အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဇာတ်လမ်းကြီး | ဧရာဝတီ
သူ့အတွေး သူ့အမြင်

အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဇာတ်လမ်းကြီး

Hits:10,958
  | |

စက်တင်ဘာလ ၂ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသားများနှင့် ပြန်တော်ပြန် ABSDF ခေါင်းဆောင်များ တွေ့ဆုံကြစဉ် (ဓာတ်ပုံ – ဧရာဝတီ)

သည်ရက်ပိုင်း သည်ကာလပိုင်းအတွင်း ကြားရတာတွေ သိရတာတွေကတော့ ဝမ်းနည်းဖွယ်ရာတွေ စိတ်မကောင်း စရာတွေ များနေသည်။ ဘာတွေများ ကြားရလို့ ဘာတွေကို စိတ်မကောင်း ဖြစ်နေတာတုန်း လို့ မေးမယ့်သူလည်း ရှိပါ လိမ့်မည်။ လူတွေ တဦးနဲ့တဦး တယောက်နဲ့တယောက် ကြည့်မရသလိုလို ရန်လိုနေသလိုလို ဖြစ်နေတာကြောင့်လို့ ဆိုရပါမည်။

တဲ့တဲ့ပြောစမ်းပါဗျာ၊ တိတိလင်းလင်း ပြောစမ်းပါဗျာဟု တောင်းဆိုလာသူ မိတ်ဆွေများလည်း ရှိသေးသည်။ ဟုတ်ကဲ့။ တဲ့တဲ့နဲ့ တိတိလင်းလင်း ပြောရမည် ဆိုပါက ကျနော်တို့မျိုးဆက်တွေ ညီညီညွတ်ညွတ် မရှိတာ ကို မြင်ရသောကြောင့်ပင်။ ကျနော်တို့ မျိုးဆက်ဆိုတာ ရှစ်လေးလုံးက ပေါက်ဖွားလာသော နိုင်ငံရေး သမား၊ တော်လှန်ရေးသမားများကို ဆိုလိုတာ ဖြစ်သည်။ နိုင်ငံရေး၊ တော်လှန်ရေး တိုက်ရိုက်ကိစ္စတွေကို မလုပ်တော့ဘဲ မီဒီယာလုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ လည်း ဒီအထဲမှာ ပါသည်။ အန်ဂျီအို လုပ်ငန်းတွေမှာ ကူးပြောင်းလုပ်ကိုင် နေသူတွေလည်း အကျုံးဝင်သည်။

အခုအခြေအနေက အရင်လို မဟုတ်တာတော့ သေချာသည်။ အရင်တုန်းက နိုင်ငံရေးအခြေအနေက တိုက်ရိုက် စစ် အုပ်ချုပ်ရေး အောက်မှာ ပြားပြားဝပ်နေခဲ့ရတာကို ဆိုလိုရင်းဖြစ်သည်။ အခုတော့ အတော်အတန် ပြောဆိုခွင့်တွေ ရလာ သည်။ အတော်အတန်လေး ပြောဆို၊ လုပ်ကိုင်၊ သွားလာခွင့် ရလာတဲ့ အပေါ်မှာ တချို့က ဂုဏ်မောက်လာသည်။ တချို့က မျက်နှာကြော ပြောင်းလာသည်။ တချို့က အိုက်တင်များလာသည်။ တချို့က ပဲများလာသည်။ အဲသည်မှာပဲ ဇာတ်လမ်းက စသည်လို့ ဆိုနိုင်သည်။ ဘာဇာတ်လမ်း စတာတုန်းလို့ မေးရင် ဖြေရပေတော့မည်။

အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဆိုသည့် ဇာတ်လမ်းကြီးပင် ဖြစ်ပေတော့သည်။ အပြင် ကကောင်တွေဟာ အပြင်မှာ လွတ်လပ်နေတိုင်း သူတို့ပြောချင်ရာ ပြောသည် ဆိုသည်ဟု အထဲကကောင်တွေက ထင်သည်။ အဲသည်တော့ အပြင်က ကောင်တွေ အထဲကို ပြန်လာရင် ဘယ်လို ဆက်ဆံရမှာလဲ ဘယ်လိုသဘော ထားရမှာလဲ ဆိုတဲ့ အယူအဆ ကလေးများ ဟိုမှာသည်မှာ ပြောနေ ကြတာကို ကြားရသည်။ အတွင်းကကောင်တွေက ပြည်ပရောက်နေသူများကို အပြင် က ကောင်တွေဟု အမည်သညာပေးသည်။ ဒို့ ရှစ်လေးလုံးမျိုးဆက်တွေ၊ တချိန်က လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေလို့ သတ်မှတ်နိုင်ဖို့ ဝန်လေးနေဟန် ရှိသည်။ ကျနော်ပြောတာ လွန်သွားတယ်ဆိုပါက တောင်းပန်သည်။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးလို့သာ မည်ရသည်ဟု ဆိုထားသည်။ အပြင်ကကောင်တွေကလည်း အထဲကကောင်တွေဟာ နှစ်ပေါင်း များစွာ ထောင်တန်းကျခဲ့တော့ ကက်ပယ်စီတီ အရာမှာ နိမ့်နေသေး သည်လို့ မြင်ဟန်ရှိသည်။ ငဒို့က အနောက် နိုင်ငံများမှာ တက္ကသိုလ်တွေတောင် တက်နိုင်ခဲ့တာမို့ သူတို့ထက် ပိုတတ်ပိုသိသည်ဟု ထင်နေသူ တချို့လည်း ရှိသည်။ အထဲကကောင်တွေ နိုင်ငံတကာ မျက်နှာစာကို ဒို့လောက် နားမလည်သေး ဟုလည်း တချို့ကလည်း ထင်ဟန်ရှိသည်။ ဒါကြောင့် အထဲကို ပြန်ဝင်ပြီး သင်းကလေးတို့ကို ကက်ပယ်စီတီ မြှင့်တင်ပေးဖို့ လုပ်ပေးရမည်ဟု ဆိုလာသူလည်း ရှိသည်။ တခါ အဲတာကို ပြောင်ထုတ်ပြောမိလို့ (စကားမပြော တတ်တာလည်းပါ) မျက်နှာစာအုပ်တွေမှာ အဝေဖန်ခံရသည်။ အဆဲခံ ရသည်။ အကောင်းမြင်နဲ့ ဝေဖန်သူရှိသလို အပြင်ကကောင်တွေဆိုရင် မစွံပါဖူး၊ သည်လိုချည်းပဲဟု ဝေဖန်သူများလည်း ရှိနေသည်။

အပြင်ကကောင်တွေ မှာလည်း လူဆိုးလူကောင်းရှိသည်။ ကြွားဝါတာကို ရှေ့တန်းမတင်သူ တွေ ရှိသလို သောက်ကြွား ပိုလွန်း သူများလည်း မနည်းလှ။ အခွင့်ရေးမမက်သူနှင့် အခွင့်ရေးမက်မောသူ ဟူ၍လည်း ရှိသည်။ ဗိုလ်လုပ်ချင်သူ ရှိသလို ပူးပေါင်းဆောင်ရွက်တာမျိုးကို လိုလားသူလည်း ရှိသည်။ ဂိုဏ်းဂနစွဲ ရှိသူတွေ ရှိနေသေးသလို ပကတိ အခြေအနေတွင် လက်တွေ့လုပ်နိုင်တာကို လက်တွေ့ လုပ်လိုသူများလည်း ရှိသည်။ နာမည်ရှိထားသူများနဲ့ တပူးတွဲတွဲလုပ်ရင်း ကိုယ့်ကိုယ် ကို လူသိအောင် လုပ်လိုသူများလည်း ရှိသည်။ အပြင်မှာ နေတာကြာပြီဆိုတော့ အဆက်အသွယ်ကောင်း ဒိုနာကောင်းတွေ ရထားသူ တချို့လည်း ရှိနေသည်။ သူတို့က အထဲကိုဝင်လိုသည်။

ဝင်လာသည့်သူတချို့ကိုလည်း တွေ့နေရသည်။ ဘယ် ဒိုနာရဲ့ ပိုက်ဆံမှ မပါဘဲ ကိုယ့်တိုင်းပြည် အခြေအနေကို လက်တွေ့မျက်တွေ့ မြင်တွေ့လို၍ ကိုယ့်စရိတ်ကိုယ်စားပြီး ပြန်သွား ကြည့်သူများ လေ့လာသူများလည်း ရှိသည်။ အပြင်ကကောင်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေလို ကွန်ဖော့ဇုန် အတွင်းမှာ သက်တောင့်သက်သာ နေပြီး ဆရာလုပ်ချင်တဲ့ စိတ်ကများနေသည်ဟု ဆိုလာသူတွေလည်း ရှိသည်။ ငြင်းမရ ဟုတ်သင့် သလောက်လည်း ဟုတ်နေသည်။

အထဲကကောင်တွေရော ဘယ်လိုလဲ။ ကြားရတာက မသက်သာပါ။ အထဲကကောင်တွေလည်း ထင်ထားသလို ညီညွတ် ခြင်း မရှိဘဲ တိတ်တိတ်လေး ကွဲနေကြသည်တဲ့။ ရုံးခန်းကြီး ဖွင့်ထား၍ ပုံမှန်ရုံးတက်သူ တချို့ ရှိနေသော်လည်း ရုံးကို လုံးဝနီးပါး မလာတဲ့ သူများလည်း ရှိသေးသည်ဟု ကြားရသည်။ အပြင်ကကောင်တွေ အထဲအကြောင်း မသိဘဲနဲ့ ငါတို့ အထဲက ကောင်တွေကို ဆရာလုပ်တာ မကြိုက်ဟု ဆိုသူများလည်း ရှိသည်။ ဆရာလုပ်ခြင်းကို မကြိုက်တာ သဘာဝ ကျသည်။ ဆရာလာလုပ် သူကိုလည်း ပြောင်ပြောသင့်သည်။ သို့သော် အပြင်ကကောင်တွေဟာ ဆရာ သိပ်လုပ်ချင်တယ် လို့ အပြင်ကကောင်တွေ အားလုံးကို လုံးပြီး မပြောသင့်။ ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မ ခွဲခြားနားလည်ဖို့ တော့ လိုသည်။ ဒါ့အပြင် အထဲက ကောင်တွေကိုလည်း ဝေဖန်သူများ ရှိလာသည်။

မီဒီယာအားကောင်းသော၊ သံတမန်ရေးရာ အားကောင်းသော၊ နိုင်ငံခြားသားမျိုးစုံ ဝင်ထွက်သွား လာသော ရန်ကုန်တွင် သာ ပျော်နေသည်ဟု ဆိုသော စကားများ ဖြစ်သည်။ ဒါကို တချို့က ကွန်ဖော့ဇုန်ထဲမှာ နေလိုတာက လူ့သဘာဝ၊ ဘယ်သူ မှ ချင်းတောင်မှာ နာဂတောင်တန်းမှာ ကြာကြာသွား နေနိုင်ပါ့မလဲဟု ဖြည့်စွက်ကြသည်။ ဒါလည်း ဟုတ်သင့်သလောက် ဟုတ်နေသည်။ ဒါပေမယ့် နာဂတောင်တန်းကတော့ ဝေးလွန်းလှသည်။ ရန်ကုန်ကနေ သိပ်မဝေးတဲ့ တောနယ်တွေဖက် သွားပြီး လုပ်ကိုင်ပေးနိုင်တယ် ဆိုရင်တော့ သိပ်မဆိုးလှ။ ရန်ကုန်ကိုလည်း မကြာခဏ ပြန်နိုင်ဦးမည်။ နောက်တချက် ကတော့ အထက်ဗမာပြည်မှာ နိုင်ငံရေး အားမကောင်းလို့ နိုင်ငံရေးအားကောင်းရန် ကျုပ်တို့လာတာဆိုပြီး ပြောမိလို့ အထက်သားများ တရှုးရှုးဖြင့် နှာမှုတ်သံပြင်းနေတာ အပြင်ကတောင် ကြားနေရသည်။ အထက်အရပ် ရောက်တုန်း ရောက်ခိုက် မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးနဲ့ သီချင်းဆိုချင်တဲ့ ခေါင်းဆောင်တယောက်ကို အထက်သားများ မျက်မှောင်ကုတ် ပြီး ကြည့်နေတာကိုလည်း သတိချပ်ဖို့လိုသည်။

လူကြီးတွေ ပြောခဲ့ဖူးတာ တခု အမှတ်ရသည်။ ဘာကြောင့် မြန်မာပြည်မှာ ပြည်တွင်းစစ် သက်ဇိုးရှည်ရတာလဲ ဆိုတာကို ပြောပြခြင်းဖြစ်သည်။ တိုတိုဆိုရသော် မြန်မာနိုင်ငံရေးသမားတွေ အကွဲကွဲ အပြားပြားနဲ့ မညီညွတ်လို့ဆိုတဲ့ ကောက်ချက် ကို မှတ်သားရဖူးသည်။ ဒီခေတ်မှာလည်း မြန်မာနိုင်ငံရေး ခေါင်းဆောင် ကြီးငယ်လတ်တွေ မညီညွတ်ရင် ဘောင်းဘီချွတ် ထားတာ ပူပူနွေးနွေးသာ ရှိသေးတဲ့ ခရိုနီများရဲ့ အဘများနဲ့ စုဖွဲ့ထားတဲ့ အစိုးရသာ သက်ဆိုး ရှည်လိမ့်ဦးမည်ဆိုတဲ့ အဖြေကိုသာ တွက်ထုတ်လို့ရသည်။

နိဂုံးချုပ်သောအခါ အပြင်ကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ အထဲကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ ဝေဖန်ပြီးရင် ဘာလုပ်မတုန်း။ မျိုးဆက်တူ ညီအကို မောင်နှမ ရဲဘော်များ ထဲထဲဝင်ဝင် ပွင့်ပွင့်လင်းလင်း ညှိနိုင်းတိုင်ပင်ပြီး လုပ်စရာ ရှိတာတွေ လုပ်သင့်သည်။ အမြင်မကြည်လင် တာတွေကို အပြန်အလှန် ဆွေးနွေးပြီး သကာလ၊ အပြင်ကကောင်တွေ၊ အထဲကကောင်တွေ ဆိုတဲ့ ဝေါဟာရများလည်း ပျောက်ပျက်စေသတည်းလို့ ဆုတောင်းလိုက်သည်။

စာရေးသူသည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားလျက်ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်သည်။ ယခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးနှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့တွင် တာဝန်ထမ်းခဲ့ဖူးသည်။


WSJ LIVE VIDEO:

26 Responses

Leave a Reply

  1. Please take care of yourselves Pals!
    “Unity is Strength”. Once you all were united.
    Now…….

  2. Thanks for the analysis and advice. All 88ers -both in exile and inside -should refrain from emotionally reacting comments and criticisms appeared on the net. They DO NOT represent the people voice and opinion. Most of them are merely selfish and destructive rants. Pls note that less than 1% (0.7%) of Burma population use internet regularly. Of them, those who write “Anonymously” do not represent even themselves.

    • I don’t agree to you. If you really want to know people’desire,you should talk people. Only then you will know how we think of you,exile. We are not destructive. We only want the right thing.

  3. ကိုဇော်မင်း ရေးတာ ကောင်းသည်။ ထောက်ခံသည်။ အပြင်ကကောင် ဖြစ်ဖြစ် အတွင်းကကောင်ဖြစ်ဖြစ် တိုင်းပြည်ကတကယ်လိုအပ်နေသော လူထုအတွက် လူအများအတွက် နောင်အနာဂတ်အတွက် လူလူချင်းမတရားဖိနှိပ်ချုပ်ချယ်ခြင်းကင်းသော တော်တည့်မှန်ကန်သော တရားဥပေဒေ စိုးမိုးသော လူ့အခွင့်အေ၇းပြည့်ဝသော ပြည်နယ်ပြည်မ တန်းတူညီမျှသော ဒီိမိုကရေစီကျင့်သုံးသော တိုးတက်ဖွံ့ဖြိုးစည်ပင်သာယာသော မြန်မာပြည်ဖြစ်ထွန်းလာရေးကို ထောက်ရှုသောအားဖြင့် မိမိတို့ လူရာဝင်ချင်သော နာမည်ကြီးချင်သော ဆရာလုပ်လိုသော လူတတ်လုပ်ချင်သော ကြောချင်သောစိတ်ဓါတ်တို့ကိုပယ်ဖျောက်လျက် အားလုံးနှင့် လိုက်လျောညီထွေသောစိတ်ကို မွေးမြူလျက် နေထိုင်အသက်ရှင်ရန်အရေးကြီးနေပေသည်။ လူထုသည် ပင်းသော အသော နုံသော သူများမဟုတ်တော့ပါ။ လူတစ်ယောက် ပါးစပ်ဟလိုက်သည်နှင့် အူဘယ်ခွေ ဆိုတာ သိသူများလာပါပြီ။ သတိထားသင့်သည်။ စကားနည်းရန်စဲ၊ ခွေးဟောင်တိုင်းထကြည့် အိပ်ရေးပျက်၊ ခွေးကိုရန်မူ ရိုက်သောသူ ရိုက်သူလည်းခွေး ခွေးလည်းခွေး ဆိုတာကိုတော်တော်များများက လက်ကိုင်ထားသဖြင့် ထိုမောက်မာသူ ရှုးသွပ်သူတို့ ထကြွသောင်းကျန်းကြလေတော့သည်။မိမိတို့ပြည်သူအများ ရိုးသားသောပြည်သူများ လိုလားသောပန်းတိုင်ကိုအဓိကထားဖို့လိုသည်။ အပြင်ကကောင်တွေ အတွင်းကကောင်တွေ ပါဝါပြတာတွေကို မြင်ချင် ကြားချင်လိုစိတ်မရှီပါ။ နောက်တဖန် စစ်ဖနပ်အောက်မရောက်ချင်ပါ။ တိုးတက်သောနိုင်ငံလိုချင်ပါသည်။ တည်ငြိမ်အေးချမ်း ညီညွှတ်သောနိုင်ငံကိုလိုအပ်နေပါသည်။ အပြင်ကကောင် အတွင်းကကောင် ဟိတ်ကောင်တွေ တိတ်တိတ်နေ မကူညီချင်နေ မနှေက်ယှက်နဲ့။မင်းတို့ကြောင့် လူအများရည်မှန်းချက်မပျက်ပါစေနဲ့။

    • မောင်မောင်ပြောတာထောက်ခံပါသည်။စာရေးသူကိုလည်းထောက်ခံပါသည်။
      (အပြင်ကကောင် အတွင်းကကောင် ဟိတ်ကောင်တွေ တိတ်တိတ်နေ မကူညီချင်နေ မနှေက်ယှက်နဲ့။မင်းတို့ကြောင့် လူအများရည်မှန်းချက်မပျက်ပါစေနဲ့။)ဒီစာသားကို
      သာ၍သာ၍ထောက်ခံပါသည်။ Sကျင့်တွေကိုမြန်မြန်ပြင်ကြပါတော့မြန်မာပြည်သူပြည်
      သားတွေလည်းကမ္ဘာမှာမျက်နှာငယ်လှပါပြီ။ တိုင်းပြည်တိုးတက်ပြီးမှပြန်ရန်ဖြစ်ကြပါ။
      ခဏလောက်ဟန်ဆောင်ပြီးသည်းခံထားကြပါအုံး။ရွှေရည်စိမ်လွတ်လပ်ရေးကြီး
      ရထားတာကနေပျောက်သွားပါအုံးမယ်။တစ်ကယ့်လွတ်လပ်ရေးရတဲ့အထိညီညွတ်
      ပေးကြပါ။ မိုးသီးဇွန်တို့အုပ်စုတော့လက်မခံဘူးနော်ဒါကျွန်မသဘောထားဘဲ။
      သူတို့ဝင်လာရင်စစ်ထောက်လှမ်းရေးနှိပ်စက်တာထက်ဆိုးမယ်။အရင်စစ်အစိုးရခေတ်
      ကအမာခံပါဆိုပြီးစွပ်စွဲခေါင်းဖြတ်ခံရမှာကြောက်လို့ပါ။

    • Why don’t you care about people who got killed in 88 by non-government people. Why don’t you care about people died by bomb. And “လူထုသည် ပင်းသော အသော နုံသော သူများမဟုတ်တော့ပါ။” ? Yes, They are still Idiots. By new way.

  4. Why did you quote Chin Hill and Naga Hills.

    It is very obvious that all Burmeses brothers and sisters including the Tatmadaw thugs, Democrats and even the civilians do not want to stay at Chin Hills and Naga hills. Everyone knows it.

    We the people of Chin Hills and Naga Hills never invited the Burmese people ever. We don’t want the Burmese Colonalists in our ancestral land more than 100 times than the Burmese.

    So it is a win-win situation.

    Please withdraw all the suppressive Burmese Tatmadaw Thugs and Colonial Civil Servants from our ancestral land as soon as possible. USDP and NLD also should close their office.

    Let the land free of Burmese. all Burmese will be very happy as well as the Zomi and Nagas.

    Its a win-win solution.

    • အစ်ကိုရယ်ချင်းလူမျိုးတွေလည်းချင်းတောင်တန်းမှာမနေချင်လို့နိုင်ငံခြားကိုအများ
      ကြီးပြေးကုန်ကြပါပြီ။ ကိုယ့်လူမျိုးကိုကိုယ်နိုင်အောင်ထိန်းကြပါအုံး။ချင်းတောင်တန်း
      ကြွက်ကျလို့အလှူကောက်တာတောင်ထည့်ချင်ကြတာမဟုတ်ဘူး။
      ကျွန်မက ဗမာမဟုတ်ဘူးနော်တိုင်းရင်းသားဘဲ။

  5. That’s what Thein Sein want and things want to see from Than Shwe. Please unite each other. So that we can build our country.

  6. အင်မတန်မှကောင်းသည်အင်မတန်မှမှန်သည်အင်မတန်မှထောက်ခံသည်……

  7. Very good comments.

  8. သင်တီု့ ညီညွတ်ကြလော့စိတ်ကောင်းမွှေးကြလော့၊တစ်ဦးအပေါ်တဦးအမြင်ခြင်းမတူသည်ကိုညှိုလော.။

  9. ဟိန်းဇေ

    အထဲ နဲ့ အပြင်
    ဒီလိုအထင် နဲ့ ဟိုလိုအဆင်
    ညင်းချင်းတူတော့ ဆောက်တစ်လွဲ
    သူတို့ဖြစ်ချင်တာ ဘာတွေလဲ။

    (သူတို့အတ္တတွေနဲ့ မြန်မာပြည်လှမလာပါဘူး။)

  10. We do believe [ Unity is strength] but we don’t believe Dr Naing Aung and Moe the zun. If you don’t believe this,please do the signature campaingn. You will now people’s desire.

  11. စကားလုံး “ကောင်” အစား “လူ” ဟု သုံးနိုင်လျှင် ပိုကောင်းမည်။ အတိတ်က အပြန်အလှန်မိုက်ခဲကြသောကြောင့် ငွေစက္ကူတွင် နိုင်ငံသူရဲကောင်းဦးအောင်ဆန်းပုံ နေရာတွင် “အကောင်များ၊ ဆင်၊တိုးနယား၊မျောက်များ ၁၅၊ ၃၅၊ ၄၅၊ ၉၀ တန်များ)၊ ကျွန်တော်တို့ စာရေးသူ၏ စိတ်ထားများပြောင်းလဲမှ၊ စာဖတ်သူများ၊ နိုင်ငံဦးဆောင်သူ အစိုးရခေါင်းဆောင်၊ လူထုခေါင်းဆောင်များ စိတ်ထားပြောင်းမည်ဖြစ်ပါသည်။

    စိတ်နေစိတ်ထား (အားကစားစိတ်ဓါတ်)က ပိုပြီးအဓိကကျပါသည်။

    ညွှန်း
    မြန်မာ့ဒေါသ ကမ္ဘာကသိအောင် ကျွန်တော်တို့ မပြတော့ပြီ… (Wut Hmone)
    http://moemaka.com/?p=27141

    ဒီမိုကရေစီ ရေစီးထဲက ပညာတတ်တွေ (Pyay Say Nit)
    August 17, 2012
    http://moemaka.com/?p=26607

  12. Unity is strength, sharing the ideas and respect one another for their abilities. No one will divide the true inner spirit that you all have. Lets look for the country and the peoples future. We can unite and build for what we belief is called democracy. Transparency is the best thing we have to adopt. No one is above the law and every one shall enjoy under the laws protection. Once you respect and obey the law, the law shall grant you in a better life. We need the law , which can accept for all.

    We need manpower , who can guide the people, teach the people, show the people, respect the peoples and the country needs. A single man could not build a country, the country could not called who has only one person. The organization could not build by one person, even though he/she build that organization, is it not organization. It is call he or her view. I hope all of 88 generation will joint their hands and their spirit for the sake of the country and the people.

  13. Outsider once inside

    I am an outsider (once was an insider) who is considering visiting inside in the near future.
    I can tell you this! I don’t need to meet the media because most of them won’t be interested in my realistic life outside of Burma as an Engineer. I don’t have any plan or policy to impose for country’s future, especially with two weeks of (not a month) of vacation from my company. I’ll be lucky if my company grant long time of absence from my very demanding job.
    So, this is what I can ask people of Myanmar (Burma).
    (1)Can you show me how to take public transportation?
    (2)Can you show me Shwedagon Pagoda?
    (3)Can you show me a good authentic Myanmar (Burma) food?
    And this is what I can tell people of Myanmar (Burma).
    (1)I work for “XYZ” company and I’m an employee
    (2)I am visiting here because I want to have a glass of “Kyan Yay” (Sugar Cane Juice) and a bowl of “Mandalay Moant Tee” while visiting Mandalay
    (3)I was once attending R.A.S.U before I fled the country in 1988
    (4)I can’t share you a policy or roadmap for Myanmar (Burma) because my company does not produce such as thing and they won’t reward me even if I have one.
    People in real life have real jobs and their conversations are simple. I am very surprised the fact that some people without a real job can travel abroad and spend like celebrities. And without proper degree or having true career background, they can lay down a policy for a country and help others to earn better lives. HOW?

  14. ကျွန်တော့်အထင်ပြော၇၇င်………မြန်မာပြည်ကြီးအခုချိန်မှာတော် ၇ှပ်နေတယ်.တကယ်ပြော၇င်အ၇ှုပ်ဆုံးအချိန်ပဲ…အပြောင်းလဲးကာလနုနယ်တာကိုလက်ခံပါတယ်။ပြည်သူတွေ နေတိုင်းထိတွေ့ ဆက်ဆံနေတဲ့ ..ဌါနဆိုင်၇ာတွေက ဘာမှမပြောင်းလဲးသေးဘူး.( ၇ဲးနဲ့ စည်ပင်)ဆို၇င်အဆိုးဆုံးဘဲ။၈၈ ကိုအကြောင်းပြု့ ပြီး..ပြန်ဝင်လာတဲ့ အဖွဲ့ စည်းတွေ ကလဲးအများကြီး…သူ၇ဲကောင်းကြီးတွေကျနေတာဘဲး ကြိုဆိုလိုက်ကျတာ…ဒီမိုတေ၇စီခေါင်းဆောင်..ကျောင်းသားခေါင်းဆောင်တဲ့ ..ကျွန်တော်သိတာက ခေါင်းဆောင် ဆိုတာတစ်ယောက်တည်းဘဲ။ အ၇င်တည်းက ဂိုင်းတွေကွဲးနေတာဘဲ။ပြည်ပကနေ နအဖ ကိုဆဲးချင်တိုင်းဆဲ…ဆယ်သက်မကျေဘူးလိုပုံဆံမျိုးနဲ့ …အခုလဲကျကော..ဥိးအောင်မင်းက အစ်ကိုကြီး မိုးသီးဇွန်လို့  ခေါ်လိုက်တာနဲ့ ………..?ဒါတောင်သာယာမှု့ တွေမပါသေးဘူး။နိုင်ငံေ၇းဆိုတာမခံချင်စိတ် ၁ခုတည်းနဲ့ေ၇ှ့ ဆုံးက ဒို့ အေ၇းထအော်တိုင်း ခေါင်းဆောင်မပာုက်ဘူး။မြောက်ပိုင်းအေ၇းမှာတောင်..သံသယရှိလို့ အသက်ခံ၇တဲ့ ကျောင်းသားအေ၇း…ဘယ်ခေါင်းဆောင်ဆီမှာ တာဝန်၇ှိလဲး……..?အဖြစ်မှန်ကိုစုံစမ်းနေစ၇ာမလိုပါဘူး…အမှန်ကိုဝန်ခံ၇ဲတဲ့ သူကိုဘဲလိုချင်တာ။အပြာင်းအလဲးကိုအကြာင်းပြု့ ပြီး ပြည်တွင်းပြန်ဝင်လာတဲ့ သူကွေပာာ တကယ်ဘဲးပြည်သူ့ အတွက်ဘဲးလားဆိုတာစောင့် ကြည့် မယ်။ပိာုတစ်နေ့ ကတောင် မိုးသီးဇွန် နဲ့ ခ၇ိုနီ လှမောင်ေ၇ွှ ( နအဖ ဒလံ-ေ၇နက်ကွင်းမှာ နိုင်ငံ့ ငွေတွေအလွဲးသုံစားလုပ်သူ)လျှောက်သွားနေတာဘဲ။

  15. I am quite agree with all of your comments cause such perspectives originated from all of your own experiences and your stand points respectively. As far as my concern as a person who stay inside regarding what ever the events which are now happening here are the results of lack of orientation on current status and current affairs. So I am not sure I can make a mistake, but I think first of all we all must trying to tailor us to be a good listener. Then base on what u have heard from your own two ears equivocally we can make an appropriate comment. So far we have not figured out who or what organization will bring back our nation on the global right track

  16. I am just wondering if they were ever united?
    If their egos and self-righteousness were burning inside of them since then ,there is nothing we can do about that. How can we ever believe a person or a group of people will do or intend to do good things for our country when they can’t even put their egos away? that is such an disappointment.

  17. စောင့်ကြည့်ရမယ့်အခြေအနေ……

  18. ကိုကို

    ချင်းတောင်မှလူများ ဗမာပြည် မနေလို ၊ ပြေးနေကြသည်။ မမ စာဖတ်ပြီး စိတ်မကောင်းပါ။ယုံပါသည်။ မြန်မာပြည် သည်မြောက်ကိုရီယား နှင့်တူနေပါသည်။တစ်ပြည်လုံး
    ထွက်ပြေးနေကြသည်၊အဆိုး ဆုံးက ရိုဟင်ဂျာ ဘဲ၊အသတ်ခံကြရ၊အိမ်မီးရှို့ ခံကြရ။နိုင်ငံခြားလည်းထွက်ပြေးမရ။ရေတပ်ကလည်းပိတ်ထား၊တစ်ဘက်နိုင်ငံကလည်းပိတ်ထား၊ြေ့ပးစရာမြေမရှိ။အတတ်နိုင်ဆုံးကူညီကြပါ။

  19. နာမည်တွေရေးသင့်ပါ၏  ဆရာကြီးရေ

  20. In order to develop our country we need many hands. The word of “Inside” and “Outside” is creating disunity among us. Different people has different approach. However, we all have the same goal..”The Sustainable development without suffering”