အယ်ဒီတာ့အာဘော်

လက်ပံတောင်းမှာ နောက်ပြန်လှည့်ပြီလား

Hits:1
  | |
Print This Post

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး သပိတ်မှောက် ဆန္ဒပြသူများကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မုံရွာခရိုင် ရဲတပ်ဖွဲ့က ညဥ့်သန်းခေါင်ကျော်အချိန် အင်အားသုံး နှိမ်နင်းသောကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၇၀ ကျော် ဒဏ်ရာ အနာတရ ခံစားကြရသည်။

အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် “နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ပြီး အင်အား အလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိ” ဟု ဆိုသော်လည်း ပြန်လည် ခုခံခြင်းမရှိသည့် လက်နက်မဲ့ ပြည်သူလူထုကို ညဥ့်သန်းခေါင်ကျော် အိပ်မောကျချိန်တွင် အင်အားသုံး အကြမ်းဖက် နှိမ်နင်းခြင်း ဖြစ်သောကြောင့် အလွန် အရုပ်ဆိုးသည့် လုပ်ရပ်ဖြစ်သည်။

ထိုကဲ့သို့သော နှိမ်နင်းမှုမျိုးမှာ စစ်မြေပြင်တွင် တဖက်ရန်သူကို အငိုက်ဖမ်း တိုက်ခိုက်မှုမျိုး ဖြစ်သောကြောင့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေသည်ဟူသော အရပ်သားအမည်ခံ အစိုးရတရပ်၏ လုပ်ဆောင်ချက်အဖြစ် မြင်တွေ့ရသည့်အခါမူ ပြုပြင်ပြောင်းလဲမှုများနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်မည်ဟူသော ကတိကဝတ်များ ဂငယ်ကွေ့ ပြန်ကွေ့တော့မည်လားဟု မေးစရာ ရှိနေသည်။

ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေးစံနှုန်း စသည်တို့ကို ရှေ့တန်းတင် စကားပြောလာသည့် သမ္မတ ဦးသိန်းစိန် အစိုးရအပေါ် ယခုကဲ့သို့ အကြမ်းဖက်နှိမ်နင်းသည့် လုပ်ရပ်ကြောင့် ယုံကြည်မှု ပျက်ယွင်းသွားစေခဲ့ပါသည်။

ယခင် စစ်အစိုးရ လက်ထက်ကတည်းက ရှိခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံ စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမိတက်နှင့် တရုတ် ကုမ္ပဏီတခု ဖြစ်သော ဝမ်ပေါင်တို့ နှစ်ဦးအကျိုးတူ လုပ်ကိုင်နေသည့် ဤကြေးနီစီမံကိန်းကြောင့် ဒေသခံ ကျေးရွာများစွာ ဖယ်ရှားပေးခဲ့ရသကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ၊ ကျန်းမာရေးဆိုးကျိုးများ တွေ့ရှိလာရသောကြောင့် သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများနှင့် လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်သည့် တက်ကြွ လှုပ်ရှားသူများ ဦးဆောင်မှုဖြင့် ဒေသခံများ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်မှာ တရားနည်းလမ်းကျပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄၊ ၂၅ ရက် နေ့များက နေပြည်တော်တွင် ကျင်းပခဲ့သော မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတရပ်တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ယခင် စစ်အစိုးရလက်ထက် မြေယာသိမ်းမှုပုံစံများ မှားယွင်းခဲ့ကြောင်း၊ ယခင်မှားယွင်းမှုများကို အပြစ်မတင်တော့ဘဲ သင်ခန်းစာအဖြစ်ယူကာ ဆက်လက်၍ အကောင်းဆုံး ဖြစ်စေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ဝန်ကြီးဦးစိုးသိန်း ပြောသကဲ့သို့ စစ်အစိုးရလက်ထက်တွင် ကျူးလွန်ခဲ့သည့် အမှားများကို မည်သို့ပြင်ကြမည်နည်း။

စီမံကိန်း၏ အကျိုးအမြတ်များ မည်သို့သုံးစွဲသည်၊ မည်သူက မည်မျှ အကျိုးခံစားရသည်၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ဘေးထွက် အဆိုးအပြစ်များကို မည်သို့ထိန်းသိမ်း ကိုင်တွယ်သည် စသည်များ ရှင်းလင်း ရေရာမှု မရှိသည့်အပြင် ဥပေက္ခာပြု လျစ်လျူရှုခံကြရသော သက်ဆိုင်ရာ ရပ်ရွာအသိုင်းအဝိုင်းနေ နိုင်ငံသားတို့က ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြမှုကို ယခုကဲ့သို့ ယခင်စစ်အစိုးရ သုံးခဲ့သည့် နည်းလမ်းဟောင်းများအတိုင်း အင်အားသုံး နှိမ်နင်းသည် ဆိုသောကြောင့် မြန်မာပြည်သူလူထုနှင့် ဒီမိုကရက်တစ် လူ့အသိုင်းအဝိုင်းကြား ဦးသိန်းစိန်အစိုးရ မည်သို့မျှ မျက်နှာကောင်းရစရာ မရှိပေ။

အချုပ်အားဖြင့် တပ်မတော်က တာဝန်ယူ အုပ်ချုပ်နေသော ပြည်ထဲရေးဝန်ကြီးဌာန၏ အင်အားသုံး နှိမ်နင်းမှုကို မီးစိမ်းပြခဲ့သောကြောင့် စစ်တပ်အတွင်းရှိ ခေါင်းမာဂိုဏ်းသားများနှင့် အကျိုးတူစီးပွားဘက်များ၏ ဩဇာကို ဦးသိန်းစိန်အစိုးရ မလွန်ဆန်နိုင်သေးဟုသာ ဆိုရပေတော့မည်။


WSJ LIVE VIDEO:

19 Responses

Leave a Reply

  1. အစိုးရကတော့ အိမ်သာတက်တာတောင် ဒီမိုကရေစီ နည်းကျကျ တက်ပါတယ်လို့ ပြောအုံးမှာ ဗျို့….

  2. လက်ပံတောင်းတောင်မှာ ဆေးပေါင်းခသွားခဲ့ပြီ။
    နောက်ပြန်လှည့်ကြပါတော့မည်

  3. ဘီလူးခေါင်းပေါ်လာပြီ၊ရုပ်သေးသိန်းစိန်အစိုးရကတိုင်းပြည်နဲ့လူမျိုးကောင်းစားမဲ့ကိစ္စဘာမှလုပ်မပြသေးပဲအရှိကိုမမြင်ပဲအကောင်းမြင်ကြသူများအတွက်နမူနာပါပဲ။(ကောင်းတယ်လို့ထင်ရတဲ့ဟာတွေကအပေါ်ရံကိစ္စတွေ)

  4. ဒီအစိုးရကိုယုံကြည်လို့မရတော့ပါဘူး။ရွှေဝါရောင်တော်လှန်ရေးမှာသံဃာတွေကိုသတ်တာလဲဒီ အစိုးရပါဘဲကနေ့ပြည်သူလူထုနဲ့သံဃာတော်တွေကိုမီးလောင်ဗုံးတွေနဲသတ်တာလဲဒီအစိုးရပါဘဲ၊အကြမ်းဖက်တာဖြိုခွင်တာနဲ့လျှစ်လျှူရှုတာတွေကတော့စစ်အစိုးရရဲ့ပုံစံပါစစ်တပ်လက် အောက်ခံဒီမိုကရေစီအစိုးရပါဘဲ၊ပါလီမန်ဘယ်ရောက်သွားပြီလဲ။ပြည်သူလူထုအတွက်ပါလီမန် မဟုတ်တော့ပါဘူးစစ်တပ်ရဲ့ရုပ်သေးပါလီမန်ဘဲရှိသေးပါတယ်

  5. he is still covering for those ‘ sucker’s interest. He cannot overcome them.

    and this attack is ‘ dawn ‘ attack.
    the time is for every human being – least active of human body.

    the level of steroid in blood is lowest in every normal human.
    this time is usually by military action to seize control of enemy stronghold.

    between 3 AM – 5 AM .

    they did it for real purpose.
    This ex military government must stand down .( sorry , I agree there are a few good men there , but as a whole – not efficient ) . they are still influenced by ex military and crony.

    and all ex military and crony – who are suckers are to be removed and tried.

  6. မြန်မာ တိုင်းရင်းသူ

    သည် ကြေးနီ စီမံကိန်းမှာ တရုတ်က ပေးတဲ့ ငွေတွေကို စစ်ဗိုလ်ကြီးတွေ အိတ်ထဲ အများကြီး ထည့်လိုက်ကြမှာပါ။ တကယ်ဆို အဲသည်ငွေတွေက ပတ်ဝန်းကျင် ကျေးရွာတွေက ဖယ်ပေးရတဲ့ ဒေသခံတွေကို ထိုက်တန်စွာ ပေးရမယ့် ငွေတွေ၊ သူတို့ကို ပြန် နေရာချထားပေးရမယ့် လျော်ကြေးတွေပါ။ တရုတ်ကုမ္ပဏီကတော့ သူတို့ ပေးစရာ ပေးပြီးတော့ ယူဘို့ရှိတာ ယူမှာပေါ့။ သည် ဦးပိုင်က လူတွေက ဒေသခံတွေကို ရသင့်သလောက် ပေးခဲ့ရင်၊ ငါတို့ လုပ်ချင်ရာ လုပ်လို့ ရတယ် မရမ်းကားခဲ့ရင် ဒါတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ တခြားတိုင်းပြည်တွေမှာလဲ စီမံကိန်းနဲ့ မလွတ်ရင် ဖယ်ပေးရတာပဲ။ ဒါပေမယ့် ထိုက်သင့်သလို တန်ရာတန်ကြေးရရင် တော်ရုံ ဘာသံမှ မကြားရဘူး။

  7. အောင်တင်

    ကချင်အရေး၊ ရခိုင်အရေးနှင့် အပစ်ရပ်အဖွဲ့များနှင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာတွေကိုကြည့်ခြင်းဖြင့် နောက်ပြန်လှည့်နေတာ ကြာပါပြီ။

  8. Thein Sein and his USDP rose up to lead the nation without receiving votes from the citizens. It was planned by military dictator. Thein Sein himself had not much influence on the military. When he has been placed as president, there is no way he can push toward democracy. Because military does not care what he wants to achieve. He is just a puppet. Aung San Suu Kyi has been trying to charm Thein Sein government. Maybe she can charm Thein Sein but she will not be able to charm the whole military and she is becoming idiot like Thein Sein. What is her position today? Lukewarm. She makes herself like a BAT. Not a bird nor a rat.

  9. ဒု-ဗခမှုးကြီး ***။ ။ မှတ်ပလား ဟေ့။ ပြချင်အုံး။ ဟဲ့ .. သိန်းစိန်..။
    ဦးသစ ။ ။ ဟုတ် .. ရှိ ။
    ဒု-ဗခမှုးကြီး ***။ ။ မင်းကို ခေါ်တာ မဟုတ်ဘူး။ အသံရောသွားလို့ .. သိမ်းစေ။

  10. ခက်တာက၀မ်ပေါင်ကတရုတ်မှာလက်နက်ထုပ်တဲ့ကုပဏီတဲ့ဗျို.

  11. The way they assaulted the peaceful monks and are solving the situation is apparently undemocratic. However, Daw Su was already there to face them and find the peaceful solution. Let us wait and see the outcome.

  12. First of all, we need to check how many mountains ranges were[disappeared, sold] to China to find such an Ore Mineral by junta ,as per chart there are many mountains were lost at the place near China border line.

  13. အယုံကြည်ဖျက်သွားပြီးဗျာ။ ပြဇာတ်လဲ သူတို့ နောက်ပိုင်းလဲ သူတို့ပဲ ကနေမှတော့ သူတို့ဇာတ်ပေါ့။ သူတို့ပဲ တချိန်လုံးမင်းသားလုပ်ပါတော့မယ်။ သူတို့လောက် နိုင်ငံချစ်တာမရှိ၊ ဒါကြောင့် နိုင်ငံချစ်တဲ့သူတို့ ပဲ ကြီးပွားသင့်တယ်ပဲ လက်ခံထားကြတာ။ လက်ခုတ်တီးမိတဲ့ ကျနော်တို့ အမှားပါ။ မညှိပဲ ဗုံနဲ့ ကျဲတာ လက်ခံစရာ နိုင်စရာ မရှိဘူးဗျာ။
    ဒီမိုကရေစီဖော်ဆောင်တာ ဦးပိုင် နဲ့ တရုတ် ကြီးပွား ဖို့ပဲလား။ နစ်နာသူဘက်က ဘာမှ စဉ်းစားပေးတာ မရှိဘူး။
    NLD လဲ အားနည်တာတွေ့ရတယ် အတိုက်ခံ လုပ်နေပြီး အရင်ကလို ပြည်သူဘက်က ရပ်ပေးတာ သိပ်မတွေ့ရဘူးဗျာ။ စိတ်မကောင်းစရာပါ။
    မြစ်ဆုံလဲ မလှိမ့်တပတ်နဲ့ ဘယ်တော့ ပြန်စမလဲ မသိဘူး။ တရုတ်သံရုံးကတော့ မဖျက်ပါဘူးပြောနေတယ်။
    မြေသိမ်းတာ အစိုးရတင်မဟုတ်ဘူး ကုမ္ပဏီပေါက်စတောင် သိမ်းတတ်နေပြီး။
    ခြံစဉ်းရိုးခတ်ပြီး စက်မှုဇုံဆိုပြီး ၁ဧက သိန်းထောင်ချီ ရောင်းစားနေကြတယ်။ အဲပြသနာ ဘယ် သူရှင်းမလဲ ဘယ်လိုရှင်းမလဲ။ အရင်က လုပ်ခဲ့တိုင်း ခုမရှင်းရတော့ဘူးလား။

  14. ဒီအဖြစ်ပျက်ကိုကြည့်ခြင်းအားဖြင့်ခေါင်းမာဂိုဏ်းသားမရှိပါလို့ငြင်းဆန်လို့မရတော့ဘူးပေါ့။
    အဘသိန်းစိန်ရေကောင်းနေတဲ့နံမည်လေးကိုအဘရဲ့လူတွေကအဘကိုမနာလိုလို့အရောင်
    ဆိုးနေပါပြီလား။ဒီကိစ္စကိုအမေဒေါ်အောင်ဆန်းစုကြည်နဲ့ပေါင်းပြီးပညာရှိစွာနဲ့ဖြေရှင်းမှဘဲ
    ကောင်းနေတဲ့နံမည်လေးကိုအဖတ်ဆယ်နိုင်မှာနော်။

  15. စစ်တပ်အတွင်းရှိ ခေါင်းမာဂိုဏ်းသားများနှင့် အကျိုးတူစီးပွားဘက်များ၏ ဩဇာကို ဦးသိန်းစိန်အစိုးရ မလွန်ဆန်နိုင်သည့်အတွက်ပြည်သူများနှင့်အတူခံစားဝမ်းနည်းရပါသည်.

  16. get out thein sein.

  17. ဒီ လက်ပန်းတောင် အကြမ်းဖက်မှူကြောင့် ဦးသိန်းစိန် အစိုးရ အပေါ် ယုံကြည်မှူလဲ ပျက်စရာမလိုပါ- နောက်ကြောင်းပြန်စရာလမ်းစလဲ မမြင်ပါ- အဘယ့်ကြောင့်ဆိုသော် အစကထဲက မယုံကြည်သောကြောင့်ဖြစ်သလို-နောက်ကြောင်းပြန်လှည့်ဘို့  ရှေ့ ကို တလှမ်းမှ ပီပီပြင်ပြင် မလှမ်းရသေးသောကြောင့်ဖြစ်ပါသည်။

  18. It is clearly allowed to produce just a smoke camouflage.If used offensively, use of weapon may however be classified as illegal chemical warfare.CWC,chemical weapons convention outlawed and went into effect in April of 1997 that WP,white phosphorus was considered as a chemical weapon.It is against the law of land warfare to employ WP against personnel targets.(ST 100-3 Battle Book,Fort Leavenworth)compiled from student text.

  19. သာဒုပဲခေါ်လိုက်ကြပါဗျာ