နိုင်ငံခြားရုပ်ရှင် ကူးခွေများ ဖမ်းဆီးမှု အငြင်းပွား | ဧရာဝတီ

နိုင်ငံခြားရုပ်ရှင် ကူးခွေများ ဖမ်းဆီးမှု အငြင်းပွား

Hits:5,969
  | |

နေပြည်တော် မြို့မဈေးတွင် ကူးခွေများ ရောင်းချသည့် ကလေးငယ်တဦး (ဓာတ်ပုံ – Reuters)

ရုပ်ရှင် ခိုးကူးခွေများ လိုက်လံဖမ်းဆီးခြင်းသည် မြန်မာ့ရုပ်ရှင်လောကကို ကာကွယ်ခြင်းသာဖြစ်ပြီး နိုင်ငံခြား ရုပ်ရှင်ခွေများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်း မဟုတ်ကြောင်း ယမန်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

တပိုင်တနိုင် ရောင်းချနေသည့် နိုင်ငံခြားခွေ ရောင်းချသူများကို ညစ်ညမ်းခွေများမှလွဲ၍ ဖမ်းဆီးခြင်းမပြုရန် ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ညွှန်ကြားခဲ့သည်။ သို့သော် ယခု ခိုးကူးခွေ နှိမ်နင်းရေးစီမံချက်တွင် နိုင်ငံခြားခွေများပါ ဖမ်းဆီးနေသဖြင့် ဝေဖန်ကန့်ကွက်မှုများ ပေါ်ပေါက်လျက်ရှိသည်။

“နိုင်ငံခြားခွေတွေဟာ ကျနော်တို့နဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ သို့သော် ၁၉၉၆ ဗီဒီယို အက်ဥပဒေအရ နိုင်ငံခြားခွေတွေသည် လိုင်စင်မဲ့၊ ဆင်ဆာမဲ့ ဖြစ်တဲ့အတွက် ဖမ်းတာဖြစ်ပါတယ်။ ကျနော်တို့သည် NGO အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဖမ်းဖို့ဆီးဖို့လည်း အခွင့်အာဏာ မရှိပါဘူး။ သတင်းရရှိတဲ့အခါ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုပဲ တိုင်ကြားပါတယ်” ဟု ဦးဇင်ဝိုင်းက ပြောသည်။

ခိုးကူးခွေကြောင့် ဂီတလောကသည် ၁၀၀ ရာခိုင်နှုန်း ပျက်စီးခဲ့ရပြီး ရုပ်ရှင်လောကသား အများစုကို ထမင်းကျွေးနေသည့် ဗီဒီယိုလောကသည်လည်း ၆၀ ရာခိုင်နှုန်းအထိ ပြိုကွဲပျက်စီးခဲ့ရကြောင်း ၎င်းက ဆိုသည်။

ခိုးကူးခွေ စီမံချက်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ပြန်လည်ရွေးချယ်သည့် ၂၀၁၂ ဧပြီလမှ စတင် ဖမ်းဆီးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တခုအတွင်းမှာပင် တရားမ၀င် ခိုးကူးခွေ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချနေသည့် ဆိုင်ပေါင်း ၉၀ နှင့် စီဒီချပ်ပေါင်း ၅ သိန်းနီးပါး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျနော်က ရုပ်ရှင်ရုံမှာလည်း အချိန်ပေးပြီး မကြည့်နိုင်ဘူး။ ဒီဆိုင်တွေကပဲ အလွယ်တကူ ၀ယ်နေကျ။ အခု တချို့ ဆိုင်လေးတွေကတော့ အိမ်အတွင်းထဲမှာ တိုးတိုးတိတ်တိတ် ရောင်းနေကြတယ်” ဟု နိုင်ငံခြား ရုပ်ရှင် ပရိသတ်တဦးက ဆိုသည်။

ခိုးကူးခွေရောင်းချခြင်းဖြင့် ရပ်တည်နေသူများ ဒုက္ခရောက်ရသကဲ့သို့ ရုပ်ရှင်လောကသားများဖြစ်သည့် စက်မှုအဖွဲ့သားများ၊ ဇာတ်ပို့ဇာတ်ရံများ၊ ကိုလူချောများအဖွဲ့ကဲ့သို့ နေ့စား လူကြမ်းသရုပ်ဆောင်များသည်လည်း အကျပ်အတည်း ဖြစ်ရကြောင်း ဦးဇင်ဝိုင်းက ပြောသည်။

“ရုပ်ရှင် လောကသားများသည်လည်း မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားများ ဖြစ်သည်နှင့်အညီ၊ ကျနော်တို့နဲ့ ကျနော်တို့ လုပ်ကိုင်နေတဲ့ တရားဝင်လုပ်ငန်းများကို နိုင်ငံတော်ကနေ တရားဝင် အကာအကွယ်ပေးဖို့ လိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ ဖမ်းဆီး တရားစွဲဆို ခံထားရသော ကူးခွေရောင်းချသူများသည်လည်း သမ္မတနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ ကော်မတီ၊ ကော်မရှင်များထံ အသနားခံစာများ ပေးပို့ထားပြီး နိုင်ငံခြားခွေ ပြန်လည် ရောင်းချခွင့်ရရှိရန် ဆန္ဒထုတ်ဖော်မှု ပြုလုပ်မည်ဟုလည်း သတင်းရရှိသည်။

“မြန်မာပြည်ကြီးမှာ ကူးခွေ ဖောက်သည်ပေးတဲ့သူတွေ မရှိကြတော့ဘူးဆိုရင် မရောင်းတော့ပါဘူး။ အရင်းအနှီးမရှိလို့၊ ဘာမှ လုပ်စားစရာမရှိလို့ ရောင်းပြီး ပြန်ပေးစနစ်နဲ့ ရောင်းရဦးမှာပါ။ အခု ဖောက်သည်ပေးတဲ့သူလည်း ရှိနေပါတယ်။ လုံးဝ ပျောက်မသွားပါဘူး” ဟု လှိုင်သာယာမြို့နယ်မှ ကူးခွေရောင်းသူတဦးက ဆိုသည်။

ဦးဇင်ဝိုင်းက “ခိုးကူးခွေလောက လုံးဝ ပြိုပျက်သွားအောင် ကျနော်တို့ ရင်ဆိုင် တွန်းလှန်သွားမှာပါ။ ခိုးကူးခွေ ရောင်းချမှုဟာ မရှိဆင်းရဲသားတွေအတွက် လွယ်ကူတဲ့ အသက်မွေးဝမ်းကြောင်းမှုတင် မဟုတ်ပါဘူး။ ကွန်ရက်ကြီး တခုနဲ့ ဒုစရိုက်လုပ်ငန်းကြီးတခုလို နောက်ကနေ ငွေပင်ငွေရင်းနဲ့ ကျောထောက်နောက်ခံပြုပြီး မြန်မာတနိုင်ငံလုံးကို ဖြန့်ချိနေတဲ့ တရားမ၀င် လုပ်ငန်းကြီးပါ” ဟု ဆိုသည်။

တရားမ၀င် ခိုးကူးခွေကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချနေသည့် ဆိုင်ကြီးတဆိုင်သည် တနေ့ဝင်ငွေ သိန်းတရာ နီးပါးရှိပြီး မြန်မာ့ရုပ်ရှင် ဗီဒီယိုလောကမှ ထွက်ရှိသည့် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကား၊ အငြိမ့်၊ လက်ဝှေ့၊ အမ်တီဗီ ရိုက်ကူးထားသည့် သီချင်းများ၊ ထို့အပြင် ညစ်ညမ်းရုပ်ရှင်များ အစရှိသည်တို့ကို ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း သိရသည်။

“ဥာဏပစ္စည်း မူပိုင်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို ကျနော်တို့ လေးစားရမယ်။ သူတပါးရဲ့ ဖန်တီးမှုကို လေးစားတန်ဖိုးထားတာဟာ ကျနော်တို့နိုင်ငံရဲ့ ဖန်တီးမှုကို လေးစားတန်ဖိုးထားရာ ရောက်ပါတယ်။ ကျနော်တို့နိုင်ငံက ဥာဏပစ္စည်းမူပိုင်ခွင့်ကို မလေးစားဘူးဆိုရင် ကျနော်တို့နိုင်ငံဟာ ရိုင်းစိုင်းတဲ့ လူ့အဖွဲ့အစည်းထဲမှာ ရှိနေဆဲပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်မှာပဲ” ဟု မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပညာရှင်တဦးက ဆိုသည်။

အသစ်ပြန်လည် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် ရုပ်ရှင် အစည်းအရုံးတို့သည် ဂီတနှင့် ရုပ်ရှင်လောကကို ကာကွယ်ရန် ခိုးကူးခွေများ လိုက်လံဖမ်းဆီးနေသော်လည်း မြန်မာသီချင်း အများစုမှာ အနောက်တိုင်း တေးသီချင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား တေးသီချင်း သံစဉ်များကို ကူးယူသီဆိုထားသည့် ကော်ပီသီချင်းများ ဖြစ်နေခြင်း၊ မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုနှင့် အမ်တီဗီများမှာလည်း ဇာတ်လမ်း အစအဆုံး ကူးယူမှု၊ ဇာတ်ကွက် ကူးယူမှုတို့ ပြုလုပ်နေကြခြင်းတို့အပေါ်လည်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။


22 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. If they respect copyrights, they should be sued by themselves first. They should not copy foreign songs and story. They are also somekind of thieves.

  2. နိုင်ငံခြား ကားတွေ ဘာကြောင့်လူကြည့်များလဲ…ရှင်းရှင်းလေးပါ…ဗမာကား တွေထက် ပိုပြီးကြည့်ကောင်း လို့ပေါ့….အဆင့်အတန်း ရှိရှိ နဲ့ ဇတ်လမ်းကောင်းကောင်း ဗမာကား တွေရိုက်နိုင်ရင် အားပေးမဲ့ သူတွေ အများကြီးပါ….မခံချင်ရင် သူတို့လို ကောင်းအောင် ရိုက်ကြပေါ့….စီးပွါးရေး တခုထဲကြည့်ပြီး ရိုက်နေလို့ကတော့ အလားပေးတောင် အချိန်ကုန် ပါတယ်ဆိုပြီး မကြည့်ချင်တဲ့ သူတွေ အများကြီး ဆိုတာ သဘောပေါက်ကြပါ..

  3. ပြည်တွင်းခိုးကူးခွေ ကိုတော့ ဖမ်းလို့ရပေမဲ့ နယ်စပ်ဒေသအသီးသီးမှာရှိတဲ့ တဖက်နိုင်ငံ နယ်စပ်မြို့ ရှမ်းမြောက် မူဆယ်မှာဆိုရင် ကျယ်ဂေါင် ရွှေလီ စတဲ့ နယ်စပ်မြို့များအားလုံးမှာ နိုင်ငံခြားခိုးကူးခွေ ရှိသလို မြန်မာရုပ်ရှင် ကားများကိုလည်း ခိုးကူးပေးပါတယ်။ အဓိကအားဖြင့် မူဆယ်မြို့ကမြန်မာနိုင်ငံသားလုပ်ငန်းရှင်များက လုပ်ကိုင်ကြပါတယ်။ သိန်းဂဏန်းထောင်ချီလုပ်ကိုင်ကြပါတယ်။အဲဒီလိုပဲ ထိုင်းနယ်စပ် အိန်ဒယိယနယ်စပ် တွေမှာလည်း လုပ်ကိုင်ကြတယ်လို့ပြောတယ်။ တရုတ်ပြည် က စီဒီခွေကလည်း ဈေးသက်သာလွန်းလို့ အလကားပေးသလား အောက်မေ့ရတယ်။အဲဒီလို စီဒီခွေလွတ်တွေနဲ့ကူးပြီး အသင့်ကူးပြီးခွေများကို သုံးခွေ တစ်ထောင် လေးခွေ တစ်ထောင် စသည်ဖြင့် ရောင်းပေးပါတယ်။ကူးလို့ရတဲ့ခွေ မှန်သမျှ ကူးပါတယ်။ ရုပ်ရှင်ခွေ၊ ဂိမ်းခွေ ၊ ကွန်ပြူတာခွေ ၊ သီချင်းခွေ စသည်ဖြင့်အကုန်ကူးပါတယ်။ အဲဒါမျိုးတွေကို ဦးဇင်ဝိုင်း တို့ဘယ်လို့ဖမ်းမလည်း။ ကျနော်ကတော့ ညာဏမူပိုင်ခွင့် ကို သဘောကျသူပါ။ ခွေကောင်းခွေသန့် တရားဝင်ခွေ အောရယ်ဂျင်နယ်ခွေ ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ အားပေးကြည့်ချင်သူပါ။ တချို့က ကူးခွေက ၅၀၀ တည်းဆိုတော့ ကူးခွေကို ပဲ တခါတည်းဝယ်ကြည့်လိုက်တာပေါ့။ မူရင်းခွေဆိုရင် ဈေးကြီးတယ်လို့ပြောတယ်လေ။ အဲဒါမျိုးကိုလည်း ဖြေရှင်းပေးပါဦး။ အများ လက်ခံ ၀ယ်ယူ ကြည့်ရှုနူိုင်တဲ့နှုန်းထားလေးဖြစ်အောင် လုပ်ပေးစေချင်တယ်။ ကူးခွေကိုလည်း ဖမ်းတယ်။ တရားဝင်ခွေကျတော့ ဈေးနုန်းက မိုးထိအောင်မြင့်တယ်။ အလွယ်ဝယ်လို့မရဘူးဆိုတော့ ကူးခွေက ဘာကြောင့်ဖြစ်ရတယ်ဆိုတာပါ စုံစမ်းသင့်ပါတ ယ်လို့ အကြံပြုတင်ပြအပ်ပါတယ်။

  4. ကိုရာဇာပြောသလိုပါပဲ မြန်မာဗီဒီယိုကားတွေရဲ့အဆင့်အတန်းကိုလည်းပြန်လည်စိစစ်ပေးပါအုံး
    ဦးဇင်ဝိုင်း၊အနီးစပ်ဆုံးအိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံထုတ်ဗီဒီယိုကားတွေကိုတောင်မှီလို့လား
    တရုပ်တို့ အိန္ဒြိယတို့ကကားတွေကိုဆိုရင်တော့ခြေဖျားတောင်မမှီပါဘူး၊အကြောင်းရင်းကကျ
    နော်တို့နိုင်ငံကထုတ်လုပ်သူများရဲ့ငွေအရင်းအနှီးနဲနဲ၊အချိန်တိုတိုအတွင်းကားတကားဖြစ်အောင်
    တက်သုတ်ရိုက်စီစဉ်ပြီးအမြတ်ရရေးကိုသာဦးစားပေးထုတ်လုပ်နေမှု၊ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှုကိုမစစ်ဆေး၊လူငယ်ကြိုက်ဖြစ်ပြီးရောစသဖြင့်ပြီစလွယ်ရိုက်ကူးထုတလုပ်နေမှုများကြောင့်
    ရုပ်ရှင်ကားတွေကတဖြေးဖြေးအဆင့်အတန်းနိမ့်လာပြီး၊တကယ့်ရုပ်ရှင်ရဲ့အဆင့်အတန်းနဲ့အနှစ်
    သာရကိုအဓိကထားကြည့်တဲ့ပရိတ်သတ်ကလက်မခံတော့လို့ဗီဒီယိုအခွေတွေမရောင်းရတော့
    တာလည်းပါနေတယ်ဆိုတာကိုအဓိကထားအသိပေးဆောင်ရွက်သင့်ပါတယ်။

  5. ခိုးယူတာ၊ ခိုးကူးတာကိုဖမ်းဆီးတယ်ဆိုတာသဘာဝကျပါတယ်၊ ဒါပေမဲ့ကိုယ့်ရဲ့လောက
    သားတွေ ဖန်တီးထုတ်လုပ်နေတဲ့ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းတွေကရော ခိုးယူကူးချထားမှုကင်းရှင်း
    ဖို့တော့လိုလိမ့်မယ်၊ နောက်ပြီး အဆင့်အတန်းရှိတဲ့အနုပညာဖန်တီးမှုတွေကို ဖန်တီးနိုင်မှ
    အဆင့်အတန်းရှိတဲ့တန်ဖိုးသတ်မှတ်မှုကိုခံရလိမ့်မယ်၊ ကိုယ်ပေးသလောက်ပဲ ကိုယ်ပြန်ရတာ
    လောကသဘာဝပါ၊

  6. ရေဒီယိုကမာရွတ်

    ကူးခွေရောင်းတဲ့သူတွေကလိုင်းကြေးပေးပြီးရောင်းနေကြတဲ့သူတွေပါ နောက်ပြီးမရှိဆင်းရဲ
    သားတွေမဟုတ်ပါဘူး အမြတ်အစွန်းက အရမ်းကောင်းလို့လုပ်စားနေတာပါ တချို့ဆိုရင် ရဲသိမ်းထားတဲ့ခွေတွေ ပြန်ရောင်းပေးနေကြတာရှိပါတယ် တချို့ခွေတွေက တရုတ်ကလာတယ်ဆိုပေမဲ့ ဒီမှာတင် ဟိုခွေ ဒီခွေ အဟောင်းတွေပေါင်း မျက်နှာဖုံးပြောင်းပြီး Production လုပ်ရောင်းနေကြတာပါ နောက်ကွယ်က ထုတ်လုပ်သူများက အင်တာနက်လိုင်းကောင်းတဲ့ အစိုးရ ရုံးဝန်ထမ်းတွေနဲ့ပေါင်း ၊ ဒေါင်းလုပ်လုပ်ပြီး video production လုပ်ပေးနေတဲ့ video master များကို ဖော်ထုတ်ပါမှ ဆင်ဆာမဲ့ကားပြသနာပျောက်သွားမှာပါ ၊ english ကားရောင်းတယ် ဆိုပေမဲ့ ဘယ်ဆိုင်မဆို မြန်မာကားနဲ့ ညစ်ညမ်းကားရောင်းပါတယ် မေးလိုက်ရုံပါဘဲ အဲ့ဒီတော့ ဘာကားရောင်းရောင်း ဖမ်းပစ်တာ အကောင်းဆုံးပါပဲ မှတ်လောက်အောင်လုပ်မှရမှာပါ မြို့နယ် အဆင့်လောက်နဲ့ဖမ်းလို့မရပါ စည်းကမ်းမဲ့ လမ်းဘေး ခွေရောင်းသူတွေက သနားစရာမဟုတ်ပါ လမ်းဘေးမှာ စည်းကမ်းမဲ့ ငါးကင်ရောင်းသူတွေလည်း ကားပါကင်ကို လပေး ၂သိန်းလောက်ပေးပြီး သူဌေးဖြစ် ရောင်းနေကြတာပါ အောက်ခြေကို မြို့နယ် အဆင့်တွေမှာ ရဲနဲ့ စည်ပင်တွေ လဒ်စား ဖေါက်ပြန်နေကြတာတွေကို ဆင်းကြည့်ပြီး အကျင့်ပျက်ဝန်ထမ်းများ အားလုံးကို ထိထိရောက်ရောက်အရေးယူပေးပါရန်

    အကြောင်းသိတစ်ဦး

    • မြို့ နယ် မူပိုင်ရှင်တစ်ဦး

      ရေဒီယိုကမာရွတ်ပြောတာကိုထောက်ခံပါတယ်။နယ်မှာတောင် မြန်မာခွေ ခိုးငှားတာဖမ်းရင် ရဲ ကို ဘယ်ရပ်ကွက်၊ဘယ်လမ်းက ဘယ်သူ လို့ တောင်မပြောရဲဘူး။ပြောလိုက်တာနဲ့ သတင်းသွားပေးတော့တာပဲ။တကယ်သွားဖမ်းရင် ဘာမှမမိတော့ဘူး။
      တကယ့်အခါခါကြုံ ခဲ့ရတဲ့ ကိုယ်တွေ့ ပါ။

  7. ကလေးတွေတွေရဲ့ကာတွန်းကကားကောင်းကောင်းတွေဟာနီုင်ငံခြားကားတွေမှာပဲရှိတာပါအဲဒါလေးတွေတော့တရားဝင်ရောင်းနှိင်အောင်လုပ်ပေးသင့်ပါတယ်ဒီမိုကရေစီနှိင်ငံဆိုပြီးသူများတွေ
    ရဲ့အနုပညာမူပိုင်ခွင့်ကိုခိုးစားနေတာတော့မကောင်းပါဘူးနိုင်ငံတကာရဲ့ကျင့်ဝတ်ကိုမြန်မာတွေလိုက်နာဖို့အများကြီးကြိုးစားရပါမယ် Chicken Run ဆီုတဲ့ကားလေးကြည့်ကြပါဗျာ။

  8. Of course original DVD is expensive and should consider millions of dollars have been invested to produce the movie or song ( Time, Money, Idea, Creativity etc;).
    Illegal copying is stealing and cost nothing.

  9. ခိုးကူးခွေလို့ပြောပြီး သူ့တို့ထုတ်တဲ့ Master အခွေကရော Quality ဘယ်လောက်ကောင်းနေလို့လဲ။ ဈေးနှုန်းကမိုးထိခေါင်နေပြီး အခွေ Quality ကျတော့ ခိုးကူးခွေလောက်တောင် မကောင်းဘူး။ 100 တန် အခွေလွတ်နဲ့ကူးပြီး ပုံနှိပ်ရိုက်ထားတဲ့ စတေကာလေးကပ်လိုက်တာနဲ့ Master အခွေ လို့ဖြစ်သွားတာလား။ သူများနိုင်ငံတွေက Masterခွေ တွေကိုကြည့်လိုက်ပါ။ ဆီနဲ့ရေလို ကွာခြားလွန်းတယ်။ ရိုက်ကွက်၊ အသံပိုင်း၊ အခွေ အရည်အသွေး အားလုံးပေါ့ဗျ။ ဘာမှကိုမမှီတာ။ မှီတာတစ်ခုတော့ရှိတယ် အခွေဈေးပေါ့ဗျ။ကြည့်ရှုသူတွေ မကြည့်ရအောင် နိုင်ငံခြားရုပ်ရှင်တွေ၊ နိုင်ငံခြားသီချင်းတွေ ပိတ်ပင်ပြီး အခုလုပ်နေတဲ့ ထုတ်လုပ်သူတွေ အဆိုတော်တွေ ဒါရိုက်တာတွေရော ဒီနိုင်ငံခြားရုပ်ရှင်ကိုပဲ မှီးငြမ်း ခိုးချနေကြတာမဟုတ်လား တချို့ဟာတွေဆို ချွတ်စွတ်ကိုတူနေတာပဲ။ နောက်တစ်ခုက ဒီလို ပိတ်ပင်လိုက်တဲ့အတွက် ပိတ်ပင်တဲ့နေရာမှာ ပြန်အစားထိုးမှုလုပ်မပေးနိုင်ပဲ ဒီလိုပဲဖမ်းဆီးနေရင်တော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖျော်ဖြေရေး ဆိုတာ မရှိတော့ပဲ ခံစားချက်ကင်းမဲ့တဲ့လူဘိန်း တွေပဲဖြစ်ကုန်လိမ့်မယ် ဆိုတာကို မသိကြတာလား။ မြန်မာရုပ်ရှင်၊ မြန်မာ့ ဂီတက ဘာလဲ။ ဘယ်အချိန်ပဲကြည့်ကြည့် ပျဉ်းမငုတ်တို နဲ့မတက်လာဘူး။ မြန်မာ ဗီဒီယိုကား ဇာတ်လမ်းကြည့်လိုက်ပါ ဟာသကားနဲ့ကိုမတက်လာဘူး၊ ကြည့်လိုက်ရင်လည်း ဇာတ်လမ်း အစလေး ကြည့်လိုက်ရုံနဲ့ တကားလုံးကိုပြီးအောင်ကြည့်စရာမလိုဘူး။ ဇာတ်လမ်းတွေတော်တော်များများက ဆင်တူယိုးမှားတွေချည်းပဲ။ အခုရိုက်နေတဲ့ ဇာတ်လမ်း၊ MTV၊ သီချင်း ဒီဟာတွေကိုရော နိုင်ငံခြား ကနေခိုးချနေတာပဲမဟုတ်လား၊ ကိုယ်ကိုယ်တိုင်က ခိုးချပြီး ကျန်တဲ့သူတွေကို ခိုးတယ်ဆိုပြီး ဖမ်းတာကဘာလဲ။ မြန်မာရုပ်ရှင်ကို ကြည့်လိုက်ရင် ဘာမှခေတ်မှီတာမတွေ့ရဘူး။ အိမ်ပုံစံလေးရိုက်ပြတောင် ဒီအိမ်တစ်ဆောင်က ဇာတ်ကား တော်တော်များများမှာကို တွေ့ရတယ်။ အနောက်တိုင်း ရုပ်ရှင်တွေကိုကြည့်လိုက်စမ်းပါ ခေတ်ရှေ့ပြေးနေတဲ့ ကားတွေလည်းအများကြီး။ ကျွန်တော်တို့ ခေတ်မှီပြီး အတွေးသစ် အမြင်သစ်တွေ ရလာတာလည်း ဒီ အနောက်တိုင်းရုပ်ရှင် တွေ က တဖက်တလမ်းက အထောက်အကူပြုထားတယ်။ အခုဗျ တရားခွေကိုတောင်ဖမ်းနေရင် သာသနာပြန့်ပွားရေးဆိုတာကို ပိတ်ပင်တာနဲ့ အတူတူပဲ။ ဆင်ဆာတင်တဲ့ တရားခွေကိုမှဝယ်ပြီး တရားနာရမယ်ဆိုရင် တစ်ခွေကို 1500 လောက်ရှိနေတဲ့တန်ဖိုးကို ဆင်းရဲသားလူတန်းစားတွေ တရားတော်တွေကို နာယူလို့ရနိုင်ဦးမလား။ အဲဒါတော့ တော်တော့ကိုရုပ်ဆိုးလွန်းတယ်။ ဘယ်အရာမဆို တစ်ခုခု ကို ပြောင်းလဲတော့မယ်ဆိုရင် ပြန်အစားထိုးဖို့အဆင်သင့်လုပ်ထားရတယ်။ စဉ်းစားကြစမ်းပါဗျ အခုလုပ်နေတဲ့လုပ်ရပ်တွေ လမ်းကြောင်းမှန်ကန်ရဲ့လားဆိုတာ ကိုသေချာစဉ်းစားစေချင်တယ်။ တာဝန်ရှိတဲ့ အထက်လူကြီးပိုင်းတွေလည်း ဒီဟာကို သေချာစီစစ်ပေးစေချင်ပါတယ်။

    • ကွန်မန့်လေးကောင်းလို့ထောက်ခံအားပေးလိုက်ရတာပါ။ မှန်ပါတယ်ခင်ဗျာ အခုဆိုရင်ကျွန်တော်တို့မြန်မာပြည်သားများဟာဗမာကားဆိုသိပ်ပြီးကြည့်တဲ့သူအလွန်ရှားသွားပါပြီ။နိုင်ငြိံခားကားကိုပဲအလေးထားပြီးကြည့်နေကြတာများပါတယ်။ဒါဟာဘာလဲဆိုတာရှင်းနေပါတယ်။မြန်မာပြည်သားတွေဆိုတာဟာလဲ အတွေးအခေါ်အဆင့်အတန်းတွေမနိမ့်ကျတော့ပါဘူး။အဲ့ဒီတော့မြန်မာရုပ်ရှင်အစည်းအရုးံအနေနဲ့အတွေးအခေါ်မြင့်မားပြီးဘယ်နိုင်ငံကမှမှီငြမ်းကူးယူတာမျိုးမရှိပဲမြန်မာကိုယ်ပိုင်စိတ်ကူးပုံစံများနဲ့ဖေါ်ထုတ်ထားတဲ့အနုပညာများကိုပရိတ်သတ်ကိုချပြကြပါ။

  10. သွားလေသူဦးကျော်ဆန်းကိုနိုင်ငံခြားအခွေရောင်းသူတွေကကျေးဇူတင်နေကြတယ်။အခုတင်လိုက်တဲ့ခေါင်းဆိုသူက သာကူကြီးဆိုပါလာ အနှစ်၂၀ကျော်ကောင်းကောင်းငွေရှာပြီး သည်ဘက်ခေတ်မှာလည်းဆရာကြီးဝင်လုပ်နေတာတော့မမိုက်ဘူး။ သူကိုအပြင်လောကတော်တော့များများကမကြိုက်ကြဘူး ဒါကြောင့်အခွေရောင်းသူတွေရုပ်ရှင် အစည်းရုံးရှေမှာသွားပြီးဆန္ဒထုတ်ဖေါ်ကြမယ်လိုသိရတယ် သူကိုလည်းဒီနေရာကနုတ်ထွက်ပေးဘို.တောင်းဆိုကြမယ်လိုသိရပါတယ်။

  11. အေးချမ်းဟန်

    ရှင်းရှင်းပြောရရင် ဈေးလည်းသက်သာတယ်။ ကြည့်လို့ကောင်းတယ် ဒါကြောင့်
    ကြည့်နေတာပါ။ ကိုရီးယားကားဆို ပိုတောင်ကောင်းတယ်။ အင်္ဂလိပ်အား မြန်မာစာတမ်းထိုး
    တစ်ခွေလောက်ဆိုရင် အင်္ဂလိပ်စကား သင်ယူဖို့တို့အတွက် အထောက်အပံ့ရလို့ ကလေးတွေကို ကြည့်ခိုင်းတယ် ၊ ၂ခါ ၃ခါ ကြည့်ရင် သူတို့ နားထောင်နိုင်စွမ်းအားတက်လာတယ်။ ကလေးငယ်လေး
    တွေကို ကာတွန်းကား လေးတွေပေးကြည့်တယ်။အနုပညာလောကသားက လူနည်းစုပါ။ မင်းသားသမီး ဈေးနှုန်းနဲ့ လူကြမ်း၊ မှန်ထိုး ဈေးနှုန်းလည်းမျှတအောင်လုပ်ပါဦး၊ ကိုယ်အရည် အချင်းကို ကိုယ်မသုံးသပ်ဘဲ ဆင်ဆာကြောင့် ခိုးကူးခွေကြောင့် လက်ညိုးထိုးတယ်။ နည်းပညာတိုးတက်လာတာကို
    တော့ တားဆီးလို့မရဘူး။ မူပိုင်ခွင့်ဆိုလို နံမယ်ကြီးအနုပညာသည်တွေ ဘယ်လောက်လိုက်နာသလဲ
    လိုက်နာသူတချို့တော့ရှိကောင်းပါတယ်။ တရားဝင်ဆိုရင် ရောင်းတဲ့လူလည်း လိုင်းကြေးပေးစရာ မလိုဘူး

  12. ရေဒီယိုကမာရွတ်ကြီးရေ ပြောနေတာရုပ်ရှင် နဲ့ အခွေလောကအကြောင်းနော်………

  13. သေမင်း

    ဖမ်း ဖမ်း ဆိုရင် ကော်ပီ သီချင်း ကော်ပီ ရုပ်ရှင် သမားတွေ အရင် ဖမ်း ရ မယ်
    ဘယ်မှာလဲ ကိုယ်ပိုင် အနုပညာ

  14. Kyeemyidain Batok

    နယ်မှာက ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေတယ်။ ဗမာခွေတွေကိုပေါ်တင်ရောင်း နိုင်ငံခြားခွေမရောင်းတဲ့။ ဒါဟာတို့ဗမာပြည်။

  15. ဦးဇင်ဝိုင်းရေ..ကျွန်တော်က ပခုက္ကူမြို့မှာ မြန်မာကားဖြန့်ချီနေသူတစ်ဦးပါ မူပိုင်ခွင့်ကို မူပိုင်ခွင့်ဥပဒေနဲ့ဘဲ ဖမ်းဆီးအရေးယူပါဗျာ မြန်မာကားတွေ ကြည့်တဲ့လူ အများကြီးရှိနေပါတယ် မင်းသားဈေး မင်းသမီးဈေး မာစတာကြေး ဘာဈေးညာဈေး အစစဈေးကြီးပီး ဇာတ်လမ်းတွေက ဖန်တရာတေနေအောင်ညံ့နေလို့ ဈေးကွက်ပျက်တာပါ ခင်ဗျားတို့ရန်ကုန်ကထွက်သမျှ မကွေးတိုင်းကမ၀ယ်တဲ့ကားရှိခဲ့လို့လား နောင်ကြရင်တော့ ရှိလာတော့မှာပါ၊ ကော်ပီခွေသုံးလို့ဆိုပီးလိုက်ဖမ်းနေတော့ ဆိုင်တွေကပြုတ်ကုန်ပြီလေ.. မူပိုင်ကြေးလည်း ပေးဝယ်ထားရသေးတယ် 200 ကျပ်တန်တဲ့ မာစတာကို 450 ကျပ်နဲ့လည်းရောင်းချင်နေသေးတယ် တစ်ချပ်ကို 250 ကျပ် အမြတ်နဲ့ တစ်ပြည်လုံးအတွက် အချပ်ရေ တစ်သိန်းလောက်ပဲထားပါ သိန်းပေါင်း 250 ရနေဘီ မူပိုင်ကြေးလည်း ရထားပီးသား လောဘတော်တော်ကြီးပီး တစ်ဘို့ထဲကြည့်တဲ့ ရန်ကုန်ကထုတ်လုပ်ဖြန့်ချီသူများခင်ဗျား။ ကျွန်တော်တို့အိမ်မှာ ကျွန်တော်က မြန်မာကားဖြန့်ချီရေးလုပ်တယ် မိသားစု ၆ ယောက်ရှိတာ ၄တန်းကျောင်းသားတစ်ယောက်ပဲ မြန်မာကားကြည့်တယ် ၊ကိုယ့်မျက်ချေးကို ကိုယ်မြင်အောင်ကြည့်ပါဗျာ။

  16. မြို့ နယ် မူပိုင်ရှင်တစ်ဦး

    ကျွန်တော်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းက မြို့ နယ်တစ်ခုက မူပိုင်ကိုယ်စားလှယ်တစ်ဦးပါ။ကျွန်တော်တို့ မြို့ နယ်မှာ မြန်မာဇာတ်ကားခွေတွေကို ရန်ကုန်မှာ မနက်ထွက်ရင် နေ့ လည်ပိုင်းနဲ့ ည ပိုင်း ကျွန်တော်မြို့ ကို Express ကားသမားတွေကတဆင့် ခိုးငှားတဲ့သူတွေဆီကို တန်းရောက်ပါတယ်။ကော်ပီ မဟုတ်ပဲ မာစတာခွေတွေပါ။အချပ်ပိုတွေမတရားဝယ်ပြီးတဆင့်ပြန်လည်ရောင်းနေတဲ့ ရန်ကုန်အခွေအငှားဆိုင်တွေကိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်ပေးသင့်ပါတယ်။ရန်ကုန်မှာထိထိရောက်ရောက်အရေးယူဆောင်ရွက်မှသာလျှင် နယ်ဖြန့် ချိရေးတွေကော၊အငှားဆိုင်တွေပါ အသက်ရှူချောင်ပါလိမ့်မယ်။နယ်မှာ တစ်စစီလိုက်ကောက်နေရမယ့် အစား ရန်ကုန်မှာ ပပျောက်အောင်နှိမ်နင်းမှသာ ရုပ်ရှင်နှင့် ဗီဒီယိုလုပ်ငန်း အသက်ဆက်ရှင်နိုင်မှာပါ။အပေါ်ကနားမလည် ပါးမလည်ပြောနေတဲ့သူများ သူတို့ ကိုယ်တိုင်ဒီအလုပ်မလုပ်ဘူး မခံစားဘူးသေးလို့ ကိုယ်ချင်းမစာတာဖြစ်နိုင်ပါတယ်။ကိုယ့်ပစ္စည်း အခိုးခံရတာကို အကြိမ်ပေါင်းများစွာ ရက်ရက်ရောရော ကြည်ကြည်ဖြူဖြူ ဘယ်သူတွေ လုပ်နိုင်မလဲဆိုတာကို အပေါ်ကအခွေဖမ်းဆီးခြင်းအပေါ် လျှောက်ပြောနေတဲ့ ဆရာကြီး၊ဆရာမကြီးများကို ကျွန်တော်က မေးလိုက်ချင်ပါတယ်။

  17. ကျော်ကျော်ဦး

    မြန်မာ့ရုပ်ရှင်လောက အရင်တိုးတက်အောင်လုပ်ရမှာပါ
    ဦးဇင်ဝိုင်း အတွက်တော့အရမ်းပင်ပန်းပါတယ် ဖြစ်ချင်စိတ်တွေများနေပါတယ်
    အခုအနုပညာသမားတွေက သူ့ပညာနဲ့သူပေါ့ ဦးဇင်ဝိုင်းတို့ခေတ်ကလို့ဇာတ်ကားတစ်ကားဖြစ်ဖို့သူ့တာဝန်နဲ့သူ့ပီပြင်ကြပါတယ်
    အခုခေတ် ပေါ်ပျူလာဖြစ်ဖို့လောက်အတွက်ပဲစိတ်ကူးနေကြတာ

  18. မြန်မာရုပ်ရှင်အခုကားတွေကိုတော့ အကြည့်ဖြစ်တာကြာပါပြီ.. ဗီဒီယိုဆိုရင် ငှားတောင်မကြည့်ဘူး တီဗီကလာမှ တခါတခါကြည့်မိတယ်… ဇတ်အိမ်ကလဲ မခိုင်.. ဘာဖြစ်မယ်ဆိုတာကို ကြိုသိနေလို့ဘဲ
    ဒါတောင် ထုတ်လုပ်သူတွေအရင်းမပြုတ်တာ အံ့သြောမိလို့ပါ အံ့ရောအံ့ရော

  19. ကိုယ့်ခွေကို ခိုးကူးတာမကြိုက်ရင် သူများတွေဆီက (အနောက်နဲ့ တခြားနိုင်ငံတွေ) အနုပညာတွေကိုလည်း မခိုးနဲ့.. ဒါမှ တရားမျှတမယ်.. ဒါမှ ကိုယ့်ခွေကို အားပေးမယ်… ဒေါင်းကသလို မလုပ်ပါနဲ့.. ရှေ့က လှတယ်ဆိုလို့ မြောက်ကားကြီးလုပ်နေ နောက်က ဖင်ပေါ်နေပြီ…