ကျူးလွန်ခဲ့မှုများအတွက် တာဝန်ခံဖို့ လိုသည် | ဧရာဝတီ

ကျူးလွန်ခဲ့မှုများအတွက် တာဝန်ခံဖို့ လိုသည်

Hits:8,440
  | |

၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်အခြေစိုက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ထောက်လှမ်းရေးအဖြစ် စွပ်စွဲ၊ စစ်ဆေး၊ ကွပ်မျက်သည့်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၁ အကုန်မှစပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြသည်။ ပြုလုပ်သူ၊ အပြုခံရသူ ယင်းတို့နှင့် ပတ်သက်သူများ ထံမှလည်း ပြောဆိုချက်များ၊ အထောက်အထားများ၊ အမှတ်တရပွဲများ၊ ဖြေရှင်းရေးကိစ္စများ ပြောဆိုလာကြသည်။

ယင်းကိစ္စဖြစ်ပွားစဉ်က ABSDF မြောက်ပိုင်းတွင် တာဝန်ယူခဲ့သူတချို့သည်လည်း ယခုအခါ ပြည်တော်ပြန်လာကြပြီဖြစ်ပြီး ကာကယံရှင်များ ဘက်မှလည်း ပြည်တွင်းတွင် တရားဥပဒေဘောင်အတွင်းမှ ရင်ဆိုင်ရန် အမှုဖွင့်စွဲဆိုမှုများ ရှိလာသည်။ ABSDF ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာ နိုင်အောင်ကလည်း ဥပဒေကြောင်းအရ ယင်းကိစ္စကို ဖော်ထုတ်ရာတွင် ပူပေါင်းပါဝင်ပါမည်ဟု ထုတ်ဖော်ပြောဆိုထားမှုလည်း ရှိသည်။

ထိုစဉ်က ဖမ်းဆီး နှိပ်စက်ခံခဲ့ရသူ ကာယကံများကိုယ်တိုင်က ထုတ်ဖော်ရန် အချိန်မကျသေးဟု ယူဆထားခဲ့ကြရာမှ အနှစ် ၂၀ ခန့် ကြာပြီးနောက် ယခုကာလတွင် ပြန်လည် တစခန်းထလာခြင်းဖြစ်သည်။

ABSDF မြောက်ပိုင်း သတ်ဖြတ်အရေးယူမှုကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ၂၀၀၂ ခုနှစ် ဇွန်လတွင် ထုတ်ဖော်ရေးသားခဲ့သေးသည်။

ဖမ်းဆီးခံရပြီးနောက် လွတ်မြောက်လာသူ တဦးဖြစ်သည့် ကိုထိန်လင်း ယမန်နှစ်က ရေးသားခဲ့သည့် “ကျနော် သန်းကြွယ်သူဌေး ဖြစ်စဉ်က” နှင့် “ကျနော် လူကက်ဆက်” ဆောင်းပါးများမှစ၍ အချိန်တိုကာအတွင်း၌ပင် ယင်းမြောက်ပိုင်းကိစ္စ အသေးစိတ် ပြောဆိုချက်သားချက်များ၊ ခံခဲ့ရသူ ကာကယံရှင်များနှင့် နီးစပ်သူများ ကိုယ်တိုင်ပါဝင် ဆွေးနွေးသည့် Facebook ဆွေးနွေးချက်များ၊ ပြည်တွင်း ပြည်ပ မီဒီယာများမှ မေးမြန်း ရေးသား ထုတ်လွှင့်ချက်များ ပေါ်ပေါက်လာခဲ့သည်။

ယင်းကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ရသူ တဦးဖြစ်သည့် ကိုမောင်မောင် (ရွှေကရဝိတ်) ၏ မှတ်တမ်းတင်စာအုပ် “ခေတ်သစ် ဟင်္သာကိုးသောင်း” စာအုပ်သည်လည်း ဆင်ဆာခွင့်ပြုချက်ရပြီး ထွက်ရှိခဲ့သည်။

ရှုပ်ထွေးသည့် ယင်းကိစ္စတွင် စွပ်စွဲအရေးယူသူများ၊ စွပ်စွဲ ဖမ်းဆီး ကွပ်မျက်ခံရသူများနှင့် ပတ်သက်၍ အများအပြား ထုတ်ဖော်ရေးသားနေကြသော်လည်း ယင်းစွပ်စွဲမှုများကို ဖြစ်ပေါ်စေသည့် အဓိက လက်သည် “စစ်ထောက်လှမ်းရေး” ကိစ္စနှင့် ပတ်သက်၍ ဝှက်ဖဲ ဖြစ်နေဆဲ ဖြစ်သည်။

ထိုခေတ် နဝတအစိုးရ၏ စစ်ထောက်လှမ်းရေးက ထိုကိစ္စတွင် မည်သည့်အတိုင်းအတာအထိ ဝင်ရောက် ပတ်သက်နေသည် ဆိုသည်ကို ထုတ်ဖော်မှု မရှိသလောက်ပင် ဖြစ်သည်။ ယင်းကိစ္စတွင် အဓိက တာဝန်ရှိသူတဦးဖြစ်သည့် ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့်သည်လည်း သက်ရှိထင်ရှားရှိနေပြီး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ဖြစ်သည်။

ဤသတ်ဖြတ်မှုကိစ္စတွင် စွပ်စွဲ သတ်ဖြတ်သူ၊ သတ်ဖြတ်ခံရသူ၊ ယင်းကိစ္စများ ဖြစ်ပေါ်အောင် ဝင်ရောက်သွေးထိုး နှောက်ယှက်သူ စသည့်ကိစ္စများတွင် ဝှက်ဖဲဖြစ်နေသည့် တတိယ အုပ်စုကိုလည်း ဖော်ထုတ်သင့်သည်။ သက်ဆိုင်ရာ ကာယကံရှင်များ သက်ရှိထင်ရှားရှိနေဆဲဖြစ်ရာ ဒီမိုကရေစီနည်းလမ်းကျစွာ ဖော်ထုတ်ခြင်း၊ ပြုလုပ်ခဲ့သမျှအတွက် တာဝန်ခံစေခြင်းတို့ကို ဖြစ်မြောက်အောင် လုပ်သင်သင့်ပါသည်။

တဆက်တည်းပင် ABSDF မြောက်ပိုင်း လူသတ်မှုကိစ္စကို တရားမျှတမှု လမ်းကြောင်းပေါ် ဆွဲတင်သည့်နည်းတူ ယခင်စစ်အစိုးရများလက်ထက် တရား ဥပဒေမဲ့ သတ်ဖြတ်ခဲ့မှုများကိုလည်း သက်ဆိုင်ရာ ကာယကံရှင်များက တာဝန်အပြည့်အဝယူရန် အနှေးအမြန် ထုတ်ဖော်သင့်ပါသည်။

၁၉၆၂ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗုံးခွဲမှု၊ ၁၉၈၈ အရေးအခင်းတွင် ပစ်ခတ်၊ ဖမ်းဆီးခံရပြီး သေဆုံးရမှု၊ ၂၀၀၃ ဒီပဲယင်း လုပ်ကြံမှုများမှသည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် သေဆုံးမှုများအထိ ယခင်စစ်အစိုးရ လက်ထက်များတွင် ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် ပတ်သက်၍ မည်သူကမျှ တာဝန်ခံခြင်း မရှိသေးပေ။

ထိုစစ်အစိုးရ လက်ထက်များ၏ အမှောင်ဖုံးသောခေတ်တွင် တရားလက်လွတ်၊ ကမ္ဘာသိ လုပ်ဆောင်ခဲ့သော မတရားမှုများသည် ယနေ့ခေတ် ဒီမိုကရေစီပွင့်လင်းလာမှုတွင် မှေးမှိန်ပျောက်ပျက်သွားမှု မဖြစ်သင့်ပါ။ မဝေးသေးသော အတိတ်မှ ယင်းလုပ်ဆောင်ခဲ့မှုများအတွက် တာဝန်ရှိနေသူများအနေဖြင့် ဒီမိုကရေစီနှုန်းစံများအောက်တွင် တာဝန်ခံမှုရှိလာစေရန် အနှေးနှင့်အမြန် ဖော်ထုတ်သင့်ပါသည်။     ။


34 Responses

Leave a Reply

  1. ဒီလိုသတိပေးတာအလွန်ကောင်းပါတယ်၊မြန်မာနိုင်ငံထဲမှာမတရားမှုတွေဖြစ်ခဲ့တာအများကြီး၊အခုလိုအချိန်မျိုးမှာတိုင်ရင်တောင်နောက်တစ်မျိုးမတရားလုပ်ခံကြရတော့ကြောက်နေကြတယ်၊တရားဥပဒေစိုးမိုးရေးကိုမလုပ်သမျှဘာမှအမှန်တကယ်ကောင်းလာမှာမဟုတ်ဘူး၊တရားဥပဒေစိုးမိုးရေးအတွက်များများရေးစေချင်ပါတယ်။

  2. အစိုးရဘက်သို့ လှည့်၍ ဖိအားပေးခြင်းအားဖြင့် မြောက်ပိုင်း ကိစ္စသည် မှေးမှိန် သွားစရာ အကြောင်း ရှိသည်။

    • အစိုးရဘက်သို့ လှည့်၍ ဖိအားပေးခြင်းအားဖြင့် မြောက်ပိုင်း ကိစ္စသည် မှေးမှိန် သွားစရာ အကြောင်း ရှိသည်။

      အထက်က comment ကို လုံးဝထောက်ခံပါသည်။ ဒီ post ရဲ့ ရည်ရွယ်ချက်ကိုက အဲလိုဖြစ်နိုင်ပါသည်။

      • မြန်မာ တိုင်းရင်းသူ

        အထက်က ကွန်မဲန့် ၂ ခုစလုံး ကို လုံးဝ ထောက်ခံပါသည်။ မြောက်ပိုင်းကိစ္စမှေးမှိန်အောင်၊ အစိုးရမှ ၀င်ရောက်တားမြစ်အောင် ဖွပေးသော စာလို့ မြင်ပါသည်။ အထူးသဖြင့် သည်ကိစ္စများ အရင်က မဖေါ်ခဲ့ပဲ (ထိုစဉ်က အင်တာနက် သုံးစွဲခွင့်၊ တဦးနှင့်တဦး လွတ်လပ်စွာ ဆက်သွယ်ခွင့် မလွယ်ကူခဲ့သေးတာ သတိပြုသင့်ကြသည်) အခုမှ ကျယ်ကျယ်ဝံ့ဝံ့ ဖြစ်လာသည်ကို ‘တစခန်း ထသည်’ လို့ ရေးထားပုံက ခနဲ့တဲ့တဲ့ သရော်သလို ခံစားရပါသည်။

      • ထောက်ခံတယ်
        အဲဒီံတုန်းက တစ်ခြားနည်းမျိုးစုံရှိတယ် မှန်ရင်လေ
        မမှန်ရင် သတ်ပစ်တဲ့ တစ်နည်းသုံးလိုက်တာ
        ကေ အင် ပီပီမှာ အသတ်ခံရတဲ့ ၆၀၁ က ကျောင်းသားတွေ မိုးသီး ဘာပြောမလည်း

  3. absolutely right.

  4. Save-Myanmar-History

    I hardly give credit to Editorial here in this section.

    I do agree with this editorial.

    Let me tell all of the readers; All These are interwoven to each other.

    One example:
    There were a few ‘ ex Military Intelligence ‘ , i 1992 – 93 ran away from Myanmar to developed countries and converted into ‘ new religion ‘ ( I don’t want to name which religion ) and converted themselves into different personality and personal life. ( Chee Yar Phyaut – Let Yar Phyaunt ) .
    While things are still fresh and witnesses are still alive – those things are to be sorted out in details and appropriate actions to be taken – individually. Individually. one by one , one by one.

    By doing so , we , all will never regret and remorse for ‘Failure to do so – Failure to do JUSTICE ‘. This is not personal and this is just the justice.
    No ‘ Arr Nar’ ‘. No ‘ Forgive ‘ etc. No such rubbish words.
    Do the right things. Cannibalism is one of the worst crimes.

    Irrawaddy / V O A / B B C and or any responsible media and group should take actively participate in investigative journalism for these matters. Without any delay. I am sure someone have already started!

    ” Incognito’ – ‘ Great Pretenders ‘ – ” Just following the orders – being a big excuse ‘ .

    Let me tell you, if those things are not taken seriously, when we all die .. when all members of current media – parliamentarians , Myanmar Leaders…..in next 30 years – in 2042 -such black stain will be still intact and History will be irreversibly black-stained.

  5. ကချင်ကိစ္စမှာ စစ်ထောက်လှန်းရေး အတိအကျပါ ပါသည်။ အဲဒါကို ဖော်ထုတ်ဖို့ အားလုံးက နှာစေးနေသည်ဟုမြင်ပါသည်။ ကချင်နှင့်ကရင်တော်လှန်ရေးအဖွဲ့ တို့ မှ ထောက်လှန်းရေးတို့ လည်း ဒီကိစ္စကို အနည်းနဲ့ အများသိနေပါသည်။ သို့ သော် အားလုံးက ပူးပေါင်းဆောင်ရွက်ထုတ်ဖော်ခြင်းမရှိပါ။ ဥပမာ…KNU နယ်မြေတွင် ၁၉၈၈ အကုန် ရေဆင်းတက္ကသိုလ်ကျောင်းသားများနှင့် မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်ရောက်သွားသော အဖွဲ့ ခေါင်းဆောင်ဖြစ်သော ကရင်တရားဟောဆရာ သရာနဲမူသည် စစ်အစိုးရထောက်လှန်းရေး ဗိုလ်ကြီးအဆင့်ရှိသူဖြစ်ပါသည်။ သူ့ ကြောင့် ရေဆင်းတက္ကသိုလ်ကျောင်းသား ၂ ယောက် စစ်ဆေးရင်းသေဆုံးသွားခဲ့ကြပါသည်။ အဆိုပါ သရာနဲမူသည် ရာထူးတိုးကာ ဗိုလ်မှူးအဆင့်ဖြင့် ကချင်ဖက်သို့ ထပ်မံစေလွှတ်ခြင်းခံခဲ့ရပြီး မြောက်ပိုင်းအရှုပ်အထွေးအတွင်း အသတ်ခံခဲ့ရကြောင်း သိရပါသည်။ ထို့ ကြောင့် မြောက်ပိုင်းကိစ္စတွင် ထောက်လှန်းရေးအပိုင်းကဏ္ဍအား နှာမစေးကြရန်၊ အမှန်တရားအတွက် မိမိသိသမျှကို ဖော်ထုတ်ပေးကြရန် တိုက်တွန်းပါသည်။ မိမိအနေနဲ့ သရာနဲမူကိစ္စ အသေးစိပ်ကို မြောက်ပိုင်းကိစ္စအတွက် အဖြစ်မှန် ဖော်ထုတ်ရေးကော်မီတီ ABSDF သို့ ပေးပို့ သွားမည်ဖြစ်ပါသည်။
    သူရ (ဒေါင်းဂွင်) ခေတ္တ- ကယ်လီဖိုးနီးယား
    ရေဆင်းတက္ကသိုလ်ကျောင်းသားဟောင်း

    • မြန်မာ တိုင်းရင်းသူ

      အဲသည် ဒေါင်းဂွင် စခန်းက နိုင်အောင့် တပည့်တွေ ဆိုတော့ အောင်နိုင်ကို မကာကွယ်ချင်နေ၊ နိုင်အောင့်ကို လွတ်အောင် ကာကွယ်ချင်နေကြတယ်။ အခုတောင် မြောက်ပိုင်းကိစ္စမှာ ခံလိုက်ရသူတွေကို မစာနာပဲ ငါတို့ ကျောင်းသား တပ်မတော်ကို စော်ကားတာ၊ နာမည်ဖျက်ချင်လို့ သည်အမှုကို ဖေါ်တာတို့ မဆီမဆိုင်တာတွေ သွေးရူးသွေးတမ်းပြောနေကြတယ်။

  6. ဘယ်သူမတရားလုပ်ထားလုပ်ထား တန်းတူဖော်ထုတ်ပါ။ စည်းကမ်းငါထုတ်ထားတာမင်းတို့ အတွက် ငါ့အတွက်မဟုတ်ဘူးတော့မလုပ်သင့်ဘူး

  7. အခြားဘာသာဝင်များကိုတော့ယုံကြည်မှုခြင်းမတူညီကြသဖြင့်မပြောလိုပါ။ဗုဒ္ဓဘာသာမှာကမိမိပြုလုပ်ခဲ့သည်မကောင်းမှု
    သည်။ကြီးသည်ငယ်သည်မဟူဘဲဝဋ်ကြွေးပေးဆပ်ရမည့်အ
    ချိန်ရောက်လာလျှင်လက်ရှိဘဝမှာပြုလုပ်တဲ့မကောင်းမှုကိုမဆို
    ထားနှင့်ရှေးဘဝပေါင်းများစွာကပြုလုပ်ခဲ့တဲ့မကေင်းမှုတွေကိုမှ
    ပေးဆပ်၍ဝဋ်ပြန်လည်တယ်။ဝဋ်လည်တယ်ဆိုသည့်အယူအ
    ဆတွေယုံကြည်မှုတွေမရှိတဲ့မူဆလင်ဘာသာဝင်အီရတ်သမတဆတ်ဒန်ဟူစိန်။လစ်ဗျားခေါင်းဆောင်ဗိုလ်မှူးကြီးကဒါဖီတို့တွေ
    ဟာယခုဘဝကျူးလွန်ခဲ့တဲ့မကောင်းမှုတွေကိုနောင်ဘဝမခြား
    ဘဲဝဋ်ကြွေးပေးဆပ်သွားကြတာကြည့်ပြီးဗုဒ္ဓဘာသာဖြစ်တဲ့ငါတို့ဆီမှာကမကောင်းမှုတွေလုပ်ထားကြပေမယ့်ချက်ခြင်းအ
    ကျိုးမပေးဘူး။ဝဋ်ဆိုတာမရှိတဲ့မူဆလင်ဆတ်ဒန်ဟူစိန် ကဒါဖီ
    တို့ဘဝမကူးဘဲမျက်မြင်ပေးဆပ်ရတယ်။စာရေးဆရာမာဂျေ
    ပြောသလိုမြန်မာပြည်မှာရာဇဝတ်ဘေးငွေး၍သော်လည်း
    ပြေး၍သော်လည်းကောင်းတပည့်တွေကအာဏာရထား၍
    သော်လည်းကောင်းလွတ်လျက်ပင်ရှိနေသေးကြောင်းပါ။

  8. သိပ်ကောင်းတဲ့ ရှုဒေါင့်တခုပါ။
    ကျနော်တို့ (ABSDF- ရဲဘော်ဟောင်းများ) လဲ မကြာခဏဆိုသလို ဒီကိစ္စဆွေးနွေးဖြစ်ကြပါတယ်။
    အထူးသဖြင့် ABSDF ဥက္ကဌဟောင်း ၃-ဦး ပြည်တော်ပြန်ချိန်မှာပေါ့။

    တချိန်ချိန်မှ ဒါက ရှင်းကိုရှင်းရမဲ့ကိစ္စဘဲ့လေ။
    ဒီကိစ္စကိုအသေချာရှင်းနိုင်မှ ABSDF သမိုင်းမှန်ကို လူငယ်တွေသိနိုင်မှာဖြစ်ပါတယ်။
    အခုဟာက ABSDF သမိုင်းကို အသေချာမသိတဲ့လူတွေကများနေတဲ့အခါကျတော့
    သခန်းသန်းထွန်းရဲ့နောက်ဆုံးနေ့များ-စာအုပ်ကိုဖတ်ပြီး ဗကပ- ဆိုတာ ဖြုတ်-ထုတ်-သတ် ပါဘဲ့လို့အပြောခံရသလိုဖြစ်နေပါတယ်။ ကောင်းကွက် ၉၉-ခုကိုမေ့ပြီး ဆိုးကွက် တခု-တည်းကို ပုံဖေါ်နေကြသလိုခံစားနေရပါတယ်။

    ဘ၀တခုလုံးကိုရင်းပြီး။ တချို့က အသက်ပေးပြီး (ထိခိုက်-ကျဆုံး-သေဆုံး-ဒဏ်ရာရစာင်း ၁၀၁၀-လောက်ရှိပါတယ်) တာဝန်ထမ်းခဲ့တဲ့လူတွေအတွက် ရင်နာဖို့ကောင်းပါတယ်။
    အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေဖို့ အားလုံးပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။

    ဒါက တခုပါ..။ နောက်အမြင်တခုလဲရှိပါသေးတယ်။
    ဒီအမြင်က ပိုလက်တွေ့ကျနိုင်တဲ့အတွက် မျှဝေလိုက်ပါတယ်။
    ဘာကြောင့်လဲဆိုရင် စစ်ပွဲကာလ နှစ် ၂၀-အတွင်း ရှိသမျှအပြစ်တွေ အားလုံးတင်နေရင်
    အဲဒီကနေ ရှေ့မတိုးနိုင်ဘဲ အချင်းချင်း တိုင်တန်း-စွပ်စွဲနေတာနဲ့ နောက်ပြန်ဆုတ်သွားမလားလို့စိုးရိမ်မိလို့ပါ။

    … ဒီအတွက် ရှေ့နေတဦး အကြံပြုတာကတော့…
    တောင်ဖရိကနိုင်ငံက
    အသွင်ကူးပြောင်းရေးကာလမှာလို… အမှန်တရားဖေါ်ထုတ်ရေးကော်မီတီတခုဖွဲ့ပြီး
    အားလုံးကိုအမှန်တိုင်းထုတ်ဖေါ်ပြောဆိုကြ။ ပြိးရင် အပြန်အလှန် ကျေအေး-ကြ ဆိုတဲ့
    လုပ်ထုံးလုပ်နည်းပါ။

    အားလုံးဝိုင်းစဉ်းစားသင့်တယ်လို့ထင်မိပါတယ်။

    • မြန်မာ တိုင်းရင်းသူ

      ဟားဟား လာပြန်ပြီ နောက်တယောက်။ ခေါင်းရှောင်ကြီးတွေအတွက် ရှေ့နေ လိုက်ပေးချင်သူ နောက်လိုက်ငယ်သားတဦး။ အခုက အေဘီကို အပြစ်တင်နေတာ အပြစ်ရှာနေတာ မဟုတ်ဘူး။ အပြစ်ကျူးလွန်ခဲ့သူ တဒါဇင်လောက်ကိုပဲ လွန်လွန်ကျူးကျူး လုပ်ခဲ့တာတွေအတွက် စစ်ဆေး အပြစ်ပေးမှာ။ ဥပဒေဘောင်အတွင်းကနေ လုပ်သင့်တာ လုပ်ခဲ့ရင် ဘာမှ စိုးရိမ်စရာမရှိဘူး။ လွန်ကဲစွာ မတရား ပြုခဲ့တာတွေကို တိုင်ကြမှာ။ နောက်ပြီး အချင်းချင်းတိုင်တန်း စွပ်စွဲနေလို့ အရှေ့မတိုးပဲ နောက်ပြန် ဆုတ်မယ် ဆိုလို့ မေးရဦးမယ်။ အခုရော အေဘီက ရှေ့တိုးနေတာမှ မဟုတ်တာ။ ရပ်ပြီး ကျောက်ချထားပြီပဲ။ အခုတောင် ပြည်တွင်းပြန်ဝင်ပြီး တရားဝင် စခန်းပိတ်၊ ပြန်ကြဘို့ လုပ်သူ လုပ်၊ တတိယ နိုင်ငံ ဆက်ထွက်ဘို့ ပြင်သူပြင်နေကြတာ၊ ဘယ် အနောက်ကို ပြန်ဆုတ်ရမှာလဲ။

      • မြန်မာ တိုင်းရင်းသား

        ဟားဟား လာပြန်ပြီ နောက်ထပ်နေ့စားတယောက်။ ခေါင်းရှောင်ကြီးတွေအတွက် အေဘီကို ခြေထိုးချင်နေသူ နောက်မြီးဆွဲငယ်သားတဦး။ အခုက အေဘီကို အပ်ကျသလို အပြစ်တင်နေ အပြစ်ရှာနေတာ မင်းတို့ချည်းမဟုတ်ဘူး။ အပြစ်ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲလို့ရသူ တဒါဇင်လောက်ကို လွန်လွန်ကျူးကျူး လုပ်ခဲ့တယ်ဆိုပြီး ဟုတ်ဟုတ်မဟုတ်ဟုတ် စွပ်စွဲနေတာ ။ ဥပဒေဘောင်အတွင်းကနေ လိမ်နေတာမို့ ဘာမှ စိုးရိမ်စရာမရှိဘူး။ လွန်လွန်ကဲကဲ တိုင်ကြလဲ ဘာဖြစ်သလဲကွာ။ နောက်ပြီး အချင်းချင်းတိုင်တန်း စွပ်စွဲနေလို့ အရှေ့မတိုးပဲ နောက်ပြန် ဆုတ်မယ် ဆိုလို့ မေးရဦးမယ်။ အခုရော အေဘီက ရှေ့တိုးနေတုန်းမဟုတ်လား။ ဒါကြောင့် ငါတို့က ကျောက်ချအောင် ကြိုးစားနေရတာပဲ။ အခုတောင် ပြည်တွင်းပြန်ဝင်ပြီး စည်းရုံးရေး လုပ်သူလုပ်၊ တတိယ နိုင်ငံ ဆက်ထွက်ဘို့ ပြင်သူပြင်နေကြတာ၊ ဘယ် အနောက်ကို ပြန်ဆုတ်ရမှာလဲ။ သိလို့ လုပ်တာဟေ့၊ သိလို့ တမင်ရပ်အောင်လုပ်နေတာ ဟားဟား။

  9. စစ်အောင်

    မြောက်ပိုင်းကိစ္စမှာ ထောက်လှမ်းရေးပါတယ်ဆိုရင် ထောက်လှမ်းရေးကအင်မတန်တော်တဲ့ အဖွဲ့အစည်းဖြစ်သွားမှာပေါ့၊ အဲဒီအချိန်က တည်ဆဲအစိုးရကို လက်နက်ကိုင်တော်လှန် နေတဲ့ အေဘီမြောက်ပိုင်းကို သေနတ်တစ်ချက်မဖောက်ပဲ ပြိုကွဲ အောင်လုပ်နိုင်ခဲ့လို့ပါ။ တကယ်လို့ ထောက်လှမ်းရေးလက်ချက်ဆိုရင်တောင် တည်ဆဲအစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့သူတွေပြိုကွဲအောင်လုပ်မှုနဲ့တရား စွဲမယ်ဆိုရင် ဘယ်တရားရုံးမှာတင်ကြမှာလဲ

    • မြန်မာ တိုင်းရင်းသူ

      တသက်စာ မြေးတွေအထိ မပူမပင်နေရအောင် ဆုတော်ငွေတွေ ချမှာပေါ့။ နေပြည်တော် တ၀က်မှာ အိမ်အကွက်တွေ ချပေးနေမှာပေါ့။ ရယ်စရာ ပြက်လုံးပြောရမလား၊ သွေးရူးသွေးတမ်း ယူလိုက်တဲ့ ကာဗာလား။

  10. ကျွန်တော်တစ်ခုပြောချင်တာကတော့-ကျွန်တော်ကြည့်ခဲ့ဘူးတဲ့ရုပ်ရှင်တစ်ခုမှာပေါ့(သူ့ကျွန်မခံပြီ) ဆိုတဲ့ကားပါ။ ဇာတ်သိမ်းပိုင်းရဲ့နောက်ဆုံးစာသားလေးကတော်တော်လေးကောင်းပါတယ် ‘ နောက်ကိုသာပြန်တွေးမနေပါနဲ့တော့သွေးသောက်တို့ရဲ့…ရှေ့ကိုသာချီတတ်ကြစို့ရဲ့…ဟိုးအရှေ့မှာထွန်းတောက်လာတဲ့ကြယ်တစ်ပွင့်ဟာသွေးသောက်တို့…ကျုပ်တို့ရဲ့အနာဂတ်ကြယ်တစ်ပွင့်မဟုတ်ပေဘူးလားကွဲ့’ ဆိုတာပါ။ အခုကျွန်တော်တို့နိုင်ငံရဲ့အခြေအနေက အနာဂတ်ကြယ်ကြီးလင်းနေပြီလေ။ အဲ့ဒီကိုညီညီညွတ်ညွတ်ချီတတ်ကြပါလို့ပဲပြောချင်တာပါ။ ကျွန်တော်ကဒီလိုပြောတော့ကိုယ်ချင်းစာတရားမရှိဘူးလို့ပြောနိုင်ပါတယ်။ အဲ့ဒါဆိုရင်ကျွန်တော့်အနေနဲ့ကျွန်တော်တို့လိုစစ်အစိုးရဖိနှိပ်တာခံခဲ့ရတဲ့လူတွေဆိုဘယ်လိုလက်တုန့်ပြန်မလဲ။ထားပါတော့။အဲ့ဒီတော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီရန်ညှိုးတွေကိုခဏထားဦး။ အကြွေးတွေလို့သဘောထားပြီးတော့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ပေးဆပ်ကြမယ်ဆိုရင်ကျွန်တောတို့ရဲ့အနာဂတ်ဟာကြယ်တွေပွင့်နေပြီပေါ့။ဒီဟာကိုအစွဲပြုပြီးရန်ညှိုဖွဲ့နေမယ်ဆိုရင်တော့ကျွန်တော်တို့ဒီသံသရာမှာပဲတဝဲဝဲလည်နေဦးမှာပဲ။နောက်ဆုံးတစ်ခုပြောချင်တာကတော့ကျွန်တော်လည်းဥပဒေသမားတစ်ယောက်ပါ။ ကျွန်တော်သိသလောက်တော့သူပုန်ကိုသူပုန်ကသတ်တာဟာလူသတ်မှုမမြောက်ဘူးနော်။ဒါကိုအစွဲပြုပြီးတော့ဆက်သွားနေမယ်ဆိုရင်ကျွန်တော်တို့တစ်တွေရဲ့အနာဂတ်ဟာတော့မှိန်နေဦးမှာပဲ။ သေသေချာချာစဉ်းစားပါလို့တော့ပြောချင်တယ်။ ကျေးဇူးတင်ပါတယ်။ မှားတာရှိရင်ခွင့်လွှတ်ပါ။

    • မြန်မာ တိုင်းရင်းသူ

      ကိုဟန်သစ်မင်း၊
      အရှေ့မှာ တောက်ပလာတဲ့ ကြယ်တွေထဲမှာ သည်သွေးစွန်းနေတဲ့ ဟာတွေ မပါ ပါဘူး။ သူတို့ဟာ အနာဂတ်ကြယ်တွေ မဟုတ်တော့ပါဘူး။ နောက်ပြီး သူပုန်ကို သူပုန်သတ်တယ် မပြောသင့် မရေးသင့်ဘူး။ ကျောင်းသားတော်လှန်ရေးသမားတွေကို အာဏာမက်မောသူ ကျောင်းသားတစုက ရက်စက်စွာ ညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ အမှုပါ။ တော်လှန်ရေး အကြောင်းပြပြီး တဦးချင်း ရန်ညှိုးထား အနိုင်ယူ နှိပ်စက်ခဲ့တာပါ။ အောင်နိုင်နဲ့ မြောက်ပိုင်းက ခေါင်းဆောင်တွေ တာဝန်ရှိတာ အမှန်ပါ။ တောင်ပိုင်းက ဗဟို ဥက္ကဌ နိုင်အောင် သာ သိခဲ့တယ်၊ မတားခဲ့ဘူး၊ အမိန့်ပေးခဲ့သလား ဆိုတာ စစ်ဆေးရမှာပါ။
      (နိုင်အောင်ဟာ အန်ဂျီအိုတွေဆီက တော်တော် ထောထားပုံရတယ်။ သူ့ကို ကာကွယ်သူတွေ မယုံစရာ များလှချည်လား)

  11. အပြင်ကကောင်တွေ အတွင်းကကောင်တွေ တိတ်တိတ်နေ ဆူညံ ပူညံ မလုပ်ကြနဲ့။ မင်းတို့လောက်တော့ လူတိုင်းစာတတ်တယ်။ မြောက်ပိုင်း ဖြစ်ဖြစ် တောင်ပိုင်းဖြစ်ဖြစ် ဒီမိုကရေစီအရေးကနည်းနည်း သောက်တလွဲ လုပ်တာတွေက များများ ဆိုတော့ ပြသာနာဖြစ်ခဲ့ကြမှာပဲ။ လက်ရှောင်ခိုင်းတာမဟုတ်ဘူး။ ဒါးခုတ်ရာ လက်ဝင်မရှိုနဲ့လို့ ပြောချင်တာ။ ပြည်တွင်းမှာ ကျားကုတ်ကျားခဲ ရပ်တည်ပြီး လုပ်တဲ့လူတွေ လည်း အမျိုးမျိုး စွပ်စွဲ ပြောဆိုခံခဲ့ရပြီး အသတ်ဖြတ်ခံရသကဲ့သို့ သေကြေခဲ့ရသူများ မနည်းပါ။ ခေတ်စနစ် လူမှု့တော်လှန်ရေးသမိုင်းရဲ့ သားကောင်တွေ ဖြစ်သွားရတာပါ။ အဲဒါနဲ့ပဲ လက်ရှိ လျှောက်လှမ်းနေတဲ့ လမ်းကြောင်း ကို ရှုပ်ထွေးအောင် လုပ်ကြမလို့လား။ သည်းညည်းခံကြပါဦး။ နောက်ကြောင်းလှည့်ချင်တဲ့သူတွေများလား ဆိုတာ ဆန်းစစ်ကြပါဦး။ ဧရာဝတီရေ…အမြင်ကိုတော့လေးစားပါတယ်။ ဒါပေမဲ့…ပြသာနာမိုင်းကွင်းကြီးကို တွန်းပို့နေသလိုမျိုးဖြစ်နေသလားဆိုတာ စဉ်းစားစမ်းပါဦး။ ဒီလိုမြင်လို့ ဒီလိုရေးတယ် ဆိုပေမဲ့….အင်း….ခင်ဗျားကြည့်ရတာ…ပြည်ပကနေပြီး ထာဝရ စာရေးချင်လို့ ဂွင်ဖန်နေတာ ထင်တယ်။

  12. That story are mix of the true and false reason.

  13. အမှန်ပဲ။တရားမျှတမှုဆိုတာအဲဒါပဲ။ဘက်တခုတည်းကိုကြည့်ပြီဒီမိုကရေစီစံနှုန်းအဖြစ်လုပ်မယ်ဆိုတာသိပ်ကြည့်လို့မကောင်းဘူး။နှစ်ပေါင်းများစွာဦးနေ၀င်းလက်ထက်၊ဦးခင်ညွှန့်လက်ထက်၊ဦးသန်းရွှေလက်ထက်ကလူသတ်မှုတွေ၊စစ္စလီကျွန်းအစုလိုက်အပြုံလိုက်လူသတ်မှု၊(၉)လောင်းပြိုင်လူသတ်မှု၊တိုင်းရင်းသားနယ်မြေတွေမှာတိုင်းရင်းသားသမီးပျိုတွေကိုစစ်တပ်ကအစုလိုက်အပြုံလိုက်မုဒိန်းကျင့်မှု၊သတ်ဖြတ်မှု၊အဲဒါတွေကိုလှစ်လှူရှူ့ပြီးမြောက်ပိုင်းပါဂျောင်လူသတ်မှုကိုပဲကွက်ပြီးတရားစီရင်မယ်ဆိုရင်မတရားရာကျမယ်။မြောက်ပိုင်ပါဂျောင်လူသတ်မှုဟာအစိတ်အပိုင်းတခုအဖြစ်ပါဝင်လိမ့်မယ်။သိကြတဲ့အတိုင်းမြန်မာပြည်ကိုထောက်လှမ်းရေးအတွင်းရောအပြင်ရောဂြိုလ်မွှေခဲတာနှစ်ပေါင်း(၆၀)နီးပါပဲ။အဖွဲ့အစည်းတွေကိုဖဲ့ထုတ်တယ်။မြန်မာပြည်မှာရှိကြတဲ့အဖွဲ့အစည်းတိုင်းလိုလို(၂)ကွဲကြတာဒုနဲ့ဒေးပါပဲ။

  14. ကောင်းစေချင်

    တောထဲအာဏာလုကြတဲ့ကိစကို စစ်ထောက်လှမ်းရေးလွှဲချနေတယ်၊ရူးတာလား၊ရူးချင်ယောင်
    ဆောင်တာလားတော့မသိဘူး၊ စစ်ထောက်လှမ်းရေးကလည်းတောထဲထိ ပေါက်ရောက်လောက်
    မယ်မထင်(လူလည်တွေချည်းများလို့) ကိုယ်ကိစ ကိုယ်မရှင်းဘဲ ထင်ကြေး(မှန်းကြေး)နဲ့ မရမ်း
    သမ်းနေကြပါနဲ့။

  15. ကောင်းစေချင်

    ထပ်ပြောချင်သေးလို့ပါ၊တရားဟောဆရာကို ထောက်လှမ်းရေးဗိုလ်ကြီးဆိုလို့၊ အဖမ်းခံကျောင်းသားလေးအမေပြောသလို၊ သားက ၁၄ နှစ်ရှိသေးတာ ထောက်လှမ်းရေးက
    ဗိုလ်ကြီးဆိုပြီးစွပ်စွဲတာတဲ့ ၊ စဉ်းစဥ်းစားစားတော့ တွေးကြဖို့လိုပါတယ်။စစ်ထောက်လှမ်းရေး
    ဆိုတဲ့ ပွဲထဲကဇတ်နာအောင်ထွင်တာမျိုးကဟာသပါဘဲ။ နောက်တခုက ညီညွတ်ကြဖို့ လုပ်နေချိန် နောက်ပြန်ဆုတ်အောင် ထွင်နေဆန်းနေကြပြန်ပါပြီ။

  16. Irrawaddy commenter

    This is ‘ execution style ‘ murder. This is not killing. This is called murder.
    ” Kill’ and ‘ Murder’ are totally different.

    He/ They was/were a leader/ leaders.

    There are two errors we see.

    Errors of Omission;
    Errors of Commission;

    Let me rephrase.
    Mistake of Omission; and Mistake of Commission’

    1. Omission; He/ They failed to stop such execution style murders. They did not stop in spite of the circumstances that they were able to do so.
    2. Commission; He/ They ordered to murder them, verbally.
    Now who will verify these. Evidences;
    *Direct evidence and Indirect evidence ( in other words circumstantial evidence )
    *Written typescripts/ manuscripts BEFORE and AFTER ‘ such horrible episode ‘ and
    How long is ‘ BEFORE ‘ and ‘ AFTER ‘ . Well well well ! it may be a few weeks before / a few months before, and again, a few weeks after, a few months after , or even recently
    *Actual eye witnesses/ ear witnesses

    Now let’s talk about who can prosecute them. They are U S citizens. Can family allege them?
    Yes, they can. It can be alleged. It can be prosecuted in Myanmar. Because the crime happened in Myanmar territory.

    Let me stop for a minute – please, I will draw a dotted line.
    ………………………
    Now while we are saying this, what about the others? Others ? what others ?
    Yes, there were others ‘ illegitimate killings and atrocities ‘in 90s and 00s. Those are also to be sorted out. No one is to be immune. No one is to be indemnified. They all have to be dealt with proper deterrent action. Don’t you ever think of ‘ you all will die ‘ without being faced this music “.

    another dotted line.
    ……………………………….
    Who is going to say like following:

    *’ If those responsible of killing massively in upheaval in late 80s, 90s and 00s CANNOT BE TRIALLED, it is not worthy / it is not fair to sort this A B S D F affair / this should be excused / …………..”

    * some may even refer to late Sai Htee Saing’s song ‘ Kywet, Chin, Yin neth Lu AhKyaung ‘ song. from ‘ Koth Ah-Chit neth Ah Yar Yar Ko AhKaung ahTine Phyit Say Mae ‘ album…If you can not punish those who suck blood of people, you should excuse the mosquitos in the mosquito-net (Chin Daung ) . .. Please listen to that song, you will see what I mean.

    The response to such ‘ excuse to excuse those assailants ‘ is ‘ NO ‘ . No. No .

    No, the answer is ‘ NO ‘ . Can not excuse. This is not corruption/ not fraud/ not theft. This is massive killing with abusing of power and weapon. Not only that – That was ‘ premeditated cold blooded murder on innocent people ‘ . There is no confrontation. No resistance. No struggle. This is ‘ bully ‘. Not only the actual crime. The behavior of ‘ committing crime ‘ is of paramount importance. ‘ Beheading’ . Cruel , horrible, barbarians. Unimaginable of Myanmar people in Myanmar culture. Not to war enemy. but to its own people . old mates. old friends. despite of the hatred, enmity and antagonism.

    Both are the same.Both have to be dealt with appropriate authority and enforcing law. Then the questions are ‘ ………..by Who ? How ? and When ?
    Only these ‘ W and H ‘ are the questions.

    Myanmar saying exists. ‘ Ta-Det Sar Lae, Kyet Toon, Hna-Det Sarr Lae, Kyet Toon ‘. Both have to be taken legal actions. ( just a few words about money matters – if you steal 1000 kyats the punishment is not hard. If you steal 100,000000 kyats, punishment is hard – so it depends on the extent of the crime in stealing )

    In this Northern A B S D F cases, Myanmar should not let it go. Also the ones committed by military and intelligence in 90s and 00s.

    One more dotted line..
    ……………………………………………….
    All of them to be dealt with justice and law and appropriate punishment. If they are to be excused this has to be in correlation with constituency and existing rules of law.

    Especially in ‘ crime cases ‘ like this, you all should think ‘ NOT TWICE ‘ . but ‘ TEN TIMES ‘ to give
    PARDON. Well .. overall, it all depend on Myanmar people and actual sufferers.

    By the way , these visitors, currently drawing public attention in Yangon, they all need to be assessed their physical and mental health with very expert skilful professionals, especially with the one who talks like ‘ Kyar Phan Mae, Sin Phan Mae, ‘ ( refer to his recent talk with B B C Myanmar on ? 11 / 9 or 10/ 9 )

    Massive killing is very dangerous, to community and country. Seriously ! Long term safeguard of country is very important. This is not ‘ being killed in fighting war’. And this is interracial killing. This is intraRACIAL killing. Killing within same organization. Old friends. No matter what the motive is. ( Rivalry or Jealousy or Revenge or ) .. readers may like to know the ” Motives of Murder’ . there are about . six or seven reasons. I will stop now.

  17. ဧရာဝတီမှာ လာပေးတဲ့ မှတ်ချက်တော်တော်များများက လိုရာကို နှဲ့ပေး၊ စောင်းပေး၊ လမ်းကြောင်းပေးတာတွေက တယ်များသကိုး။

    ခုလို လိုရင်းသာ ပြောကြပါလား။

    - မြန်မာပြည်မှာ အာဏာပိုင် အဆက်ဆက်က ကောင်းခဲ့တယ်။
    - အာဏာပိုင်တွေကို ပုန်ကန်ရင် လူဆိုးပဲ။
    - သူပုန်သူကန်တွေ လုပ်တာဆိုရင် အားလုံး အဆိုးဖြစ်ကိုဖြစ်ရမယ်။
    - လုပ်လို့ရတဲ့သူကို လုပ်မယ်၊ မရတဲ့သူကို မလုပ်ဘူး။ (အာဏာ မရှိသူကို ရသလောက် ထောင်းမယ်၊ ရှိသူကိုတော့ ငယ်ပါပြားအောင် ဝပ်တွားမယ်)။
    - စစ်ထောက်လှမ်းရေးက စာရင်းမရှိ အင်းမရှိ နှိပ်စက်သတ်ဖြတ်ခဲ့တာတွေကို မသိချင်ဟန်ဆောင်ကြ။
    - ဧရာဝတီက မြောက်ပိုင်းကိစ္စကို ထုတ်ဖေါ်ထားတာ ၁၀ နှစ်ရှိပြီ။ ဒါပေမယ့် ABSDF ငြိမ်းချမ်းရေးစကား ပြောခါနီးမှ ဒီကိစ္စ ဆူညံလာတာဟာ တိုက်ဆိုင်မှု တစ်ခုပါ။ (ဘာနဲ့ပဲ တိုက်ဆိုင်တိုက်ဆိုင် ကိစ္စမရှိပါ။ ထောက်လှမ်းရေးကလည်း ဘာမှ မသိပါ။ စိတ်လည်း မဝင်စားပါ။ ဆိုင်လည်း မဆိုင်ပါ။ ထောက်လှမ်းရေးဟူသည် ကိုယ့်အခန်း အတွင်းမှာသာ ထော့ကျိုးထော့ကျိုးဖြင့် ထောက်ကာလှမ်းကာ လမ်လျှောက်နေသူများကိုသာ ဆိုလိုပါသည်)။

    တစ်ခါတစ်ရံတော့ တွေးမိသည် …

    အဲဒီလူတွေ (နေ့စား သတင်းပေးများ အပါအဝင်) ထောက်လှမ်းရေးရုံးက လုပ်ထုံးလုပ်နည်းအတိုင်း “ကျင်စက်” ဖြင့် လက်နှစ်ဖက် နောက်ပြန်ကြိုးတုပ်ကာ လက်သန်းနှစ်ချောင်းကို ဝါယာနဲ့ချိတ်ပြီး ရှော့ရိုက်တဲ့ အရသာကို ပေးမြည်းစမ်းကြည့်စေချင်သည်။

    ဘယ်တုန်းကမှ မခံစားဖူးတဲ့ စူးနစ်နာကျင်မှုနဲ့အတူ အနှောင်တွယ်မဲ့ လွင့်မျောသွားရတာ ဘာနဲ့မှ မတူပါ … တကယ်ပါ … ဖိတ်ခေါ်ချင်ပါသည် …

    ဟုတ်ပါသည် … ထောက်လှမ်းရေးများ ဘာမှ မလုပ်ပါ … မသိပါ … မဆိုင်ပါ … စိတ်လည်း မဝင်စားကြပါ ….

  18. ဘာတဲ့ သူပုန်ကို သူပုန်ကသတ်တာ လူသတ်မှုမမြောက်ဘူးတဲ့လား၊ တကယ့် ဥပဒေပညာရှင်
    ကြီးပါပဲ။ အံ့သြစရာကြီးပါလား၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းက နှိပ်စက်တာ၊ သတ်တာခံရတာ
    ထက် ကိုယ့်အချင်းချင်း အာဏာလု ဇာတ်တူသားစားတာက ပိုခံရခက်ပါတယ်၊ အသဲနာစရာ ကောင်းပါတယ်။ တောထဲရောက်သွားလို့ တောစိတ်ဝင်သွားတယ်ထင်ပါရဲ့။

  19. ကချင်လေး

    ခေါင်းရှောင်ဖို့ကြိုးစားတဲ့ အရေးအသားမျိုးကို လုံးဝဆန့်ကျင်တယ်။

  20. မန်လေး

    စစ်ထောက်လှမ်းေ၇း လဲလူသတ်တယ်.. AB ကလည်း လူသတ်တယ်.. ဘယ်သူမှမကောင်းကြဘူး……အလကား လူတွေ …….စစ်ထောက်လှမ်းေ၇းကအတွင်းကနေသတ်တယ်..AB ကလူတွေ တောထဲမှာ အာဏာလု၇င်းလူသတ်တယ်…..ပြီးတော့မဟုတ်သလိုနဲ့ USA မှာ citizen လုပ် ပီးငြိမ့်နေတယ်…ဘယ်သူကောင်းကြလဲ..ဘယ်သူမှမကောင်းဘူး.ပြော၇င်လည်း လွန်၇ာကျမယ်..ကြေးမု..မြန့်မာ့အလင်း..အစိုး၇အာဘော် တွေ လျှောက်ပြောလို့ မကောင်းသလို..ayeyawaddy လည်း $ စားပီး လျှောက်ေ၇းတယ်….ဘာကောင်းကြလဲ…အစိုး၇သတင်းစာမကောင်းသလို..ayeyawaddy လည်းမကောင်းဘူး….

  21. ရှုပ်နေတာပဲကွာ မင်းတို့ဟာတွေ

  22. I think this issue is a bit complicated than we first thought. Some who got involved are still alive, get them involve in this forum.
    Please be advised that the more we talk about this issue, the better for Irrawaddy Group.

    Thanks

  23. [email protected]

    လုပ်ကြံခံရတဲ့ ကိုထွန်းအောင်ကျော်ကို သတိရပါတယ်။

  24. What happn Ma Me Me Kai,Are you know?Are you have sister?

  25. အင်း…ဒီလိုဘဲဟိုလူကိုလွှဲချ။ဒီလူကိုလွှဲချနဲ့….ငါတို့ဗိုလ်ချုပ်အောင်ဆန်းသာရှိရင်ဒင်းတို့(ABSDF၊စစ်ထောက်လှမ်းရေးတွေရော..အားလုံးကိုသောက်ခွက်တွေရိုက်မှာအသေချာပဲ၊၊မြန်မာပြည်
    လွတ်လပ်ရေးတွက်စွန့်ခဲ့တဲ့ခေါင်းဆောင်ကြီးတွေရဲ့ကျေးဇူးတွေကိုလည်းကြည့်ကြဦးဟေ့။နိုင်ငံ
    ခြားမှာဒေါ်လာတွေနဲ့နေ၊ဇိမ်ကျ၊စောက်တင်းတွေပြော။ဘာတွေလဲ။ကိုယ်ဘာသာကိုယ်လူတွေ
    သတ်..USAမှာဘာဂါစား။ပက်ဆီကိုလာသောက်…မြန်မာနိုင်ငံကဘယာကျော်တောင်စားလို့လား။

  26. ဒီအရေးဟာ…

    နည်းလမ်းကျကျ
    အရေးယူမှုကို
    လုပ်ကိုလုပ်ရမဲ့ ကိက်စပါ။

    စွန့်လွှတ်အနစ်နာခံသွားခဲ့သူတွေ
    နောက်
    စွန့်လွှတ်အနစ်နာခံရသူတွေ အတွက်
    အားနာလို့ပါ။

    ယဉ်ကျေးမှုရဲ့ နောက်ဆုံးခံတပ်မြို့က
    သာကီသွေး