တွံတေး NLD များ ဗဟိုရုံးချုပ်ကို ဆန္ဒပြ | ဧရာဝတီ

တွံတေး NLD များ ဗဟိုရုံးချုပ်ကို ဆန္ဒပြ

Hits:7,540
  | |

စက်တင်ဘာလ ၁ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့နယ်သို့ ရေဘေး အကူအညီအတွက် ဒေါ်အောင်ဆန်းစုကြည်က ကျပ် သိန်း ၂၀ သွားရောက် လှူဒါန်းစဉ် (ဓာတ်ပုံ – News and Information Department of NLD / Facebook)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ ပေးပို့ထားသည့် ပါတီဝင် လျှောက်လွှာများ ပျောက်ပျက်မှုကို တာဝန်ယူမှု မရှိခြင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင်ခန့်အပ်မှုအပေါ် မကျနပ်ခြင်းကြောင့် တွံ့တေးမြို့နယ် NLD အဖွဲ့ဝင်များက ယနေ့ ဆန္ဒပြကြကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ NLD ရုံးချုပ်သို့ ပေးပို့ထားသော ပါတီဝင် လျှောက်လွှာ ၆၀၀ ကျော် ပျောက်ပျက်ခဲ့ကြောင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင် အဖွဲ့ဝင် ၁၅ ဦး ခန့်အပ်ရာတွင် ဒေသခံပါတီဝင်များ၏ သဘောထားကို တောင်းခံခြင်း မရှိခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့ နေ့လည် ၁ နာရီမှ စတင်၍ တွံတေးမြို့ပေါ်၌ NLD အဖွဲ့ဝင်များ ဆန္ဒပြကြကြောင်း သိရသည်။

“ဖောင်တွေသွားပို့ရင် လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါလို့ ပြောရင် မထိုးပေးနိင်ဘူး၊ တင်ချင်တင် မတင်ချင်နေလို့ ပြောတယ်၊ ဖောင်တွေပျောက်တာကလည်း များပြီ။ ဧရာဝတီတတိုင်းလုံး ပျောက်နေတာပဲ။ ဒါတွေကို သည်းမခံနိုင်တော့လို့ ဆန္ဒပြရတာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တွံတေးမြို့နယ် NLD ပါတီဝင် ဦးဇော်မင်းထွန်းက ပြောသည်။

လူအင်အား ၁၀၀ ဖြင့် ဆန္ဒပြလိုကြောင်းစာအား သြဂုတ်လ ၁၅ ရက်နေ့တွင် အာဏာပိုင်များထံ တင်ခဲ့ကြောင်း၊ တွံတေးမြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၇၃ အုပ်စုအတွင်း ရွာပေါင်း၂၁၉ ရွာတွင် NLD အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော်ရှိကြောင်း၊ လူအင်အား ၁၀၀ ဖြင့်သာ ပြုလုပ်မည်ဟု စာတင်ထားခြင်းကြောင့် ယင်း ကျေးရွာတခုချင်းစီမှ အဖွဲ့အား ကိုယ်စားပြုပြီး အများဆုံး လူ ၂ ဦးသာ လာရန် ညွှန်ကြားထားကြောင်း သိရသည်။

တွံတေးမြို့နယ် ကျွန်းတောရပ်ကွက် ကန်သာယာ ၁၀ လမ်းတွင် ပြုလုပ်သော ဆန္ဒပြပွဲသို့ ဆန္ဒပြသူ ၁၀၀ နှင့် လိုက်ပါအားပေးသူ ၁၅၀ ခန့် လာရောက်ကြောင်း သိရှိရသည်။

NLD ရုံးချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်ကတော့ ဘာမှမသိဘူး။ ဘာမှလဲ မကြားဘူး” ဟု ဆိုသည်။

တွံတေးမြို့နယ် ညီလာခံ ပေါ်ပေါက်ရေး ကော်မရှင်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် NLD ဗဟိုမှ ဖွဲ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တချို့သော ရပ်ကွက်များတွင် လမ်းတလမ်းထဲ၌ NLD ပါတီရုံး နှစ်ခု ရှိနေကြောင်း သိရသည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးတင်ဦးကမူ “သူတို့မကြိုက်ရင် ဗြောင်လာပြောပေါ့။ ဟိုတခါကလည်း ပုသိမ်မှာ ဆူခဲ့ပြီးပြီ။ ဒါကို ထပ်လုပ်ကြပြန်ပြီ။ အရင်ကသူတို့ အဲလို မဟုတ်ကြဘူး။ သူတို့အချင်းချင်း ညှိကြပါလား” ဟု ပြောသည်။


18 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. ဒုက္ခရောက်တုန်းကတော့အေးအေးဆေးဆေးပဲပေါ့။အခုလိုလွတ်တော်အမတ်ဖြစ်သူတွေကများ
    တောတနည်းအားဖြင့်ပြောရရင်နေရာလုချင်တာထင်တယ်။ ခိုင်မာပြီးလိုထင်ထားတဲ့
    NLDကလူတွေစိတ်ဓာတ်ပျက်ကုန်ပြီးလား။ ဒီလိုဆိုရင်
    မြန်မာပြည်နိုင်ငံရေးဟာစစ်တပ်ကပဲဗိုလ်လုပ်အုံးမှာ။
    လားဟူလေး
    ကျိုင်းတုံ

  2. ဆန္ဒပြတယ်ဆိုတာ ပေါ်ပျူလာဖြစ်အောင်လုပ်ရတဲ.အလုပ်မျိုးမဟုတ်ဘူး။အရမ်းမခံမရပ်နိင်မှလုပ်ရတဲ.အလုပ်မျိုး။သူများလုပ်တ်ုင်းလျှောက်မလုပ်ကြနဲ.။ခေါင်းသုံးကြပါ။အခွင်.အရေးပေးလိုက်တာနဲ.ဆန္ဒပြမယ်ဆိုတာရေးတွေးနေတယ်။အားနေတယ်ဟုတ်လားမြနတ်မာပြည်ကဆန္ဒပြတဲ.လူတွေရေ။ခေါင်းသုံး။အစိုးရကိုလည်းကိုချင်းစာ။အစိုးရကလည်းတရားဥပဒေစိုးမိုးပြီးလာဘ်ပေးလာဘ်ယူတွေပျောက်ပြီးနိင်ငံချစ်တဲ.စိတ်ရှိအောင်ပြုစုပျိုးထောင်ပေးပါလို.တောင်းဆိုပါရစေ။စာတယ်ဇင်းတွေလွတ်လပ်ခွင်.ပေးလိုက်ပြီးဆိုပြီးပေါက်တတ်ကရတွေလျှောက်မရေးနဲ.ဦး။အားလုံးကလွတ်လပ်ခွင်.လိုချင်တယ်ဟုတ်လား။စည်းကမ်းရှိမှတိုးတက်မယ်ဆိုတာအေးချမ်းမယ်ဆိုတာမမေ.ကြနဲ.။ကိုပိုင်သတင်းစာထုတ်ချင်နေတယ်လို.တွေ.နေရတယ်။ဘယ်နှစ်စောင်ထုတ်နိင်မလဲစောင်.ကြည်.ရအောင်။စီးပွားရေးသမားတွေသတိနဲ.လုပ်ကြ။ထင်.ကနဲဆိုဆန္ဒဖေါ်ထုတ်မယ်ချည်းပဲ။ကြည်.လုပ်ကြ။ခေါင်းသုံး။
    ဒီမိုကရေစီလို.မင်းတို.ခံတွင်းတွေ.နေတဲ.စကားကြောင်.မင်းတို.တစ်နေ.ဒုက္ခရောက်ကြဦးမယ်။စာများများဖတ်ကြ။နောက်မှထပ်ပြောပါဦးမယ်။ဆက်ရန်…………………………………

  3. Myanmar is just Myanmar……. any different ????

  4. လူတွေဟာ လူတွေပါပဲ ။

  5. ပြေလည်အောင်ပွင့်လင်းပြောဆိုညှိနှိုင်းကြပါ။
    NLDအဖွဲ့ဝင်မှန်သမျှအမေစုကိုလေးစားသဖြင့်
    အစစအ၇ာ၇ာသီးခံစိတ်မှန်လမ်းကြောင်းမှန်ကို
    လျှောက်လှမ်းကြဖို့သတိဝိရိယဖြင့်ဆောင်ရွက်ကြစေချင်တယ်။
    အမေစုကိုဂုဏ်ကျစေမည့်အပြုအမူမှန်သမျှ
    မလုပ်မိအောင်နည်းလမ်းရှာကြပါ။
    ကျမတို့နိုင်ငံမှာခုလိုအေးချမ်းပြီးမေတ္တာတ၇ားကြီးမားတဲ့
    ခေါင်းဆောင်ကောင်းရဖို့ကအင်မတန်ခက်ခဲနက်နဲတဲ့
    ကိစ္စမို့..အချို့သောကိစ္စတိုင်းကိုအမေစုကခုချိန်မှာ
    အကုန်လိုက်မသိနိုင်ပါ….အေ၇းကြီးဆုံးကိစ္စများကို
    လုပ်နေချိန်မှာအဖွဲ့ဝင်များကလည်း
    စနစ်တကျသိမ်မွေ့ညင်သာအောင်
    အချင်းချင်းစည်းလုံးကြစေချင်ပါတယ်။
    နားလည်မှုဆိုတာလည်းအရေးကြီးဆုံးပါ.

  6. NLD, please be united.Unity is strength.I feel sad to hear that.

  7. အမှန်တရား

    အန်အယ်လ်ဒိက ဝေဖန်ပိုင်းခြားသင့်ပြိ
    ဒိမိုကရေစီနည်းမကျလို့
    အောက်ခြေက ဆန္ဒပြတာကို ဆူဖို့ စဉ်းစားနေရင် ပါတိပျက်ဖို့သာ
    ရှိတော့မယ်။
    တကယ်လုပ်ခဲ့သူတွေ ကိုနေရာမပေးပဲ
    အခွင့်ေ၇းသမားတွေ နေရာပေးရင်
    ဒီလိုဖြစ်လာမှာပဲ
    ကြားဖြတ်မှာပဲ
    လွတ်တော်အမတ်ဝင်ရွေးသူတွေက
    တသက်လုံးအနစ်နာခံ လုပ်လာတဲ့
    အန်အယ်ဒိတွေ ဟုတ်လို့လား(ဥပမာ
    ဇေယျာသော် စန္ဒာမင်း ဖြိုးမင်းသိန်း)
    ဒိလိုပုံနဲ့ အာဏာရှင်ပုံမျိုး ဒေါ်စုနဲ့ အန်အယ်လ်ဒိ ဗဟို တို့ လုပ်နေရင်
    ၂၀၁၅မှာ ပိုဆိုးမယ်။
    တကယ်လုပ်ခဲ့သူတွေကို နေ၇ာပေးရမဲ့အစား
    မယောင်ရာဆီလူး လုပ်နေကြတာ
    ရှက်ဖို့ကောင်းလှပါတယ်။
    အန်အယ်လ်ဒိ ကို လူထု ဘာလို့
    ထောက်ခံခဲ့သလဲ
    နောက်လိုက်ကောင်းတွေ ကောင်းလို့ပါ
    အနှစ် ၂၀ကျော် အီးစီးကြီးတွေကြောင့် မဟုတ်တာ
    သေချာတယ်။
    အခု ဆန္ဒပြတဲံ့ ကိုဇော်မင်းထွန်းကို သတင်းသမားတိုင်းသိတယ်
    သူ့သမိုင်းကို ကြည့်ပါ။
    သူမှန်မမှန်ဆိုတာ သူနောက်ကလူထုကိုကြည့်ပါ။
    အာဏာရှင် တွေ ဖြစ်မှန်းမသိ ဖြစ်နေပြိး လက်ညှိုးညွန်တိုင်း မမ ခေါ်ချင်သူတွေ
    ကိုပဲ မမျှော်နေပါနဲ့ ။ ဘဘ ခေါ်သူများကို ပဲမသာယာပါနဲ့
    ဘာကြောင် အောက်ခြေက ဒီလိုဖြစ်သလဲ ဆန်းစစ်ဝေဖန်ကြည့်ပါ။
    အပြစ်ပြောဖို့ပဲမလုပ်ပါနဲ့ အန်အယ်လ်ဒိ အာဏာရှင်များ ခင်ဗျားးးးးးး

  8. အကွဲ အပြဲ ကတော့ စချင်ပြီ နဲ နဲ မစော ဘူးလား ပါ တီတွင်း ပြသနာ ကို လမ်း ပေါ် ထွက် တာ လုံးဝ မှားတယ် ဒီမိုကရေစီ မှာ စည်း ရှိတယ် လုံးဝ. လုံးဝ စည်းဖေါက်ခွင့် မရှိဘူး ပါတွင်း ပြသနာ ပါတီတွင်း မှာဘဲ ရှင်းပါ ဒီလုပ်ရပ်သည်ကျွန်သက် ဆက် လိုသူတွေ လုပ်ရပ်ဖြစ်တယ်.

  9. နွားကွဲရင်ကျားဆွဲမယ်။သတိထား။ဒိုင်စားသွားမယ်။ကျားကချောင်းနေတာအကွက်ဝင်တာနဲ့ အုပ်မှာဘဲ။အခုဘောင်းဘီချွတ်တဲ့သမတ။အချိန်မရွေးစစ်တပ်ကသိမ်းလို့ရတယ်။ဖွဲ့စည်းပုံ ကိုပြန်လေ့လာကြအုံး။ဒီအတိုင်းဆို—————ရင်လေးတယ်။

  10. NLD ပါတီဝင်များသိစေချင်ပါသည်။NLDပါတီကိုကျွန်မတို့မဲပေးခဲ့ခြင်းသည်ပါတီဝင်
    များကိုနှစ်သက်သောကြောင့်မဟုတ်ပါတီခေါင်းဆောင်များကိုလေးစားယုံကြည်သောကြောင့်သာဖြစ်ပါသည်။နိုင်ငံရေးလုပ်ရာတွင်fighting spirit ရှိရုံတစ်ခုနှင့်လုံးဝလုံးဝ
    မလုံလောက်ပါ။နှလုံးရည်နှင့်ဥာဏ်ပညာ၊အသိတရားကြွယ်ဝပြည့်စုံပြီးနိုင်ငံတကာ
    ဗဟုသုတရှိ၍တိုင်းပြည်သူပြည်သားများကိုတစ်ကယ်ချစ်မြတ်နိုးသောသူများသာလျှင်
    နိုင်ငံရေးလုပ်ထိုက်ပါသည်။မူးရူးအလောင်းကစားလုပ်သူတစ်ယောက်ကိုNLDပါတီဝင်
    ဖြစ်လို့မဲပေးမည့်ပြည်သူရှိလျှင်ခေါ်ပြပါ။ပါတီတွင်းမကောင်းသောသူရှိလျှင်ထိုသူနေသော
    ရပ်ကွက်နေပြည်သူများသိပါသည်၊ဖော်ထုတ်ပြစရာမလိုပါ။အလိုအလျောက်မဲ
    မပေးခြင်းအားဖြင့်ပြည်သူတွေ၏ဒဏ်ခတ်အရေးယူ
    ခြင်းကိုခံ၇ပါလိမ့်မည်။ကြံ့ဖွတ်ပါတီ၏ဥပမာကိုကြည့်ခြင်းဖြင့်သိနိုင်ပါသည်။
    ထပ်မံ၍ပြောချင်ပါသည်NLDပါတီခေါင်းဆောင်များသည်အတုံး အအ အရူးများမဟုတ်ပါ။
    ကျွန်မNLDအဖွဲ့ဝင်မဟုတ်ပါ။သို့သော်NLDပါတီခေါင်းဆောင်များ၏လုပ်ဆောင်ချက်
    များကိုအကြွင်းမဲ့ယုံကြည်ထောက်ခံပါသည်။
    NLDပါတီခေါင်းဆောင်များဆိုရာ၌ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကိုမဆိုလို
    ပါ။ရွေးကောက်ပွဲမဝင်ကြဘဲဦးဆောင်ဦးရွက်လုပ်ဆောင်နေကြသောလူကြီးများနှင့်ဒေါ်
    အောင်ဆန်းစုကြည်ကိုဆိုလိုပါသည်။
    အကြွင့်မဲ့

  11. ၁၉၈၉ဖြစ်မယ်ထင်တယ်၊ စဖွဲ့ပြီးအတန်ကြာတော့ စကားတခုထွက်လာတယ်၊ ခမောက် ထဲ မြွေဝင်ခွေတယ်ဆိုတာလေးပါဘဲ။

  12. မေကျော်

    ထစ်ခနဲဆိုဆန္ဒပြခြင်းသည် ကောင်းသောအကျင့်စရိုက်မဟုတ်ပါ ပြေလည် အောင်
    ညှိနှိုင်းသင့်ပါသည်။ NLD လွှတ်တော်အမတ်ဖြစ်လျှင် ကျိန်းသေအောင်မြင်နိုင်သဖြင့်
    အလုအယက်နေရာလုနေသည်ဟု မြင်လျှင်မကောင်းပါ။

  13. NLDဗဟို၇ုံးချုပ်မှာခန့်ထားတဲ့ရုံးအဖွဲ့၊ဆက်ဆံရေးအဖွဲ့စတာတွေကိုခေါင်းဆောင်ပိုင်းကပြန်ပြီး
    အခါအားလျော်စွာစစ်ဆေးသင့်ပါတယ်၊ရှေ့ကိုပဲအရှိန်အဟုန်နဲ့သွားနေပြီးနောက်တန်းက
    အကျိုးအကြောင်းကိုအချိန်နဲ့တပြေးညီပြန်လှည့်မကြည့်ရင်၊နောက်ကြောကိုဓါးနဲ့ထိုးဖိုံ့စောင့်နေ
    တဲ့ရန်သူဖိတ်ခေါ်နေသလိုဖြစ်မှာပဲ။ပြသ၁နာဖြစ်လာမှဒီကိစ္စကျနော်တို့မသိလိုက်ရပါဘူးဆိုတဲ့
    အဖြေမျိုးကိုလဲရှောင်ရှားစေလိုပါတယ်။ဒီအဖြေမျိုးကသွားလေသူတွေရဲ့အသုံးအနှုန်းပါ။ကျုပ်က
    နိုင်ငံရေးသမားမဟုတ်ပါသို့သော်လည်းစည်းလုံးကြပါ၊အမြဲသတိရှိကြပါ။

  14. မြန်မာ့ရိုးရာ အစဉ်အလာကို အဖွဲ့ ချုပ်မှ လိုက်နာစောင့်ထိန်းတာကောင်းပါတယ်။ မြန်မာတွေ ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် နေရာလုမယ်- ညီညွတ်မှူမရှိဘူး။ ပြောတော့ ပြည်သူ့ အတွက် လူထုအတွက်လို့ မိုးမွှန်အောင် – ပါးစပ်က အမြှုပ်ထွက်အောင် ပြောကြမယ်။ နောက်ဆုံးတော့ စစ်တပ်မှ စစ်ဗိုလ်တွေနဲ့  နင်လား ငါလား ဘာမှ မထူးပါဘူး။ ဟူး စိတ်ပျက်စရာကောင်းပါဘိ။

  15. Beware of democracy dictator!

  16. ကြားရတာတွေကလည်း ရင်မောစရာတွေချည်းပါပဲလား။ တပ်မတော်မိသားစုအတွင်းမှာ မွေးဖွားလာတဲ့ကျွန်တော့အတွက် အစကတည်းက နိုင်ငံရေးကိုကြောက်ခဲ့တဲ့သူအတွက်အခုကြားနေရတာတွေက ကြောက်စရာတွေပါ။ ဆင်ခြင်ကြပါဦးလို့ တောင်းဆိုချင်ပါတယ်။ သခင်အုပ်စု၊ ဦးဗိုလ်အုပ်စု စတဲ့အကွဲအပြဲခေတ်တွေကို နောက်ပြန်မဆွဲကြပါနဲ့တော့။ ဒီအတိုင်းဆိုရင်တော့ ပတ်ဝန်းကျင်နိုင်ငံကအလုပ်သမားတွေ ရနေတဲ့ အခြေခံလစာ တရက် 10$ ဆိုတာတွေလည်းရှိလာဖို့ကဘယ်အချိန်ထိ စောင့်နေရဦးမှာလဲ။ အမိမြေကို သတိရလွန်းလို့ပြန်လာချင်လှပါပြီ။ပြန်ချင်ပေမယ့်လည်း မပြေလည်တဲ့မိဘတွေရဲ့ မျက်နှာကြောင့်ကြိတ်မြိတ် နေရဦးမှာပါ။လက်ရှိ စွမ်းဆောင်နေသူတွေကို အားကိုးယုံကြည်ချင်ပါတယ်။ပြည်သူ့မျက်နှာတစ်ခုတည်းကို ပဲကြည့်မယ်လို့ ထင်ပါတယ်။ မြန်မာဖြစ်ရတာကို ထာဝရဂုဏ်ယူနေသူပါ။