မောင်းတော လူနည်းစုမြို့ခံများ လုံခြုံရေး စိုးရိမ်နေ | ဧရာဝတီ
မောင်းတော လူနည်းစုမြို့ခံများ လုံခြုံရေး စိုးရိမ်နေ
Hits:23,141
  | |
ပြီးခဲ့သည့် ဇွန်လ ၅ ရက်က ရန်ကုန်မြို့ ဆူးလေ စေတီအနီး၌ ဆန္ဒပြ နေသူများကို ထိန်းကျောင်းနေသည့် အစ္စလမ်ဘာသာရေး ခေါင်းဆောင်တဦး (ဓာတ်ပုံ - Reuters)
ရခိုင်ပြည်နယ် မောင်းတောမြို့ပေါ်တွင် အစ္စလမ်ဘာသာဝင်များက အကြမ်းဖက်မှု ပြုလုပ်သဖြင့် လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင် တို့မှာ ၎င်းတို့၏ လုံခြုံရေး အခြေအနေကို စိုးရိမ်နေကြသည်။
ယနေ့မွန်းလွဲ ၁ နာရီခွဲခန့် တွင် အစ္စလမ်ဘာသာဝင်များက မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ အိမ်များ၊ ကျေးရွာတချို့နှင့် တည်းခိုရိပ်သာတချို့ကို မီးရှို့ဖျက်ဆီးပြီး ဓားဖြင့် လက်ရောက်ကျူးလွန်သဖြင့် သေဆုံးမှုများလည်း ရှိခဲ့သည်။ ထိုကြောင့် မြို့ခံများမှာ ကြောက်ရွံ့နေကြခြင်းဖြစ်သည်ဟု ဆိုသည်။
ဗုဒ္ဓဘာသာဝင်များသည် ၎င်းတို့အိမ်များတွင် မနေရဲဘဲ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေပြီး လုံခြုံရေးယူပေး ရန် ရဲစခန်းသို့ အကြောင်းကြားထားသော်လည်း လာရောက် ကာကွယ်ပေးထားခြင်း မရှိသေးသဖြင့် စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရ သည်။
“အကြမ်းဖက်တဲ့လူတွေက ဟိုတဖွဲ့ဒီတဖွဲ့ အိမ်တွေမှာ လူစုနေကြတယ်။ အခု ဒီဘုန်းကြီးကျောင်းနဲ့ အိမ်လေးလုံး အကွာက အိမ်မှာ သူတို့အဖွဲ့ ရာဂဏန်းလောက် ရှိတယ်။ ဒီကို ထွက်ထွက်ပြီး ကြည့်နေတယ်။ ည ရောက်ရင်သူတို့ လာပြီး လုပ်မှာကြောက် နေရ တယ်”ဟု မြို့ခံတဦးက ပြောသည်။
ယနေ့မွန်းလွဲပိုင်းက ရာနှင့်ချီသော အစ္စလန်ဘာသာဝင် အကြမ်ဖက်သူများ မြို့ပေါ်ရှိ ဗိုလ်မှူး ကျေးရွာသို့ ဝင်ရောက်ကာ အနီးရှိ သဇင် တည်းခိုခန်း အပါအဝင် အိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဓားဖြင့် လက်ရောက် ကျူးလွန် ခဲ့သည်။
ထို လူတစု၏ လက်ရောက်ကျူးလွန်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးမှာ နေရာတွင် သေဆုံးသွားခဲ့ပြီး အခြား တဦးဖြစ်သူ ဒေါက်တာ ခင်မောင်လတ် နှင့် ဇနီး အပါအ၀င် အခြားအရပ်သားတဦးမှာ ဒဏ်ရာများနှင့် မောင်းတော မြို့နယ်ဆေးရုံကြီး သို့ တင်ပို့ကာ ဆေးကုသမှု ခံယူခဲ့ရသည်။
မီးရှို့မှု၊ လက်ရောက်ကျူးလွန်မှုများကို ဖြေရှင်းရန် မြို့ခံ ရဲ တပ်ဖွဲ့ဝင်၂၀ ခန့် ဗိုလ်မှူးကျေးရွာသို့ ရောက်ရှိလာသော်လည်း အကြမ်း ဖက် အဖွဲ့မှ ခဲများ၊ တုတ်များဖြင့် လိုက်လံပစ်ပေါက်ခဲ့သဖြင့် ချက်ချင်းထွက်ပြေးသွားခဲ့ရကြောင်း မျက်မြင်များ၏ ပြောဆိုမှုအရ သိရသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ ဦးခင်မောင်လတ်တို့ ဇနီးမောင်နှံ ဆေးရုံတွင် အသက်ဆုံးသွားပြီဖြစ်ကြောင်း ပြည်တွင်း အခြေစိုက် သတင်းဌာနများက ဖော်ပြကြသည်။ မြို့ခံ အာဏာပိုင်လုံခြုံရေးအဖွဲ့နှင့် အကြမ်းဖက်အဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
သမ္မတရုံး တာဝန်ရှိသူ တဦး၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် “ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် မောင်တော၊ ဘူးသီးတောင် အစရှိသော မြို့များတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များသာမက တပ်မတော်သားများပါ ပူးတွဲပါဝင်ကာ လုံလောက်သော အင်အားဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးအပ်ပါသည်”ဟု ဖော်ပြထားသည်။
မောင်းတောမြို့တွင် အစ္စလမ်ဘာသာဝင် ၉၆ ရာခိုင်နှုန်းနေထိုင်ပြီး ဗုဒ္ဓဘာသာဝင် ရခိုင်နှင့် အခြားတိုင်းရင်းသား ၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
46 Responses
Leave a Reply
  1. မင်းမင်း
    မွတ်စလင်တွေ ရန်ကိုရန်နဲ့ တုတ်ပြန်ရင် ပြဿနာပိုကြီးသွားမယ် မြန်မာနိုင်ငံဟာ
    တခြားနိုင်ငံနဲ့မတူဘူး နေစရာမြေပျောက်
    သွားမယ် တို့တိုင်းရင်းသားတွေကိုထိရင်မီး
    ပွင့်သွားမယ်။ပြဿနာအစဖန်တီးသူဟာဘယ်သူလည်း
    မင်းတို့ဘဲ့စတာ ငြိမ်းချမ်းနေပြီးဘဲ့ စုံစမ်းရေးအဖွဲ့လည်းဖွဲ့ပြီးပြီ
    မကြာခင်တရာခံတွေမိတော့မှာဘဲ့ ဘာပြဿနာရှာမလို့လည်း
    တော်တော့ပေါ့
  2. ယ္ခင်က၊ကျွန်ုပ်Parkistanတစ်ဦးနှင့်အတူတူ ပြည်ပတွင်အလုပ်လုပ်ခဲ့ရာသူတို့နိုင်ငံမှာစစ်တပ်အုပ်ချုပ်စဉ်ကလူတ
    စ်ဦးစားစရိတ်တလလျှင်ဒေါ်လာ(၃၀)မျှသာကုန်ကျပြီး/ဒီမိုကရေစီရရှိသောအချိန်တွင်အရာရာဈေးကြီးသွားပြီးတ
    စ်လစားစရိတ်ဒေါ်လာ(၆၀)လောက်ကုန်ကြောင်း။ထို့ကြောင့်သူတို့နိုင်ငံသားများယ္ခင်စစ်အုပ်ချုပ်ရေးကပိုပြီးကော
    င်းကြောင်း။ယ္ခုမောင်းတောသတင်းဖတ်ရတဲ့အခါမှာပြန်ပြီးသတိရလာပါသည်။ကျွန်ုပ်အထင်အရပြောရပါလျှင်မြ
    န်မာနိုင်ငံဟာဂျပန်၊ကိုရီးယားလို၊လူမျိုး+စကား တစ်ခုတည်းရှိတဲ့နိုင်ငံမဟုတ်သောကြောင့်အုပ်ချုပ်ရေစံနစ်မှာ
    တော်တော်ခတ်ခဲမည်ဟုထင်ပါသည်။တိုင်ရင်းသား+ဘာသာစကားကအလွန်များပြီးသူ့ဘာသာ၊ကိုယ့်ဘာသာ
    ဘာသာရေး+လူမျိုးရေး အစွန်ရောက်သူတစ်ချို့ကလည်းအုပ်စုဖွဲ့ ပြီး၊အားပြိုင်မှု အလွန်ပြင်းထန်ကြသည်။ ဒါ့
    ကြောင့်တိုင်းပြည်အေးချမ်း၊သာယာမှုကိုဦးစားပေးပြီးစစ်အုပ်ချုပ်ရေးဆက်ရှိနေသင့်သည့်ပြည်နယ်ကိုစစ်အုပ်ချု
    ပ်ရေး၊ဆက်ပြီးထားသင့်ကြောင်းအကြံပေးလိုပါသည်။စစ်အုပ်ချုပ်ရေးကသာလျှင်ဆူပူမှုကိုနိုင်နိုင်၊နင်းနင်းအုပ်ချု
    ပ်နိုင်မည်ဖြစ်ပါသည်။နောက်တကယ်ငြိမ်သက်မှုရလာတဲ့အချိန်ရောက်မှတကန့်စီတစ်မြို့နယ်စီသူ့အဆင့်အလိုက်
    ဒီမိုကရေစီသတ်မှတ်ပေးသင့်ပါကြောင်းနှင့် မကြာခန၊ဆူပူမှု‘ဇ‘ရှိသောပြည်နယ်ကိုပြန်၍ဆူပူလာပါကချက်ချင်း
    စစ်အုပ်ချုပ်ရေးဝင်ရောက်နေရာပြန်ယူနိုင်အောင်လည်းနိုင်ငံတော်အစိုးရမှအမြဲအဆင်သင့်လုပ်ထားသင့်ပါသည်
    ဤသို့အုပ်ချုပ်လျှင် ရခိုင်ပြည်နယ်ထာဝရ ငြိမ်းချမ်းမည်ဟုထင်ပါသည်။
    • U stupid lar ko,Just for this affair u want mill arty again.
      Please think twice before you do or say everything?
  3. အမြန်ငြိမ်းချမ်းပါစေ
  4. ရခိုင်တွေဟာကိုယ်မြေမှာနေတာတောင် လူမျိုးခြားတွေကိုကြောက်နေရတဲဘ၀ရောက်နေရတာ
  5. We condemn strongly such revenge for the recent incident. Islam should stop such behavior right now. We have to protect both innocent Rakhine and Muslims. What are the Muslims leaders doing? I urged them already to stop.
  6. ဖိုးတက်
    အမျိုးကောင်းသားတွေပီသစွာ ၈၈မျိုးဆက်တွေ သတင်းထုတ်ပြန်မှုလုပ်တယ်။ကျနော်တို့တပ်ဦးခေါင်းဆောင်
    nld ဘယ်မှာသွားအိပ်ပျော်နေလဲ။nld အမြဲနောက်ကျတယ်။နာဂစ်ကိစ္စ၊စက်တင်ဘာကိစ္စ ပြန်ပြီး သုံးသပ်စေလိုပါ
    တယ်။ ပထမ ကြံ့ဖွတ်၊ဒုတိယ ဒေါင်းဖွတ်တော့မလုပ်လိုက်ပါနံ့ဗျို့……
    •ိဟေ့လူ ဒါ Government နဲ့ ဆိုင် တာ ။ NLD က အစိုးရ မှ မဟုတ် တာ ။ မစဉ်းစားပဲ ရမ်းမနေနဲ့ 
    • NLD က Government မှ မဟုတ် တာ
  7. Raymond Zaw Lynn
    How come over 96 Percentage are muslim in on that area? Government need to set up Population policy on that place to break down that too many muslim……… otherwise next 5 years Democracy country become.. they will try to propose New Muslim Country on that Yakhine Area…..
  8. if we would kill all of them , what we would get back from this ? you must find it out who are they? what are they? , what they want to be? and why they have done? we could kill of them and what would be happened next? Just think about it. That is including religion and nation.
  9. မဖြစ်သင့်ဘူးနော် အတူတူနေနေကြတာ၊၊၊ဘာသာရေးနွယ်လာရင်တအားရှုပ်ကုန်မယ်၊၊ပြစ်မှုကျူးလွန်သူကိုသာအပြစ်ပေးသင့်တယ်၊၊၊
  10. အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်။ ဘာသာရေးအရ ဘာမှမဆွေးနွေးလိုပါဘူး။ သို့သော် သူတို့အားလုံး(အစ္စလာမ်ဘာသာဝင်တိုင်း) သိပါတယ်။ သူတို့ရဲ့ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် ဘာလည်းဆိုတာကို။ ဒါကြောင့် ရှေးဆိုရိုးစကားကိုဆိုပါရစေ။ ကုလား(ကူးလာ)နဲ့ ငါးမြေပေါ်မှာအရုပ်ရေးပြရလိမ့်မယ်။ အဲဒီလိုအဖြစ်မျိုးကိုမရောက်စေလိုပါဘူး။
    မြန်မာ့သမိုင်းမှာ ဦးရာရှစ်၊ ဦးရာဇတ်တို့ လိုလူတွေ အထင်အရှား ဘာကြောင့်ရှိခဲ့တာလည်း တိုင်းပြည်အတွက်လုပ်ခဲ့လို့ပေါ့။ သူတို့ကို လက်ညိုးတွင်တွင်ထိုးပြီး လူ့အသိုင်းအ၀ိုင်းမှာ ဘယ်လိုမှ လက်ခံလို့မရနိုင်တဲ့ မိမိတို့ရဲ့အတွင်းသဏ္ဍာန်ကို ဖုန်းကွယ်ဖို့ မကျိုးစားကြပါနဲ့ လို့ မေတ္တာရပ်ပါရစေ။ ကျနော်တို့ အေးတူ ပူမျှ ခရီးသွားကြရအောင်ဗျာ။
    • ရခိုင်တိုင်း၇င်းသားတွေ ဂုဏ်ယူစွာဖြင့် အမိမြေကို ကာကွယ်နိုင်ကြပါစေ
  11. ခုလို မဆိုင်တဲ့ လူတွေကို သတ်တာ မျိုးကတော့ ဘယ်ဘက်ကိုမှ လက်ခံနိုင်စရာမရှိဘူး
    လုပ်တဲ့ လူတွေ ရမ်းကားတဲ့လူတွေကို ထိထိရောက်ရောက် အရေးယူပေးပါ စစ်တပ်က ဒါမျိုးကျ
    ငြိမ်နေလား -အာဏာသိမ်းဘို့ ချောင်းနေတာလား -ဒါမျိုးကျတော့ ပစ်မသတ်ရဲဘူးလား-ရဲကလဲ
    လပ်စားဘို့ဘဲ သိတဲ့ကောင်တွေ-တိုင်းပြည်ကို -လူမျိုးကို ချစ်တဲ့ကောင် တကောင်မှ မရှိဘူး-
    အချောင်သမားတွေချည့်ဘဲ-
  12. ကိုယ့်အိမ်ခြံထဲမှာအေးအေးဆေးဆေးထိုင်းနေရင်းနှင့် အပြင်ကခွေးဝင်ကိုက်တာလောက် နာတဲ့ဒဏ်ရာလောကမှာမရှိဘူးထင်တယ်။ သူ့ အရိပ်ကိုခေါ်ပြီး သူ့ အခက်ကိုချိုးလာရင်တော့ ဘယ်သူမှသည်းခံနိုင်မှာမဟုတ်ဘူး။ ပြသနာဒီထက်ပိုကြီးလာရင် ဒါဟာရခိုင်အမျိုးသားတွေရဲ့ မင်းမဲ့လုပ်ရပ်သက်သက်မဟုတ်ဘူးဆိုတာတော့လူတိုင်းနာလည်တမယ်ထင်တယ်။ အခု အချိန်မှာ မူဆလင်လူ မျိုးခေါင်းဆောင်တွေ က လည်း ကြေငြာချက် ချည်းပဲသက်သက် ထုန်ပြန်နေလို့  မပြီးလောက်ဘူးထင်တယ်။ ထိခိုက်နစ်နာခဲ့ရတဲ့ရခိုင်အမျိုးသားတွေ အားလုံးကို ၀န်ချတောင်းပန်သင့်တယ်။ ဒါဆိုရင်တော့နောက်ဖြစ်လာမဲ့ကိတ်စတွေအတွက် အခြေအနေတမျိုးပြောင်းသွားနိုင်တယ်။ သို့ မဟုတ်ရင်တော့——။
  13. ရခိုင်ပြည်ကဗမာရခိုင်ဦးနှာက်သေးစွာနဲ့လက်တုန့်ပြန်မှုက
    မဆီမဆိုင်လိုက်တာ..လက်တုန့်ပြန်တာတ၇ားခံစစ်ဆိုရင်တော်သေးတယ်။
    တရားခံအစစ်မဟုတ်တာကိုဘာလို့များခုလိုပြုမူရသလဲ
    ရခိုင်ဗမာတွေနောက်ဆက်တွဲဆိုးကျိုးကိုမစဉ်းစားမိဘူးလား။
    မည်သူမဆိုအပြစ်မရှိသူကိုလက်တုန့်ပြန်တယ်ဆိုရင်
    ဘယ်သူကမှကျေနပ်မည်မထင်။ရလာဘ်ကမဆိုင်သူတွေပြန်ခံရမည်။
    ဆိုတာနားမလည်ဘူးလား။ပြစ်မှုတခုကိုဥပဒေဘောင်ထဲက
    ဖြေရှင်းမှရေရှည်အဆင်ပြေမှာပေါ့။
    သူတို့အပြစ်ကိုယ့်အပြစ်ဖြစ်ရတယ်။
    သူများစော်ကားတာကိုလည်းမခံချင်ရင်
    သူများကိုလည်းမစော်ကားသင့်ဘူး။
    ဗုဒ္ဒဘာသာဝင်ဖြစ်ပြီးတာလီဘန်စစ်သွေးကြွတွေများအလား
    လူ၁၀ယောက်ကိုအယောက်၃၀၀ကရိုက်သတ်တာ…
    အစွန်းရောက်အစ္စလာမ်တွေဂွင်ကောင်းစောင့်နေချိန်ဆိုတာ
    မသိဘူးလား။ခုတော့အပြစ်မဲ့ရခိုင်တွေသေရတယ်။
    သံသရာလည်နေတာကောင်းတဲ့အခြင်းအရာမဟုတ်။
    ခုလိုမင်းမဲ့စရိုက်လိုကျင့်သုံးသူမှန်သမျှ
    ဖမ်းဆီးအပြစ်ပေးပါ။ရိုဟင်ဂျာတွေရဲ့နောက်ကွယ်မှာ
    တာလီဘန်စစ်သွေးကြွတွေကပံ့ပိုးမှုတွေရှိလို့
    ဗုဒ္ဒဘာသာတိုင်းပြည်မှာအစွန်းေ၇ာက်ဝါဒကျင့်သုံးနေတာမို့
    အစိုးရအနေနဲ့ထိထိရောက်ေ၇ာက်ကိုင်တွယ်ပေးပါ။
    သူတို့တိုင်းပြည်ကိုသူတို့ပြန်အောင်လုပ်ပေးပါ။မြန်မာနိုင်ငံကိုစစ်သွေးကြွ
    ဘာသာရေးအယူသီးစောက်ရူးတွေအလိုမရှိ။
  14. If 96 % of definitive area is Islam, that means. …..administration of country is weak.
    Immigration department and human resources have to administer that any area near border should not be dominant by religion in Myanmar.
    That is because of all ‘ corrupt’ in Immigration Department in the past.
    The government have to have a policy not to get dominated by other religion/race in particular area. Needs ‘ administration skills ‘ in country.
    Myanar refugees in Thailand have to come back home in the end. But in western side, such refugees and who comes to Myanmar for greener pasture in the past, did not go back and Myanmar accepted and now years and years …..such problems arise. The longer the duration, the worse.
    Learn from Thai how to administer the refugees and illegal immigrants. Myanmar is always on ‘ KHAN Ya ‘ side. Because they know only how to ‘ suppress own bloods and nations ‘ . they know only ‘ how to corrupt ‘ that is the name of the game. Believe. I truly like to write more about this before I die. But I have no time. Can someone do it? for the sake of benefit of Myanmar country when all current people die in next 40 years. Seriously.
  15. တို့တိုင်းရင်းသားတွေဟာ ကိုယ့်ပြည်ကိုယ့်မြေထဲမှာ ဘာသာမတူ၊လူမျိုးခြားတွေရဲ့ အနိုင်ကျင၊့်နှိပ်စက်၊စော်ကားမှုခံရတယ်၊ ဘာသာတရားပါစော်ကားခံရတယ်ဆိုတာ ရာဇ၀င်ရိုင်းပါတယ်။ အသဲကိုကျွဲခတ်ခံရသလို ခံစားရပါတယ်။ နေရာတကာမေတ္တာတရားထားဖို့ ရွှေပြည်အေးတရားဟောနေကြတဲ့ မြန်မာခေါင်းဆောင်တချို့ အခုလိုတို့ရခိုင်တိုင်းရင်းသားတွေကို ကိုယ်ချင်းစာကြည့်ဖို့တော့ကောင်းတယ်။ အားလုံးဟာပုထုဇဉ်တွေပါ။ သူတို့ဒီလောက်ဆိုးနေမှတော့ ကိုယ်ဘက်ကဘာမှပြန်ကောင်းနေစရာမလိုဘူး။ တူညီတဲ့တုံ့ပြန်မှုပေးသင့်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကိုယ့်ပြည်သူ အရင်းအချာတွေကိုချစ်တယ်ဆိုရင်လက်တွေ့ပြတဲ့အနေနဲ့ ဒီလိုကျူးကျော်၊ယုတ်မာဆိုးသွမ်းနေကြတဲ့ ဘင်ဂါလီတွေနဲ့ ဒင်းတို့ကိုထောက်ပံ့နေသူအားလုံးကို ပြတ်ပြတ်သားသား ချေမှုန်းပေးပါလို့အနုးအညွတ်တောင်းပန်ပါတယ်။ စကားချပ်။ ။ အခုလိုတို့တိုင်းရင်းသားရခိုင်လူမျိုးတွေကို ကျုးကျော်စော်ကား နေတဲ့အခါကျတော့ ရန်ကုန်ဆူးလေနားက ဘလီမှာ ဆန္ဒပြတဲ့ကုလားတွေ ဘယ်ရောက်သွာပြီလဲ?။ တရားဥပဒေစိုးမိုးရေးလို့အော်ကြပါဦးလား!!!
  16. ပြည်သူ
    “”မီးရှို့မှု၊ လက်ရောက်ကျူးလွန်မှုများကို ဖြေရှင်းရန် မြို့ခံ ရဲ တပ်ဖွဲ့ဝင်၂၀ ခန့် ဗိုလ်မှူးကျေးရွာသို့ ရောက်ရှိလာသော်လည်း အကြမ်း ဖက် အဖွဲ့မှ ခဲများ၊ တုတ်များဖြင့် လိုက်လံပစ်ပေါက်ခဲ့သဖြင့် ချက်ချင်းထွက်ပြေးသွားခဲ့ရကြောင်း မျက်မြင်များ၏ ပြောဆိုမှုအရ သိရသည်။”"
    ဒီသတင်းဟာ “ပြည်သူ့အတွက်ပြည်သူ့ရဲ” “ကူညီပါရစေ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဖီလာဆန့်ကျင်ဖြစ်နေပါတယ်။ လက်နက်ကိုင်တပ်ဖွဲု့လုပ်နေပြီး ဒါလောက်ကြောက်နေရင် “”ရဲတပ်ဖွဲ့နဲ့နိုင်ငံရဲ့ဂုဏ်သိက္ခာ”" ကိုငဲ့ကွက်ပြီး နုတ်ထွက်လိုက်ကြပါ။ မင်းတို့အမြင်မှာ ရဲဆိုတာ ယူနီဖောင်းနဲ့သေနတ်ပြပြီး ပြည်သူကိုချိန်းခြောက် စီးပွားရှာဘို့သက်သက်လားဆိုတာ ပြောကြပါဦး။
  17. This request letter was sent to the Muslims leaders.
    Dear all,
    Date: 09th June 2012
    I would like to request you to give few hours today, consider and try to end violence in Rakhine state especially in Northern Rakhine state. I am worrying about other parts of Rakhine state where the Muslims population is lower and also for innocent Rakhine. We all have responsibility to protect both Rakhine and the Muslims of Rakhine state. The Muslims cannot think they are upper hand only in Northern Rakhine state where the Muslims population is higher.
    Our goal is not to make violence in any parts of Rakhine state.
    My suggestions are here:
    -must investigate the real news that happened in Maung Daw yesterday and last night.
    -must try to prevent or defend against the news broadcasted on BBC, VOA and RFA.
    -there is no need to revenge any human being for the recent incident
    -must follow the law and order of the country and wait for the result of government investigation.
    -must reduce hostilities and try to prevent unnecessary tension between Rakhine and the Muslims.
    -only write and publish on your own media/web page is not enough to end the problems
    -must clarify what happened in Northern Rakhine yesterday
    -must talk directly with community leaders and religious leaders inside Rakhine and urge them to stop any kind of violence or revenge.
    I would humbly like to request you all to follow my suggestion. These are extremely crucial for all of us who were born in Rakhine state. Thank you very much.
    Peacefully,
    Bo Min Aung
    Human Rights Defender
  18. What is the Minister of Home Affair doing ? It is so late to take the action. Police battalions must send to save our nationals urgently.
    Military battalions must also send for ready to take the emergency position because it may occur the battles with so called Rohinjar insurgents.
  19. Why don’t apologize the Yangon Muslim societies to Daw Aung San Su Kyi for those events?
  20. ဇွန်လ ၉ ရက်၊ ၂၀၁၂ ၊ YPI
    ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မောင်တောမြို့တွင်းသို့ ဘူးသီးတောင်နှင့် မောင်တောအကြား အခြေစိုက်သည့် တပ်ရင်းများမှ စစ်တပ်များ လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်း ၀င်ရောက်လာပြီး မောင်တောမြို့တွင်းရှိ မြို့တွင်း နေအိမ်များ ရပ်ကွက်များအတွင်း ပိတ်မိနေသည့် ရခိုင်လူမျိုးများအား ရှာဖွေကယ်ထုတ်နေသည်ဟု မောင်တောမြို့ခံတဦးက ဆက်သွယ် ပြောဆိုသည်။
    ယင်းတပ်များ ၀င်လာနေစဉ်မှာပင် ဗိုလ်မှူးရွာဘက်မှ ဘင်္ဂါလီလူမျိုး လူအုပ်စုလည်း မကွဲသေးပဲ တက်လာနေသည်ဟု ယင်းမြို့ခံက ပြောသည်။
    သေနတ်သံများ လေးဘက်လေးတန်မှ ကြားနေရကာ ၎င်းတို့အနေဖြင့် မအိပ်နိုင်ပဲ အခြေအနေကို နားစွင့်နေကြရသည်ဟုလည်း ပြောသည်။
    စစ်တပ်အသိုင်းအ၀ိုင်းမှ ရရှိသည့် ခိုင်လုံသည့် အခြား သတင်းတရပ်အရ ရခိုင်ပြည်နယ်ရှိ စစ်တပ်အင်အား အများစုမှာ ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ လက်နက်ပြည့် ကျည်ပြည့်ဖြင့် ရောက်ရှိနေကြပြီဟု ဆိုသည်။
    ယနေ့နေ့လည်ပိုင်းက အဖြစ်အပျက်နှင့် ယခုလတ်တလော ပစ်ခတ်မှုများတွင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO Rohingya Solidarity Organization အဖွဲ့မှ ပါဝင်ပတ်သက်နိုင်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။
    ယင်း RSO အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းတွင် အခြေစိုက်သည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။ ရိုဟင်ဂျာ စခန်းတွင် တာလီဘန်များ စစ်သင်တန်းပေးဖူးကြောင်း စီအန်အန် သတင်းတရပ်တွင် ဖေါ်ပြခဲ့ဖူးသည်။
  21. မိတ္ထီလာ လေတပ်လည်း အသင့်အနေအထား ပြင်ဆင်
    နံနက်၊ ၀း၅၆ နာရီ၊ ဇွန်လ ၉ ရက်၊ ၂၀၁၂၊ YPI
    မောင်တော နှင့် ဘူးသီးတောင်တို့တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများ၊ မငြိမ်မသက်မှုများနှင့်အတူ နယ်စပ်လုံခြုံရေးအတွက် လိုအပ်လျင် အသုံးပြုနိုင်ရန် မိတ္ထီလာလေတပ်ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကြောင်း မိတ္ထီလာ လေတပ်အသိုင်းအ၀ိုင်းမှ သိရှိရသည်။ ။
    စစ်တွေရှိ စစ်သင်္ဘောများကို မောင်တောသို့ ထွက်ခွာရန် အမိန့်လာပြီ
    ဇွန်လ ၈ ၊ ၂၀၁၂၊ YPI
    စစ်တွေမြို့အနီးဆိုက်ကပ်ထားသည့် စစ်သင်္ဘောကို မောင်တောမြို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် စောင့်ရှောက်ဖို့ ယနေ့ညတွင်ပင် ထွက်ခွာရန်ပြင်ဆင်နေပြီဟု စစ်တွေမြို့ ရေတပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။
    မောင်တောမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်ကြောင့် ဒဏ်ရာရသူ (၃၀ ) ကျော်ရှိသည်ဟု မြို့ခံများက ပြောသည်။ သမ္မတရုံး အရာရှိကြီးတဦးကမူ ယနေ့ညဦးပိုင်းထိ ရရှိသမျှသတင်းအရ ၄ ဦးသေ ၁ ဦးဒဏ်ရာရရှိသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။ ။
  22. ဆရာမြ
    “ရခိုင်မလေး တစ်ဦး၏ ရင်ဖွင့်စာ””
    ရခိုင်အရေးနဲ့ ပက်သက်ပြီး စာရေးမယ် ရေးမယ်နဲ့ အားတင်းထားခဲ့ပေမယ့် ကိုယ်တိုင်ရခိုင်တစ်ယောက်ဖြစ်နေတော့ အားကြိုးပြတ်မတတ် ခံစားနေခဲ့ရလို့ မရေးဖြစ်ခဲ့ပြန်ဘူး … လေးစားရတဲ့ ရေးဖေါ်ရေးဖက် အစ်မများရေးမလားဆိုတော့ ဖြစ်တဲ့နေ့က သူကိုယ်တိုင် အားကိုးရာမဲ့အသံနဲ့ ဖုန်းဆက်လာတော့ ကိုယ်ကအားပေးလိုက်ပါတယ် … ကိုယ်တိုင်လည်း အိပ်မရတာနဲ့ မနက်ဖက်အလုပ်က အိမ်ပြန်သွားရမလို သတိလစ်သွားမတတ် ဖြစ်နေခဲ့ပါတယ် …
    အခုဖြစ်သွားတဲ့ ကိစ္စမှာ လူသိများသွားတာက တောင်ကုတ်ကိစ္စကြောင့် … ဂျာနယ်တွေ ဥပဒေတွေ ဝင်လာတာ တောင်ကုတ်ကြောင့် … တောင်ကုတ်က ဖြစ်ရပ်ဟာ တကယ့်ကို အမှားကြီးကြီး ကြောက်ခမန်းလိလိပါပဲ … သေဆုံးသွားတဲ့မိသားစုတွေအတွက်လည်း ဝမ်းနည်းမိပါတယ် … အားလည်း အားနာမိပါတယ် … တစ်ခုတော့ရှိတယ် သေသွားတာကို မလေးစားလို့မဟုတ်ပါဘူး … အဲဒီလုပ်ရပ်ကြောင့်သာမဟုတ်ရင် ရမ်းဗြဲက မသီတာထွေးကိစ္စက ဒီလိုပဲ လူသူမသိ အမှောင်ချခံလိုက်ရမှာပါပဲ … ဒီလိုမျိုးတွေ ဖြစ်ခဲ့တဲ့ သာဓကတွေ လည်း အများကြီးပါ ….
    ရခိုင်တွေက မွတ်ဆလင်ကုလားကို မုန်းတီးနေတာ ရန်လိုနေတာ မဟုတ်ဘူးဆိုတာကို အရင်ဆုံး ပြောပါရစေ … ရခိုင်တွေသာ မုန်းတီးရန်လိုနေရင် ရခိုင်ပြည်မှာ အေးချမ်းတဲ့ နေ့လို့ ရှိမှာ မဟုတ်ပါဘူး … ဒါပေမယ့် စော်ကားလာတဲ့ အချိန်တွေမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မိမိတို့ကို လုံခြုံမှု မပေးနိုင်လို့ ကိုယ့်ဖါသာကိုယ်ပဲ တရားရုံးလုပ်ခဲ့ရတာ ကျွန်မသက်တမ်းတစ်လျှောက်ပါပဲ … ဒါတောင် ကျွန်မက ကျွန်မမွေးပြီးတဲ့ နောက်ပိုင်းကိုပဲ သိလို့ ပြောတာပါ …
    ကဲ ဖြစ်စဉ်တွေ အားလုံးကို အစကောက်ကြည့်ရအောင် ….
    အစကောက်တယ် ဆိုတာနဲ့ အခုလောလောဆယ်ဖြစ်ခဲ့တဲ့ဟာကို မကောက်ဘဲ … ကျွန်မမွေးခဲ့တဲ့ နောက်ပိုင်းကို စကောက်ရအောင် မမွေးခင်ကဟာကို ပြောရင် မုသားဖြစ်မှာ စိုးလို့ …. ရင်ထဲမှာ အမုန်းတရားမပါဘဲ အခြေနေကို သုံးသပ်ရေးသွားမှာပါ … ကျွန်မရေးတာတွေ မှန်သည် မှားသည် ရခိုင်မှာ ခရစ်ယာန်ဘာသာတွေ … ဟိန္ဒူတွေ လည်း ရှိပါတယ် … ဗမာလူမျိုး ၊ ချင်းလူမျိုးတွေလည်း တော်တော်များများ ရှိပါတယ် … သူတို့တွေနဲ့ ပြန်ဆွေးနွေးကြည့်ကြစေချင်တယ် …
    ကိုယ့်နေရာ ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံမှုတွေကို ခံစားဖူးကြပါသလား … ရခိုင်တွေဟာ အဲလိုမျိုးတွေနဲ့ ကြီးပြင်းလာကြသူပါ … စစ်အစိုးရကိုပဲ ကြောက်နေခဲ့ရတဲ့ လူတွေအတွက် စစ်အစိုးရရော လူမျိုးခြားရန်ရော စိုးရိမ်ခဲ့ရတဲ့ ရခိုင်တွေကို ဘယ်လိုနားလည်ပေးကြမှာလဲ … စစ်အစိုးရ လက်အောက်ကို ပြန်မသွားချင်သလိုပဲ ဒီလိုမျိုး ကိုယ့်ရပ် ကိုယ့်ရွာ အမှန် ဘိုးဘွားပိုင်မြေဖြစ်ပါလျက် လူမျိုးခြားတွေနဲ့ အပြန်အလှန်သတ်ဖြတ် ကျီးလန့်စာစားရတဲ့ ဘဝကို ခုံမင်နှစ်သက်နေကြတယ်လို့ ယူဆပါသလား … ရခိုင်တွေဟာ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေပါ … ရခိုင်မှာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေက ပဋိစ္စသမုပ္ပါဒ်တရားတော်ကို လေးလေးနက်နက် သက်ဝင်ယုံကြည်ကြပါတယ် … ရခိုင်သူ ရခိုင်သားတွေထဲမှာ တရားစခန်း မဝင်ဖူးတဲ့လူ သစ္စာလေးပါးတရားကို မနာဖူးတဲ့သူ အရမ်းရှားပါတယ် … ဒီစကားပြောတာက ရခိုင်တွေဟာ လူသတ်ဖို့ ဝန်မလေးတဲ့သူတွေ မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ … ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ တရားတစ်ဖက် ၊ ဓါးတစ်ဖက် နေကြရတဲ့ သူတွေပါ ….
    ကျွန်မမှတ်မှတ်ရရ ရှိတဲ့ ပဋိပက္ခကနေ စပြောရအောင် … ၁၉၉၂ ကျွန်မ ၇ နှစ်အရွယ်ပေါ့ … အဲဒီတုန်းက ရခိုင်နဲ့ ကုလား အကြီးအကျယ်ကို ဖြစ်တာပါ … စတာက ကုလားက ဝေသာလီဆောင်ကို ဖေါက်ဝင်တာက စတာပါ … အဲဒီကနေစသွားတဲ့ ကိစ္စ ကျွန်မတို့ ကလေးတွေ ကျောင်းကအိမ်ကို ပြန်ရင် မိဘလာခေါ်မှ ပြန်ရတယ် … မိဘလက်လုပ်လက်စားကလေးတွေက အုပ်စုအကြီးကြီးဖွဲ့ပြီးပြန်ရတယ် … ကျောင်းတွေ ပိတ်ထားလိုက်ရတယ် … ဒါပေမယ့် အဲဒီတုန်းကလည်း ကိုယ့်ဖါသာကိုယ်ဖြေရှင်းကြရတာပဲ … ပြည်မက ဘယ်သူတစ်ယောက်သိခဲ့လို့လဲ … ရခိုင်ပြည်ဟာ အနောက်ဖက်က ကုလားကို ခါးစည်းခံဖို့များထားသလား မှတ်ရတယ် ….
    ၁၉၉၂ ခုနှစ်က ရိုဟင်ဂျာလက်နက်ကိုင်ကြမ်းဖက်မှုကိုကြိုတင်တားဆီးနိုင်ခြင်း..။ (ကိုယ်တွေ့ကြုံသူတစ်ဦး ရေးသားချက်)
    တချိန်တုန်းက ၁၉၉၂-၉၃ လောက်က ရိုဟင်ဂျာ အမည်ခံ သူပုန်တွေကို နအဖ အစိုးရတပ်က ပြုတ်လုနီးပါးတိုက်ထုတ်ခဲ့တယ်….သူတို့က ..မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေတစ်လျှောက်ကနေတစ်ဆင့်..လူ ၁၅၀၀ လောက်စက်လှေတွေနဲ့ဝင်လာတယ် လက်နက်မပါပဲနဲ့ပေါ့..ဒီဘက်ကသူတို့အနွယ်တွေဆီကို လက်နက်ကျည်ဆံတွေကား ၇စီးတိုက်စာလောက် ကြိုပို့ထားတယ်လေ
    လူနဲ့လက်နက်နဲ့ မတွဲမိခင်မှာ နအဖ စစ်တပ်တွေကပိတ်ဆို့ ရှင်းလင်း လိုက်နိုင်ပါတယ်
    တကယ်ဖြစ်ခဲ့တာပါ……..ကျောက်ပန်းနု ရွာဘက်က လှိုဏ်ဂူတစ်ခုထဲမှာဖွက်ထားတဲ့ လက်နက်တိုက်ကိုလဲသိမ်းမိပါတယ်၊ လက်နက်တွေအများကြီးလို့ဒေသခံတွေဆီကသိရပါတယ်
    သူတို့နဲ့လက်နက်နဲ့သာတွဲမိလိုက်ရင်…….မလွယ်ပါဘူး…
    အဲဒီတုန်းကရိုဟင်ဂျာဒုက္ခသည်တွေ ကိစ္စ မီဒီယာတွေအေရမ်းအော်ခဲ့ကြပါတယ်….ဘီဘီစီ နဲ့ အာအက်ဖ်အေ အသံအကျယ်ဆုံးပါ…………
    .ဒေသခံတွေရဲ့ပြောစကားအရတော့ မြန်မာဘက်ကမ်းမှာရှိနေခဲ့တဲ့အမာခံတွေအများစုကိုပါရှင်း
    လင်းခဲ့တယ်လို့သိရပါတယ်၊အဲဒီတုန်းကစပြီးနစကတပ်ဆိုတာစဖွဲ့စည်းပြီးသူတို့ကိုထိန်းချုပ်ခဲ့တာလို့သိရပါတယ်။
    (ဒေါက်တာဇာနည် ပြောကြားချက်)
    ကဲ ဒီလိုနဲ့ပဲ ကြားထဲမှာ သိပ်ကို မကြီးတဲ့ ဖြစ်ပွါးမှုတွေနဲ့ ရုန်းထွေး နပမ်းလုံးရင်း … ၂၀၀၁ မှာ တစ်ခါ ထပ်ပြီးတော့ ဖြစ်လာတယ် … ကျွန်မတို့က ၁၀ တန်းကျောင်းသူတွေပေါ့ … ဇန်နဝါရီလ လွတ်လပ်ရေးနေ့ ကြိုဆိုတဲ့ အနေနဲ့ဆိုပြီးတော့ ပထမဆုံး ကုန်စည်ပြပွဲကြီးကို မြို့တော်ခန်းမ မှာ ကျင်းပပါတယ် … စာမေးပွဲရှိနေတဲ့ ကျွန်မတို့တောင် သူငယ်ချင်းတွေနဲ့ မနက်ဘက် တစ်ခေါက်လောက်တော့ ရောက်အောင် သွားလိုက်သေးတယ် … စည်လည်းအရမ်းစည်တာကိုး … ပထမဆုံး အကြိမ်လည်းဖြစ် မော်ဒယ်တွေကလည်း ညဖက်ဆို ရှိုးတွေဘာတွေ လျှောက်တော့ စည်တာမဆန်းပါဘူး … သက်မွန်မြင့်တို့တောင်ပါသေးတယ် … စင်ပေါ်ကနေပြီး စွပ်ကျယ်တွေပစ်ပေး၊ ဆပ်ပြာမှုန့်ထုပ်တွေ ပစ်ပေးနဲ့ ဆိုတော့ လူမစဲဘူးလေ … နယ်တွေကတောင် လာကြပါသေးတယ် … အဲဒီအချိန်တုန်းက ကျွန်မက အဘွားအိမ်မှာ သွားအိပ်ရပါတယ် … စာမေးပွဲနီးလာပြီဆိုတော့ အစ်မဝမ်းကွဲက ဂိုက်လုပ်ပေးလို့ … သူတို့မှာလည်း သူတို့ ညီအစ်မနှစ်ယောက်ရယ် အဘွားရယ်ပဲ ရှိတာဆိုတော့ အဖေါ်လည်းရအောင်ဆိုပြီး သွားအိပ်ရတာပါ …
    တစ်ည ကျွန်မစာကျက်နေတုန်း ၁၂ နာရီခွဲလောက်မှာ သံချောင်းခေါက်သံ အဆက်မပြတ်ကြားရပါတယ် … လမ်းပေါ်မှာလည်း လူတွေအများကြီးပဲ … ဒီလိုပဲ ကျွန်မတို့ဘက်မှာ မီးလောင်ရင် သံချောင်းခေါက်ရင် လူတွေ အကုန်လုံး လမ်းတွေပေါ်ကိုဆင်း ယောက်ျားတွေက ကား ၊ ဆိုင်ကယ် ၊ စက်ဘီး ၊ ဆိုက္ကားတွေနဲ့ လိုက်သွားတတ်ကြပါတယ် … တခါတလေ မီးသတ်ကားမရောက်ခင်မှာ ဝိုင်းပြီးငြိမ်းသတ်ပေးတဲ့ လူတွေကြောင့် မီးငြိမ်းသွားရတာ များပါတယ် … အဲဒါကြောင့် မီးလောင်ရင်တောင် မီးသတ်ကို အားကိုးတဲ့ အကျင့်သိပ်မရှိတော့သလိုပဲ … မီးသတ်ဆိုတာ ရယ်စရာတစ်ခုလိုတောင် ဖြစ်ရင် ဖြစ်နေတာ … ဒီလိုပဲ တစ်ယောက်ကို တစ်ယောက်စောင့်ရှောက်ရင်း နေလာကြတာပါ …
    ဒါပေမယ့် အဲဒီနေ့မှာ ထွက်သွားတဲ့ လူတချို့ ချက်ချင်း ပြန်လာပြီး မိန်းမတွေနဲ့ ကလေးတွေကို အိမ်ပေါ်ကို တက်ခိုင်းပါတယ် … လမ်းမှာ မနေနဲ့ အိမ်ပေါ်ကိုတက် တံခါးကို လုံအောင်ပိတ်ထား ဆိုတဲ့ မှာသံတွေနဲ့ အတူ “ဟိုမှာ ရခိုင်နဲ့ ကုလားဖြစ်နေကြပြီ … ဘာသံပဲကြားကြား ကိုယ့်အိမ်ထဲက မထွက်နဲ့တဲ့” … ကျွန်မအမေဆိုရင် သနားဖို့ကောင်းလိုက်တာ … ကျွန်မက အဘွားအိမ်မှာမို့လို့တဲ့ စိုးရိမ်လို့ ထိုင်ငိုနေခဲ့တာ … ဖြစ်တာကလည်း အဘွားအိမ်နဲ့ဆို လမ်းတွေ သိပ်မဝေးဘူးကိုး … တစ်ညလုံး မအိပ်ကြပဲ လမ်းက အသံတွေကိုပဲ နားစိုက်နေခဲ့ကြတာ … အဲဒီအချိန်တွေတည်းက ဥပဒေနဲ့ ဝင်ထိန်းလိုက်ရင် သိပ်ဆိုးသွားမှာ မဟုတ်ပါဘူး … မနက်မိုးလင်းလင်းချင်း အိမ်ကို တန်းပြေးရတယ် … အဲဒီအချိန်မှာမှ သိလိုက်တာက ကုန်စည်ပြပွဲ နောက်ဆုံးညဆိုတော့ ၁၂ နာရီလောက်အထိ လူတွေ မစဲဘူးတဲ့ … ကောင်လေး နှစ်ယောက် ၊ ကောင်မလေး နှစ်ယောက် နဲ့ ကိုရင်လေးတစ်ပါး ညဖက် ၁၁ နာရီလောက်မှာ ပွဲကြည့်ရင်း တူတူပြန်ကြတာ ကုလားရွာက ဖြတ်ပြန်ရတော့ ကုလားတွေက ကောင်မလေးနှစ်ယောက်ကို သားပြော၊ မယားပြော လှမ်းပြောလို့တဲ့ … ကုလားရွာက ဖြတ်ပြန်ရတယ် ဆိုလို့ ပြောဦးမယ် … စစ်တွေမှာ ကုလားရွာ တော်တော်များများက အဓိက လမ်းကြီးတွေပေါ်မှာ ရှိတယ် .. နည်းတဲ့ ရွာကြီးတွေ မဟုတ်ဘူး … ပြီးရင် ကျွန်မတို့ရဲ့ ဆရာတော်ဦးဥတ္တမ ပန်းခြံရှေ့တည့်တည့် Main လမ်းမဖြစ်တဲ့ လမ်းမကြီးပေါ်မှာလည်း ဗလီအကြီးကြီး နည်းတဲ့ဟာကြီးမဟုတ်ဘူး … အဲလို ကောင်မလေးတွေကို ပြောတော့ ကောင်မလေးတွေက ပြန်ဆဲလို့တဲ့ ဟိုက ပိုရိုင်းလာတော့ ကောင်လေးတွေကပါ ဝင်ပြောတော့ ကုလားရပ်ကွက်မှာ အဲဒီလူခြေပြတ်တဲ့အချိန်ဆိုတော့ သူတို့တွေက ဆွဲလားရမ်းလား လုပ်တာနဲ့ ကောင်လေးနှစ်ယောက်၊ ကိုရင်လေး နဲ့ ဆွဲနေကြချိန် ကောင်မလေးတွေက ထွက်ပြေးသွားကြလို့ လွတ်သွားပါတယ် … သူတို့ကလည်း ကောင်မလေးတွေကို အာရုံမစိုက်တာလည်း ပါပါလိမ့်မယ် … ကောင်လေးနှစ်ယောက်က နယ်က ကျောင်းလာတက်တာပါ … ရွှေစေတီဘုန်းကြီးကျောင်းမှာ နေပြီးတော့ ကျောင်းတက်နေကြတာပါ … ဖြစ်ချင်တော့ စည်းကမ်းအရမ်းကြီးတဲ့ ကျောင်းထိုင်ဆရာတော်ကြီး ခရီးလွန်နေချိန် ဖြစ်နေလို့ ခုလို ညဖက်ကို ခိုးထွက်လို့ ရကြတာပါ … အဲလို ထိုးကြိတ်ရင်းနဲ့ သူတို့ရွာထဲကို ဆွဲသွင်းရာက ကောင်လေးတစ်ယောက် လွတ်သွားပါတယ် … ကောင်လေးကလည်း ပွဲဖက်ကိုသာ ပြန်ပြေးရင် ပိုကောင်းသွားမှာပါ … လူတွေ အများကြီး လိုက်လာနိုင်ကြမှာ … ဒါပေမယ့် ကောင်လေးလည်း ကိုယ်လွတ်ရာပြေးရင်း ရွှေစေတီကျောင်းကို ရောက်သွားပါတယ် …
    ရွှေစေတီကျောင်းဟာ အကြီးဆုံး စာသင်တိုက်မို့လို့ ကိုယ်တော်တွေ ကိုရင်တွေ အများကြီးပါပဲ … အဲဒီမှာ ကောင်လေးက ကိုယ်တော်ကို သွားလျှောက်တော့ ကိုယ်တော်တွေရော ကိုရင်တွေရော လိုက်လာခဲ့ကြပါတယ် … ပြီးတော့ အဲဒီနားမှာ လူသွားတောင်းတယ် … တစ်ယောက်မှ ဘာမှ မပြောကြဘူး … ဆွဲသွင်းသွားတဲ့ အဆောက်အဦးထဲကို ဝင်ရှာတယ် … ပြီးမှ ကိုရင်လေးခေါင်းကို ချိတ်ထားတာတွေ့ပါတယ် … ခန္ဓာမတွေ့ပါဘူး … ဒီလိုနဲ့ အုတ်အော်သောင်းနင်း ဖြစ်ရာက ကုန်စည်ပြပွဲက လူတွေလည်း ရောက်လာပြီးတော့ အိမ်တွေကို ရှာကြတယ် … မတွေ့ပါဘူး … အဲဒီမှာပဲ ဒေါသတွေ ထွက်ပြီးတော့ ကိုရင်လေးခေါင်းကို တွေ့တဲ့ အဆောက်အဦးကို မီးရှို့ကြတာပါ … အဲဒါ မိုးအလင်း ဟိုဘက်နဲ့ ဒီဘက်ချကြတာ …
    ငရဲကျနေသလိုပါပဲ … လူတွေရော ဘုန်းကြီးတွေရော … သူတို့ဘက်ကလည်း ရှိသမျှလူတွေပေါ့ … ရတဲ့ လက်နက်နဲ့ဆော်ကြတာ … ရခိုင်တွေက ကလေး၊ မိန်းမ နဲ့ သက်ကြီးရွယ်အိုတွေကို မသတ်ပါဘူး … ဒါပေမယ့် သူတို့က တွေ့သမျှသတ်တယ် … ပြီးရင် သူတို့မိန်းမတွေက သူတို့အိမ်တွေပေါ်ကနေ ပုလင်းကွဲတွေ ပစ်ချကြတယ် … ကိုယ်တော်တွေလည်း ခေါင်းကွဲတဲ့သူကွဲ … ဆီတွေလောင်းကြတယ် … မီးတွေ ပစ်ကြတယ် … ဒီတော့ ဒီကလည်း သူတို့ အိမ်တွေပေါ်ကို ဆီဗုံးတွေနဲ့ မီးကွင်းတွေ ပြန်ပစ်ကြတယ်ပေါ့ … အဲဒီအချိန်တွေမှာ ကျွန်မတို့ ဘယ်ကတရားဥပဒေကိုသွားပြီး အားကိုးရမှာလဲ … တရားဥပဒေလာဖို့ အသေခံစောင့်နေရမှာလား … ပြီးမှ စစ်တပ်က ဗျူဟာမှူးကိုယ်တိုင်လိုက်လာပြီး လော်စပီကာနဲ့ အော်လို့ သူ့ကို နှစ်ဘက်လုံးက ဘယ်ကထုမှန်းမသိ နဖူးထိသွားတယ် … တပ်တွေလည်း ဒီအတိုင်း ကားရပ်ပြီးကြည့်ရတဲ့ အခြေနေဖြစ်သွားတယ် … သူတို့တွေလည်း ရခိုင်ရွာတွေကို မီးတိုက်တယ် … ကျွန်မတို့ အဘွားအိမ်ပါသွားလို့ ပြေးကြရတယ် … ဆွေမျိုးတွေ အိမ်တွေလည်း ပါသွားတယ် … ရက်ကွက်လိုက်ကြီးတွေ ပျက်စီးသွားတာ …သူတို့ ရပ်ကွက်တွေရောပေါ့ …
    ကြောက်စရာကောင်းအောင် တွေ့လိုက်ရတာက … သူတို့ရဲ့ ဒေါ်လာဆိုတဲ့ အထင်ကရ တည်းခိုခန်းမှာ လက်နက်သေတ္တာတွေ တွေ့လိုက်ရတာပဲ … ငွေစက္ကူတွေ ဒေါ်လာတွေ အများကြီးပဲ … ဘုန်းကြီးတွေက အကုန်မီးရှို့ဖျက်စီးပစ်လိုက်တာ … ပိုင်ရှင်တွေက အဲဒီနေ့မှာပဲ မော်တော်ဘုတ်တွေနဲ့ ညတွင်းချင်း ထွက်ပြေးကြတာ …
    အဲဒီဟာကိုသာ မတွေ့လိုက်ဘူးဆိုရင် တွေးတောင် မတွေးရဲဘူး … နောက်တစ်ရက်မှာ တပ်က မာရှယ်လောထုတ်လိုက်တယ် … ညဖက် ၆ နာရီ အပြင်ကို မထွက်ရ …အဲဒီအတွက်လည်း တရားဥပဒေနဲ့ လုပ် မလုပ်လည်း မကြားရ မသိရ …
    ရခိုင်ပြည်ဟာ ရေကြောင်းခရီးကို အဓိက အားထားရတဲ့နေရာ … ပင်လယ်ကြီးနဲ့ ဆက်စပ်နေတော့ လှိုင်းလေ အရမ်းကြမ်းတယ် … ကုလားတန်မြစ်ကိုဖြတ်ပြီး နေ့တိုင်းသွားပြန်နေရတဲ့ လူတွေ ရှိတယ် … အဲဒီမှာ မုန်တိုင်းမိပြီး မှောက်သွားတဲ့ မော်တော်က အဘွားကြီးနဲ့ မိန်းမကြီးတစ်ယောက်က ဘေးနားကဖြတ်သွားတဲ့ ပိုက်လောင်းလေးကို အကူညီတောင်းတော့ ကုလားတွေ ငါးသွားဖမ်းတာဖြစ်နေတယ် … သူတို့လည်း လောင်းပေါ်ကို ဆွဲတင်လိုက်ပြီး ပါလာတဲ့ အဘွားကြီးကို လည်ပင်းလှီးသတ်ပြီး ရေထဲကို ချပလိုက်တယ် … မိန်းမကြီးကိုတော့ အဓမ္မကြံပြီးမှ ဝတ်ထားတဲ့ နားကပ်တို့ လက်ကောက်တို့ ဆွဲကြိုးတွေကိုယူ လည်ပင်းကို ဖြတ်ပြီးမှ ပစ်ချလိုက်တယ် … မြင်သွားတဲ့ တခြားလှေက လူတစ်ယောက်အသတ်ခံရပြီး နောက်တစ်ယောက်လွတ်သွားလို့ ပြန်တိုင်တယ် … ဒါလည်း ဖမ်း မဖမ်း မသိရဘူး … ဒီလိုမျိုး အားကိုးရတဲ့ တရားဥပဒေနဲ့ ကာကွယ်ပေးထားတာပါ …
    ကျွန်မတို့မှာလည်း ကိုလဂွန်းအိမ်တို့လိုမျိုး သူငယ်ချင်းတွေ ရှိပါတယ် … သူငယ်ချင်းတစ်ယောက်ဆိုရင် အစ္စလာမ်ပေမယ့် ကျောင်းက ဆရာ ဆရာမကို ရှိခိုးတယ် … ကျွန်မတို့ ဘုရားရှိခိုးရင် လက်အုပ်လေးချီထားတယ် … သူ့အိမ်မီးလောင်တုန်းက ရခိုင်တွေကပဲ ငြိမ်းပေးခဲ့ကြတာ … သူတို့ မောင်နှမလေးယောက်လုံးကို ကျွန်မတို့တွေ အရမ်းချစ်ကြပါတယ် … တခြားကောင်လေး ၃ ယောက်ရှိပါသေးတယ် … ကျောင်းကထိန်ဆိုရင် ဘုန်းကြီးကျောင်းက သူတို့ကိုယ်တိုင်ပဲ ပဒေသာပင်တွေ သွားယူကြတာ … ကျွန်မတို့ ဘုရားကို ဝတ်မပြုရင်သာနေမယ် … အရှင်ဘုရားတွေ ဆိုရင်လည်း လေးလေးစားစားနဲ့ ပြောတတ်တယ် … ကျွန်မတို့ကို မရိုင်းရင် ကျွန်မတို့ကို မစော်ကားရင် ကျွန်မတို့ ဘယ်သူ့ကိုမှ မလုပ်ပါဘူး … ကျွန်မတို့ကလည်း အစ္စလာမ်ဘာသာကို မုန်းနေတာ မဟုတ်ပါဘူး … ကျွန်မတို့မှာ ကိုယ့်အိမ်ကိုယ့်ယာမှာ နေပြီး ကိုယ့်မြေဖြစ်ပါလျက် အကာအကွယ်မဲ့နေတဲ့ ဘဝကို ကျော်ဖြတ်လာကြတာပါ … အဲလိုအချိန်တွေမှာ လာကယ်မဲ့ ရဲတွေကို စောင့်နေရင် ကျွန်မတို့ ဘဝတွေ ဘာဖြစ်သွားကြမလဲ … ရပ်ကွက်ထဲက ယောက်ျားငယ်လေးတွေက အုပ်စုလိုက် အလှည့်ကျ ကင်းစောင့်ရင်း ကိုယ့်ရပ်ကွက်ကို ကိုယ်စောင့်ရှောက်လာခဲ့ကြတဲ့ အကြိမ်တွေ ရေတွက်လို့ မရပါဘူး …
    ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံတဲ့ ခံစားချက်ကို နားလည်ပေးကြပါလို့ အတင်းမတိုက်တွန်းပါဘူး … ခုလည်း ရမ်းဗြဲမှာ မသီတာထွေးကို သတ်တဲ့ကိစ္စကို ဘာတစ်ခုကမှ အသိအမှတ်ပြုလုပ်ပေးတာမျိုးမရှိဘူး … လူတွေတောင် မသိကြဘူးလေ … တောင်ကုတ်က လူသတ်မှုပေါ်မှ သိသွားကြတာ … တောင်ကုတ်ကကိစ္စအတွက် ထိခိုက်ဝမ်းနည်းရပါတယ် … သေသွားတဲ့သူတွေ အတွက်ရော … ကျွန်မတို့ကို ကာကွယ်ပေးတယ်လို့ ယူဆပြီးကျူးလွန်ဖြစ်ခဲ့တဲ့ ညီကိုမောင်နှမတွေကိုရော … အရမ်းကို ထိခိုက်ကြေကွဲရပါတယ် … ဒါပေမယ့် အဆိုးထဲက အကောင်းတစ်ခုက ရခိုင်ဒေသကို ဥပဒေ အမှောင်ချထားလို့ မရတော့ဘူးဆိုတာပါပဲ …
    ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေက တကယ်ကို ရိုးလွန်းလို့ ဒေါသကိုထုတ်ပြ လုပ်ပစ်လိုက်ကြတာ … ကျွန်မတို့ရဲ့ ပြေးလာတဲ့ ခြေလှမ်းတွေ ရပ်သွားမှာကိုလည်း သူတို့တွေ မသိလောက်အောင်ကို ရိုးကြ နုံကြ အကြတာ … သူတို့ အမျိုးသားရေးကို ကာကွယ်မယ်ဆိုတဲ့ အရိုးခံစိတ်တစ်ခုပဲ ရှိတယ် … အလိမ္မာ မရှိကြဘူး … ပရိယာယ်မရှိကြဘူး … ကျွန်မသာဆိုရင်တော့ အဲသလိုမလုပ်ဘူး … ကိုယ်လုပ်စရာမလိုဘဲ သူ့စားရိတ်နဲ့သူသွားအောင်ပဲ လုပ်မယ် … ဒါပေမယ့် ပရိယာယ်မရှိတဲ့ ကျွန်မတို့ အစ်ကိုတွေက ကျွန်မတို့ကို စောင့်ရှောက်ဖို့ သူတို့တွေ ရှိကြောင်းကို ပြလိုက်သလိုပဲ … ” ကျွန်မတို့ သွားနေကြတဲ့ခြေလှမ်းတွေကို ရပ်စေတဲ့ အတွက်ရော … လူ့အသက်ကို သတ်လိုက်တဲ့ အတွက်ရော မုန်းတယ် … ပြီးရင် သူတို့တွေ ကိုယ့်လူမျိုးအတွက်ဆိုတဲ့ စိတ်နဲ့ လုပ်မိသွားတာမို့လို့ သနားတယ် … နောက်ဆုံး အကာအကွယ်မရှိတဲ့ကျွန်မတို့တွေအတွက် သူတို့တွှေကာကွယ်ဖို့ အဆင်သင့်ရှိနေပါလားဆိုတဲ့စိတ်နဲ့ ချစ်မိတယ် ယူကြုံးမရဖြစ်မိတယ် … ”
    သူတို့လုပ်ရပ်ကို ထောက်ခံတာ မဟုတ်ဘူး … လုံးဝကို ကန့်ကွက်ပါတယ် … ပြစ်မှုကျူးလွန်သူတိုင်း ပြစ်ဒါဏ်ကို ခံကြရမှာပါ … ဒါပေမယ့် သူတို့တွေ ဒီလိုဖြစ်နေတာ ဘာတွေကြောင့်လဲ … ကျွန်မတို့ ဒေသမှာ တရားဖြစ်လာရင် တကယ်အပြစ်ပေးလိမ့်မယ်လို့ မယုံကြည်နိုင်ကြတော့လို့ပဲ … တကယ့်ကို တရားဥပဒေ မစိုးမိုးလို့ပဲ … ရခိုင်တွေက အချင်းချင်းပဲ စောင့်ရှောက်ရင်းနဲ့ ကိုယ့်သားသမီး ကိုယ့်ညီအစ်ကို မောင်နှမကို လူမျိုးခြား လက်ထဲကို မရောက်သွားရအောင် ကာကွယ်လာကြရတဲ့ဘဝ … ဒါတွေကြောင့်ပဲ ကုလားနဲ့ ရခိုင်လက်ထပ်တာမျိုး မရှိသလောက်ရှားတာ … အနောက်ရိုးမမှာ ရခိုင်တွေက မြန်မာနိုင်ငံထဲကို ကုလားတွေ စိမ့်ဝင်မသွားဖို့ မြေခံကတုပ် အနေနဲ့ ခံပေးနေကြရတယ်ဆိုတာကို သိရင် …
    ဒီလိုကိစ္စမျိုးတွေ ဝေးပြီး ရခိုင်မြေမှာ ရခိုင်တွေတည်ထားကိုးကွယ်တဲ့ ဘုရားတွေကို ရခိုင်တွေ စိတ်အေးလက်အေး ရှိခိုးရမယ့် နေ့တွေကို တောင့်တရင်း …. ကျွန်မတို့ လူမျိုးတွေ ခိုကိုးရာမဲ့သောဘဝက အကာအကွယ်မဲ့သောဘဝက၊ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ကြောက်လန့်နေရတဲ့ ဘဝက၊ သံသယတွေနဲ့ပဲ ကြီးပြင်းရတဲ့ ဘဝက တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း …
    ( မှတ်ချက်။ ။ အစ္စလာမ် ဘာသာဝင်တိုင်းကို စော်ကားခြင်းမဟုတ်ပါ … ရခိုင်ပြည်ရဲ့ အမှောင်ချခံထားရတဲ့ အခြေနေကို လှစ်ဟပြရုံသက်သက်သာ … တခြားသောသူတွေ ဒီကိစ္စကို ပြီးစေ ငြိမ်းစေချင်တာထက် ရခိုင်တွေက ပိုတယ်ဆိုတာကို သိထားစေချင်ပါတယ် … ရခိုင်ဒေသမှာ အဓိက ဖြစ်နေတော့ မိသားစုတွေ ညီအစ်ကို မောင်နှမတွေ အတွက် ရတက်အေးကြပါ့မလား … ကိုယ်ချင်းစာ နားလည်ပေးကြလိမ့်မယ်ထင်ပါရဲ့ … )
    - Facebook မှတဆင့် ကူးယူတင်ပြလိုက်ပါသည်။
  23. နတ်ဆိုး (Russia )
    ကဲ ပြည်သူတွေ ဖင်မနိုင်ပဲကြီးဟင်း စားချင်ကြတာ ။ ဒီမိုကရေစီနဲ့ မြန်မာနိုင်ငံတော် နဲ့ လောလောဆယ် မထိုက်တန်သေပါဘူး။ ဒါကြောင့် မို့ တပ်မတော်ကို အာဏာပြန်လွဲ ပေးသင့်နေပါပြီ။ တပ်မတော် အုပ်ချုပ်တဲ့ကာလက မြန်မာနိုင်ငံကြီး ဘယ်လောက် ငြိမ်းချမ်းသာယာ ၀ဖြိုးနေလဲ၊ အခုနိုင်ငံတော်မှာ ဒုစရိုက်မှုတွေ တိုးပွားနေတာကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးနိုင်လို့လဲ။ ဒါကြောင့်မို့ တပ်မတော်သာလျှင် အမိ တပ်မတော်သာလျှင် အဖပါ အားလုံး တပ်မတော်ကို သာ အာဏာပြန်ပေးဖို့ တောင်းဆိုကြပါစို့။
    • ရတနာဝင်းထိန်
      ဟုတ်တယ်ဟုတ်တယ်
    • မိန်းမဆိုး
      နိုင်ငံတော်ကြီးသာယာဝဖြိုးနေတာသေချာလို့လား။တပ်မတော်အုပ်ချုပ်နေတုန်းကလေ။တို့သိတာတော့ ဆင်းရဲဒုက္ခဝေနေတဲ့မြန်မာနိုင်ငံကြီးပဲတွေ့ဘူးတယ်။ရှင်ပဲတပ်မတော်ကိုအုပ်ချုပ်တာခံချင်ရင်တပ်မတော်အုပ်ချုပ်နေတဲ့ အင်းစိန်ကိုသာ ဂိုးဗျို့။
    • မျက်စိတစ်ဆုံးကြည့်သင့်၊မျက်တောင်မွှေးတစ်ဆုံးမကြည့်သင့်ပါ။
  24. အစိုးရရဲ့သတင်းထုတ်ပြန်မှုတွေ ကစိတ်ပျက်စရာကောင်း တယ်။မောင်းတောမှာ၇ခိုင်တွေ ကိုယ်တိုင်းသားတွေ အသတ်ခံရ၊ ဆေးရုံတွေအထိ ဒက်ရာကြောင့်ဆေးကုနေရတဲ့လူတွေ ကိုတောင် လိုက်သတ် ခံရတာကို တော့ဘယ်သူကလုပ်တယ်ဆိုတာ လူတိုင်းသိရဲ့နဲ့ ဖုန်းဖုန်းဖိဖိလုပ်နေတယ်။တောင်ကုပ်က ကုလား တွေ အသတ် ခံရတာတော့  သွေးဆူးစေ မယ့်အရေးအသား တွေနဲ.မြှောက်ထိုးပင့်ကော်လုပ်တယ်။ပြသနာတွေစလာကတည်းက အချိန်မရွေးပေါက်ကွဲ နိုင် တဲ့နေရာတွေမှာ လိုအပ်တဲ့ လုံခြုံရေးအစီ အမံ လုပ်ဖို့ ပျက် တာကြောင့် ဒါတွေ ဖြစ်လာရတာ။သူဒို့ တခြားပြသနာကို အာရုံလွဲ ဖို့ ရခိုင် တွေကိုစတေးတယ်။တိုင်းသားတွေကဘယ်လိုလုပ် သူတို့ ကိုယုံ မလဲ။ဒီလိုပုံနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဘယ်တော့ မှ မရဘူး။ကေ အိုင်အေ လိုမျိုးရခိုင်မှာရှိခဲ.ရင်
  25. ရခိုင်တိုင်းရင်းသားတွေ ဂုဏ်ယူဝင့်ကြွားစွာဖြင့် အမိမြေကိုကာကွယ်နိုင်ကြပါစေ။
  26. လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်များကို အခွင့်ကောင်းယူ အမြတ်ထုတ်သွားမှာတော့ စိုးရိမ်စရာပါ။ ဒါပေမဲ့ လက်ရှိဖြစ်နေတာတွေကို အသုံးချပြီး ကျွန်ုပ်တို့ နိုင်ငံအတွင်း တရားမ၀င်နေထိုင်နေကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားလို့ မသတ်မှတ်ထားတဲ့ လူမျိုးတွေကို မြန်မာ့မြေပေါ်မှ မောင်းထုတ်သင့်ပါတယ်။
  27. ကျနော်ဟာ ဗုဒ်ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ ကျနော်မှာ ဘာသာပေါင်းစုံသူငယ်ချင်း တွေရှိပါတယ်။ ယခုပြသာနာဖြစ်ပွားနေသော ဘူးသီးတောင် မောင်းတောမြို့အပါအ၀င် ပြသာနာမရှိသေးသော အခြားသောဆက်စပ်နေရာများလူများအားလုံး လူနည်းစု လူများစုလူများအားလုံး အစ္စလာမ်ဘာသာဝင်များအားလုံး ထိန်းထိန်းသိမ်းသိမ်း ရှိစေချင်ပါသည်။ မြန်မာနိုင်ငံသည် လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသောနိုင်ငံဖြစ်၍ ဘာသာအားလုံး တည်ရှိပါသည်။ သို့သော် အဓိကအားဖြင့် ဗုဒ်ဓဘာသာကိုးကွယ်မှုများပြားသောတိုင်းပြည်ဖြစ်ပါ၍ ထိုရခိုင်ဒေသမှအပ ကျန်ဒေသဆီသို့ ကူးစက်ဖြစ်ပွားလာပါက မသက်ဆိုင်သူများ အပြစ်မရှိသူများ သက်ကြီးရွယ်အို မိန်းမ ကလေး စသည့် ပဋိပက္ခဖြစ်ပွားလာပါက မရှောင်သာသော လူများ ဒုက္ခရောက်နိုင်ပါသည်။ ထိုကြောင့် ပြသာနာဖြစ်ပွားလိုသူများ ဒေါသရှာဖွေနေသူများ စီးပွားရေးမပြေလည်၍ အရာရာကို မကြည်လင်နေသူများကို ၀ိုင်းဝန်းထိန်းသိမ်းသင့်ပါသည်။ ထိုသူများသည် အဓိကပြသာနာဖန်တီးလှုံဆော်တတ်ပါသည်။မည်သူအတွက်မှမကောင်းသည့် ပြသာနာဖြစ်ပွားခြင်းကို လူတိုင်းရှောင်ဖယ်သင့်ပါသည်။ အမြန်ဆုံးတည်ငြိမ် အေးချမ်းနိုင်ကြပါစေ။
  28. blackslayer8888
    တွေ့ပြီလားသူတို့အင်အားများရင်ကျုပ်တို့မြန်မာလူမျိုးတွေဘာဖြစ်မယ်ဆိုတာ…
    ဒါအစပဲရှိသေးတယ်နော်….
  29. ကာကြီး
    အမြန်ဆုံးငြိမ်းချမ်းပါစေဗျာ။
  30. အဲဒါကြောင့်ကျွန်တော်တို့ပြောနေကြရတာပါ။ ကိုယ့်တိုင်းရင်းသားတွေကို ရန်လုပ်ပြီးစစ်တိုက်နေမဲ့အစား ဘင်ဂါလီမွတ်ဆလင် စစ်သွေးကြွတွေကို တိုက်ခိုက်၊ချေမှုန်းခြင်းကပိုပြီး အဓိပ်ပယ် ရှိပြီး သိက္ခာရှိပါတယ်။
  31. မြင့်မြတ်တယ်စိတ်ထားနဲ့နေတာကိုစော်ကားလာရင်တော့မြန်မာနိုင်ငံမှာကချင်၊ကယား၊ကရင်၊ချင်း၊မြန်မာ၊မွန်၊ရခိုင်၊ရှမ်းဆိုတယ်စည်းလုံးမှုရှိတယ်နိုင်ငံတခုအနေနဲ့တော့တွေတယ်လက်နက်နဲ့နှိုင်နင်မှာပါအခုလိုမင်မဲ့စရိုက်တွေလုပ်နေရင်တော့အဏာပိုင်အဖွဲ့စည်တွေကကြည်နေမှာမဟုတ်ပါဘူးနောက်ပြီအမေဒေါ်အောင်ဆန်စုကြည်ကကြည်နေမှာမဟုတ်ပါဘူးသီခံစိတ်ကိုစော်ကာလာရင်ကိုယ်ဘ၀ကိုတွေးရမှာပါအဲဒီအတွက်စိတ်ဓါတ်မကျဖိုပဲပြောချင်းပါတယ်
  32. သြော် နှစ်ပေါင်းများ မြန်မာ့ မြေပေါ်မှာ နေပြီး မြန်မာတိုင်းရင်းသားတွေကို စော်ကားနေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးသား တွေထဲမှာ ဒီမွတ်စလင် ဘာသာဝင်တွေက ပိုပြီး ဆိုးရွားစွာ နဲ့  နေထိုင်ခဲ့ကြတယ် လို့ ပြောရမှာပါ၊
    ပြောရမယ် ဆိုရင်တော ကျွန်တော်တို့  ရဲ့ မြန်မာပြည်ဟာ နှစ်ကာလရှည်ကြာစွာ နိုင်ငံရဲ့ အပြင်ကနေ ကြည့် ရင် ငြိမ်းချမ်းစွာနဲ့ ဖြတ်သန်း လှုပ်ရှားနေထိုင်နေကြတယ် လိုထင်ခဲ့ရပေမဲ့ တကယ်တော့ အမြင်နဲ့  ခံစားမှုတွေဟာ ထပ်တူမကျခဲ့ နှစ်ကာလ အတော့ကို ကြာခဲ့ပါပြီး၊
    အဲဒီလိုဖြစ်ခဲ့ရခြင်းတွေးအပေါ် သုံးသပ်ကြည့်လိုက်မယ် ဆိုရင်ဖြင့် လောဘကို ထားသင့်တာထက် ပိုထားပြီး မယူသင့်တဲ့ အရာတွေကို မယူသင့်တဲ့ သူတွေဆီကယူပြီး၊ တရား မျှတမှု မရှိတဲ့ဆုံဖြတ်ချက်တွေကို မကျရောက်သင့်တဲ့ သူတွေအပေါ်ကို ကျသင့်စေ၊ ကျရောက်သင့်တဲ့ သူတွေကျတော့ ကင်းလွှတ်စေ ဆိုတဲ့ အမိန့်  အာဏ ကို အသုံးပြု နိုင်သူ တယောက် သို့ မဟုတ်
    အဖွဲ့ အစည်းတွေကြောင်း အဲဒီလို မဖြစ်သင့်တဲ့ အရာတွေ ဖြစ်လာရတာပါပဲ၊ တိုတိုနဲ့ လိုရင်ကို ပြောရရင် တရားဥပဒေ စိုးမိုးက အဓိကနေရာက ပါဝင်နေပါတယ်။
    ယခု ရခိုင်ဒေသမှာ ဇြစ်နေတဲ့ ပရိပက္ခကတော့ ရှိုင်းဆိုင်း ပြီး လူစိတ်မဲ့နေတဲ့ လူငယ် တစုကြောင့်ပါ၊ ဒါပေမဲ့ သိပ်ဝမ်းနည်းစရာ ကောင်းတာက မွတ်စလင်ဘာသာဝင်တွေဖြစ်နေကျလို့ ပါပဲ၊
    ပိုပြီး ဒီထက် ၀မ်းနည်းစရာကောင်းတာက တချို့ သော မသက်ဆိုင်တဲ့သူတွေ သူတို့  အတွက် စတေးလိုက် ရတာပါပဲ။
    ဒါတွေကို ဘယ်သူကြောင့် ဘယ်သူ့ ကြောင့် လို့ အပြစ်တင်တိုက်ခိုက် လာခဲ.ရင် ဘယ်သူတွေ ပိုနစ်နာ ကြမလည်း၊
    ဒါတွေကို ပြန်ပြီး သုံးသပ်လိုက်တော့ ကိုယ်ရဲ့ ပေါင် ကို ကိုယ်ပြန်ပြီး ကိုက်သလို့ တစိတ်စိတ် နာကျင် သလို့ နာကျင်ရမှာပါ၊ ဘာကြောင့်လည်းဆိုတော့ အဲဒီ လူငယ်တွေ ဘယ် သူတွေနဲ့  အများဆုံးနေထိုင်သလည်း တိုတိုနဲ့  လိုရင်းကို ဆိုရရင်
    ဒီလူငယ်တွေ နဲ့ ကျင်လယ် နေတဲ့ မိဘ၊ ဆွေမျိုး၊ ဘာသာရေး အဆုံးအမ တွေကိုပဲ ပြန်ကြည်ပြန်တော့ မိအေးနှစ်ခါ ပြန်နာသလို့ ပါပဲ။
    ကဲ ဂျပ်အေး ကို သုအမေ ရိုက်သလို့ အပိုပြောမနေတော့ ပါဘူး ဖြစ်နိုင်ရင်တော့ ကိုယ်ပေါင် ကိုကိုယ်ဟာကို နိုင်နင်းအောင်ထောင်းကျစေချင်တယ်၊
    ဖြစ်နိုင်ရင်တော ဒီလို အမှားမျိုးအတွက် ဘယ်ဘက်ကမှ လက်ခုတ် စတီးတဲ့ သူတွေး မဖြစ်ကျဖို့ ကျိုးစားကျစေချင်ပါတယ်၊
    ကဲ နောက်ဆုံးမှာချင်တာကတော့ တရားဥပဒေရေ ဒါမျိုးတွေနောက်နောင် မဖြစ်အောင် ဖိဖိ စီးစီးလေ ကုညီပါဗျာ။
    အခုလို မအောင့်နိုင်လို တရားဥပဒေက ဘက်မျှ မရပ်လို ကိုယ်နည်းကိုယ်ဖာသာ ဖြေရှင်းဒါမျိုးတွေ မဖြစ်အောင် မျှတတဲ့ တရားဥပဒေ သိပ်လိုအပ်ပါတယ်.
  33. Ofcourse , Burmese organisation are not involve muslin people , that cause are we must show in the world. Voa , RFA , BBC , Mizzima all the media are why quite that , I would like to told that please show that correct and do that correct .
  34. မိန်းမဆိုး
    ရခိုင်လူမျိုးတွေဟာ ကိုယ့်မြေမှာနေ၊ကိုယ့်ရေကိုသောက်နေတဲ့ ဘာသာခြား မူဆလင်ကုလားတွေကိုသာမကဘဲ၊ ကိုယ်လူမျိုးအချင်းချင်းဖြစ်တဲ့စစ်တပ်ကိုပါကြောက်နေရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ပြည်သူကိုကာကွယ်ဖို့ဆိုတာပဲ ဖြစ်သင့်တဲ့စစ်တပ်က ဘယ်နှယ့်ရခိုင်တွေရဲစခန်းကိုဝိုင်းတယ်ဆိုတာလေးနဲ့ကို လက်နက်ကိုင်ပြီးပစ်သတ်တယ်။ဘင်ဂါလီကုလားတွေ အဲလောက်ဆိုးရွားတာကျတော့ မိုးပေါ်ကိုထောင်ပြီးခြိမ်းခြောက်ရုံလေးပစ်တယ်။တကယ်ဆို စစ်တပ်ကဦးဆောင်ပြီး ဒီကုလားတွေကိုရှေ့ကနေတိုက်ထုတ်ပေးရမှာပါ။စစ်တပ်ကြီးရေဘယ်တော့များမှ ပြည်သူတွေအားကိုးရတဲ့ စစ်တပ်တစ်ခုဖြစ်လာမှာလဲ။ ရခိုင်လူမျိုးတွေကို ပြောရမှာအားနာပါတယ်။ ကိုယ်အသက်ရှင်ဖို့ ကိုယ်ဘာသာကိုယ်ကြိုးစားကြဘာလို့။
  35. နန်ကသု
    အားလုံးဟာ ကံ ကံ၏အကျိုးဆက်တွေကြောင့်ဖြစ်နေကြတာပါ.. အားလုံး မေတ္တာတရားထားနိုင်ကြပါစေ….
  36. မှားတယ်
  37. အပေါ်မှာ လူအပေါင်း အားချောင်ကောင်း မင်းတို့တွေ့မြန်မာနိုင်ငံအတွက်ဘာတွေလုပ်ပေးပြီးပြီးလဲ
    နိုင်ငံအတွက်ကာကွယ်ဖိုစစ်ထဲဝင်ပြီးတာဝန်ထမ်ဆောင်ကြည်ပါ အားချောင်ပြီးသုံးမရသော ဗမာလိုအော်နေသူအပေါင်းလူအချောင်သမားတိုရေ