သမ္မတဦးသိန်းစိန် ခင်းတဲ့လမ်း | ဧရာဝတီ
သူ့အတွေး သူ့အမြင်

သမ္မတဦးသိန်းစိန် ခင်းတဲ့လမ်း

Hits:1
  | |

သမ္မတဦးသိန်းစိန်ရဲ့ တနှစ်ပြည့်မိန့်ခွန်းမှာတုန်းက အပြင်က ရေးနေ၊ ပြောနေကြသလို အပျော့ဂိုဏ်း၊ အမာဂိုဏ်းဆိုတာ အစိုးရထဲမှာ မရှိပါဘူးလို့ ပြောသွားတာကို အမှတ်ရမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ သောကြာနေ့နဲ့ စနေနေ့က ကျင်းပတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန် ဆွဲလိုသူတွေကို နောက်ချန်ထားခဲ့ရမယ်လို့ သတိပေးပြောကြားခဲ့လို့ပဲ ဖြစ်ပါတယ်။

ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်

ဒီရှေးရိုးစွဲ၊ ခေတ် နောက်ပြန်ဆွဲလိုသူ တွေဆိုတာ သမ္မတက ဘယ်သူတွေကို ဆိုလိုတာလဲလို့ အားလုံးက မေးခွန်း ထုတ်နေကြပါတယ်။

သမ္မတ ဦးသိန်းစိန်က အခုလို လမ်းညွန်ချက် ပေးတဲ့အချိန်နဲ့ နေပြည်တော်မှာ အပြောင်း အလဲတွေ ဖြစ်နေတဲ့ အချိန် သွားပြီး တိုက်ဆိုင်နေပါတယ်။ ရှေးရိုးစွဲ အမာဂိုဏ်းတွေရဲ့  ထိပ်သီးတဦးလို့ အများက ထင်မြင်ယူဆ ထားကြတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးက ရုတ်တရက် နုတ်ထွက်တယ် ဆိုတဲ့ သတင်းဖြစ်ပေါ်နေချိန်ပါ။ ဒီသတင်းက အခုထက်ထိ အတည်ပြုချက် မထွက်သေးတာ တွေ့ရပါတယ်။

သမ္မတ ဦးသိန်းစိန် လမ်းညွှန်မိန့်ကြားတဲ့ အဲဒီ အစည်းအဝေးရဲ့ တရားဝင်ဓာတ်ပုံမှာလည်း ဒု သမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ခုံက လွတ်နေတဲ့အတွက် အခုဖြစ်ပေါ်နေတဲ့ကောလာဟလဟာ အစိုးရက အတည်ပြုချက် မပေးသည့်တိုင် မှန်တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့အတွင်း ညီညွတ်ရေးအတွက် အပျော့ဂိုဏ်း၊ အမာဂိုဏ်းဆိုတာကို ၀န်မခံခဲ့ပေမယ့် နောက်ပြန်ဆွဲ၊ ရှေးရိုးစွဲတွေ၊ အပြောင်းအလဲမလုပ်လိုသူတွေ အစိုးရထဲမှာ ရှိနေတယ်ဆိုတာကတော့ အမှန်ပါပဲ။
သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ အရှိန်ကောင်းကောင်းနဲ့ ဆက်လိမ့်ချင်ရင်တော့ သမ္မတအနေနဲ့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချရမယ့်နေ့တွေ နီးလာပြီလို့ထင်ပါတယ်။

အခုတခေါက်ပြောခဲ့တဲ့ သမ္မတရဲ့ လမ်းညွှန်ချက်မှာ ကျနော် သတိပြုမိတာက သမ္မတ ဦးသိန်းစိန်ဟာ လက်တွေ့သမားဆန်တယ်၊ အောက်ခြေက အသံတွေကို ရုစိုက်နားထောင်တယ်၊ သူ့မှာ ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ စိတ်ရှိတယ်ဆိုတာပါပဲ။ ဒါ့အပြင် တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကို ခြုံငုံမိအောင် နားလည်ဖို့ ကြိုးစားနေတာ၊ နိုင်ငံတကာနဲ့ပြန်ပြီး ဆက်သွယ် ရင်ပေါင်တန်းနိုင်ဖို့ လုံ့လပြုအားထုတ်နေတာတွေ ပြည်တွင်းပြည်ပကို ပြသဖို့ ကြိုးစားနေတယ်လို့လည်း သုံးသပ်မိပါတယ်။

အခုဆိုရင် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာရဲ့ ပထမအဆင့်ကို ကျော်လွန်ခဲ့ပြီး ဒုတိယအဆင့်ကို ရောက်ပြီလို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အစိုးရက ရလိုက်တဲ့သင်ခန်းစာနဲ့ သူ့ရဲ့ညွန်ကြားချက်ပေးတဲ့ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို စတင်ခဲ့ပြီး Reform ကို ပိုပြီး ထိထိရောက်ရောက် လုပ်ဖို့ သမ္မတက ဆိုပါတယ်။ ဆက်လက်ပြီး အစိုးရက လမ်းဖောက်၊ တံတားကြီးတွေဆောက်၊ စက်မှုဇုန်တွေတည်နေတဲ့ ကိစ္စတွေထက် ပြည်သူတဦးချင်း ထိတွေ့ခံစားနေရတဲ့ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတွေကို စီမံဖို့ အရေးကြီးတယ်လို့ သမ္မတက ဦးတည်ပြီးပြောတာ တွေ့ရပါတယ်။

သမ္မတ ဦးသိန်းစိန် အဓိကလုပ်ရမှာက Economic reform ဖြစ်ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သူ့ရဲ့ကျန်နေသေးတဲ့ သက်တမ်းကာလအတွင်းမှာ မလုပ်ဆောင်နိုင်ဘူးဆိုရင် တိုင်းပြည်ဟာ အများခန့်မှန်းသလို ကျဆုံးမှုတွေနဲ့ပဲ ဆက်ပြီးရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငါးပွက်ရာ ငါးစာချ၊ မြေပုံကြည့်ပြီး အလုပ်မလုပ်ဖို့ သမ္မတက ညွန်ကြားခဲ့တာ တွေ့ရပါတယ်။

သမ္မတ ဦးသိန်းစိန် အာဏာရတာ တနှစ်ကျော်ခဲ့ပါပြီ။ ပြုပြင်ပြောင်းလဲရေးတွေ မထိရောက်သေးတဲ့အတွက် မြန်မာပြည်က သာမန်လက်လုပ်လက်စား ဆင်းရဲသားတို့ဘ၀က ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှု မရှိသေးပါဘူး။  အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေဆီကလည်း ထင်သလောက် အဆင်မပြေလို့ ငြီးတွားနေတဲ့အသံတွေကိုပဲ ကြားနေရပါတယ်။

သမ္မတက ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားတဲ့ အသိပညာရှင်၊ အတတ်ပညာရှင် မြန်မာတွေကို ပြန်လာကြဖို့ပြောတာ တွေ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျနော် မြန်မာပြည်ပြန်ခဲ့တုန်းကလည်း ဆွေးနွေးခဲ့ဖူးပါတယ်။ ပြည်ပရောက်နေတဲ့ နိုင်ငံရေးသမားတွေ၊ အတိုက်အခံတွေ၊ လှုပ်ရှားသူတွေကို ပြန်ခေါ်တာထက် တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကို နိုင်ငံတော်က မူဝါဒ သတ်သတ်မှတ်မှတ်ချပေးပြီး ဦးစားပေး ပြန်ခေါ်ဖို့ ကျနော်တို့ မကြာခဏ ဆွေးနွေးဖူးပါတယ်။

တရုတ်နဲ့ အန္ဒိယနိုင်ငံတွေမှာ ဆိုရင် ပြည်ပမှာ နေထိုင်နေတဲ့ သူတို့ရဲ့လူမျိုးတွေကို ပြန်ခေါ်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာချထားပြီး ပြန်လည် စည်းရုံးသိမ်းသွင်း ခေါ်ဆောင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

သူတို့တတွေ ပြန်လာဖို့အတွက်၊ ကူညီကာကွယ် စောင့်ရှောက်မှုတွေ ရှိဖို့အတွက်လည်း မူဝါဒတွေ ချပေးခဲ့တယ်။ နိုင်ငံသားရပိုင်ခွင့်တွေကိုလည်း ပေးခဲ့တယ်။ ဒီလိုပဲ အရှေ့ ဥရောပနိုင်ငံတွေမှာလည်း နိုင်ငံရေးအရရော စီးပွားရေးအရပါ အပြင်ကိုလွင့်စင်သွားတဲ့ တိုင်းပြည်ရဲ့ ဦးနှောက်တွေကို ပြန်ပြီးအသုံးချဖို့ စဉ်းစားတဲ့အခါမှာ တံခါးဖွင့်ကြိုဆိုတဲ့ လမ်းစဉ်တွေကို နိုင်ငံတော်က ချမှတ်ပေးခဲ့ကြပါတယ်။

အခြေအနေ အမျိုးမျိုးကြောင့် တခြားနိုင်ငံသား ခံယူထားရတဲ့ ကိစ္စတွေကိုလည်း အစိုးရတွေကပြန်ပြီး အမြဲနေထိုင်ခွင့် (Permanent Resident) ဒါမှမဟုတ် နှစ်နိုင်ငံ နိုင်ငံသား (Dual Citizenship) ခံယူလို့ရအောင် အမြင်ကျယ်ကျယ်နဲ့ လုပ်ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။ အခုလောလောဆယ် သမ္မတ ဦးသိန်းစိန်ကို အကြံပေးနေတဲ့ သူတွေထဲမှာတောင် မြန်မာဖြစ်ပေမယ့် နိုင်ငံခြားမှာ ပညာသင်ယူခဲ့ပြီး နိုင်ငံခြား နိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့ အတတ်ပညာရှင်တချို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒါဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အမြင်ကျယ်မှုကို ပြသလိုက်တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ယခုတကြိမ် ဖိတ်ခေါ်ချက်မှာ အမိမြေသို့ ပြန်လာရေးနဲ့ စီးပွားရေးအလုပ်အကိုင်များ ပြန်လည် လုပ်ကိုင်နိုင်ရေး အခက်အခဲများ တင်ပြလာရင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ပါရှိတဲ့အတွက် အပြောသက်သက်မဟုတ်ဘဲ အကောင်အထည်ဖော်တဲ့အထိ ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်ပါ မူဝါဒတွေက ကျယ်ပြန့်တာ တွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ အကူးအပြောင်းကာလမှာ အန္တရာယ်တွေရှိတယ်၊ နောက်ကြောင်း ပြန်လှည့်နိုင်တယ်၊ ဆူးညှောင့်ခလုတ်တွေ ရှိတယ်၊ ရှေ့ကိုမတိုးနိုင်ဘဲ ဖြစ်နေနိုင်တယ် ဆိုတာတွေကို သမ္မတ ဦးသိန်းစိန်က တွက်ဆထားပြီး အခြေခံအုတ်မြစ်ကို ခိုင်မာအောင်ချဖို့ လုပ်ဆောင်နေပုံရတယ်။

ဒီနေရာမှာ မေးချင်တာက သမ္မတ ဦးသိန်းစိန်က ရှေ့ကနေချမှတ်တဲ့ မူဝါဒတွေကို ၀န်ကြီးဌာနတွေက ဘယ်လောက်အထိ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မလဲ၊ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို အစိုးရအဖွဲ့ထဲမှာရော ဘယ်လောက် ထောက်ခံသလဲဆိုတဲ့ မေးခွန်းပါပဲ။ အစိုးရနဲ့ နီးစပ်သူတွေကတော့ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒနောက်မှာ တကယ်လိုက်ပါ လုပ်ဆောင်နေတဲ့ ၀န်ကြီးအနည်းငယ်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကက်ဘိနက် အပြောင်းအလဲတွေ လုပ်ဖို့၊ အလုပ်မဖြစ်တဲ့ ၀န်ကြီးတွေကို ထုတ်ပစ်ဖို့ဆိုတဲ့ အသံတွေ ထွက်နေတာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က အဂတိလိုက်စားမှုနဲ့ တရားဥပဒေစိုးမိုးရေးကို မကြာခဏ ထည့်ပြောပေမယ့် သူ့ရဲ့ အစိုးရအဖွဲ့အထဲမှာ အဂတိ လိုက်စားမှုတွေ၊ ချစားမှုတွေ၊ တရားဥပဒေအထက်မှာ နေဖို့ကြိုးစားနေတဲ့သူတွေ၊ နာမည်ပျက်ရှိတဲ့သူတွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကိုလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို အပြီးသတ်ရုပ်သိမ်းဖို့ စဉ်းစားချင့်ချိန်နေတဲ့ အနောက်နိုင်ငံအစိုးရတွေက စောင့်ကြည့်လေ့လာနေတာ ဖြစ်ပါတယ်။ သဘောကတော့ အစိုးရအဖွဲ့ကို သမ္မတဦးသိန်းစိန်က ဘယ်လို အပြောင်းအလဲလုပ်မလဲ ဆိုတာဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲစရာတွေ ထောင်နဲ့သောင်းနဲ့ ချီရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာလမှာ အနာဂတ်အမြင် (Vision) ရှိတဲ့ ခေါင်းဆောင်တွေ၊ သမာသမတ်ရှိပြီး အဂတိ မလိုက်စားတဲ့ ခေါင်းဆောင်တွေ၊ မှန်ကန်ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေ၊ အမြင်ကျယ်တဲ့ ခေါင်းဆောင်တွေ လိုပါတယ်။ ဒီအထဲမှာ သမ္မတ ဦးသိန်းစိန် ပါတယ်လို့ သူ့ရဲ့ နောက်ဆုံးပြောခဲ့တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးက ပြောဆိုချက်တွေကို ကြည့်သုံးသပ်ပြီး ခန့်မှန်းနိုင်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က မူတွေကောင်းသော်လည်း လူတွေမကောင်းရင် မအောင်မြင်နိုင်ပါဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ လမ်းကိုဖောက်နေပါပြီ။ သူနဲ့အတူ လိုက်ပါမယ့်သူတွေကို သူကဖိတ်ခေါ်သလို မလိုက်လိုသူတွေကိုလည်း ချန်နေရစ်ဖို့ သမ္မတဦးသိန်းစိန်က အတိအလင်း ပြောလိုက်ပြီဖြစ်ပါတယ်။


WSJ LIVE VIDEO:

35 Responses

Leave a Reply

  1. ကိုအောင်ဇော် ရေးလိုက်တဲ့ သုံးသပ်ချက်မှာ တခုကလွဲပြီး ကျန်တာအားလုံးကို အမှန်တကယ်ပဲ သဘောထား ညီမျှတဲ့အကြောင်း ပြောပါရစေ။ မတူတဲ့တခုကတော့ “သမ္မတ ဦးသိန်းစိန် အဓိကလုပ်ရမှာက Economic reform ဖြစ်ပါတယ်” ဆိုတဲ့အချက်ပါ။ ကျနော်ကတော့ Political reform ကို အဓိက ထားစေချင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် တမျိုးသားလုံးပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေပြင်ဆင်ရေးတို့မှာ အခြေခံကျတဲ့ တိုးတက်မှုတွေကို အရင် လုပ်ဆောင်ထားနိုင်ရင် စီးပွားရေးဘက်မှာ ပိုမို ချောမွေ့ အောင်မြင်နိုင်မယ်လို့ ယူဆပါတယ်။

    • ကိုသက်

      မှန်တယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြည့်စုံအောင် ဆောင်ရွက်နိုင်ရင် စီးပွားရေးက ကျွဲကူးရေပါ ဆိုသလို တိုးတက် အောင်မြင်လာမှာပါ။

    • You are right.I strongly agree with you.

  2. ဦးသိန်းစိန်ဟာ တကယ်ပြောင်းလဲလိုသူပါဆိုတာ ဟိုး အရင် ဒါတွေမပြောခင်ထဲက အမေစု ပြောပီးနေဘီလေ မင်းတို့ကခုမှသိတာ အမေစုက စကားနည်းနည်းပြောကြည့်တာနဲ့ ကြိုသိနေပြီးသား အရမ်းအံ့သြစရာဘဲ

  3. သိပ်ကောင်းတဲ့ အတွေးအမြင်ပါ။ အားပေးနေပါတယ်။

  4. ကျနော်တို့နိုင်ငံမှာ တကယ်လိုအပ်နေတာ အခြေခံလူတန်းစားတွေရဲ့…….စားဝတ်နေရေးပြေလည်ဖို့ပါပဲ…..ဒါကိုသမ္မတကြီးက သဘောပေါက်ပုံရပါတယ် ဒါကဝမ်းသာစရာပါ သမ္မကြီးဟာ နိုင်ငံကိုတကယ်ပြောင်လဲစေချင် တယ်လို့ တော့မြင်ပါတယ် ဟုတ်မဟုတ်ဆိုတာတော့ ကျနော်တို့စောင့်ကြည့်ရမှာပဲ အကို ဟုတ်ရင်တော့ အတိုင်းထက်အလွန်ပေါ့
    မဟုတ်ရင်တော့ ကျနော်တို့ နောင် နှစ်ပေါင်းဘယ်လောက် သူများနိုင်ငံထက်နောက်ကြမယ် ဆိုတာကို မခန့်မှန်းတတ်ဘူး နောက်ကိုပြန်သွားလိုက်ပြီးဆိုတာနဲ့ ကျနော်နိုင်ငံ ဒီထက်ဆိုးပြီပဲ စစ်တိုက်တာ ဦးစီးချုပ်တွေက စာရွက်ပေါ်မှာတိုက်တာပါ တကယ်တိုက်ရတာ အောက်လက်ငယ်သားတွေပါ အဲဒီဥပမာလေးလိုပါပဲ ခံစရာရှိရင်ပြည်သူတွေကအရင်ခံရမှာပါ ဒီမှာ ကျနော်မြင်တာလေး တခုတော့ရှိတယ် ဘာလဲဆိုတော့ ပြည်သူတွေဘက်ကလဲ မီမီတို့ရဲလိုလားချက်တွေကို အရမ်းတောင်းလို့မရပါဘူး သူ့ဘက်ကိုယ့်ဘက်ကြည့်ဖို့လိုပါတယ် ကိုယ်လိုချင်တာကိုပဲ ဇွတ်ပြောနေလို့မဖြစ်ပါဘူး လိမ္မာပါးနပ်ဖို့လိုပါတယ် အခုချိန်မှာ ဒါကိုသိရင် ကျနော်တို့ လိုချင်တဲ့ နိုင်ငံတော်ကြီးဖြစ်လာမှာပါ

    • နိုင်ငံတော် ပြောင်းလဲတိုးတက်ရေး ဟာ ဦးသိန်းစိန် တစ်ယောက်ထဲ က ပြောင်းချင်လို့မရပါ။ သက်ဆိုင်ရာ တာဝန်ရှိသူ များ အားလုံး က ဆိုင်ရာ ဆိုင်ရာ တာဝန်ကျေပွန် တာဝန်သိပြီးပြောင်းလဲရမှာပါ။ ၀န်ကြီးဌာန အားလုံး၊ ဦးစီးဌာနအားလုံး ၊ ပြင်ပ လုပ်ငန်းရှင် များ၊ ၀န်ထမ်းများ၊ ပြည်သူများ၊ နိုင်ငံရေး ပါတီများအားလုံး၊ လက်နက်ကိုင်အဖွဲ့ အစည်းများ၊ မီဒီယာများ အားလုံးမှာ တာဝန်ရှိပါတယ်။ အားလုံး ၀ိုင်းမလုပ် ပဲနဲ့ ဦးသိန်းစိန်တစ်ယောက် ထဲ ကြောင့် နိုင်ငံ ဆင်းရဲ မြဲ ပါ လို့ တော ပြော ဖို့ မသင့် ကြောင်းပါ။

  5. ပြောင်းလဲလာတာကတော့ အများအမြင်ပါပဲ။ ထူးထူးခြားခြားကို ပြောင်းလဲလာတာပါ။ ဒါပေမဲ့ လူသားတွေလိုက်နာရမဲ့ Law တွေရယ်၊ ဒီ Law တွေကို မလိုက်နာသူတွေကို Enforce လုပ်မဲ့သူတွေက ပြောင်းလဲမှ ရမယ်။ နောက် ပေါ်လစီတွေပေါ့၊ Economy နဲ့ပတ်သက်တဲ့ Policy တွေ ကို သေသေချာချာ ချရမယ်။ အခုက လက်တမ်းလုပ်နေတာတွေပဲရှိတယ်။ Preparation မရှိဘူး။ အောင်မြင်ဖို့က အခုပြောင်းလဲနေတာတွေနဲ့ အနောက်နိုင်ငံနဲ့ အမေရိကန်တို့ရဲ့ Sanction တွေ အချိန်ကိုက် ရုပ်သိမ်းနိုင်မှ ကောင်းမယ်။ အဓိကကတော့ Financial Institution တွေကို အရင်ထူထောင်မှရမယ်။

  6. လမ်းပုံလည်း မပါဘူး ညံ့တယ်

  7. အောင်

    မူကိုဦးတည်ပြီးလူကိုပြောင်းရမယ်၊ ပြီးတော့ နိုင်ငံရေးအပြောင်းအလဲကိုဦးစားပေးဖို့လိုအပ်တယ်။ငြိမ်းချမ်းရေးမတည်ဆောက်နိုင်လို့ကတော့ ဘာစီးပွါးရေးကမှ တိုးတက်လာနိုင်တဲ့လမ်းမရှိဘူး။

  8. တချိန်တုန်းကလူသတ်ဓါးမြတိုက်အဆင်မပြေလို့ဘုန်းကြီးဝတ် ဘုရားစာရွတ်ပြ။လူတွေအကြိုက် ကိုလိုက်ပြော ဒီမြေဒီနေရာဒီဒေသကလည်း ကောင်း ဒီနိုင်ငံကလူတွေအကြောင်းကို ကောင်းကောင်း သဘောပေါက်။ တစ်နိုင်ငံလုံးညိမ်စေ နိုင်ငံတကာကပိုက်ဆံ လဲ ၀င်စေ ဆိုတဲ့ အညှာကိုလည်းကိုင်ထား သေးသည်။ ဘာလိုသေးလို့ လဲ နိုင်ငံကိုချစ်တဲ့သူ။ပြည်သူကိုလေးစားသူသာဖြစ်ခဲ့လျှင်သမတ တော့ဖြစ်မလာနိုင်ပါ။ လွတ်ငြိမ်းချမ်းသာခွင့်ထဲပါ လာရင် ကံကောင်းပါမည်။

  9. ယခုလက်ရှိအပြောင်းအလဲတွေကတော့အခြေခံ လူတန်းစားတွေကိုထိရှနေပါတယ်၊ပြုပြင်မှုတွေကို ဂရုပြုစေချင်ပါတယ်

  10. Dear Ko Aung Zaw,
    I agree with your article, very good. Please continue to write again, all of our country leader are Moron, so please go ahead

  11. This is the landmark speech. I feel that some in the government are not qualified or honest enough to make a real change. Those hard liners will hinder Thein Sein’s aim. I wonder why NLD does not make any comments on the speech. U Thein Sein is trying for peace by including Min Aun Hlaing in the committee. It is a good move ,now the generals will be responsible if the war is going on..I don’t think there is enough economist or HR resources to do the job.

  12. တကယ်ပြောနေတာလားဟင် ကိုကိုသိန်း

  13. Its apparent that the role of the president is tough right now, tons of tasks to accomplish. the vitality is choice of priority, which one to do first. there is no or little room for mistake in doing this. The 1st one should be; make political ally with Aunty Suu by appointing her vice president, Myint Aung Hliang and all ethnic political parties which will ensure his position safe. Replacing people in the cabinet by ex-generals will make him say this line again three years from now if he can sa

  14. President, pls kindly change Minister of Home Affair U Ko Ko, SaSaSa Director General The Son in Law of U Tin Oo (S2) and The Head of Bahan District Law Judgement!!! We have been suffering too much because of these 3 the most corrupted men painfully!!!! Sa Sa Sa is the department which is doing unfair on people who are right (Tayar Lo) in which Director General is getting money too much so apparently and U Ko Ko is gaining money so obviously!! TayarLo is suffering so so badly!!!!

  15. The District & Bahan Township Judges are super duper corrupting!!! There is no person to rely by Tayarlo!!! Just suffering!!! Bahan Police Station is the worst in corruption in Yangon!!!
    SaSaSa Director General not only let Tayarlo suffer but also Cheating on the real amount on money to be kept from Tayarkhan with by by cooperating with Tayarkhans in lieing the amount. Then he did not keep the money, the cheated figure by saying this is the amount to be kept and just put those money in–>

  16. ပြင်သစ်သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ်နှင့် သမ္မတဟောင်းနှစ်ဦး နှုတ်ဆက်နေကြပုံကို ကြည့်ပြီး သူတို့နိုင်ငံရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ ဒီမိုကရေစီကျင့်စဉ်ကို အားကျမိတယ်။
    ရှေးရိုးစွဲဆိုသူများအနေနဲ့ လူ့သိက္ခာမြင့်မားတဲ့ သူတို့ရဲ့ အလေ့အကျင့်ကို ကြည့်ပြီး ရှက်ရွံ့စိတ်လေးများ ဖြစ်လာမယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ ပိုမိုမြန်ဆန် ထိရောက်စေမှာ အမှန်ပါ။

  17. –> Tayarkhans’ hand. Then the shocking thing DG play is again cheating money on that already cheated amount by cooperating with the Tayarkhans in sharing money then kept the cheated again amount for government in cooperating with Minister. Because of amhu, DG got around 200 million kyats which should be government money. SaSaSa is organisation which is super corrupted department where DG is Blood Sucker, Minister of Home Affair is just the Lu Mite Htate Thi, the District & Bahan Judges are–>

  18. –>are Heads of Hell, Bahan Police Station is Super Sucker. TayarLo is suffering so so bad!!! Pls trace 520A (4A), Kabaraye Pagoda Road Amhu, President pls!!!! Tayarkhans are Myo Myint Oo, Myint Swe. Tayarlo who is government witness and the person let the government body know about Amhu has put into Black Name List. Tayarkhans, SaSaSa and Home Affair got lots of money! Myint Swe is still escaped as Police Station never let him arrest by taking money! Myo Myint Oo is now undertabling with Judges

  19. လက်ရှိအစိုးရအဖွဲ့မှာတောင် ဆင်ဆာဖြုတ်လုက်ပြီ မင်းတို့ကဒီမိုကရေစီပြောပြီး ခုထိဆင်ဆာလုပ်နေ တုံးလား…ဟားဟားဟား..ရှက်ဖို့ကောင်းလိုက်တာ ဒီမိုကရေစီတဲ့ စစ်အစိုးရထက်တောင် ပိုတင်းကြပ် နေပါလား….ဟားဟားဟား……

  20. Agree with what Ko Aung Zaw mentioned in his editorial of course government need to focus on economic reform which is essential in current competitive era. My personal opinion on political reform is reach to certain stage no matter how critic are criticizing. In this economic reform, government should more focus to stimulate SMEs growth.

  21. This period will very challenging for Pesdt.U Thein Sein Govt. Now top leader is trying to run ahead road to democracy for Myanmar. People of Myanmar are keen to follow with top leader. But middle part (some Middle Authories) is stuck. So Myanmar still same position after one year over.
    People should force and kick out the way of old form middle authories’ management and run together with our Prest. U Thein Sein.

  22. ပြောတာကတော့ အမှန်..လုအ်တာကတော့ အမှားကြီးတွေပါပဲ

  23. to reform or build a country… money is useless. You can see Greek economic crisis in EU. the best is rich people to stay out of the politic and people like DASSK , U THEIN SEIN must be role model. Do not learn from Vietnam gov who is not getting along with oversea vietnamese. Learn from Korea who is always united with oversea korean. Welcome – Korean president visit to Burma…

  24. The President, you’ll have to prove us in caring us in corners of both economics and politics pls!!! We, Public are suffering too much!!! Pls look at Previous KaSaHtaMhus’ (Some are now Prime Ministers of States in this government) family members, Big Construction Companies’ BOD, Mg Weik’s recently divorced wife D. Yin Min Thi, Previous General U. Khin Maung Than’s family members. Pls do actions on their plots in property market. They are the players of estate market. (next)

  25. They simply got money because of military’s super corruption & corrupted relationship, then they don’t know how to make money & thus simply invest in property market by buying the plots as the economy is closed economy & (money obtained are not cleaned but they don’t understand this fact). They are doing as WellYaung by increasing the price of plots & belongings at focused locations in property market via square feet basic by weekly or monthly. Therefore Public, we (next)

  26. cannot get along in focused locations & can’t buy because of high prices deriving from them! Pls make a body, President to do actions and seize their plots in property market. Pls kindly show us you are a fair president!!! Pls trace agents in property market & SiPin with that body/special project organisation!!! Thoroughly search in Townships of Mayangone, Bahan, Dagon, Industrial Zone Places, beaches. The target people of owning land will be 1. Family members of Ex KaSaHtaMhus (next)

  27. (some are at this government), Ex U Khin Mg Than, U Ko Lay, U Tin Oo (S2), U Soe Tha, U Shwe Man, U Aung Thaung; 2. BOD of Big Construction Companies, Tycoons like Tay Zan etc (*Tay Za uses U Thu Ya for his name in buying/playing plots either*). 3. Chinese drug summgler men, Chinese jade/jewel men as they obtained mega billions of illegal money and they don’t know how to place the money so just playing in the property market. For them, pls look at the focused locations (next)

  28. (mentioned already for the places in Yangon) in both Yangon, Mandalay, Nay Pyi Taw and Beaches. By playing with square feet prices by weekly or two weeks a time, at most monthly two times, result is public can’t not buy lands at focused locations., only they can play and buy! Thus trace on 3 Taget Group to do the right action, President! The land prices of Yangon & Mandalay are higher than the states or Beverly Hills, President!!!! For politics, pls show us to prove in resigning out those (next

  29. public figured & corrupted people. Then pls stop civil wars urgently, pls cooperate with public for their social welfares, pls have sympathy on opposed parties! This is all for urgently & spontaneously required by public!!!!

  30. But for the Properties Watch Out & actions, don’t use SaSaSa pls, President! If so it will be more ridiculous. Sounds like you are making something for SaSaSa to get money!! Therefore, pls make a special body directly engaged by President for this restoration!!!

  31. I’m afraid you people really didn’t realize how these important positions or posts are created for those sons and daughters of Junta, VIP and green community. Why and How The Public Service Commission and which Military veteran is the head of that Service handling the appointment and transfer of government civil service. Imagine how our president will carry on with these corrupted staffs to achieve his ultimate goal.