီးထွား လာနေခဲ့ကြောင်း သတင်းပေးပို့ချက်များက ဖော်ပြနေသည်။
ဝါရှင်တန်အခြေစိုက် အရှေ့တောင်အာရှ၊ အလယ်အာရှနှင့် နိုင်ဂျီးရီးယားရှိ စစ်သွေးကြွ အုပ်စုများအရေး ကျွမ်းကျင်သူ ဂျက်ကော့ပ်ဇင်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်သာမက အိန္ဒိယ အာသံနယ်၌ပါ နယ်မြေခံများနှင့် မွတ်စလင် ရွှေ့ပြောင်း အခြေချသူများ အကြား ပဋိပက္ခဖြစ်နေရပြီး ဒေသတွင်း လူဦးရေ အဆမတန်ကြီးထွားမှု၊ ဘာသာရေး ပဋိပက္ခများ တိုးပွားလာနေမှု၊ ဒုက္ခဆင်းရဲ ကပ်များ ဆိုက်နေရမှုတို့ကြောင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံများတွင် ဖိအားသစ်များ ရင်ဆိုင်နေရပြီဟု ဆိုသည်။
အစိုးရများအနေဖြင့် အပြန်အလှန် ကျူးလွန်နေသော ရာဇဝတ်မှုများကို ကာကွယ်ရန် တရားဥပဒေ စိုးမိုးမှုနှင့် ပဋိပက္ခများ ဖြေရှင်းရေး၌ တရားမျှတမှုတို့ကို မဖော်ဆောင်နိုင်ပါက အစွန်းရောက်အဖွဲ့များ၏ အမြတ်ထုတ်မှုက နိုင်ငံတကာအဆင့် မဟုတ်ငြား ဒေသတွင်း လုံခြုံရေး အကျပ်အတည်းသစ်ကို ဖန်တီးရန် လွယ်ကူသွားမည်ဟု ဂျက်ကော့ပ်ဇင်က သတိပေး ထားသည်။
အစ္စလမ်စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုသည် ဂလိုဘယ်လိုက်ဇေးရှင်း ခေါ် ကမ္ဘာ္ဘလုံးဆိုင်ရာ ဖြစ်ထွန်းမှုနှင့် ပြန်လည် ချိတ်ဆက်ရန် ကြိုးပမ်းနေသော တံခါးဖွင့်စ မြန်မာပြည်အတွက် စိန်ခေါ်မှုသစ်ဖြစ်သည်။
နိုင်ငံတကာနှင့် အဆက်အသွယ် ပြတ်နေပြီး ခေတ်မမီသေးသော မြန်မာ့လုံခြုံရေး အခြေအနေအရ အကြမ်းဖက် တိုက်ဖျက်ရေးဆိုင်ရာ နည်းပညာနှင့် အကူအညီများကို ဒေသတွင်းနှင့် အထူးသဖြင့် မြန်မာနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာသည့် အမေရိကန် ပြည်ထောင်စုတို့ထံမှ မျှော်လင့်နိုင်ပါသည်။
သို့သော် ခေတ်မီပြီး ရေရှည်အမြင်ရှိသည့် လုံခြုံရေးဆိုင်ရာ အယူအဆမှာ စစ်ရေးအမြင် တခုတည်းတွင်သာ အခြေမခံဘဲ အကြမ်းဖက်မှုများ ပေါက်ဖွားရာ မညီမျှ မှုများကို အသိအမှတ်ပြု လက်ခံ ဖော်ထုတ် ကိုင်တွယ်သည့် သက်ဆိုင်ရာ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးက တာဝန်သိစွာ ပါဝင်ဆောင်ရွက်သော ဘက်စုံ ချဉ်းကပ်မှုအပေါ်လည်း အခြေခံသည်ဟု ဆိုရမည်။
ရေရှည် လူမှုရေး သဟဇာတ ဖြစ်စေရန်နှင့် လူမျိုးရေး၊ ဘာသာရေး အမုန်းမီးတောက်များကို ငြှိမ်းသတ်နိုင်ရန် ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစေခြင်း၊ မျက်နှာမရွေး တရားမျှတစေခြင်း၊ ကရုဏာ ရှေ့ထားပြီး တဘက်သားအပေါ် ကာကွယ် စောင့်ရှောက်ခြင်း စသည့် အသိတရား လက်ကိုင်ပြုသော လူ့ယဉ်ကျေးမှု ပြန့်ပွားခိုင်မာလာရေး ရှေးရှုသည့် ဘာသာရေးအဖွဲ့အစည်း အသီးသီးသာမက၊ နိုင်ငံရေးပါတီများ၊ မီဒီယာများ၊ လူမှုအခြေပြု အဖွဲ့အသင်းများ အားကောင်း မောင်းသန်ဖြစ်လာစေရန်လည်း ဦးသိန်းစိန်အစိုးရက ကူညီ အားပေးသင့်သည်။
ပြည်တွင်းရှိ မွတ်စလင် အဖွဲ့များက အကြမ်းဖက်မှုကို ရှုတ်ချသကဲ့သို့ ထိုသို့ အကြမ်းဖက်လိုသော အဖွဲ့အစည်း များနှင့်လည်း ပတ်သက်မှု မရှိကြောင်း၊ အလားတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ စိစစ်မှု မရှိသော အချက်အလက်များဖြင့် ပြည်ပနိုင်ငံများတွင် ဆန္ဒပြ တောင်းဆိုနေခြင်းကိုလည်း မလိုလားကြောင်း ထုတ်ဖော်ပြောဆို၍ အမှန်တရားနှင့် ငြိမ်းချမ်းရေးအတွက် ရပ်တည် ထောက်ခံခဲ့ကြသည်မှာ ဝမ်းမြောက်ဖွယ် ကြိုဆိုစရာပင်။
အစိုးရအနေဖြင့် ပြည်တွင်း လုံခြုံရေးဆိုင်ရာ အစီအမံများကို ချမှတ် အကောင်အထည် ဖော်ရာတွင် မညီမျှမှုများ၊ တရားလက်လွတ် ပြုမူမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်များ မဖြစ်ပွားစေရေးကို အာမခံမှသာ လုံခြုံရေးနှင့် လွတ်လပ်ခွင့်တို့ သန်စွမ်း ဘက်ညီပြီး ပြည်သူလူထုအနေဖြင့် အကြောက်တရား ကင်းစွာ နေထိုင်ရှင်သန်နိုင်ပေလိမ့်မည်။
ဦးသိန်းစိန်အစိုးရနှင့် လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် ငြိမ်ဝပ်ပိပြားရေးနှင့် အဓိကရုဏ်းများ မပြန့်နှံ့စေရေး အတွက် အရေးပေါ် အခြေအနေ ကြေညာ၍ စစ်အုပ်ချုပ်ရေးကို အသုံးပြု ဆောင်ရွက်ခဲ့ သဖြင့် ပြန်လည် တည်ငြိမှ်ုကို ဖော်ဆောင်နိုင်ပြီ ဖြစ်သော်လည်း တရားမျှတမှု တည်ဆောက်ရေးတွင် ခရီးမတွင်သေးပေ။
မသီတာထွေး အမှုနှင့် ပတ်သက်ပြီး တရားခံဆိုသူများကို ပြစ်ဒဏ်ချမှတ် နိုင်ခဲ့သည်မှလွဲ၍ အဓိကရုဏ်းများကို ကျယ်ပြန့် လာစေသည့် တောင်ကုတ်လူသတ်ပွဲ စုံစမ်းစစ်ဆေးမှုမှာ အသံတိတ်နေသေး သော်လည်း ရခိုင် ပဋိပက္ခအား မီးလောင်ရာ လေပင့်ပေးသည့် နှစ်ဘက် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်များ၏ အမုန်းတရား ဖုံးလွှမ်းနေသော အသံများက ကျယ်လောင်နေဆဲ ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် လူမျိုးရေး ၀ါဒီများ၏ အစ္စလမ် ဘာသာဝင်များအပေါ် အတည်ပြုချက်မရှိသော ကောလာဟလများ၊ အလွန်အကျွံ ပြောဆို ရေးသားမှုများသည် အင်တာနက် စာမျက်နှာများတွင် ကျယ်ပြန့်နေသကဲ့သို့ အစ္စလမ် အစွန်းရောက် များ၏ အခြေအမြစ်မရှိ ဝါဒဖြန့်မှုများ အတွက်လည်း လူမှုကွန်ရက် မီဒီယာ facebook က အထောက်အပံ့ ဖြစ်ခဲ့သည်။ ယခု ရခိုင်ပြည်နယ် အရေးကို သင်္ခန်းစာယူ၍ နောက်နောင် အမှိုက်ကစ ပြာသာဒ်မီးမလောင်စေရန် လူမျိုးရေး၊ ဘာသာရေး ခွဲခြားနှိမ်ချမှုကို တားဆီးသော ဥပဒေကို ပြဌာန်း အကောင်အထည် ဖော်သင့်သည်။
ရခိုင်ပြည်နယ်အရေး အပေါ် မည်သို့ သဘောထား ကိုင်တွယ်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာကို တင်ပြခဲ့ပြီး ရခိုင်ဒေသသို့ စုံစမ်းစစ်ဆေးရန် ခွင့်ပြုခဲ့ခြင်းက ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရများ၏ လူ့အခွင့်အရေး စိုးရိမ်ပူပန် နေခြင်းများကို လျော့ပါးသွားစေ နိုင်မည်ဟု မြန်မာ အစိုးရက မျှော်လင့်နေပုံရသည်။
သို့ရာတွင် အမျိုးသားရေးဝါဒကို အသုံးချ၍ ပြည်တွင်း နိုင်ငံရေး အင်အားစုများ၏ ထောက်ခံမှုကို ဖန်တီးရယူသည့် နည်းလမ်း က နိုင်ငံတကာအလယ်တွင် ပြန်လည်အားယူ ခေါင်းထောင် နေရသော တိုင်းပြည်၏ ပုံရိပ်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို သယ်ယူလာမည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ကူးလူးပေါင်းစည်းမှု များကို တိုက်ရိုက် ခြိမ်းခြောက် နေသည် ဆိုသည့် အချက်ကိုမူ အလေး ဂရုပြုသင့်သည်။
မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးမူဝါဒ အပြောင်းအလဲများသည် ယနေ့ ယဉ်ကျေးသော ကမ္ဘာ္ဘ၏ လူမျိုး ဘာသာမခွဲ ရင်းနှီး ချစ်ခင်တတ်မှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် လိုက်လျောညီထွေ ဖြစ်စေမှုတို့ကို လက်ခံ ညှိနှိုင်းလိုခြင်း၊ နိုင်ငံသားများက လူထုလူတန်းစားအဖွဲ့ အသီးသီးတွင် ပါဝင် လှုပ်ရှားနိုင်ခွင့်ရှိသော ဒီမိုကရေစီစနစ် တည်ဆောက်လိုခြင်းဟု ဧရာဝတီက နားလည် သဘောထားသည်။
တံခါးဖွင့်လိုက်ခြင်းကြောင့် အပြင်လောကတွင် ဖြစ်ပျက်သမျှ အကောင်းအဆိုးကို အတွင်းမှ လှမ်းမြင်နိုင်သကဲ့သို့ အပြင်ကမ္ဘာ္ဘကလည်း အတွင်း၌ ဖြစ်ပျက်နေသည်ကို မြင်နိုင်ကြမည်။ အပြင်ကမ္ဘာ္ဘ၏ ကံဆိုး မိုးမှောင်ကျမှုများကို ရင်ဆိုင် ဖြေရှင်းရန် စိုးရိမ် ကြောက်လန့်မှုကြောင့် သော်လည်းကောင်း၊ မိမိ၏ အတွင်း သရုပ်သကန်များကို အပြင်က မမြင်စေရန် ဖုံးဖိလိုခြင်း ကြောင့်သော်လည်းကောင်း ယခင် စစ်အစိုးရစဉ်ဆက် ကျင့်သုံးလာခဲ့သော အမြင်ကျဉ်းသည့် အမျိုးသား တံခါးပိတ်ဝါဒသည် မည်သူက မိတ်ဆွေ၊ မည်သူက ရန်သူဟု ရွေးချယ်ရာတွင်ပင် အထောက်အပံ့ မဖြစ်သည်ကို သင်င်္ခန်းစာ ရခဲ့ဖူးပြီ။ ပညာနှင့်မယှဉ်၊ သတိမမူက အတိတ်၏ ထောင်ချောက်မှ ရုန်းမလွတ် ဖြစ်ပေလိမ့်မည်။
29 Responses
Leave a Reply
  1. မြန်မာနိုင်ငံဟာကျိန်စာသင့်နေပြီလား?ဒီမိုကရေစီစနစ်ကိုပြောင်းလို့မှအခြေမကျသေး လာပြန်ပြီ နောက်တမျိုး။ဘယ်သူတွေဘာဘဲပြောပြော ပြည်သူတွေသတိထားတာမမှား
    ပါဘူး။
  2. တာလီဘန်မကလို့ ကြာကြာမခံပဲဖြစ်ဖြစ် ဂရုစိုက်စရာမရှိပါဘူး။ မင်းတို့လောက်မှ မမိုက်ရင် လူတောင်မလုပ်တော့ဘူးကွ. နားလည်လား။ မင်းတို့ မွတ်စလင်အကြမ်းဖက်စစ်သွေးကြွတွေရဲ့စကားအတိုင်းပေါ့ကွာ။ မျက်လုံးတဖက်ဆုံးရှုံးရင် မင်းတို့လည်းမျက်လုံးတစ်လုံး အလျော်ပေးရမယ်။ ငါတို့ ဗုဒ်ဓဘာသာမှာတော့ကလဲ့စားချေတာတွေ…သတ်ဖြတ်တာတွေ…မရှိပေမဲ့..ဘာသာတရားက မည်သို့ပင်ဆိုစေကာမူဆိုတဲ့အတိုင်း…ကိုင်း..ကျနော်ရေးတာက ပြသာနာကို ပိုကြီထွားစေတဲ့ဟာမျိုး ဖြစ်နေမယ်ထင်တယ်။တကယ်တော့ နှူကလီးယားလက်နက် လက်ဝယ်ထားရှိခြင်းဖြင့် အင်အားချိန်ညှိခြင်း ဆိုတဲ့သဘောမျိုးပါပဲ။ တခြားမဟုတ်ပါ။ တာလီဘန်တို့ အယ်လ်ကိုင်းဒါးတို့ဆိုတာတွေက အရှုးတွေပါ။ ငမူးပထွေးတွေက ငွေနဲ့လက်နက်ထောက်ပံ့ပေးပြီး မြောက်ပေးတာကို ဂွေးတက်အောင် လိုက်ကနေကြတာပါ။ အဲဒီငမူးပထွေးက ဘယ်သူတွေလည်းဆိုတော့…ငွေအရမ်းချမ်းသာပြီး သုံးမကုန် ဖြုန်းမကုန်တဲ့ လူတွေပါ…အဲဒါက..အဲဒါက…
  3. မင်းကြီးညို
    အယ်ဒီတာ့အာဘော်က ဘယ်လိုပဲရေးရေး ပြည်သူလူထုရဲ့ထောက်ခံမှုကအဓိကပဲ။အစိုးရ
    တစ်ရပ်ဟာပြည်သူအများစုရဲ့ထောက်ခံမှုကိုရရင် နိုင်ငံကိုတာရှည်အုပ်ချုပ်နှိုင်မယ်။ပြည်ပ
    နိုင်ငံတွေက မည်သို့ပင်ပြစ်တင်ရှုတ်ချပါစေ ပြည်တွင်းလူမျိုးစုတိုင်းရင်းသားအများစုက
    ထောက်ခံရင် အဲဒီအစိုးရကို ဘယ်နိုင်ငံကမှ ဖြုတ်ချလို့မရပါဘူး။ မြောက်ကိုရီးယားနိုင်ငံဆို
    ပြည်ပနိုင်ငံတွေက မည်သို့ပင်ရန်လိုစေကာမူ သူ့နိုင်ငံသားတွေရဲ့ထောက်ခံမှုကိုရရှိနေတာမို့
    ကင် မျိုးဆက်ဟာ သားစဉ်မြေးဆက်အထိ အုပ်ချုပ်နေနှိုင်တယ်။ မြန်မာအစိုးရကိုလဲပြည်ပ
    နိုင်ငံတွေကမည်သို့ပင်အပြစ်တင်စေကာမူရခိုင်ပဋ္ဋိပက္ခမှာလူထုရဲ့ထောက်ခံမှုကိုရနေပါတယ်။
    • bez north koria have atomic bomb, so burma have nothing, no technology, you can’t face even KIO yet
      • So,we need to make more stronger Army to crush External and Internal Enemies.
      • khin Khin! please, Be careful anything you comment in here before, Burmese mility has power and alot of Burmese military captains in Russia military training camp don’t you know that! they are new generation people after 1988 year born and they are not stupid as you think. they learned alot ot techology and they know alot of computer IT system.You thought was they can’t fight KIA! let me ask you question what it gonna happen! if they want to use airforce during the battle!Think properly and don’t try to write f…ing comment like what you did here. Our responsible is protect for our motherland til we die by any terrorism attack. you got that! This is only afew thing you should know about Burmese military for right now.
  4. ဗိုလ်ချုပ်ပြောတဲ့….ဖာနိုင်ငံကြီးဖြစ်တော့မယ်
  5. ZawMinLay(Sittwe)
    This comment is for Maung Maung,
    You are just stupid ignorant guy. May be you are illiterate idiot. The world know how they brutally killed people around the world if they target. Do not underestimate the ability of what they could do to Burma. Wise people should respond the situation wisely. If not, face the music very soon. I am worry about innocent people be killed if they attack.
  6. Local Myanmar Muslims should have issued their statement in English.The world did not know their statement because they issued it in Myanmar language.Also they should deny allegations of killing,burning Bengalis aka Rohingyas on face book and social media(see below links) as fake photoshopped images.
    http://egyptianchronicles.blogspot.com/2012/07/saving-rohingya-people-by-truth-not-by.html
    http://www.bdcburma.org/#.UBLi4TLfU_I.facebook
    • Why are you guys pushing local Myanmar Muslims to tell the whole world about the truth? It doesn’t make sense. Why don’t you tell U Thein Sein and his great ministers to tell the world? Why don’t you tell Rakhine people to tell the whole world about the truth? The issue was not created by local Muslims.
      • True,the issue was not created by local myanmar muslims,but are we in the same boat? We cannot rely only on govt. OIC and other muslim nations will trust on Myanmar muslims’ view on this issue than other people.Myanmar muslims have the good position to talk to fellow muslims.
  7. Local Myanmar Muslims should have issued their statement in English.The world did not know their statement because they issued it in Myanmar language.Also they should deny allegations of killing,burning Bengalis aka Rohingyas on face book and social media as fake photoshopped images.
    Google below to see fake photos;
    “Saving Rohingya people by truth not by lies”
    “bdcburma.org/#.UBLi4TLfU_I.facebook”
  8. အယ်ဒီတာ့အာဘော်ကအရမ်းကောင်ပါတယ်၊ဘယ်သူကပြသာနာဖြစ်ခြင်းမှလည်းအခုတော့အသက်တွေဆုံးရှုံး၊အိုးအိမ်တွေဆုံးရှုံးဖြစ်ကြရတယ်။လူအများအပြာကတာဝန်ရှိသူတွေကိုသံသယ ရှိနေကြတယ်ပြသာနာကိုစတင်ဖန်တီသူတွေကိုအမြန်ဆုံးဖေါ်ထုတ်ဘို.လိုနေပြီး၊ဘာသာရေး ကိုလှုံ.ဆော်နေတဲ့အဖွဲခေတ်အဆက်ဆက်မှာရှိနေတယ်။ဒီအဖွဲကိုအမြန်ဆုံးဖေါ်ထုတ်ဘို.အရေး ကြီးဆုံးဘယ်လို.ယူဆပါတယ်။
  9. မြန်မာနိုင်ငံကအစိုးရအဖွဲ့အစည်းမှ
    အမေစုပါတီကိုခွဲခြားခွဲခြားဆက်ဆံနေတာ
    မကောင်းတဲ့လက္ခဏာပါ။
    မြန်မာလူမျိုးအချင်းချင်းချစ်ခင်
    စိတ်နဲ့လက်တွဲစေချင်တယ်။
    ပြီးတာတွေကိုပြည်ဖုံးကားချခဲ့တဲ့အမေ့လို
    မေတ္တာတရားကြီးမားတဲ့သူကိုခုချိန်ထိ
    နေရာမပေးတာသစ္စာဆူးတက်ပါတယ်။
    ခုလိုမိစ္ဆာသရဲတာလီဘန်တွေရဲ့ခြိမ်းခြောက်မှုကို
    ခံလိုက်ရတာပဲ။သို့သော်အမေစုကိုယ်တိုင်က
    မိမိလူမျိုးနှင့်ပြည်သူတွေကိုထိခိုက်လာမည်ဆိုပါက
    ငြိမ်ခံနေမည်မဟုတ်။မိမိတို့လည်းမတရားခုလိုအခြိမ်းခြောက်
    ခံရတာတိုင်းပြည်နှင့်လူမျိုးအတွက်မခံချင်စိတ်အပြည့်နှင့်ပါ။
    အစိုးရအဖွဲ့အစည်းမှသတင်းမှန်ကိုကမ္ဘာသိအောင်ဖေါ်ပြပါ။
    မြန်မာပြည်တွင်းအစွန်းရောက်အစ္စလာမ်ဘာသာဝင်များရှိနေပါက
    အမြစ်ဖြတ်သုတ်သင်သွားမည်ဆိုကြောင်းဥပဒေတရပ်ပြဌာန်း
    ပြီးဗလီဝတ်ကျောင်းနှင့်အခြားသောလူမှုရေးအဖွဲ့အစည်းများကို
    မျက်ခြေမပြတ်စောင့်ကြည့်ပါလို့အကြံပေးပါရစေ။
    မြန်မာပြည်ဖွါးအစ္စလာမ်ဘာသာဝင်များသည်မိမိတို့နိုင်ငံတွင်
    မိသားစုသဖွယ်အေးချမ်းစွာတူတူယှဉ်တွဲနေထိုင်ကြပြီး
    နောက်ကွယ်တွင်အကြမ်းဖက်တာလီဘန်များကိုထောက်ခံ
    အားပေးသွားမည်ဆိုပါကမိမိတို့မြန်မာနိုင်ငံသားများ
    ငြိမ်ခံနေမည်မဟုတ်။ဒီမိုကရေစီလမ်းကိုတူတူလျှောက်လှမ်းပြီး
    အခွင့်အေ၇းများကိုမျှဝေခံစားနိုင်သည်။
    မတရားအကြမ်းဖက်စော်ကားလာမှုကိုသီးခံမည်မဟုတ်။
    မြန်မာလူမျိုးနှင့်မြန်မာနိုင်ငံသားများအပေါ်မေတ္တာမထားနိုင်ပဲ
    လူမျိုးရေးခွဲခြားစိတ်ဘာသာရေးခွဲခြားစိတ်များထားနေမည့်သူများ
    မြန်မာဗုဒ္ဒဘာသာနိုင်ငံနှင့်မည်သို့မျှမတင့်တော်ပါ။
    မြန်မာတွေသီးခံတက်ပါတယ်။ဒါဟာပြစ်မှုပဲ
    နိုင်ငံတော်အစိုးရဖြေရှင်းလိမ့်မယ်။ငါတို့ရှင်းလို့၇တဲ့ကိစ္စမဟုတ်။
    ဆိုတဲ့အသိတ၇ားတွေနဲ့မြန်မာတွေအေးဆေးနေနေကြတယ်။ရင်ထဲမှာ
    တော့လူတိုင်းပဲမခံချင်စိတ်တော့ဖြစ်ခဲ့ရတယ်။၎င်းကိစ္စကြောင့်
    ကျမတို့တန်ဖိုးထားတဲ့အမေစုကိုတောင်ရခိုင်တိုင်းရင်းသားတွေက
    အထင်မြင်လွဲမှားကြတယ်။ဘာပဲဖြစ်ဖြစ်အခြေမြစ်ရှိတဲ့အစ္စလာမ်ဘာသာ
    အစ္စလာမ်တွေကတော့သူတို့စိတ်ထဲအယူသီးမှုတွေနဲ့
    လမ်းမှားမလိုက်မိစေဖို့လိုပါသည်။တာလီဘန်တွေကပြောလိုက်ရင်
    အစ္စလာမ်ဘာသာအတွက်အသက်ပေးပြီးဂျီရတ်စစ်ပွဲတဲ့
    အဲ့ဒီစစ်ပွဲကိုခေါင်းဆောင်ကိုယ်တိုင်တိုက်ပြီးသေပွဲဝင်ခဲ့သလား။
    သူတို့ကတော့မိန်းမ၄ယောက်မကယူပြီး
    ပျော်ပါးစံစားနေတယ်။အသိနည်းတဲ့အစ္စလာမ်ဘာသာဝင်တို့ကို
    ဓါးစာခံလုပ်ရိုက်သွင်းပြီးအသေခံခိုင်းတယ်။
    ကိုယ့်လူမျိုးကိုကိုယ်ပြန်သေခိုင်းတာဂျီယတ်ဘာသာရေးစစ်ပွဲပဲ။
    မှတ်သားလောက်ပါပေတယ်။
  10. တေါင်ကြီးသါး…….၊ေ၇ာင်စုံ သူပုန် အလွန်များတဲ့ မြန်မါ နိင်ငံ မှာ အစွလမ် အစွန်း
ေ၇ာက် အကြမ်းဖက် သမါး များကို မြန်မါလူမျိုးများ မကြောက်ပါ၊
    တါလီဘန် အကြမ်း ကိုးယေါက် အင်းစိန်ထေါင် ထဲမှာ၇ှိတယ်။
  11. ကိုကောင်း
    ရခိုင်အရေးမှာပြည်တွင်းလူကပြည်ပအင်အားစုတွေရဲ့ထောက်ခံမှုလိုချင်တယ်လို့ ခင်ဗျားတို့
    ပြောတယ် ဟုတ်လား ဧရာဝတီ မှတ်ထားလိုက်ပါ မလိုတော့ပါဘူး ခင်ဗျားတို့ရဲ့ရပ်တည်မှုကိုကျုပ်တို့သိသွားပြီးကတည်းက မလိုတော့ပါဘူး
    ကျုပ်တို့မွတ်ဆလင်တွေကိုအသားလွတ်မုန်းနေတာမဟုတ်ပါ
    ဖြစ်ပျက်နေတဲ့တဘက်သတ်အခြေအနေတွေကိုစိတ်နာနေခြင်းသာဖြစ်တယ်
    အကျင့်ပျက်ခြစားမသမာကောင်တွေကိုပဲသတ်ချင်တော့တယ် ဒင်းတို့ကြောင့်ဒီမိစ္ဆာနယ်ချဲ့
    တွေပွါးလာရတာ
    မြန်မာနိုင်ငံအတွင်းကအေးအတူပူအမျှ နေချင်တဲ့ မွတ်ဆလင်အပေါင်းကိုပြောစရာမရှိပါ
    ရိုဟင်ဂျာနယ်ချဲ့တွေကိုသာရှေ့ရှောက်ဆက်နယ်မချဲ့နိုင်အောင်အစွမ်းကုန်တားဆီးကြဘို့
    ပြောချင်တာပါ
    အခုဒင်းတို့နိုင်နေပြီ
    ၁။ မြန်မာပြည်ရဲ့မြေပေါ်မှာအခိုင်အခန့်ခြေကုတ်ယူထားပြီ
    ၂။ မွတ်ဆလင်ကမ္ဘာရဲ့ထောက်ခံမှုကို (သိပ်ကြိုးစားစရာမလို) ရထားပြီးပြီ
    ၃။ လူ့အခွင့်အရေးလုပ်စားနေတဲ့အနောက်အုပ်စု (သူတို့နိုင်ငံတွေထဲကျတော့ Islamization
    Watch ကိုတိတ်တဆိတ်ပေါ်လစီတွေချပြီး မွတ်ဆလင်အားတန်ပြန်ထိန်းညှိရေးလုပ်ကြရဲ့)
    ၄။ ပြည်ပရောက်မြန်မာမီဒီယာတွေနဲ့အချို့သောအင်အားစုတွေရဲ့အမျိုးသားရေးသစ္စာမဲ့မှု
    ၅။ နိုင်ငံရေးသမားတွေရဲ့ သူတို့ရဲ့နိုင်ငံတကာပုံရိပ်နဲ့အမျိုးသားရေးခေါင်းစဉ်အကြား Balancing လုပ်နေရမှုကြောင့်ဒီအရေးကိုစိတ်သွားတိုင်းကိုယ်မပါဖြစ်မှု
    ကဲတွေ့ကြပြီလား ကျုပ်တို့ဘက်မှာ ကျုပ်တို့ကိုယ်တိုင်ဘဲရှိတော့တယ်ဆိုတာ
    ရိုဟင်ဂျာတွေကိုတွေ့ရာသင်းချိုင်းဒါးမဆိုင်းသုတ်သင်ဖို့ ပင်လယ်ထဲမောင်းချဖို့ (အာရပ်ကမ္ဘာကအစ္စရေးတွေကိုမေတ္တာထားသလို) ပြောနေတာမဟုတ်
    တခြားဘာလုပ်နိုင်ကြသေးလဲစဉ်းစားကြဖို့ စဉ်းစားပြီးမိမိရတဲ့အကြံဥာဏ်တွေကိုဖလှယ်
    ကြဖို့လုပ်ကြရင်မကောင်းဘူးလား
    Academic တွေ Thesis ရေးဖို့တောင်ကောင်းနေပြီ
  12. နိုင်ငံသား မှတ်ပုံတင် ရလာပုံ သမိုင်းကြောင်းပြန်လိုက်ပီး ငွေစားခဲ့သူတွေအားလုံး ကို အရေးယူပေးပါ-ပြီးတော့မှ ဘင်္ဂလားဒက်ခ်ျ ကို ပြန်ပို့ပါ (တယောက်မကျန်)ဘာသာ-ရုပ်ရည်
    (ဘ)ကုန်းနဲ့ တူနေတာ အသိသာကြီးကို။
  13. yes, myat is totally right. all people agree with you . I want to do it this Policy, as soon as possible. this bangali/rohingya problem accused are lunatic generals, because their bad,wrong and stupid management, and some opportunist government,army and immigration officers in Arkan State.
  14. All the root of the problems in Burma was because of national disunity. National disunity was because of there was no equal right and common national interests. Ntionals unity which only can based on equal right and common national interests like Panglong Agreement spirit even can claimed Independence from Great Britain. But after independence because of some Burmese policians and the rulers, the union government is just merely as Burmese government and the union army also just only represented as Burmese army until today created the root of disunity among nationalities in the union country. By taking the advantages of diunity, the infiltration of especially Chinese from the north and Muslims from the west were gradually swallowing the whole Union of Burma. The Shan and Kachin states citizens can’t protected themselves from the infiltration of Chinese because they have no power and authority. The problem in Rakhine/ Arakan state also the same. The Burmese authority also taking the profits of one stone hit two birds by getting bribe and let them influence on local people to help the Burmese authority to humiliate local people by aiming to destroy their nationalism. For eg: they allowed Chinese school in every township in Shan State but banning and trouble for teaching Shan. Today the real and final problem is getting to infront door of the Burmese government and Burmese people to solve. Let see they will solve alone or cooperate with their so called enemy brotherhoods.
  15. နေအာရုဏ်
    လူဝင်မှုကြီးကြပ်ရေးဥပဒေတွေ အတိအကျထွက်လာရင် နောက်ပိုင်းမှာ ကုလားရော၊ တရုတ်ရော အပြင်လူတွေ လွယ်လွယ်ကူကူနဲ့ မ၀င်လာနိုင်တော့ပါဖူး။ အခုလက်ရှိ ရှိနေတဲ့ အပြင်ကလာရောက်အခြေချနေထိုင်သူတွေကိုတော့ ရက်ရက်စက်စက်လူမဆန်စွာနဲ့ မဆက်ဆံသင့်ပါဖူး။ သူတို့က ဥပဒေကိုချိုးဖေါက်လာရင်တော့ သူတို့ဘ၀နဲ့သူတို့ပေါ့။ လောလောဆယ်ဆယ် တာကျိုးနေတာကို ပြန်ဆယ်၊ပြန်ဖာဖို့လုပ်ကြရမှာပါ။ ဒါ့ကြောင့် ဒီလွှတ်တော်မှာ ဥပဒေတွေ တိတိကျကျ၊ အများကို မထိခိုက်မဲ့၊ ပြည်သူတွေကို လုံခြုံမှူအပြည့်ပေးမဲ့၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မဲ့ လူ့အကျိုးပြု ဥပဒေတွေထွက်လာဖို့က အရေးအကြီးဆုံးပဲလို့ ထင်တယ်။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖက်နဲ့တစ်ဖက် ရန်စပွားမဲ့ဟာတွေ ရပ်ကြပါတော့လား….
  16. Bravo Irrawaddy! this is an amazing opinion. Rohingyas have not a proven association with Other terrorist groups so far but don’t push them to the limit even a scary cat will fight back if it is cornered and beaten.
    For Rakhines, the government is using this problem to crush your autonomy/independence dream.
    For Myanmar nationalist people and media, you are talking a lot about Rohingya problem but you turn your blind eyes to Kachin people because they are not Buddhist and you are afraid of Thein Sein
  17. ခင်ဗျားတို့(ဗမာတွေ)ကိုယ်နှိုက်ကအကူအညီလိုနေကြတာမဟုတ်ဘူးလား၊အရမ်းကြောက်ပြီးအားငယ်နေတဲ့လူတွေကိုမကူညီချင်ဘူးလား၊ခင်ဗျားတို့ခေါင်းပေါ်မရမကတက်အုပ်ချုပ်နေတဲ့လူတွေရဲ့လှည့်စားမှုကလေးလောက်မှမမြင်ဘူးလား၊ဘယ်တာလီဘန်ကစာပို့တာလဲ၊သူတို့ ကစိတ်ဝင်စားရလောက်အောင်မိတ်ဆွေတို့ကအာဖဂန်နစ္စတန်ကိုဗုံးကြဲလိုက်လို့လား၊အဲဒီမောင် တောကခေါ်တော(ဘင်္ဂါလီ)တွေကသူတို့ကိုရိုဟင်ဂျာလို့ခေါ်တာအခုထိရောသိသလား၊နာဂစ် မုန်တိုင်းပြီးတော့ကမ္ဘာကလာတဲ့အကူအညီတွေထဲမှာ လခြမ်းနဲ့ကြယ်ပုံပါတဲ့(မူဆလင်တိုင်းပြည်တွေရဲ့)လေယာဉ်ပျံတစင်းမှမတွေ့ဘူးလား၊ဘာလဲ သူတို့(ဘင်္ဂါလီတွေ)က သဘာဝပါတ်ဝန်းကျင်ပျက်စီးအောင်သစ်တောတွေအပြုတ်ခုတ်နေလို့လား၊ခင်ဗျားတို့ လယ်တွေသိမ်းနေသလား၊သေနတ်ကိုင်ထားတဲ့ဘင်္ဂါလီတွေလှေနဲ့လာသလား၊ဒီမှာစစ်တပ်ရှိတယ်၊ဒီထဲ(ဗမာ့မြေပေါ်)ရောက်မှဆက်ပြော၊အလကားနေရင်းတော့မောင်တောကကုလားကလေး ၂ ယောက်လောက်ပစ်သတ်ပြီး လက်ထဲသေနတ်ထဲ့ ဓါတ်ပုံရိုက် ရိုဟင်ဂျာများအသေဖမ်းမိခြင်း မလုပ်နဲ့။အစိုးရလုပ်နေတဲ့လူတွေကအစိုးရပီသအောင်လုပ်၊ တိုင်းပြည်ကလူတွေကလဲလူစိတ်နဲနဲပိုမွေး၊ခင်ဗျားတို့တိုင်းပြည်ဘယ်မှမရောက်သေးဘူး၊ xင်မယားနဲ့။ဘာရိုဟင်ဂျာလဲ၊အဲတာလူတွေ၊ခင်ဗျားတို့လိုပဲ စစ်ဖိနပ်အောက်ကအသက်ကိုမြှင်းရှူနေတာ။
  18. Illegal Migrants and Fake ID holders are national security, so must deport back to their orgin country.
  19. The Burmese Government has been happily and freely using the Military means to suppress Ethnic Groups, look at the Kachin State today. The World Muslim will use the same measures to tackle the Burmese Government. There will be a reciprocal for your deeds.
  20. ရေးထားတွေ ဖတ်ကြည့်တာ အရမ်းမိုက်တယ်ဗျာ..ဒါပေမယ့် အောက်က post တွေကို
    ဖတ်ကြည့်တော့ ကျွှန်တော်တို့ မြန်မာနိုင်ငံသားတွေ တချို့ တော်တော်များများက အတွေး
    အခေါ်က အောက်တန်းကျ နေတုံးဘဲဆို တွေ့ရတယ်..အေးပေါ့လေ တိုင်းပြည်က နှစ်ပေါင်း
    (၅၀)လောက် အမှောင်ဖုံးနေတာဆိုတော့ ..