ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆီသို့ | ဧရာဝတီ
သူ့အတွေး သူ့အမြင်

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆီသို့

Hits:15,025
  | |

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမူဆလင်ကိုယ်စားလှယ်များတွေ့ဆုံစဉ် (ဓာတ်ပုံ - Reuters)

ခု မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ လူတဦးချင်း ကျူးလွန်တဲ့ ရာဇဝတ်မှု မှတဆင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်လာကာ အကြမ်းဖက် သတ်ဖြတ်မှု၊ အဓိကရုဏ်း ပုံစံ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံကြီးသားပီသဖို့၊ တနည်းအားဖြင့် ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း ဖော်ဆောင်လာနိုင်ဖို့ လေ့လာ၊ ဆင်ခြင်စရာတွေ အများကြီး ရှိနေတယ်။ ဘာသာ၊ လူမျိုး တင်းမာမှု အသွင်ဆောင်လာခြင်းမှာ ဆွေးနွေး သုံးသပ်စရာ  လက်ငင်းအကြောင်း (Immediate Cause) တွေ၊ နောက်ခံကားချပ် ဇစ်မြစ်အကြောင်း (Underlying Root Cause) တွေ အများကြီးရှိတဲ့အပြင် လူအများစုရဲ့ ပုဂ္ဂလိက သဘော တုန့်ပြန်မှုတွေမှာပါ ဆင်ခြင်သတိပြုစရာတွေ အများကြီး ရှိနေတယ်။

ရခိုင်လူထုဟာ စစ်အစိုးရ အဆက်ဆက် နဲ့ လက်ရှိ အစိုးရ ခေတ်မှာ မတရား ဖိနှိပ်မှုမျိုးစုံကို ပြည်မမှ မြန်မာအများစုထက် ပိုခံစားခဲ့၊ ခံစားနေကြရတယ်။ ဒါ့အပြင် အရင် ဖိနှိပ်မှု ပိုပြင်းထန်တဲ့ စစ်အစိုးရ ခေတ်မှာ တောင် ရခိုင်လူထုဟာ ငြိမ်းချမ်းတဲ့ နည်းနဲ့ မတရားမှုကို အမြဲတွန်းလှန် ဆန္ဒပြလေ့ရှိတယ်။ လက်ရှိ အထိုက်အလျောက် ပိုမိုလွတ်လပ်တဲ့ သဘောဆောင်တဲ့ အရပ်သားတပိုင်း အစိုးရခေတ်မှာ ကျယ်ပြန့်တဲ့ လူထုလှုပ်ရှားမှုတွေ ပိုဖြစ်လာနိုင်စရာရှိတယ်။

လူမျိုး၊ ဘာသာ သွေးထိုးနိုင်မှု လောင်စာ ကလည်း ရခိုင်မှာ အဆင်သင့်ရှိနေတယ်။ ရခိုင် ဒေသဟာ ဘင်္ဂလားဒေ့ရှ် နဲ့ နယ်မြေချင်းထိစပ်နေတဲ့ အတွက် လူဝင်မှုကြီးကြပ်ရေး ပြဿနာ၊ ဟိုးအရင်ကတည်း အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ဘာသာ၊ လူမျိုး မတူသူတွေကြား ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပဋိပက္ခ သဘော၊ ဆတ်ဆတ်ထိ မခံနိုင်တဲ့ အခြေအနေတွေ ရှိတယ်။ လူတော်တော်များများဟာ လူမျိုး၊ ဘာသာ နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ လူတွေဟာ အမြဲတမ်းလိုလို အသိဥာဏ် ထက် စိတ်ခံစားမှုအပေါ် မူတည်ပြီး တုန့်ပြန်ဆောင်ရွက်လေ့ရှိတတ်တယ်။ အရပ်စကားနဲ့ ပြောရရင် လူမျိုး၊ ဘာသာ ကိစ္စက အညှာလွယ်ပါတယ်။ အထူးသဖြင့် စစ်အစိုးရအဆက်ဆက် စနစ်တကျ ပိတ်ဆို့ပြီး ဝါဒဖြန့် မှိုင်းတိုက် ဖျက်စီးခံခဲ့ရတဲ့ မြန်မာပြည်က လူအများစု အတွက် ပိုလို့ အညှာလွယ်ပါတယ်။

ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး ပညာရေး အဆင့်အတန်းမြင့် ဒီမိုကရေစီစံနှုန်း၊ အကျင့်အကြံ၊ အတွေးအခေါ်တွေ အမြစ်တွယ် ရှင်သန်နေပြီး ဖြစ်တဲ့ တိုင်းပြည်ကြီးတွေမှာလည်း အနည်းနဲ့ အများ ဆိုသလို ကျန်ရှိနေသေးတယ်။ အကြောင်းက လူတွေဟာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်၊ ရာသီဥတု၊ ပထဝီ၊ အစားအသောက်၊ ဓလေ့ ထုံးစံ၊ လူမျိုးစု၊ ကိုးကွယ် ယုံကြည်မှု စတဲ့ သဘာဝရဲ့ (တနည်းအားဖြင့် ရွေးချယ်ခွင့်မရှိလို့) ကွဲပြားခြားနားမှုတွေအရ အုပ်စုလေးတွေ ကွဲပြားနေပြီး အုပ်စုသဘောဆောင်တဲ့ အပြုအမူ၊ အပြောအဆို၊ ဘက်လိုက်မှုတွေ ဖြစ်လာလေ့ရှိလို့ပါ။

ဒီလို သဘောမှာ နှစ်တွေနဲ့ချီ ပိတ်ဆို့ခံခဲ့ရလို့ ရေတွင်းထဲက ဖားသူငယ်လို ရေတွင်းရဲ့ဘောင်သတ်ခြင်းခံရတဲ့ အမြင်၊ အတွေးအခေါ်နဲ့သာ ရှင်သန်နေတဲ့ ဗမာ့ လူ့အဖွဲ့အစည်းမှာ လူမျိုး၊ ဘာသာစွဲ ပြင်းထန်မှု များတဲ့ စိတ်အခံ အခြေအနေနဲ့ စိတ်နှလုံး ထိခိုက် တုန်လှုပ်ဖွယ် အဖြစ်အပျက်ဆိုးတွေကို မြင်ရ၊ သိရ၊ ကြားရတော့ စိတ်နှလုံး ခံစားမှု နဲ့ပဲ တုန့်ပြန်ခဲ့ကြတော့တယ်။ ထိန်းကွပ်စရာ အသိဥာဏ် အခံက နဂိုကမှ နည်းနေတော့ အကျိုးဆက်က ပိုဆိုးစေတာပေါ့။

မျက်မှောက်ခေတ်လို အင်တာနက် နည်းပညာ၊ သတင်း ဆက်သွယ်ရေး၊ ရုပ်သံ နည်းပညာတွေ ကျယ့်ပြန့်တဲ့ခေတ်မှာ ပထမ ရာဇဝတ်မှု သတင်းဟာ နည်းပညာရဲ့ အကူအညီနဲ့ လျင်လျင်မြန်မြန် ကျယ်ကျယ်ပြန့်ပြန့် လူတွေကြားကို ရောက်ရှိခဲ့တယ်။ သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်ကျယ်ပြန့်လာတဲ့သဘောကို ဘာမှ အပြစ်ပြောစရာမရှိပါ။ သို့သော် စတင် တင်ပြတဲ့ ဒေသခံ ဌာနေတိုင်းရင်းသားကို ကိုယ်စားပြုဟန်ရှိတဲ့ မီဒီယာရဲ့ သတင်းတင်ပြပုံ နဲ့ ထပ်ဆင့် ဖြန့်ဝေသူတွေရဲ့ ပြုမူပုံတွေမှာ စကားပြောစရာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်သဏ္ဍာန် မတည်မငြိမ်ဖြစ်နေမှုရဲ့ လက်တလော အကြောင်းလည်း ဖြစ်ပါတယ်။

အဓမ္မ သားမယား ပြုကျင့်၊ ပစ္စည်းယူ၊ လူသတ်မှု ဖြစ်စဉ်ကို တင်ပြတဲ့ သတင်းမီဒီယာရဲ့ ကျူးလွန်သူတွေလို့ စွပ်စွဲခံရတဲ့ သူတွေအပေါ် ဘာသာ၊ လူမျိုး မတူညီမှုကို အသားပေးဖော်ပြတာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ်။ ဌာနေတိုင်းရင်းသားဘက်ကို ကိုယ်စားပြုပြီး ကျယ်ပြန့်တဲ့ သဘောဆောင်တဲ့ မတရားမှုတွေ၊ ရာဇဝတ်မှုတွေ ရှိနေလို့ ရှိနေကြောင်း လူအများ အသိမှတ်ပြုမှုရအောင် ပုံဖော်ချင်ရင်လည်း အနိဌာရုံ ဓာတ်ပုံတွေထက် အခြား အားကောင်းတဲ့ အချက်အလက်တွေ၊ အလားတူ အဖြစ်အပျက်တွေ စုစည်းပြီး စုံစမ်း တူးဖော် သတင်းတင်ပြဟန် (Investigative Report) နဲ့ မီဒီယာ၊ စာနယ်ဇင်း ကျင့်ဝတ် သိက္ခာ ရှိရှိတင်ပြလို့ ရပါတယ်။

ဒီလို အဖြစ်အပျက် မှတ်တမ်းတင်စာတွေကို ဒေသဆိုင်ရာ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ဒေသခံ ဌာနေတိုင်းရင်းသား ကိုယ်စားပြုပါတီတွေ ကိုပေးပို့ပြီး သူတို့မှ တဆင့် ပြည်နယ် နဲ့ ဗဟို အစိုးရကို တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး အလေးပေးအောင်လည်း တိုက်တွန်းနှိုးဆော်နိုင်ပါတယ်။ အစိုးရ (သို့) စုံစမ်းရေးကော်မရှင် (သို့) တရားရုံး စတဲ့ အများပြည်သူ သိစရာမလိုတဲ့ အဖွဲ့အစည်းတွေကို တင်ပြတဲ့အချိန်မှသာ တကယ့် အဖြစ်အမှန် ဓာတ်ပုံ အထောက်အထား (ဘယ်လောက် အခြေအနေဆိုးဆိုး၊ အနိဌာရုံ ဖြစ်ဖြစ်) ဝေဝေဆာဆာနဲ့ ခိုင်ခိုင်လုံလုံ တင်ပြဖို့လိုပြီး အများပြည်သူကို ဖြန့်ဝေတဲ့ သတင်းတင်ဆက်မှုမှာတော့ သတင်းကျင့်ဝတ်၊ သတင်းကောင်း ဂုဏ်ရည်ကို ထိန်းခြင်းအားဖြင့် လူတွေရဲ့ စိတ်နှလုံး ဆွဲကိုင်လှုပ်စေမယ့် အနိဌာရုံ ဓာတ်ပုံတွေ၊ ဘာသာ၊ လူမျိုး ကွဲပြားသူချင်း သွေးကွဲစေတဲ့ စကားလုံး၊ အသုံးအနူန်းတွေကို ရှောင်ကြဉ် ရမှာဖြစ်ပါတယ်။

ယနေ့ခေတ်မှာ အင်တာနက် ဘလော့တွေ၊ လူမှုကွန်ယက်စာမျက်နှာတွေ မှ တဆင့် သာမန်လူတိုင်းက အသက်မွေးဝမ်းကြောင်း ပညာရပ် တခုဖြစ်တဲ့ သတင်း၊ မီဒီယာ တွေရဲ့ လုပ်ငန်းတာဝန်တွေကို ဝါသနာအရ အပျော်တမ်းလုပ်ဆောင်နေမှုဟာ သတင်းခေတ်လူသားရဲ့ သဘောသဘာဝ ဖြစ်တဲ့ အပြင် မတူကွဲပြားကျယ်ပြန့်တဲ့ အမြင်တွေကို ထုတ်ဖော်နိုင်လို့ အပြုသဘောအနေနဲ့ ကြိုဆိုရမှာဖြစ်တယ်။ သို့သော် ကိုယ်တိုင် စနစ်တကျ လေ့လာသင်ယူထားခြင်းမရှိတဲ့ သတင်းဖြန့်ဖြုးခြင်း ဘာသာရပ်တခုကို နေ့စဉ် ကိုယ်ပိုင် စာမျက်နှာတွေမှတဆင့် လုပ်ဆောင်ချင်တယ်ဆိုရင်တော့ သတင်း၊ မီဒီယာ တွေ ယေဘုယျ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို လေ့လာဖို့လိုပါမယ်။ အသုံးအနှုန်း နဲ့ တင်ပြပုံ အားလုံးဟာ သိက္ခာ၊ ကျင့်ဝတ်အညီ ဖြစ်ဖို့လိုပါမယ်။

ခု လူအများစု မိမိရဲ့ အွန်လိုင်း ကိုယ်ပိုင်စာမျက်နှာတွေပေါ်မှ ရာဇဝတ်မှုသတင်းကို တင်ပြပုံ၊ ဖြန့်ဝေပုံ သတင်းကျင့်ဝတ်နဲ့ မညီဖြစ်နေတာကို အဓိက ဆိုလိုတာဖြစ်ပြီး ရာဇဝတ်မှု သတင်းကို လူမျိုး၊ ဘာသာ ကွဲပြားမှု အသားပေး ဖော်ပြပြောဆိုကာ လူမျိုး၊ ဘာသာ မုန်းတီးရေးတွေ ဖြစ်ပေါ်စေဖို့ (မသိလို့ပဲ ဖြစ်စေ၊ မရည်ရွယ်ပဲနဲ့ ဖြစ်စေ) အင်တိုက်အားတိုက် ကူညီနေသလိုဖြစ်နေပါတယ်။

ရာဇဝတ်မှု လို သတင်းမှာ ဘာသာ၊ လူမျိုး ကိုထည့်ခြင်းကတော့ ဘာအကြောင်းပြချက်နဲ့မှ (ဘယ်လိုနည်းနဲ့မှ) မဖြစ်သင့်တဲ့ ကိစ္စပါ။ ရာဇဝတ်မှု ဖြစ်တယ်။ ကျူးလွန်ကြောင်း သံသယ ဖြစ်ခံရတဲ့ သူတွေ အဖမ်းခံထားရတယ်။ သူတို့ကို တရားရုံး မှာ တရားဥပဒေ နဲ့ အညီ အပြစ် ရှိ မရှိ စုံစမ်းဖော်ထုတ်မယ်။ အပြစ်ရှိရင် ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ကျခံစေမယ်။ တရားရုံး လုပ်ငန်းစဉ်တလျောက် တရား၊ ဥပဒေနဲ့ ညီမညီ၊ အဂတိ ကင်းမကင်း၊ တရားမျှတမှု ရှိမရှိ သက်ဆိုင်ရာ ဒေသက လူမှုအဖွဲ့အစည်းတွေ နဲ့ သတင်း၊ မီဒီယာက စောင့်ကြည့်မယ်။ တရားရုံးရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ (သို့) နောက်ဆုံး တရားစီရင်ချက်က တခုခု ချွတ်ချော်ရင် ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုတော့ လုပ်ဆောင်သင့်တယ် စတဲ့  မေးခွန်းထုတ်မှုတွေ၊ ဆန္ဒသဘောထား တင်ပြ တောင်းဆိုမှု တွေကို အရပ်ဖက်လူ့အဖွဲ့အစည်းတွေ နဲ့ သတင်း၊ မီဒီယာက လုပ်ဆောင်မယ်။ ဒါဟာ ရိုးရှင်းတဲ့ တရားဥပဒေစိုးမိုးတဲ့ ယဉ်ကျေးတဲ့ လူ့ဘောင် အဖွဲ့အစည်းမှာ ဖြစ်ရမယ့် ဖြစ်စဉ် နဲ့ လုပ်ငန်းသဘောတွေပါ။ ရာဇဝတ်မှုနဲ့ မသက်ဆိုင်တဲ့ ကျူးလွန်သူ နဲ့ ကျူးလွန်ခံရသူတွေရဲ့ ဘာသာ၊ လူမျိုးကွဲပြားမှု ကို ထည့်စရာ အကြောင်းမရှိပါ။

တရားဥပဒေ စိုးမိုးတဲ့ တိုင်းပြည်တွေမှာလည်း ဘာသာ၊ လူမျိုး ကွဲပြားသူတွေကြား ဖြစ်တဲ့ ရာဇဝတ်အမှုအခင်းတွေမှာ မလိုလားအပ်တဲ့ ပယောဂတွေ ကပ်ပါလေ့ရှိပါတယ်။ ပထမ ရာဇဝတ်မှု ဖြစ်ဖြစ်ချင်း အကျူးလွန်ခံရသူရဲ့ မိသားစုဝင်က တရားဥပဒေရဲ့ အဆုံးအဖြတ်ကို မစောင့်နိုင်ဘဲ စိတ်ခံစားမှုနဲ့ ကိုယ်တိုင် လက်စားချေ ခြင်းဖြင့် ပြန်လည် ရာဇဝတ်မှု ကျူးလွန်မိတာတွေ ရှိလေ့ရှိပါတယ်။ ဒီလို အခြေအနေဟာ မတူကွဲပြားတဲ့ လူအုပ်စု နှစ်ခု အကြားမှာ အမုန်းတွေ၊ သံသယတွေ တိုးပွားလာစေပြီး လွတ်လပ်တဲ့ တရားစီရင်မှု ကို ထိခိုက်စေတတ်ပါတယ်။

လက်ရှိ ဗမာ့လူ့အဖွဲ့အစည်း (ပညာအရည်အချင်း၊ လက်ရှိနေထိုင်တဲ့ နိုင်ငံ မသက်ဆိုင်) မှ ဗမာတွေ အွန်လိုင်းမှာ သုံးနှုန်းပြောဆိုတဲ့ အသုံးအနှုန်း နဲ့ လုပ်ဆောင်နေတဲ့ အပြုအမူ အများစုဟာ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင် အင်မတန် အားနည်းနေပါတယ်။ ပထမဆုံးအနေနဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း မှာ လူတွေ စံနှုန်း အနေနဲ့ ဘယ်လို အရာတွေကို အမှန် လို့ သတ်မှတ်ထားတယ်၊ ဘယ်လိုအရာတွေကိုတော့ အမှား လို့ ခံယူတယ်၊ ဘယ်လို အပြုအမူ၊ အပြောအဆိုကတော့ဖြင့် ကျင့်ဝတ်နဲ့ မညီဘူး၊ ရှက်စရာကောင်းတယ် အစရှိတဲ့ လူပီသတဲ့ အတွေးအခေါ်၊ အနေအထိုင်၊ အသုံးအနှုန်းတွေကို လေ့လာပြီး အမှန်တကယ် ကျင့်ကြံနေထိုင်ရပါမယ်။ မိမိရဲ့ လူ့ကျင့်ဝတ်၊ လူ့သိက္ခာနဲ့ အညီ  ပြုမူ၊ ကျင့်ကြံ၊ ပြောဆို လူပီသစွာ နေထိုင်တတ်မှုကို ဂုဏ်ယူတတ်ရပါမယ်။ ဗမာပီသဖို့၊ တရုတ်ပီသဖို့၊ အိန္ဒိယ ပီသဖို့ ထက် လူပီသဖို့က အရေးကြီးတယ်ဆိုတာကို နားလည်လက်ခံရပါမယ်။

ဒီနေရာမှာ လူအများ သိစေ၊ ကြားစေနိုင်တဲ့ နေရာတွေမှာ သုံးနှုန်းတဲ့ အခေါ်အဝေါ် သုံးစွဲမှုတွေရဲ့ အတိမ်အနက်၊ အကျိုးအပြစ် ကို သိနားလည်ပြီး လူ့ကျင့်ဝတ်နဲ့ အညီ ပြောဆို တတ်ဖို့ အင်မတန် အရေးကြီးတဲ့ အကြောင်းကို ဆက်လက်ဆွေးနွေးပါမယ်။ ဥပမာ ခု ဖြစ်ခဲ့တဲ့ ရခိုင် လူသတ်မှုသတင်းကို အစိုးရ မီဒီယာ အပါအဝင် မီဒီယာ တချို့နဲ့ လူအများစုက အသတ်ခံရသူတွေကို “ကုလား” ဆိုတဲ့ အသုံးအနှုန်း သုံးနေတာ တွေ့ရတယ်။ ပြည်ပ အခြေစိုက်၊ အထူးသဖြင့် အနောက်နိုင်ငံ ရောက် မြန်မာ ဗီဒီယာ တွေက မူဆလင် လူမျိုးလို့ ခေါ်ဝေါ်သုံးစွဲတယ်။ ဒါကို တချို့က သိပ်မကျေနပ်တဲ့ သဘောနဲ့ ခနဲ့တဲ့တဲ့ ပြောတာတွေလည်း ဖတ်ရတယ်။ ခနဲ့ သူတွေထဲမှာ အတန်းပညာတတ်လို့ ခေါ်ဆိုနိုင်သူတွေ ပါတာတွေ့ရတော့ လက်ရှိ ဗမာ့လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာအားနည်းနေမှုက ပိုမို သိသာထင်ရှားစေပါတယ်။

“ကုလား” ဆိုတဲ့ ဝေါဟာရဟာ မည့်သည့် ဝေါဟာရမှ ဆင်းသက်လို့ဖြစ်စေ၊ ရှေးယခင် မည်ကဲ့သို့ အဓိပ္ပာယ်နဲ့ သုံစွဲခဲ့သည် ဖြစ်စေ လက်ရှိ ခေတ်ယဉ်ကျေးတဲ့ လူ့အသိုင်းအဝန်းနဲ့ မသင့်လျော်တဲ့အတွက် လူအများကို သက်ရောက်မှုရှိတဲ့ သတင်းရေးတာ၊ ဖတ်တာ၊ ကြေညာတာလို နေရာမျိုးမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းခြင်းအားဖြင့် မသုံးရပါ။ သုံးလို့ရှိရင် Pejorative (ရင့်သီးသလို)  ဖြစ်လို့ပါ။ ဒါမျိုး လူမျိုးစု (သို့)  လူအုပ်စု တစုကို ထိခိုက် နေနိုင်စေတဲ့ အသုံးအနှုန်းတွေကို ရှောင်ကြည်သုံးစွဲခြင်းကို အင်္ဂလိပ်လို Political Correctness (PR) ဖြစ်အောင် သုံးခြင်းလို့ ခေါ်ဆိုပါတယ်။

သတင်းဌာန တွေသာမက လူ့ကျင့်ဝတ် သိတဲ့၊ ရှိတဲ့ တဦးချင်း လူပုဂ္ဂိုလ်တွေလည်း လူအများကို သက်ရောက်စေတဲ့ နေရာမျိုးတွေမှာ ပြောဆို ပြုမူရင် PR ဖြစ်အောင် သုံးစွဲရပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက လူပီသတဲ့ လူတွေရဲ့ အပြုအမူပါ။ PR ဖြစ်အောင် ပြောဆို ပြုမူခြင်းဆိုတာ လူမျိုး၊ ဘာသာ ကိစ္စတခုတည်း မဟုတ်ပါ။ အတွေးအခေါ်၊ ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ကျား/မ လိင်ကွဲပြားမှု၊ အလုပ်အကိုင်၊ ကိုယ်အင်္ဂါ ချို့ယွင်းမှု စတဲ့ သီးခြားသဘောဆောင်တဲ့ ကွဲပြားမှုတွေကို နင်းပြီး ပြောဆို၊ သုံးစွဲခြင်း မပြုတာအားလုံးကို ဆိုလိုတာပါ။

ဥပမာပေးရရင် “အသိဥာဏ်ဖွံ့ဖြိုးမှု နှေးကွေးသူ၊ ချို့ယွင်းသူ” “Intellectually disabled” လို့ သုံးစွဲမှ PR ဖြစ်မှာပါ။ အဲ့လို မဟုတ်ပဲ “ငပေါ” “သောက်ရှုး” “Retard” လို့ သုံးစွဲရင် ရိုင်းစိုင်းလို့ပါ။ မျက်စိမမြင်သူကို “အမြင်အာရုံ ချို့တဲ့ နေသူ” “Visually Impaired”၊ နားမကြားသူကို “အကြားအာရုံချို့တဲ့နေသူ”"Hearing Impaired” လို့သာ သုံးစွဲရပြီး “မျက်ကန်း” “Blind”၊  “နားပင်း” “Deaf” လို့ သုံးစွဲရင် သူတပါးရဲ့ ချို့ယွင်းမှုကို နှိမ်ပြီး ခေါ်သလိုဖြစ်လို့ ရှောင်ကြဉ် ရပါမယ်။ အလားတူပဲ လူမျိုးစု ကွဲပြားမှု နဲ့ ပတ်သက်ရင် အာဖရိက အနွယ်ဝင် အမေရိကန်တွေကို “အာဖရိကန် အမေရိကန်” “African American” လို့ပဲ သုံးစွဲရပြီး “ငမည်း..၊ နီဂရို” “Black (or) Negro” လို့ မသုံးစွဲရပါ။ လူဖြူ ကိုလည်း “ဥရောပ အနွယ်” “Caucasian” လို့သုံးစွဲမှ ယဉ်ကျေးပါတယ်။

ကျား/မ ခွဲခြားမှု သဘော မဖြစ်ပေါ်စေဖို့အတွက်လည်း “ဥက္ကဌ” ကို “Chairperson” လို့သာ ယေဘုယျ သဘော သုံးနှုန်းရပြီး ကျားဗဟိုပြု “Chairman” လို့ မသုံးရပါ။ အလုပ်အကိုင်တွေမှာ ကျား/မ ခွဲခြားမှု မရှိအောင် “မီးသတ်သမား” “Firefighter”၊ ရဲအရာရှိ “Police Officer” စသည်ဖြင့် လိင်ခွဲခြားမှု မရှိ သုံးစွဲရပြီး “Fireman”၊ “Policeman” လို့ မသုံးစွဲရပါ။ လိင်တူခြင်း ကာမ တိမ်းညွတ်သူတွေကို “အခြောက်” လို့ လူသိရှင်ကြား မသုံးစွဲသင့်ပါ။ “လိင်တူချစ်သူများ” လို့သာ ယဉ်ယဉ်ကျေးကျေး၊ လူတဦးချင်းရဲ့ လွတ်လပ်တဲ့ အခွင့်အရေး ကို စာနာနားလည်စိတ်ရှိရှိနဲ့ သုံးစွဲရမှာပါ။

ဒီလို အသေးစိတ် သတိထားပြောဆိုနေမှုတွေကို နေရာတိုင်းမှာ လုပ်နေရမယ်လို့ မဆိုလိုပါ။ ဒါပေမယ့် ယဉ်ကျေးတဲ့ လူတယောက် အနေနဲ့ နားလည် သဘောပေါက်ထားဖို့လိုပြီး သင့်တော်သလို အသုံးပြုတတ်ရပါမယ်။ အထူးသဖြင့် လူအများ မြင်နိုင်၊ ကြားနိုင်၊ သိနိုင်တဲ့ နေရာတွေမှာ မတူကွဲပြားခြားနားတဲ့ အုပ်စု တစုကို မထိခိုက်စေအောင် သုံးနှုန်းတတ်ရပါမယ်။

အထူးသဖြင့် ယဉ်ကျေးမှုပေါင်းစုံ၊ လူမျိုးစုံ ဒွေးရောယှက်တင် နေထိုင်ဆက်ဆံလာနေတဲ့ မျက်မှောက်ခေတ် ခေတ်သစ် ကမ္ဘာမှာ မတူညီတဲ့ လူမျိုးစု အချင်းချင်း အထင်အမြင်လွဲမှားစရာ၊ ခွဲခြားမှု သဘော ဆောင်တဲ့ အသုံးအနှုန်း၊ အပြောအဆို၊ အပြုအမူတွေကို ရှောင်ရပါမယ်။ မြန်မာတွေ အမေရိကန် နိုင်ငံသား ဖြစ်သွားရင် မြန်မာ-အမေရိကန် (Burmese-American) လို့ပဲ ခေါ်ဆိုကြပါတယ်။ အလားတူပဲ လက်ရှိ ဗမာနိုင်ငံမှာ မှီတင်းနေထိုင်နေတဲ့ လူနည်းစု လူမျိုးခြား၊ ဘာသာခြားတွေကို အဆင့်တန်းရှိရှိ ခေါ်ဝေါ်ပြောဆို သုံးနှုန်းမှ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာပါ။

မြန်မာ-ခရစ်ယာန်၊ မြန်မာ-မွတ်ဆလင်၊ မြန်မာ-ဟိန္ဒူ၊ မြန်မာ-တရုတ် (တရုတ်လူမျိုးအနွယ် မြန်မာနိုင်ငံသား)၊ မြန်မာ-အိန္ဒိယ (အိန္ဒိယလူမျိုးအနွယ် မြန်မာနိုင်ငံသား) စသည်ဖြင့် ယဉ်ကျေးစွာ တဦးချင်း စံနမူပြု သုံးစွဲခြင်းဖြင့် မတူကွဲပြားခြားနားမှုတွေ ရှိနေလို့ အတွေးအခေါ်၊ ဓလေ့ ထုံးစံ၊ အနေအထိုင် ကွဲပြားနေတဲ့၊ တနည်းအားဖြင့် သဘာဝ အပိုင်းအခြားတွေ ရှိနေလို့ စိတ်နှလုံးချင်း နီးစပ်၊ ထိစပ်ဖို့ ခက်ခဲနေသယောင်ရှိနေတဲ့ လူသားအချင်းချင်း တဦးအပေါ်တဦး စာနာနားလည်စိတ် ပိုလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာနိုင်မှာ ဖြစ်ပါတယ်။ လူသားအားလုံးမှာ ဘုံအဖြစ်တည်ရှိနေတဲ့ လူသားအချင်းချင်း ချစ်ခင်လေးစား စာနာထောက်ထားမှု၊ ချစ်ခြင်း မေတ္တာ တွေနဲ့သာ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းကို တည်ထောင်နိုင်ပြီး နိုင်ငံလည်း ကာယ၊ စိတ္တ သုခချမ်းသာ ရရှိနိုင်မှာဖြစ်ပါတယ်။

ငြိမ်းချမ်းအေးသည် ဩစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့တွင် နေထိုင်လျက်ရှိသည့် အိုင်တီနည်းပညာရှင် တဦးဖြစ်သည်။


WSJ LIVE VIDEO:

55 Responses

Leave a Reply

  1. ဇိုး ဇိုး

    ဟုတ်ပါတယ် ဇိုး တို့ မမွေးခင်ကတဲက မြန်မာနိုင်ငံထဲမှာ အခြား ဘာသာဝင်တွေလဲ ၇ှိနေကျတာပါ မြန်မာနိုင်ငံထဲမှာ အတူတူနေကျတဲ့ မြန်မာနိုင်ငံသားတွေပါပဲ
    ဘာသာတိုင်းက ကောင်းတာကိုပဲလုပ်ဖို့ ညွှန်ကျတာပါပဲ
    ဘာသာတိုင်းမှာ ကောင်းတဲ့လူနဲ့ မကောင်းတဲ့လူ အမြဲ ရှိနေကျတာပါ
    စဉ်းစားကြည့်ကျပါ အဓိက က ဘာဘာသာဝင် ဆိုတာ မဟုတ်ပါဘူး
    လူတွေပါ လူတွေက သာ မကောင်းကျတာပါ

    • ဟုတ်ပါတယ် တကယ်မှန်ကန်တဲ့ အတွေးအမြင်ပါ

  2. Actually first they must apologize to mother of Thida Htwe.

    • Yes – you are right . The 3 Muslims who committed the crime must apologize to the relatives of Ma Thi Da Thwe . Also the criminal court must give them a death penalty if they were found guilty .
      The people of Taung Goke who killed 10 Muslims must also be put on trial and given a very severe punishment , death penalty or life imprisonment with hard labour without parole .
      People who commit crimes have nothing to do with race or religion . We all know there are thousands of Burmese Buddhists who are in Jails in Burma because they committed murder , rape, robbery —etc . There are also many Muslims and Christians in Burmese jails too because they also committed crimes . People of every religion , every race committed crimes -but they are only minority and the majority of people of all religions are good people .
      I hope the present situation in Rakhine will stop soon and the authorities will be able to bring law and order very soon .
      Then the Rohingya problem must be solved . Those who are illegally in Rakhine must be deported without delay . But those who are legally for many generations must be given the proper status and identity cards.They must be treated in the same way as those Rakhine people who live in Bangladesh. We must remember there are also hundreds of thousands of Rakhine people living in Bangladesh- most of them legally and some of them illegally .
      It will be good if all Rakhine people from Bangladesh move back to Burma and Rohingya people of Rakhine state deported back to Bangladesh . That is only my dream and it will not be possible in reality because of many reasons . And I don’t think Rakhine people of Bangladesh will want to move back to Rakhine because their lives , though not good , is still better than Rakhines in Burma .

  3. ရေးသားချက်က ကောင်းပါတယ်။ မေတ္တာတရားကို လက်ကိုင်ထားရမယ်၊ လူသားအချင်းချင်း စာနာနားလည်ရမယ်။ ဒါဟာ အကောင်းဆုံးပေါ့။ မေတ္တာတရားကို လက်ကိုင်ထားနေရင်း မူလနေထိုင်ခဲ့တဲ့လူတွေ သူတို့နေရာ ဖယ်ပေးလိုက်ရရင် ခွေးပြေးဝက်ပြေးထွက်ပြေးနေကြရရင် ဘယ်လို့လုပ်မလဲ။ တခြားအိမ်နီးချင်းနိုင်ငံတွေမှာလည်း ဘင်္ဂလီတွေခိုးဝင်မှုများလာပြီး မူလနေထိုင်ခဲ့တဲ့ လူတွေ သူတို့(ဘင်္ဂလီ)အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးစွန့်ခွာလာကြသူတွေ အများကြီးပါ။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာဆို ကိုယ့်တွေ ထွက်ပြေးလာသူတွေ အများကြီးပါ။ ကုလားတွေ ဘာကြောင်း အဲဒီနေရာတွေမှာ ဒီလောက်များသွားရသလဲ။ သူတို့များလာရင် အနီးအနားရွာတွေက လူတွေကို လိုက်သတ်တယ်။ မနေနိုင်အောင် အမျိုးမျိုးလိုက်နှောက်တယ်။ မဒိမ်းမှုကတော့ ပြောမနေနိုင်အောင်ဘဲ။ ဒီအာဘော်ကို ရေးတဲ့ စာရေးသူလည်း သိမယ်ထင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေါက်ကွဲထွက်လာတဲ့ လူတွေ ရခိုင်မှာ ပုံစံအမျိုးမျိုးနန့် နေထိုင်နေကြတယ်။ ပင်လယ်နန့်နီးတဲ့ နေရာတွေ ပိုက်ကွန်လေးတလက်နန့် လာရောက်ပြီး အခြေချနေထိုင်နေကြတဲ့ ဘင်္ဂလာတံငါရွာတွေ ရိုက်သတ်လို့ မကုန်နိုင်အောင်ဖြစ်နေတယ်။ လွန်ခဲ့တဲ့ နှစ်တွေက အိမ်ခြေ နှစ်ဆယ်လောက်ရှိတဲ့ ကုလားရွာငယ်လေးတွေဟာ တစ်နှစ်နှစ်နှစ်အတွင်း ထောင်နီးပါးဖြစ်လာတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပုံစံမျိုးစုံနန့် ခိုးဝင်လာတဲ့ကုလားတွေကို သူတို့(ဘင်္ဂလီ)တွေအချင်းချင်း လက်ချင်းရိုက်ပြီး အာဏာပိုင်တွေကို လာဒ်ပေးပြီးနေထိုင်နေကြတဲ့ ကုလားတွေ အများကြီးပဲ။ ဒါတွေကို ဘယ်လို့ဖြေရှင်းမလဲ လေ့လာပြီးတော့ ရေးသင့်ပါတယ်။ ခုလိုပဲ ဆရာကြီးအိုင်တင်လေးတွေနဲ့ လူယဉ်ကျေးတွေပါလို့ ချပြနေမယ့်အစားပေါ့။

    • Very Good Comment. This is a true issue for our nation.

    • ကျွန်တော်လည်း ဗမာ+ရခိုင်တစ်ယောက်ပါ ပြောချင်တာကတော အလည်ကနေပြီးပြောတာပါ ရခိုင်လူမျိုးတွေက မှုစလင်ကုလားတွေကို အနိုင်ကျင့်တာမဟုတ်ပါဘူး သူတိုးအားအားတင်လို့ ရခိုင်လူမျိုးတွေက ပြချရတာပါ တကယ်လို ကုလားဟာကုလားဘာသာနေမယ်ဆိုရင် သူဟာသူပဲ အေးအေးချမ်ချမ်းဖြစ်မှာပါ အခုသတင်းတွေကမှားနေတယ် ကျောက်လိမ္မ်ာမှာ မသီတာထွေးကို လူငယ်သူဦးလို ဖော်ပြပြီးတော တောင်ကုတ်မှာ အသတ်ခံရတာက မူစလင်ကုလား 10ဥိးလို့ပြောတယ် B0A ကပြောတာပါ သီတာထွေးကိုသတ်တဲ့လူတွေက လူငယ်တွေ ဆိုဘယ်မှန့် သူတို့ကကုလားတွေလည်း ကုလားတွေကအဲဒီလို့လုပ်လိုရမှာလား သူတို့ကနိုင်ငံခြားသားတွေ အဲဒါကြောင့်သူတို့ကိုမှတ်ပုံတင်တောင်ထုပ်မပေးတာ လူကြီးမင်းတို့အားလုံးအသိပါပဲ သူတို့ကိုသတ်တာက ရခိုင်တွေရူးမိုက်လို့သတ်တာမဟုတ်ဘူး ပျင်းလိုသတ်တာမဟုတ် ကိုယ်အိမ်ကိုလားပြီး အနိုင်ကျင့်လို့ သတ်တာ ကျေးဇူးတင်ပါတယ် ကျွန်တော ကိုကျော်ပါ။

      • Ko Kyaw you are a bad man . Like you people always create big problems.
        No body no till today who actually rape the girl .
        Please do not be brave that much . Think balance

  4. ဒီလို သဘောမှာ နှစ်တွေနဲ့ချီ ပိတ်ဆို့ခံခဲ့ရလို့ ရေတွင်းထဲက ဖားသူငယ်လို ရေတွင်းရဲ့ဘောင်သတ်ခြင်းခံရတဲ့ အမြင်၊ အတွေးအခေါ်နဲ့သာ ရှင်သန်နေတဲ့ ဗမာ့ လူ့အဖွဲ့အစည်းမှာ လူမျိုး၊ ဘာသာစွဲ ပြင်းထန်မှု များတဲ့ စိတ်အခံ အခြေအနေနဲ့ စိတ်နှလုံး ထိခိုက် တုန်လှုပ်ဖွယ် အဖြစ်အပျက်ဆိုးတွေကို မြင်ရ၊ သိရ၊ ကြားရတော့ စိတ်နှလုံး ခံစားမှု နဲ့ပဲ တုန့်ပြန်ခဲ့ကြတော့တယ်။ ထိန်းကွပ်စရာ အသိဥာဏ် အခံက နဂိုကမှ နည်းနေတော့ အကျိုးဆက်က ပိုဆိုးစေတာပေါ့။

    မင်းစာရေးတာက ကောင်းပါတယ် ဒါပေမဲ့ သိတ်မပြောချင်ဘူး။

  5. အမည်မဖော်ပြလိုသူ။

    To Nyi Nyi,

    ဒါဆိုရင် ဘင်္ဂလီ ရခိုင်တွေရော့ ၀င်လာနေဒါကို မပြောတော့ဘူးလား။ အဲဒီ မွတ်စလင်မ်တွေ အကြောင်းကို အရင်တုန်းက၊ လွန်ခဲ့တဲ့ အနှစ် ၃၀ကျော် ၄၀ ကျော်က လ၀က မှာ အလုပ်လုပ်ခဲ့တဲ့ ပြည်နယ်မှူး ခရိုင်မှူး အဆင့် ဗမာစစ်စစ်နှင့် တခြားတိုင်းရင်းသားတွေကို သွားမေးကြည့်ပါ။ အကြောင်းစုံ ရှင်းပြလိမ့်မယ်။

  6. အိမ်ရှင်းကကောင်းအောင် လုပ်ဖို့ထက် လာရောက်နေတိုင်းတဲ့သူကအမြဲယဉ်ကျေူးအောင်နေရင်းတော့အခုလိုဖြစ်မှာမဟုတ်ဘူးဗျာ။။
    မြန်မာမြေမှာမွေး မြန်မာမြေမှာကြီးတဲ့ ခင်းတို့ပြောနေတဲ့ ဘင်္ဂလီ(ခ)ကုလာတွေပြောတဲ့စကားကို စာရေးသူကိုပေးကြားခြင်းတယ်ဗျာ သူတို့ကဘာပြောတယ်မှတ်လဲ ငါ့တိုကမြန်မာလူမျိုးမဟုတ်ဘူးအစ္စလာမ်းလူမျိုးဘာမှာလာမပြောနဲ့ရခိုင်ပြည်ကလာတာလာလိုမေးမိတဲ့ကျွန်ုပ်ပါစပ်ကိုနှစ်ခါပြန်ရိုက်မိတယ်ကိုယ့်ကိုနောက်ဘယ်တော့မှမမေးတောံဘူးလိုဗျာ။ရခိုင်ပြည်ဟာမြန်မာနိုင်ငံထဲမှာရှိလိုမြန်မာလာလိုမေးမိတာကို သူတို့ကလူမျိုးရေးကွဲခြားနေတာဘာတတ်နိုင်မှာလဲဗျာ
    ပြေချင်းတာကအများကြီးပဲ စားရေးတာအမှားပါမှာဆိုလို့သိပ့်မရေးတော့ဘူဗျာ။။။
    စာရေးသူကိုမေးချင်တယ်ဗျာ လူ့ယဉ်ကျေးမှုကိုဘယ်လိုနားလည်ူလဲဗျာ

  7. Incredible…..!!! :)

    Ko Nyi Nyi doe lo lu tway atwat tot….. ho har ko video pya p…..ho har ko platar kway nay ta loe…phyit nay tar pop…!!!

  8. ရိုးသားတဲ့တိုင်းရင်းသူတွေကိုမရအရယူပြီးကိုယ့်ဘာသာထဲဆွဲသွင်းတာလူယဉ်ကျေးမဟုတ်

  9. Yes correct Nyi Nyi,
    အခုမခံရတဲ့တွေလူတွေကငြိမ်းချမ်းရေးတ န အကြောင်းပြောနေကြတယ်
    တကယ်လို.မင်းတို.ဆွေမျိုးသားချင်းတွေခံရရင်အဲလိုပြောနိုင်ကြမလားသိချင်တယ်

  10. ဖြူဖြူ

    အလွန်တရာ တန်ဖိုးရှိတဲ့ ဆောင်းပါးပါ။ အရေးအသားရော သတင်းအချက်အလက်တွေရော အားလုံးမှတ်သားစရာပါ။ တစ်ခုပဲ မေးချင်ပါတယ်- အခုဖြစ်ပွားသွားတဲ့ လူသေမှုမှာ ရခိုင်တပြည်လုံးမှာ ရှိတဲ့လူတွေက သွားပြီးသတ်ကြလို့ ရခိုင်လူသတ်မှုလို့ စွပ်စွဲထားတာလား။ ကျမက ရခိုင်လူမျိုးပါ ကျမ လူကိုသတ်ဖို့မပြောနဲ့ ပုရွတ်ဆိတ်ကိုတောင် သတ်ဖို့စိတ်မကူးပါဘူး။ ဒါပေမယ့် ရခိုင်လူသတ်မှုဆိုတဲ့ စာကိုဖက်လိုက်ရတော တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ရခိုင်တွေအားလုံးက လူရမ်းကားတွေပဲလား။ စာရေးဆရာကအမြော်အမြင်ရှိရှိနဲ့ ရှောင်စရာ၊ဆောင်စရာတွေ ဒီလောက် ပြောပြပြီးခါမှ ဘာလို့ ကိုယ်ကိုတိုင်မကျင့်သုံးတာလည်း။ အခုဖြစ်ပွားတဲ့လူသေမှုဟာ လူအုပ်တစ်ခုပြုလုပ်တဲ့ မကောင်းမှုသာဖြစ်ပါတယ်။ ရခိုင်တွေအားလုံးမဟုတ်ပါဘူး။ သူများကို ပြောတဲ့ဟာကို ကိုယ်ကိုတိုင်လည်းကျင့်သုံးပါ။

  11. Nyi Nyi is right.

  12. NYi NYI right.Good job man.

  13. ဟုတ်ပါတယ်… လုံးဝမသင့်တော်၊ လူမဆန်သော လုပ်ရပ်ဖြစ်ပါတယ်… မသီတာထွေးရဲ့ မိဘများကို ရှိရှိသမျှအားလုံးနဲ့တောင်းပန်ရင်တောင်မှ မသီတာထွေးရဲ့ အသက်၊ ဘ၀ နဲ့ အရှက် တို့ကို ပြန်အဖတ်ဆယ်လို့ မရပါဘူး… မြန်မာ့တပ်မတော် ကလည်း အခုလောလောဆယ် ဖြစ်ပျက်နေတဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေမှာ ဒီလို အမှုမျိုး အမြောက်အများကို ကျူးလွန်နေပါတယ်.. ရက်ရက်စက်စက် အစော်ကားခံရရုံမက သတ်ဖြတ်ခံရတဲ့ မသီတာထွေး နှင့် ကချင်အမျိုးသမီးအားလုံး ကောင်းရာ သုဂတိလားပါစေ….

  14. မြန်မာနိုင်ငံသား အမျိုးသမီးတစ်ယောက်ကို ရက်ရက်စက်စက်
    အားဓမ္မပြုကျင့်တာကျတော BBC,RFA, VOA တို့က မသိချင်ယောင်ဆောင်နေတယ်။
    (-) (၁၀)ယောက်အသတ်ခံတာကျတော ထအော်တယ်။ ဒါတွေဟာဘာသဘောလဲ။-

  15. ငြိမ်းချမ်းအေး
    ခင်များ ဘင်္ဂလား-ရခိုင်နယ်စပ်ကို မရောက်ဖူးဘူးနဲ့တူတယ်။အဲဒီဒေသမှာ တစ်နှစ်လောက်သွားနေကြည့်ပါ။ခင်များရဲ့ နောင်ရေးလာမဲ့ဆောင်းပါးဟာ အခုဆောင်းပါးနဲ့ တစ်ခြားစီ ဖြစ်သွာလိမ့်မယ်။

  16. In Singapore, malaysia and thailand….we are seeing people respect each other. the more educated, the better enviorment we can create. we need to train and educate people for civic. if we have sound law and order, we can enjoy better and happy life in our native land.

  17. အမေ၇ိကန်ဘားမီးလို.သုံးတယ်ဆို၇င်၊မြန်မာဘင်္ဂလီလို.ဘဲသုံး၇မှာ၊အမေ၇ိကန်ဗုဒ္ဒ္ဒ္ဒလို.သုံးမှမြန်မာမူဆလင်လို.သုံး၇မယ်။မင်းပြောတာကိုးကားတာနော်။မပြောတတ်၇င်ပါးစပ်ပိတ်ငြိမ်မနေသင်.ဘူးလား

  18. သောကြာအောင်

    ကျွန်တော် ပြောချင်တာက ဘင်္ဂလှီတွေ မြန်မာပြည်ကို ၀င်လာတယ်ဆိုတဲ့ စကားကို ကျွန်တော် တုံ့ပြန်ပြီးပြောချင်ပါတယ်။ လူတွေ ပြသနာ မတတ်ရင်တောင် ပြသနာကို ဖြစ်အောင်လုပ်နေကြလို့ အခုလို မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာရတာပါ။ကျွန်တော် ရခိုင်သမိုင်းကို ရခိုင်တွေကိုမေးချင်ပါတယ်။ဟုတ်ပါတယ် ရခိုင်ပြည်မှာ ရိုဟင်ဂျာမှရှိဘူးထားပါတော့။ ရခိုင်ပြည်မှာ နေတဲ့ မွတ်စလင်မ်တွေဟာ တိုင်းရင်းသားမဟုတ်ဘူးထားပါတော့။ရခိုင်တွေကို သူတို့တွေကို နှိမ်ပြီးဆက်ဆံလေ့ရှိတတ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက ငြိမ်းချမ်းရေးအသွင်ဆောင်တဲ့ ပုံစံတစ်မျိုးနဲ့ ဒီ ရိုဟင်ဂျာ ပြသနာကို ဆောင်ရွက်နိုင်ပါလိမ့်မယ်။ရခိုင်ပြည်မှာ တစ်ခု ဆိုးနေတာက ရခိုင်မွတ်စလင်မ်တွေရှိတယ် သူတို့တွေကို လည်း ရခိုင်တွေက ရခိုင်မွတ်စလင်မ် မှရှိဘူးဆိုပြီးငြင်းကြတယ်။ရခိုင်ပြည်မှာ ရှိတဲ့ မွတ်စလင်မ်တွေ ဟာတဲ့ အကုန်လုံး ဘင်္ဂလားဒေခ့်ျဘက်က ၀င်လာတာပါတဲ့ အဲလိုလည်းပြောကြတယ်နော်။ဟုတ်ပါပြီ ကျွန်တော်ပြောမယ် အေဒီ ၁၆၆၀ ခုနှစ်က အိန္ဒိယနိုင်ငံမှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ စဉ်းစားကြည့်ပါ။အဲဒီတုန်းက အန္ဒိယကို အုပ်ချုပ်တဲ့ လူက ဘယ်သူလဲ ဘုရင်က ဘယ်သူလဲ။ဆိုတာ အခုပြောနေကြတဲ့ ဘင်္ဂလီတွေ ၀င်နေတယ်ဆိုတဲ့ လူတွေ သိကြပါသလား။ဥမပာပြောရရင်ဗျာ ဘင်္ဂလားဒေခ့်ျမှာ ဘာလို့ ရခိုင်တွေ ရှိနေရသလဲ ဆိုပြီး ကျွန်တော်မေးခွန်းမေးရင် ဘယ်လိုဖြေမလဲ ဆို ရင် ရခိုင်တွေ ပေးမဲ့ အဖြေက အရင်က ဘင်္ဂလာကို ရခိုင်တွေပိုင်ခဲ့တယ် နောက်ပိုင်းမှ ဘင်္ဂလီတွေ ပိုင်ခဲ့တာ မို့လို့ ပါဆိုပြီး အဖြေပေးချင်ပေးကြလိမ့်မယ်။ဒါနဲ့ ယှဉ်ရင် ဘင်္ဂလာမှာ ဘာကြောင့် ရခိုင်ရှိလဲ အဲဒါကြောင့် မြန်မာနိုင်ငံ ရခိုင်ဘက်မှာလည်း မွတ်စလင်မ်ရှိတာပေါ့။ဆိုလိုချငိတာနှစ်ခုရှိတယ်။နားလည်အောင်ဖတ်ကြပါ။ကျွန်တော် အချိန်ရရင် အကျယ်တစ်ဝန့်ရေးပါမယ်။ကျွန်တော်ကတော့ ရခိုင်သွေးနှောတစ်ယောက်ပါ။ ရခိုင်ဘုရင်က မိန်းမဘယ်နှစ်ယောက်ယူသလဲ ရခိုင်တွေသိတယ်မလား။အဲဒီမိန်းမတွေထဲက တစ်ယောက်ဘက်က ဆင်းသက်လာတဲ့ သူတစ်ယောက်ပါ။အဲဒီမိန်းမက အန္ဒိယနိုင်ငံ မှာ ၁၆၆၀ မှာ နိုင်ငံရေးအခြေအနေ မကောင်းလို့ပါ။King Ahkbar ရဲ့ သား သြရန်ဂါဇတ်နဲ့ ရှားချူးဂျား မင်းသားတွေပါ။သူတို့တွေ သူတို့အဖေမရှိတော့တဲ့နောက်ပိုင်းမှာ နန်းလုခဲ့တယ် တစ်ယောက်က အရေးနှိမ့်ပြီး ရခိုင်ပြည်ဘက်ကို ခိုလုံလာတယ် ။ခိုလုံလာတဲ့ တစ်ယောက်မှာ သမီးချောတစ်ယောက်ပါလာတာကို ရခိုင်ဘုရင်က မျက်စိကျခဲ့တယ်။ဒါကို ရခိုင်ဘုရင်ရဲ့ အစေခံတစ်ယောက်က တွေ့လို့ တင်ပြလို့ သူက တောင်းတော့ ဘာသာမတူတော့ မပေးလို့ စစ်တိုက်ခဲ့ပြီး ရှာချူးဂျားအရေးနှိမ့်တော့ သူ့သမီးကိုလက်ဆက်ခဲ့တယ်။အဲဒီကနေ ဆင်းသက်လာတဲ့ သူတွေဟာ ဘာဖြစ်မလဲ။ရခိုင်သွေးပါတော့ ရခိုင်မွတ်စလင်မ်ပေါ့မဟုတ်လား။ ဒီအကြောင်းကို သမိုင်တွေမှာရှာကြည့်ပါ။ ဒါပေမဲ့ ရခိုင်ပြည်မှာ အဲလိုသွေးနှောထားတဲ့ လူတွေတောင် ရခိုင်မွတ်စလင်မ်ဆိုပြီးပြောလို့မရဘူး။ ဒါပေမဲ့ ကျွန်တော့် မိသားစုတွေ ဟာ မှတ်ပုံတင်ကို ရခိုင်မွတ်စလင်မ်နဲ့ရပါတယ်။ဘာလို့လည်းဆိုတော့ အထောက်အထားအကုန်လုံးပြနိုင်လို့ပါ။နောက်ပြီး(မြောက်ဥ)မှ ဆင်းသက်လာတဲ့ မြောက်ဥမြို့ နန်းတော်နားက ဗလီတစ်ခု ရှိခဲ့ဖူးတယ် စစ်အစိုးရက သမိုင်းကိုပျောက်ရလို့ငှါ အဲဒီဗလီကို ပျက်စီးလိုက်တယ်။ မြောက်ဦးနန်းတော်ဆောက်တဲ့ အုတ်တွေနဲ့ အဲဒီဗလီရဲ့ အုတ်တွေဟာ အတူတူပါပဲ။အဲဒီ ဗလီကို ရခိုင်ဘုရင်ကိုယ်တိုင်တည်ဆောက်ပေးတာပါ။ဒါပေမဲ့ (ရိုဟင်ဂျာ)အတွက်မဟုတ်ဘူး ရခိုင်မွတ်စလင်မ်တွေအတွက်ပါ။ ရိုဟင်ဂျာက ရွန်ကနေ ဆင်းသက်လာတာပါ။ပါချန်ဘာသာစကားအရ ရွန်ဆိုတာဟာ စစ်မြေပြင် ပါ။ အဲဒီနားမှာ နေခဲ့တဲ့ သူတွေကို ရွန်ဂျားလို့ခေါ်ပါတယ်။အဲဒီမှာနေတာမှာ ရခိုင်လည်း ပါတယ် မွတ်စလင်မ်လည်းပါတယ်။(ဥမပာ ရန်ကုန်မှာနေတဲ့လူကို ရန်ကုန်သားဘဲခေါ်တယ် ဗမာဘဲဖြစ်ဖြစ် မွတ်စလင်မ်ဘဲ ဖြစ်ဖြစ်ပါ) အခုလည်း အဲလိုသဘောပါ။ အဲဒါ ရခိုင်လိုနောက်ဆုံး ဖြစ်သွားတာက ရွာဟောင်း(ရွာဟောင်းနှစ်ဆယ့်နှစ်ရွာရှိတယ်)။ဒါပေမဲ့ ဒီအသုံအနှုန်းဟာ မြောက်ဦးမြို့ အဲဒီရွာတွေမှာ နေခဲ့တဲ့ လူတွေ အတွက်သာ အကြုံးဝင်ခဲ့တာပါ။ဒါကို တစ်ခြားလူတွေက သုံးနေပါတယ်။ကျွန်တော်ပြောရင် မကောင်းပါဘူး။မြောက်ဦးက မဟုတ်တဲ့ လူတွေ ဒါနဲ့ လုပ်စားနေတယ်။တကယ်တမ်းရွာဟောင်းမှာ ရှိတဲ့မွတ်စလင်မ်တွေနဲ့ တစ်ခြားနေရာကမွတ်စလင်မ်တွေနဲ့ ရုပ်ချင်းမတူပါဘူး။တော်တော်ကွဲပြာကြပါတယ်။မောက်ဦး ကျောက်တော် မင်းပြား ဘက်က လူတွေဟာ တစ်ခြားနေရာက လူတွေလို မဟုတ်သလို သတ္တိလည်းတော်တော်ရှိကြပါတယ်။ရခိုင်မြင်ရင် ကြောက်ပြီးမပြေးဘူး ရဲရဲရင်ဆိုင်တယ် ဘာလို့လည်းဆိုတော့ ရွာဟောင်းက လူတွေမို့လို့ပါ။ရွာဟောင်း ၂၂ရွာမှာ ကန်ကြီး ၂၂ ကန်ပေးထားခဲ့တယ်။အဲဒါကိုပေးတာက ရခိုင်ဘုရင်ကပါ။ရခိုင်လို ဇာကလဲ လို့မေးရင် ရွာဟောင်းကဝေလို့ပြောခဲ့တဲ့ ဆိုရိုးရှိတယ်။ရွာဟောင်းမှာ အပြင်လူဝင်လာပြီး အိုးအိမ်တည်ထောင်ခွင့်မပေးဘူး။အဲဒီရွာမှာ မွတ်စလင်မ် နဲ့ ရခိုင်တွေ စုပေါင်းပြီးနေကြတယ်။ဆက်လက်ဖော်ပြပါမယ်။ကျွန်တော်နောက်တစ်ခုပြောချင်တာက အစိုးရက ဘင်္ဂလာဘက်က ၀င်လာမဲ့ လူတွေကို စိုးရိမ်နေတယ်လို့ပြောတယ်။ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်ပါတယ် ရခိုင်ပြည်နယ်မှာ တစ်နေ့တစ်နေ့ ဘင်္ဂလာကနေ ၀င်လာပြီး တိုးလာတဲ့ လူတွေ ရှိပါတယ်။သူတိုတွေက ဘင်္ဂလားဒေခ့်ျက ၀င်လာတဲ့ ဘင်္ဂလီရခိုင်တွေပါ။ ဘင်္ဂလီ ရခိုင်တွေ ဟာ ရခိုင်ဆိုပြီး မြန်မာနိုင်ငံမှာ ရောက်ရောက်ချင်းနေထိုင်ခွင့်ရပါတယ်။ပြီးတော့ သူတို့တွေကို နိုင်ငံသားလည်းပေးပါတယ်။တစ်ချို့ကတော့ အစပိုင်းမှာ သုံးခေါက်ချိုးကိုင်တာပေါ့နော်။နောက်ပိုငိးတော့ ရခိုင်တိုင်းရင်သား မြန်မာနိုင်ငံသားပေါ့လေ။ဘာဘဲဖြစ်ဖြစ် ဘင်္ဂလီဟာ ဘင်္ဂလီဘဲ ဘာလူမျိုးဘဲဖြစ်ဖြစ် သူတို့တွေဟာ ဘင်္ဂလီရခိုင်တွေဘဲ။ သူတို့တွေ့ ဘာကြောင့် အဲလို လုပ်ုလိ့ရလဲ သိလား။စစ်တွေမြို့မှာ ဘင်္ဂလီ ရခိုင်တွေနေတဲ့နေရာက ဘောလုံးကွင်ရပ်ကွက်ပါ။အခုနောက်ပိုင်းဘင်္ဂလီ ရခိုင်တွေ ၀င်လာပြီး မိန်းကလေးတွေဆို လ၀က စာရေးမနဲ့ လ၀က ပြီးတော့ ကျောင်းဆရာမ အစိုးရအမှုထမ်းအလုပ်တစ်ခုခုကို ချက်ချင်းသင်လိုက်ပါတယ်။ယောက်ျားတွေကတော့ လ၀က ၀င်တာပေါ့။ဒါမှနောက်ဝင်လာတဲ့ သူတွေကို ကူလို့ရတာပေါ့။လက်ရှိ စစ်တွေမြို့ မြို့နယ် လ၀က ရုံးမှာ ရှေ့မှာ ထိုင်တဲ့ စားရေးမလေးတွေဟာ ဘင်္ဂလီ ရခိုင်မလေးတွေပါ။ စစ်တွေမှာ ဘလီရခိုင်တွေကို (အ၀ကျွန်းသားလို့ခေါ်တယ်)။ဘင်္ဂလာက မွတ်စလင်မ်တွေဟာ ငြိမ်းချမ်းတယ် မြန်မာနိုင်ငံမှာ ဖုန်းမကိုင်နိုင်ကတည်းက သူတို့တွေကိုင်နိုင်တာဘဲ။မောင်တော ဘူးသီးတောင်ဘက်က လူတွေ ရခိုင်စကားမတတ်တော့ ဘင်္ဂလီလို့ ပြောကြတာပါ။ဒါပေမဲ့ ဘင်္ဂလီဆို ဘင်္ဂလီနဲ့ သူတို့ကို တိုင်းရင်းသားနဲ့ မပေးဘဲ နိုင်ငံသားအဖြစ် သတ်မှတ်ပေးပြီး ဘော်ဒါကို ပိတ်ပြီး စီစစ်ရမယ်။မျိုးရိုး စဉ်ဆက် ဆင်းသက်ပုံကို ကြည့်ပြီး နိုင်ငံသားပေးသင့်ရင်ပေးရမယ်။ဒီလိုလုပ်မှ ရခိုင်ပြည်ရဲ့ အနာဂတ်ကောင်းသွားမှာပါ။

    • British census of 1891 reported 58,255 Muslims in Arakan (Rakhine State). By 1911, the Muslim population had increased to 1,078,647. (ref: wikipedia)

  19. သောကြာအောင်

    ဘင်္ဂလီမွတ်စလင်တွေ မြန်မာပြည်ကို ၀င်မလာဘူးဗျား။ဘာလို့လည်းသိလား မြန်မာပြည်မာ ဖုန်းကိုင်လို့မရလို့တဲ့။ ၂၄နာရီမီးမရလို့တဲ့။ ဘင်္ဂလီမွတ်စလင်မ်အစစ်တွေ မြန်မာပြည်ကို ဘယ်တော့မှ ၀င်လာမှာမဟုတ်သလို ၀င်လာနေတာလည်းမရှိဘူး ၀င်ဖို့လည်းမရှိဘူး။သို့သော်လည်း ဘင်္ဂလားဒေခ့်ျမှာ လူဦးရေ များပြားတာကြောင့် နယ်စပ်ကို အတင်းအကြပ် ပိတ်ပင်ပြီး မြန်မာပြည်ဘက်က မွတ်စလင်မ်တွေကို တစ်ခုခုလုပ်ပေးရင် ရိုဟင်ပြသနာကနေ အနားယူနိုင်မှာပါ။ကျွန်တော်ဆိုလိုချင်တာက

  20. ဘဇံလင်း

    ဒီဆောင်းပါးမှာ ပါတဲ့အချက်အလက်တချို့ ယုတ္တိမရှိတာကို ထောက်ပြချင်ပါတယ်။ အဲ့ဒါတွေ ထောက်မပြခင် ကနဦးပြောထားလိုတာက ကျွန်တော့်မှာ ငယ်ငယ်ကတည်းက ခုချိန်ထိ အလွန်ခင်မင်ရတဲ့ အစ္စလာမ်ဘာသာဝင် မိတ်ဆွေ သူငယ်ချင်း များစွာရှိပါတယ်။ အချင်းချင်း အလွန်ခင်မင်လေးစားကြပါတယ်။ ညီအကို၊ မောင်နှမတွေလိုပါပဲ။ ဒါကြောင့်မို့ ကျွန်တော့်မှာ လူမျိုးရေးမုန်းတီးမှု လုံးဝမရှိပါ။
    ဒါပေမယ့် ဒီဆောင်းပါးမှာ အခေါ်အဝေါ် အသုံးအနှုန်း တွေပြောင်းသင့်ကြောင်းပြောထားတဲ့ အကြောင်းအရာဟာလုံးဝ ဆီလျှော်မှုမရှိတာကိုတွေ့ရပါတယ်။ ဆောင်းပါးရှင်က “မြန်မာ-ခရစ်ယာန်၊ မြန်မာ-မွတ်ဆလင်၊ မြန်မာ-ဟိန္ဒူ၊ မြန်မာ-တရုတ် (တရုတ်လူမျိုးအနွယ် မြန်မာနိုင်ငံသား)၊ မြန်မာ-အိန္ဒိယ (အိန္ဒိယလူမျိုးအနွယ် မြန်မာနိုင်ငံသား)” ရယ်လို့ ယဉ်ကျေးမှုအရသုံးသင့်တယ်လို့ပြောဆိုရေးသားထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဆောင်းပါးရှင်ဟာ “လူမျိုး” နှင့် “ဘာသာ” ကို မကွဲတာ ထင်ရှားပါတယ်။ မြန်မာ-တရုတ်၊ မြန်မာ-အိန္ဒိယ တို့ဆိုတာ ဆီလျှော်ပေမယ့် မြန်မာ-ခရစ်ယာန်၊ မြန်မာ-မွတ်ဆလင်၊ မြန်မာ-ဟိန္ဒူ ဆိုတာတွေက လုံးဝကို ဆီလျှော်မှု မရှိတဲ့ “လူမျိုး” နှင့် “ဘာသာ” အတွဲတွေ ဖြစ်နေပါတယ်။ ဥပမာ အမေရိကန်ပြည်ထောင်စုလို လစ်ဘရယ် ဒီမိုကရက်တစ် အနောက်နိုင်ငံတွေကို ကြည့်ရင်လည်း “Chinese American”, “Arabic-American” အစရှိသဖြင့်သုံးနှုံးပါတယ်။ “American Muslim” လို့သုံးလိုက်မယ်ဆိုရင် “Islam/Muslim” ဘာသာကို သက်ဝင်တဲ့ “Caucasian”၊ “Chinese”၊ “Hispanic”၊ “African” အစရှိတဲ့ Americans တွေအားလုံးပါဝင်မှာဖြစ်သလို၊ “မြန်မာ-မူဆလင်” ရယ်လို့ သုံးမယ်ဆိုရင် “အစ္စလာမ်ဘာသာ/မူဆလင်ဘာသာ” ကိုသက်ဝင်ယုံကြည်တဲ့ မြန်မာပြည်ဖွား တိုင်းရင်သားများ၊ တရုတ်နွယ်ဖွားများ၊ အိန္ဒိယနွယ်ဖွား အစရှိတဲ့ “လူမျိုး” များပါဝင်ပါလိမ့်မယ်။ ဒါကြောင့် ကရင်သည် ကရင်၊ ရှမ်းသည် ရှမ်း၊ ရခိုင်သည် ရခိုင်၊ တရုတ်သည် တရုတ်၊ ကုလားသည် ကုလား အစရှိသဖြင့် သုံးစွဲမှုဟာ ဆောင်ပါးရှင်တင်ပြသလို “Pejorative” မဖြစ်သလို “Political Correctness” အဖြစ်လည်း ပြောင်းလဲခေါ်ဝေါ်ရန် မလိုအပ်ပါ။ ဆိုလိုတာက မြန်မာနိုင်ငံအတွင်းမှာ “တရားဝင်” နေထိုင်ကြတဲ့ မြန်မာနိုင်ငံကို ကိုယ့်မြေ၊ ကိုယ့်ဒေသလိုချစ်တဲ့၊ မြန်မာနိုင်ငံအတွက် တဖက်တလမ်းက ကူညီအားပေးတဲ့ လူပုဂ္ဂိုလ် အားလုံးဟာ မည်သည့်ဘာသာဝင် ဖြစ်ဖြစ် မြန်မာနိုင်ငံသား ညီအကို မောင်နှမတွေပါ။ ဒါပေမယ့် လူမျိုးနဲ့ ဘာသာကိုယှဉ်တွဲ အသုံးပြုဖို့တိုက်တွန်းတာကတော့ လုံးဝအဓိပ္ပါယ်မရှိပါဟု ဝေဖန်လိုပါတယ်။

  21. ညိမ်းချမ်းစွာနေလို့ ရပါတယ်။ ဒါပေမဲ့ လူမျိုးပျောက်မှာကြောက်တယ် မပျောက်အောင်တော့ ကာကွယ်ရမှာပဲ။ သီရိဓမ္မာသောမင်းကြီး သာသနာပြုခဲ့ တဲ့ တိုင်းပြည်တွေကုလားမျိုလို့ ကုန်သလောက်ဖြစ်နေပြီ။သမိုင်းကိုမမေ့ သင့်ဘူး၊ လက်ရှိထိုင်းနိုင်ငံတောင်ပိုင်းကိုပဲကြည့် ကုလားများလာတော့ ပြည်နယ်တောင်းပြီ။ဒေသခံတွေကိုဒုက္ခပေးပြီ။ ကုလားနဲ့ ပက်သက်ရင် အစ္စရေးနိုင်ငံကိုနမူနာယူသင့် တယ်။

  22. ဦးငြိမ်းချမ်းအေး ရေးတာတွေ သိပ်ကောင်းပါတယ်။ တခုပြောချင်တာက စာရေးသူကိုယ်တိုင် ရခိုင်ကိုလာပြီး အိမ်ရှင်ရခိုင်တွေကို ကုလားတွေ ဘယ်လို အနိုင်ကျင့်နေတယ်။ ဆိုတာတွေကိုလည်း လေ့လာပြီး ဒီလိုမျိုးရေးသင့်တယ်။ နောက်တခု ယဉ်ကျေးတဲ့လူ့ အဖွဲ့အစည်းဆိုတာကို စာရေးသူက ဘယ်လိုစံတွေနဲ့ တိုင်းတာ လက်ခံထားလည်းဆိုတာကိုလည်း ထည့်ရေးသင့်တယ်။

  23. နေမင်း

    ခင်ဗျားနေနေတဲ့နေရာမှာကော အဲ့လောက်ယဉ်ကျေးနေလား။ တစ်ခုပဲပြောချင်ပါတယ် အသေခံဗုံးခွဲ နေတဲ့သူတွေကို သွားပြီးအဲ့လိုပြောပေးပါလား။ အမေရိကားမှာကော လူဖြူ၊ လူမဲ ခွဲခြားမှုက လုံးဝအဆုံးသတ်သွားပြီလား။ ဒါပေမယ့် ဗမာနဲ့ မြန်မာကို ကွဲအောင်မရေးထားတော့ စိတ်မကောင်းစရာပါပဲ။ သေချာလေ့လာပါအုံး။ (ဗမာတွေ အွန်လိုင်းမှာ သုံးနှုန်းပြောဆိုတဲ့ အသုံးအနှုန်း နဲ့ လုပ်ဆောင်နေတဲ့ အပြုအမူ အများစုဟာ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင် အင်မတန် အားနည်းနေပါတယ်။ ) ဗမာတွေပဲ အားနည်းနေတာပါ… ကုလားတွေကကော ဘယ်လိုများပါလိမ့်။ အရမ်းအရမ်းကို ယဉ်ကျေးနေပုံပါပဲ။

  24. ကိုညီညီပြောတာမှန်တယ်။ ဘင်္ဂလီတွေခုနှုန်းအတိုင်းသာမြန်မာဘက်ကိုဆက်ပြီးခိုးဝင်နေမယ်ဆိုရင်မကြာခင် ရခိုင်ဒေသမှာသူတို့ကဒီ့ထက်ပိုပြီးချယ်လှယ်လာကြတော့မှာပဲ။လူနဲစုဖြစ်နေသေးလို့သာငြိမ်နေသေးပေမယ့် နောင်ကျွန်တော်တို့သားစဉ်မြေးဆက်အချိန်လောက်ဆိုသူတို့ကလူများစုဖြစ်လာတော့မယ်။ သဘောကောင်းတိုင်းလဲမငြိမ်းချမ်းနိုင်သလို အမျှော်အမြင်ရှိမှုနဲ့ရေရှည်ကိုထောက်ရှုနိုင်မှုရှိမှလဲ ဘာသာ၊သာသနာ အတွက်အကျိုးမယုတ်မှာကိုထည့်တွက်ကြသင့်တယ်၊

  25. လူဆိုတာဘာလဲ

  26. မျိုး

    စာရေးသူရေ…. ကမ္ဘာနဲ့အလွှားဖြစ်နေတဲ့ မွတ်ဆလင်တွေရဲ့ လူသတ်ပွဲ၊ နယ်မြေခွဲထွက်ဖို့တောင်းဆိုပွဲတွေနဲ့ သူတို့ရှိတဲ့နေရာတိုင်းမျာ မငြိမ်းမချမ်းဖြစ်နေတာလေးတွေကို ပေါ်လွင်အောင်ရေးပြီး မွတ်ဆလင် (လူမျိုးနာမည်မသိရှိလို့ပါ… ဗမာကို ဗမာလို့ခေါ်နိုင်သလို အဲဒီလူမျိုးတွေကိုလဲခေါ်မယ့်အမည်လေးကိုပါ စာရေးသူ တစ်ပြိုင်တည်းရှင်းပြပေးပါ) တွေ ရိုးသားသလား၊ ရိုင်းစိုင်းသလား ဆိုတာကို ဝေဖန်ရေးသားပေးပါအုံး…

  27. သူ့အတွေး သူ့အမြင်ဆိုပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆီသို့ ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားတဲ့ ဆရာငြိမ်းချမ်းအေးသည် ယင်းဆောင်းကို အတော်လေးကြိုးစားထားပုံရပါသည်။ ကျွန်တော်တို့လို လေ့လာသူတွေအတွက် တန်ဖိုးရှိပါသည်။ဆရာတစ်ယောက်က တပည့်တစ်ယောက်ကို၊ အစ်ကိုကြီးတစ်ယောက်က ညီငယ်တစ်ယောက်ကို ဆုံးမနေသလို ပြောပြနေသလိုလေး ရေးသားထားတာ ကျေးဇူးတင်ပါသည်(ကျေးဇူးတင်ပါသည်)။ ငြိမ်းချမ်းအေးသည် ဘာလူမျိုးမှန်းမသိပါ။ ဆရာငြိမ်းချမ်းအေး ဆောင်းပါးတွင် စာနယ်ဇင်းကျင့်ဝတ်များ၊ လူအဖွဲ့အစည်း၏ စည်းကမ်းများအားလိုက်နာကျင့်သုံးဖို့ ချဉ်းကပ်၊ ဇောင်းပေးရေးလာခြင်းကလည်း လေးစားစရာကောင်းနေပြန်ပါသည်။ ဆောင်းပါးရေးသူ ဆရာငြိမ်းချမ်းအေးသည် သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့တွင် နေထိုင်လျက်ရှိသည့် အိုင်တီပညာရှင်၊ ဆောင်းပါများရေးသားနေသော အသိသညာရှင်၊ အတတ်သညာရှင် တစ်ဦးဖြစ်မည်လို့ယုံကြည်မိပါသည်။ စာရေးသူ၏ဆောင်းပါးတွင်တစ်ပုဒ်လုံးတွင် ဗမာ့လူ့အဖွဲ့အစည်းဆိုပြီး စကားလုံး(3)လုံးအား သတိထားဖတ်ရှူမိပါသည်။ (1) ရေတွင်းထဲက ဖားသူငယ်လို ရေတွင်းရဲ့ဘောင်သတ်ခြင်းခံရတဲ့ အမြင်၊ အတွေးအခေါ်နဲ့သာ ရှင်သန်နေရတဲ့ ဗမာ့လူ့အဖွဲ့အစည်း၊ (2) လက်ရှိ ဗမာ့လူ့အဖွဲ့အစည်း မှ ဗမာတွေ (3) လက်ရှိဗမာ့လူ့အဖွဲ့အစည်းမှ ကျင့်ဝတ်ပိုင်းဆိုင်ရာအားနည်းနေမှု ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် ကိုးကွယ်သည့်ဘာသာ – (ဗုဒ) ((ဓ)သည်အော်တာကီးနှင့်တွဲမသုံးရလိုခွင့်လွှတ်စေချင်ပါသည်)၊ လူမျိုး – ဗမာဆိုလျှင် ဗမာ၊ ကရင်ဆိုလျှင်ကရင်၊ ရခိုင်ဆိုလျှင်ရခိုင် နိုင်ငံသား- မြန်မာ ဟု ရေးသွင်းထားတာတွေ့ရပါသည်။ ဆရာငြိမ်းချမ်းအေးသည် ဗမာလူ့အဖွဲ့အစည်းဟု သုံးနှုန်းထားသည်မှာ ဘာကိုဆိုသည်ကို ကျွန်တော်တို့ဥာဏ်မမီပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူသော သိင်္ဂါလောဝါဒသုတ်များကိုလည်း လေ့လာပါဦးမည်။ မင်္ဂလသုတ်များကိုလည်း ထဲထဲဝင်ဝင် လေ့လာသင်ယူပါဦးမည်။

  28. If dog bite u then will u bite him back?
    Nobody said that they are good guy. Should not kill any other people cos they are just Muslim.
    If they want to revenge then do it for that bad people. Not to others who are not.

  29. ဆောင်းပါးရေးတယ်ဆိုတာတစ်ဖက်ကြည့်ပြီးရေးလို့မရဘူး..ကုလားတွေကဘယ်လိုအကျင့်တွေရှိတယ်ဆိုတာမသိဘူးလား.သေချာလေ့လာလိုက်ပါအုံး.အနောက်ဘက်မှာရခိုင်လူမျိုးရှိနေလိုဒီလောက်ခံသာနေတာ.မဟုတ်ရင်ခုလောက်ဆိုဗမာပြည်က ကုလားပြည်ဖြစ်နေပြီ.ခုတောင်များလာလိုက်တဲ့ကုလားတွေ သန်ခေါင်စရင်းပြန်ကောက်ကြည့်အုံး.ဗမာတစ်ပြည်လုံး..အမျိုး ဘာသာ သာသနာ ဆိုတာစောင့်ထိမ်းရမယ့်တာဝန်ရှိတယ်.မြန်မာအမျိုးသမီးတိုင်းရင်းသူတွေကိုလက်ထပ်ပေါင်းသင်းပြီး.နောက်ဆုံးတောဘာဖြစ်သွားကြတာလဲ.စဉ်းစားကြည့်လိုက်ပါ.

  30. layhone
    9 june2012
    In 1942 Kula, with the weapon supplied by British, massacred 20,000 Rakhine including Deputy Commissioner U Kyaw Khine . In this time Rakhine had been assisted by Kayin who had knowledge mutually as Minority of ethic group. Kular married Myanmar girls who was change forcibly to Muslin but Myanmar cann’t married Kular girl whom if you loved,you have to be changed muslin. I don’t see what is human right. If they would like to live brotherly in Myanmar, they must participate Myanmar societies conveniently and they have to change their manners such as religion ,society. we always love Myanmar where our dream is unity. I hate this men” who was talking with his tongue in his cheek”. I think that you have to study Rakhine and Kula history.You seem to more love Kula than Myanmar ethnic who has knowledge.

    • layhone said “If they would like to live brotherly in Myanmar… they have to change their…RELIGION”
      မင်းပြောသလို ဗမာပြည်မှာနေရင် ဗုဒ္ဓဘာသာဖြစ်ရမယ်ဆိုရင်
      အနောက်တိုင်းခရစ်ယာန်အများစုနေတဲ့တိုင်းပြည်က ဗုဒ္ဓဘာသာတွေလဲဘာသာပြောင်းရမှာလား?
      မွတ်ဆလင်တိုင်းပြည်မှာနေရင်မွတ်ဆလင်ဖြစ်ရမယ်ဆိုတဲ့ ခေတ်နောက်ကြတဲ့
      အတွေးအခေါ်ရှိတဲ့ မင်းမုန်းတဲ့ အစွန်းရောက်မွတ်ဆလင်တွေနဲ့
      မင်းတူသွားပြီဆိုတာ သတိထားမိလား.

      အိန္ဒိယဘက်ကနေ ကူးလာလို့ “ကူးလာ” ကနေ “ကုလား” ဖြစ်လာတယ်လို့ကြားဖူးတာဟုတ်မဟုတ်မသိ ဘာဘဲဖြစ်ဖြစ် ကုလား ဆိုတဲ့စကားဟာလူမျိုးနဲ့ဘဲဆိုင်ပါတယ် ဘာသာနဲ့မဆိုင်ပါဘူး. ကုလားလူမျိုးထဲမှာလဲ ဟိန္ဒူ ဗုဒ္ဓဘာသာ ခရစ်ယာန် မွတ်ဆလင် နဲ့ အခြားသောဘာသာတွေလဲရှိပါတယ်. ဒါပေမဲ့ဗမာတွေက ကုလားနဲ့မွတ်ဆလင်ကို အခုထိမခွဲတတ်ကြသေးဘူး.

      နောက်တခုဆိုးတာက ဗမာဆိုရင် ဗုဒ္ဓဘာသာကိုးကွယ်မှ ဗမာစစ်စစ်လို့ထင်နေတာဘဲ. အခုခေတ်ဗမာလူမျိုးဆိုတာ ပြောရရင် Indian, Chinese, Japanese, France, Portuguese, English, Middle East etc အရှေ့အနောက် တောင် မြောက် သွေးအကုန်ရောနေတာ. ဒါကြောင့်အခြေခံအားဖြင့် ဗမာလူမျိုးဆိုတာ အဖေအမေ ၂ယောက်လုံးကဗမာပြည်မှာမွေးပြီး သားသမီးတွေလဲဗမာပြည်မှာမွေးရင် ဗမာလူမျိုးလို့ခေါ်လို့ရပါတယ် ဒါတောင်တချို့တွေကအဖေ or အမေ ကလူမျိုးခြား ဒါပေမဲ့သားသမီးကဗမာပြည်မှာမွေး ပြီးဗမာစကားပြောတတ်ရင်ခဲ့ရင်တောင် ဗမာလို့ခေါ်လို့ရပါသေးတယ် ဘာသာနဲ့လုံးဝမဆိုင်ပါ.

      နောက်တခုက မျိုးချစ်စိတ်ဆိုတိုင်း “ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ” ဆိုတဲ့စကားကိုသုံးတာဘဲမြန်မာလူမျိုးဆိုတာ ဗမာတမျိုးထဲမဟုတ်ဘူး တိုင်းရင်းသားတွေလဲပါတယ် ဒါပေမဲ့ဗမာတွေက သူတို့တဦးထဲပိုင်တဲ့တိုင်းပြည်လို့ထင်ပြီး တိုင်းရင်းသားတွေကိုနှိမ်တာလဲ အင်မတန်ရွံ့ဖို့ကောင်းတယ်.
      ကိုယ့်ဘာသာ ကိုယ့်သာသနာလို့ ပြောရအောင် ဗုဒ္ဓဘာသာဆိုတာ မြန်မာပြည် ကနေစခဲ့လို့လား. ဗုဒ္ဓဘာသာမတိုင်ခင်က အရည်ကြီးနဲ့နတ်ကိုးကွယ်တာ မေ့နေလိုက်ကြတာ. ဒါတောင်နတ်ကိုးကွယ်တယ်ဆိုတာက တရုပ်ပြည်ရဲ့အယူဝါဒ ကဆင်းသက်လာတာ. အစွန်းရောက်မွတ်ဆလင်ရဲ့တဖက်စောင်းအယူတွေကြမုန်းပြီး
      ကိုယ်ကိုတိုင်ကြတော့လဲ အဲဒီအယူကိုဘဲလက်ခံနေတယ်ဆိုတာ ကိုယ်ကိုကိုယ်ပြန်မြင်ကြပါလို့

  31. မင်းထင်

    ကုလား ဟုခေါ် ခြင်းမှာ နှိမ်ခေါ်ခြင်း မ ဟုတ်ပါ။ မှန်နန်း ရာဇ၀င် ပြူစု ခဲ့သူ နာမည်မှာလည်း ဦကုလား ဖြစ်ပါသည်။ ဂုဏ်ယူသင့်ပါ သည်။ မူဆလင် ဆိုသည်မှာ အလ္လာကို ယုံကြည်သက်ဝင်သော သူ။ ကုလား ဆိုသည် မှာ အိန္ဒိယ၊သီဟိုဠ်(ယခုသီရိလင်္ကာ) မှ လာ သောလူမျိုး
    မူဆလင်ကုလား အင် မတန်ကျစ်လစ်သော မြန်မာစကား ။ မြန်မာရာဇ၀င်တွင် ပုဂံခေတ် ကတည်းက ကုလား ဟူသော အသုံး အနှူန်း ကို သုံးခဲ့ ပါ သည်။ ဥပမာ ပဋိကရား ကုလားမင်းသား၊ နရသူ ခေါ် ကုလား ကျ မင်း ။ အင်္ဂလိပ် ၀င် လာသော အခါ အိန္ဒိယ မှလာသော်လည်း အသားဖြူ ၍ ကုလားဖြူဟု ဆက် ခေါ်ပါသည်။ အကယ် ၍ မကြိုက် ပါက နာမည် ပြောင်းခြင်း ထုံး စံ အ တိုင်း သတင်းစာမှနေ၍ကုလားဟူ သောအ ခေါ်အ ဝေါ် ကို ကုလား များ မကြိုက်၍ ကုလား အမည် ပြောင်း ခြင်း ဟူ ၍ နာမည် အသစ် အား ကုလား အမည် ပြောင်း ခြင်း ခေါင်း စဉ် ဖြင့် ကြော်ငြာ ထည့်ပါ။ တရားဝင် မ ကြော်မ ငြာ ခြင်း ကုလား ဟု ပဲ ဆက်ခေါ် မည်။ တရားဝင်ပိုဖြစ်စေရန် ဘီဘီစီ သို့  လည်း ပို့ ပါ။

  32. ကောင်းစေချင်

    ဘာဘဲဖြစ်ဖြစ်မွတ်စလင်တွေကတော့ တစ်လောကလုံးသတိထားသင့်တဲ့သူတွေပါ။
    အဓိကဘာသာကြီး ၄ မျိုးမှာနောက်ဆုံးမှပေါ်လာခဲ့ပြီး ရှေးကဘာသာကြီးတွေကိုကျော်ပြီး
    သာသနာပြုနိုင်ဖို့ နည်းပေါင်းစုံသုံးခဲ့တယ်၊ စစ်ရေးအကြမ်းဖက်နည်း အတင်းအဓမ ၀င်စေခြင်း
    အစရှိသဖြင့်ပေါ့၊ ဥရောပကိုလွှမ်းမိုးဖို့ကြိုးစားရာမှာ ခရူးဆိတ်စစ်ပွဲကြောင့်သာဥရောပ
    ကံကောင်းခဲ့ရတာ၊အရှေ့ကိုထိုးဖေါက်ခဲ့ရာမှာ ရှေးနှစ်ပေါင်းများစွာဟိနူဘာသာအမြစ်တွယ်
    နေတဲ့ အိနိယကြောင့်သာမြန်မာအပါအ၀င်အရှေ့တောင်အာရှနိုင်ငံတွေသက်သာခဲ့ရတယ်
    ဒါတောင် အရှေ့ပါကစတန်၊မလေး၊အင်ဒိုတို့ပါသွားရသေးတယ်။အခုလဲခေတ်သစ်အကြမ်းဖက်
    သာသနာပြုဖို့ဘာသာရေးစစ်ပွဲဆိုပြီးကြွေးကျော်နေပြန်ပြီ၊ ကြောက်ဖို့ကောင်းပါတယ်။

  33. Me: လူမျိုးဘာသာကိုထိမ်းသိမ်းကာကွယ်ရမှာနိုင်ငံသားတိုင်းတာဝန်ဘဲး။ဘယ်နိုင်ငံမှ့ဧည့်နိုင်ငံသားကိုတန်းတူအခွင်အရေးမပေးဘူး။မြန်မာလဝကသဘောကောင်းမှု့ကြောင့်နိုင်ငံသားမှတ်ပုံတင်အစစ်တွေကိုင်လုပ်ပိုင်ခွင်အပြည့်ရနေတာမြန်မာတနိုင်ငံဘဲး။ဧည့်နိုင်ငံသားလူချမ်းသာတွေမြို့ကြီးတွေမှာအပြည့်။လဝကကောင်းမှု့ကြောင့်ရိုဟင်ဂျာတောင်ရန်ကုန်မှာသူဌေးဖြစ်နေနိုင်တယ်

  34. If the Immigration officers give the Bengalis to enter the permission to the Rakhine state unofficially, they should go to jail at least 10 years or up to death sentence. Navy ships must guard Rakhine coast. If can not guard and enter the Bengalis a lot, liked the above punish should be effected.

  35. မွတ်ဆလင်ဆိုတာ ဘာသာရေးနံမည်ကိုခေါ်တာပါ။ ကုလားဆိုတာ ကုလားကိုခေါ်တာပါ။ တရုတ်ဆိုတာ တရုတ်ကို ခေါ်တာပါ။
    Name exists as a name.
    Don’t make difficult for all of us to call a name. Eventhough you don’t like ur name, what can we do. It exists as a name. What’s wrong with that?

  36. A crime led to revenge.

    Revenge sparked a religious conflict in Rakhine State.

    Some media portrayals of the conflict fuelled the angers of unwise people.

    Military government has now taken control of Rakine State.

    They will now have a chance to control over other states and divisions if the conflict spread across the country.

    Who are the Winners: Corrupted military generals who never want to reform in the first place
    Who are the Losers: (We) general public

    Too many monks and people had already been scarified their lives in this long hard process to democracy. Do we really want to go back to square one?

    DO NOT waste the opportunity we are waiting so long to change our country. We’ve just felt a glimpse of hope for the first time ONLY two months ago.

    There are awful loads of work to do to become a true democracy country. So be mindful of how we prioritize our energy. Set your goal on the first prize. We don’t want to be the second best. If you want to be the winner, you need to act like one. So be wise up.

    If we worry too much about what corrupted individuals wanted us to worry, you will lose the sight of your winning trophy.

  37. china ကို တရုတ်၊ India ကို ကုလား ၊ ယခင်က တိုင်းရင်းသားမဟုတ်သော
    နိုင်ငံခြားသားအင်္ဂလိပ်၊ြ ပင်သစ်လူမျိုးများကို ကုလားဖြူဟုခေါ်ကြပါသည်။ရှေးယခင် ကတည်း
    ကသုံးနှုန်းသော အသုံးအနှုံးဖြစ်ပါသည်။ ကုလားက မြန်မာမွတ်ဆလင်သုံး၍ မရပါ။
    ဗမာလူမျိုး အစ္စလာမ်ဘာသာဝင်သာ ဗမာမွတ်ဆလင်ဖြစ်သင့်ပါသည်။ ဗမာလူမျိုး
    ခရစ်ယာန်ဘာသာဝင်ဖြစ်က ဗမာခရစ်ယာန်သာဖြစ်ပါသည်။
    တကယ်တော့ မြန်မာတိုင်းရင်းသားမဟုတ်သဖြင့် ကုလားဟုခေါ်ဝေါ်ခြင်းသည် ထိခိုက် နစ်နာ
    စေလိုခြင်းမဟုတ်ပါ။ ဆောင်းပါးရှင်သည်လည်း မည်သည့်လူမျိုးဖြစ်ပါသလဲ

  38. Myat phyu site lay sa yar kyite lay…..

  39. တချိန်က ဗုဒ္ဓသသာနာထွန်းကားရာ ဇမူဒီပါတောင်ကျွှန် အခုအာရှမှာ ဗုဒ္ဓသာသာနာထွန်းကားဆုံးနိုင်ငံဆိုလို့ မြန်မာတနိုင်ငံဘဲရှိပါတော့တယ် ဗုဒ္ဓဘုရား ဟောဖေါ်ညွှန်ကြားခဲ့တဲ့ ပိဋကပ်တော်တွေကို ထိမ်းသိမ်းစောင့်ရှောင့်နေတဲ့ ဆရာတော်သံကာတော်တွေရဲ့ တရားတော်တွေကိုနာကြား ခြင်းဖြင့်သိနိုင်ပါသည် သို့တွက်ကြောင့် ဘယ်အရေးဘယ်အကြောင်းကြောင့်ဘဲဖြစ်ဖြစ် မိမိတို့ရဲ့လောကတွင် မြင့်ဆုံးမြတ်ဆုံးသော သာသနာတော်ကြီးမှို့လို့တရိုတသေစောင့်ရှောက် ကာကွယ် ထိန်းရန်မမေ့ကြစေလိုပါ

  40. Very good article except some little errors in choice of wordings.
    Unfortunately, Myanmar people can’t handle this especially under this situation.

  41. မြန်မာနိုင်ငံတွင်မှတ်ပုံတင်၌လူမျိုး၊ နှင့်ကိုးကွယ်သည့်ဘာသာဖော်ပြရခြင်းကပင် လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာကိုရောထွေးသွားစေပါသည်။ဥပမာခရစ်ယာန်တိုင်းကိုကရင်
    ခေါ်ကြခြင်း။ဗုဒ္ဒဘာသာတိုင်းကိုဗမာဟုခေါ်ကြခြင်းများကိုကျွန်မကိုတိုင်လက်တွေ့ကြားသိနေ
    ရပါသည်။မှတ်ပုံတင်၌ကိုးကွယ်သည့်ဘာသာထည့်ရသည့်နိုင်ငံသည်မြန်မာတစ်နိုင်ငံတည်း
    တွင်သာရှိပါသည်။ စာရေးသူကိုပြောချင်သည်မှာ မြန်မာခရစ်ယာန်ဆိုတာလူမျိုးတစ်ခုကိုကိုယ်
    စားပြုသည့်အမည်နာမမဟုတ်ပါ။ကိုယ်နှင့်ကိုးကွယ်သည့်ဘုရားမတူတာနှင့်ရန်သူဟုသတ်
    မှတ်သူများကိုရှုံချပါသည်။လူသားတိုင်းကိုယ်နှစ်သက်သောဘုရားကိုကိုးကွယ်ပိုင်ခွင့်ရှိပါသည်
    လွတ်လပ်စွားပြောင်းသွားခွင့်လည်းရှိပါသည်။ငယ်စဉ်ကမိဘကိုးကွယ်သည့်ဘာသာတွင်ရှိ
    ပြီးကြီးပြင်းလာသည့်အခါကြိုက်နှစ်သက်သောဘုရားကိုပြောင်းခွင့်ရှိသောကြောင့်
    မှတ်ပုံတင်တွင်ကိုးကွယ်သည့်ဘာသာထည့်ခြင်းအားကန့်ကွက်ပါသည်။

  42. ပင်လယ်ညို

    မင်းတို့မြန်မာတွေကအမြတ်ထုတ်ဖို့ပဲခြောင်းနေကြတာပဲ။ အခုရခိုင်မှာဖြစ်တဲ့ကိစ္စမင်းတို့အညာဒေသမှာဖြစ်ကြည့်ပါလား ဘာဖြစ်သွားမယ်ထင်လဲ။တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးမရနေတာလူတိုင်းသိတယ် မန္တလေးကိစ္စပေါ်လာမှ ဘာဖြစ်လို့အရေးတစ်ယူလုပ်ပေးရတာလဲ။ အခုရခိုင်မှာဖြစ်တယ်ကိစ္စပေါ်လာတော့ရော နိုင်ငံရေးအမြတ်ထုတ်တဲ့လူတွေကတစ်ပုံကြီး နာမည်ကောင်းရဖို့ဝင်လှူတဲ့လူကတစ်ပြုံကြီး၊လှူချင်ရင်ရခိုင်မှမဟုတ်ဘူး တစ်နိုင်ငံလုံးမှာလိုအပ်နေတဲ့နေရာအများကြီး မင်းတို့မြန်မာတွေစာနာစိတ်အရမ်းကြီးရင် ရန်ကုန်မှာသူတောင်းစားတွေချမ်းသာနေလောက်ပြီ။ သူတော်ကောင်းယောင်ဆောင်ပြီးဆရာလုပ်တဲ့ကောင်တွေကတစ်ပြုံကြီး၊ တိုင်းရင်သားတွေစည်းလုံးညီညွှတ်ပါလို့အော်တာအခုအစိုးရလက်ထက်မှမဟုတ်ဘူး၊အရင်အစိုးရလက်ထက်ကတည်းကအဲလိုအော်ပြီးလုပ်ချင်ရာလုပ်တာပါပဲ။ရခိုင်ကိစ္စကို အခုအစိုးရကအရင်ကတည်းကခေါင်းထဲမထည့်ထားလို့အခုလိုဖြစ်လာမှ ဆပ်ပြာသည်လင်ပျောက်သလို လိုက်ဖာနေတာသိသာကြီး ရခိုင်မှမဟုတ်ဘူး ဘယ်တိုင်းရင်သားထိထိ ဆက်ဆက်ထိမခံတဲ့အစိုးရလို့တော့ငါမမြင်ဘူး သူတို့ထိုင်ခုံပျောက်မှာလဲစိုးရသေးတာကိုး။ ကဲအဲလိုဆိုတစ်ခုပြောဦးမယ် လဝကမှာဖြစ်နေတာတွေအခုအစိုးရကမသိဘူးလို့ထင်းလားသိတယ် ဘာဖြစ်လို့လဲဆိုတော့ လူတွေကဒီလူတွေပဲလေ ဝတ်စုံလေးပြောင်းထားတာကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးမယ်ဆိုလဲ အားလုံတစ်ပြေးညီလုပ်ပေးပေါ့ ရန်ကုန်မြို့ပေါ်မှာတောင် ပိုက်ဆံချမ်းသာတဲ့ဘင်္ဂါလီက နိုင်ငံသားဖြစ်ပြီး ပိုက်ဆံမတက်နိုင်တဲ့ကောင်က ဘာမှမရဘူး နယ်မှာဆိုလဲဒီလိုပဲ ပိုက်ဆံမပေးရင် မြန်မာစစ်စစ်တောင်ရစ်သေးတယ် ။မပြောချင်ဘူးကွ။ တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာကျတော့စစ်သားတွေတောင်လိုပုံနေပြီးနယ်စပ်ဒေသတွေကျတော့ တပ်ရင်းလေးတစ်ခုနဲ့လုံလောက်နိုင်ပါ့မလား စဖြစ်တာနဲ့ခံရတာကပြည်သူတွေ နောက်ပြီးတစ်နေရာနဲ့တစ်နေရာက သွားလာလို့အဆင်ပြေနေလို့လား မင်းတို့မကာကွယ်ချင်ရင် တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ထုတ်ပေးထား အစိုးရဆိုတာပြည်သူတွေကိုကာကွယ်ဖို့ကွ သေကုန်ပြီးမှဝမ်းနည်းကြောင်းသဝန်လွှာဖက်ပြဖို့မဟုတ်ဘူး။ပြောရရင်အများကြီးရှိသေးတယ် ဒါပဲ။

  43. i agree Michael Hlaing’s comment

  44. Aussie Prime Minister Julia Gillard to Muslims: Live with our beliefs or get out.
    http://madmikesamerica.com/2011/01/hate-begets-hate-julia-gillard-to-muslims/

    Former Australian PM John Howard: Muslims Must Adapt or Get Out .
    http://madmikesamerica.com/2012/06/former-australian-pm-john-howard-muslims-must-adapt-or-get-out/

  45. I think article write stay away from myanmar.So he can say that peace is better than orther. But his wife took by rohinger , he wail not say anymore. Please see what real happen 1st.Don’t say easy way.Ok.I am a burmes. Our relative all burmese generation prevented and today still can sy burma. As you, i don’t tink so next 20 years as burma or arakine or shan. ?

  46. မြန်မာပြည်မှာမွေး မြန်မာပြည်က ရေကိုသောက်၊ဆန်ကိုစား လူဖြစ်ခွင်.ရနေတာကိုကျေးဇူးမကန်းကြနဲ.နော်(မြန်မာပြည်ဖွါး ကိုလေကြွားတို.ရေ)….လူတိုင်းဟာ အမေတယောက် ထည်းကမွေးတယ်ဆိုတာ လူသားအားလုံး မမေ.ကြပါနဲ….ဘာကြောင်. ဘာသာ အစွဲကြောင်.ခိုက်ရန်ပွါးနေတာလဲ၊
    တကယ်တော.လူဟာ လူပါပဲ.
    လူသားအားလုံးငြိမ်းချမ်းမှုရပါစေ လို.ဆုတောင်းပေးပါတယ်.