အယ်ဒီတာ့အာဘော်

မြန်မာ့ စာနယ်ဇင်းလောက ကံဆိုးမိုးမှောင်ကျပြီ

Hits:6,262
  | |
Print This Post

ဂျာနယ်နှစ်စောင်ကို ရက်အကန့်အသတ် မရှိ ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်သည့် စာပေစိစစ်ရေး၏ လုပ်ရပ်သည် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် သမ္မတ ဦးသိန်းစိန် ဦးစီးဦးဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို မျက်နှာဖျက်လိုက်ခြင်း ဖြစ်ပြီး ပေါ်ထွန်းစ စာနယ်ဇင်း လွတ်လပ်ခွင့် အတွက်လည်း မိုးမှောင်ကျခြင်းပင် ဖြစ်သည်။

The Voice ဂျာနယ်နှင့် Envoy ဂျာနယ်တို့ကို ရက်အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်း ခေါ်ပြောခြင်း အပါအဝင် ပြည်တွင်းထုတ် ဂျာနယ် တာဝန်ရှိသူများကို ခေါ်ယူ သတိပေးသည့် ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့က အခမ်းအနား တွင် စာပေစိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက “နောက်ပြန်လှည့်ခြင်းမဟုတ်” ဟု ပြောဆိုခဲ့ ခြင်းကပင် အိုးမလုံအုံပွင့် ခြင်းပေလောဟု မေးစရာ ဖြစ်နေသည်။

ဂျာနယ်နှစ်စောင်ကို စည်းကမ်းချက် မလိုက်နာသဖြင့် ထုတ်ဝေခွင့် ပိတ်သည်ဟု ဆိုသော်လည်း မည်သည့် စည်းကမ်းချက်ကို မည်သို့ မလိုက်နာကြောင်း ဦးတင့်ဆွေက မရှင်းခဲ့ပေ။ ထိုအချက်ကြောင့် သတင်းမီဒီယာ များအပေါ် ပြန်ကြားရေး ဝန်ကြီး ဌာန၏ တရားလက်လွတ် အရေးယူနေမှုမှာ ပိုမို ပေါ်လွင်စေသည်။

ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ဇွန်လကုန်တွင် စာပေစိစစ်ရေး ဖျက်သိမ်းတော့မည် ဆိုသည့် စကားကို လွယ်လွယ်ပြောခဲ့ သော်လည်း သြဂုတ်လ ဆန်းသည်အထိ စာပေစိစစ်ရေးကို ဖျက်သိမ်းမည့် အရိပ်အယောင် မပြသည့်အပြင် သတင်း မီဒီယာများအပေါ် ပိုမို တင်းကျပ်သည့် အရေးယူမှုများ လက်ရှိအချိန်အထိ ပြုနေသည်က နောက်ပြန်လှည့်ခြင်း မဟုတ်လျှင် ဦးတည်ရာ လမ်းပျောက်သွားခြင်း ဖြစ်မည်။

စာပေလွတ်လပ်ခွင့် မရှိဘဲ ချည့်နဲ့နေသော စတုတ္ထမဏ္ဍိုင်နှင့် ဒီမိုကရေစီကို ဖော်ဆောင်မည် ဆိုခြင်းမှာ ဆွံ့အနားမကြား သောသူကို မော်တော်ယာဉ် မောင်းခိုင်းသကဲ့သို့ ဖြစ်နေသည်။

စာပေလွတ်လပ်ခွင့်နှင့် တာဝန်ယူမှုရှိသော၊ တာဝန်သိသော စာနယ်ဇင်းတို့ ရှိမှသာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပြည်သူ လူထုအကြား ယုံကြည်စိတ်ချရသည့် ပေါင်းကူးမှု တည်ဆောက်နိုင် ပေလိမ့်မည်။

သို့ရာတွင် အစိုးရအဖွဲ့အတွင်း၌သာမက ပြုပြင်ပြောင်းလဲမှုကို လက်မခံလိုသူများ အကြား စာနယ်ဇင်းကို ဝါဒဖြန့်ချိရေး အတွက် အသုံးချလိုသူများ၊ ဈေးဗန်းပေါ်တင်၍ အရောင်းအဝယ် လုပ်လိုသူများ၊ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာမည့်အရေး ထိတ်လန့်နေသူများ ရှိနေနိုင်သေးသည်ကို သတိပြုရပေမည်။

တာဝန်သိ စာနယ်ဇင်းများသည် အစိုးရ ဝါဒဖြန့်ချိရေး ယန္တရား မဟုတ်၊ စီးပွားရေး သမားများ၏ ဈေးဗန်းမဟုတ်၊ အစိုးရတရပ် သွားနေသော လမ်းကြောင်း တည့်မတ်ရေးတွင် ပါဝင်အားဖြည့်သူများသာ ဖြစ်သည်။

ယခုအချိန်သည် သမ္မတ ဦးသိန်းစိန် အစိုးရက သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု ဆိုသည့် ဆောင်ပုဒ်နှင့် လမ်းသစ်ကို ကြိုးစား လျှောက်လှမ်းနေချိန် ဖြစ်ပြီး သမ္မတ ဦးဆောင်သော အစိုးရ၏ ပြုပြင်ပြောင်းလဲလိုမှု များကို နိုင်ငံတကာက ကြိုဆိုကာ ဝိုင်းဝန်းကူညီပံ့ပိုးရန် အသင့်ဖြစ်နေချိန်ဟုလည်း ဧရာဝတီက သဘောထားသည်။

ထို့ကြောင့် ဤအချိန်သည် မီဒီယာအနေဖြင့် အားကောင်းသော စတုတ္ထမဏ္ဍိုင်၊ ထောက်တိုင်တခုအဖြစ် တိုင်းပြည် တည်ဆောက် ရေးတွင် ပါဝင်အားဖြည့်ရန် အကောင်းဆုံး အချိန် ဖြစ်ပေရာ တိုင်းပြည် အဘက်ဘက်က တိုးတက်ပြောင်းလဲ လာမည်ကို မလိုလား ဖျက်လိုဖျက်ဆီး လုပ်ခြင်းက ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် ကံဆိုးမိုးမှောင် ကျခြင်းသာ ဖြစ်ပေတော့သည်။


WSJ LIVE VIDEO:

23 Responses

Leave a Reply

  1. သမ္မတဦးသိန်းစိန်၏ တိုင်းပြည်နှင့်လူမျိုး ကောင်းရာကောင်းကျိုးအတွက် ပြောဆိုမှု လုပ်ဆောင်မှု မှန်သမျှကို၊ ပြန်ကြားရေး ကသဲထဲရေသွန်ဖြစ်အောင်လုပ်နေတာပါ။
    မိဘက လက်နှင့်ရေးတာကို ခြေနှင့်ဖျက်တဲ့ သားသမီးဆိုးလို လူစားတွေဘဲဖြစ်မှာပေါ့။
    Julius Cessar ကိုပြန်လုပ်ကြံတဲ့ Brutus လိုလူမျိုးတွေ ဒီတိုင်းပြည်မှာတယ်ပေါသဗျာ။

  2. စာနယ်ဇင်းကို ပိတ်တာ လုံးဝ ကန့်ကွက်တယ်။ဒါ သက်သက်အိုးမလုံ လို့။လုံရင်ဘာမှ ပိတ်စရာမလိုဘူး။

  3. ကိုအောင်

    အင်း စဉ်းစားစရာတွေ က များလာပီ။

  4. သမတကြီး ကိုယ်တိုင်က ဘာကြောင့် လက်ပိုက်ကြည့်နေရ လဲ၊ ပါဝါမရှိလို့လား
    တကြိတ်ထည်း တဥာဏ်ထဲလား မင်္သကာစရာ ဘဲ

  5. The military regime will do nothing if there any benefit for them。The word “reform” is just their new advertisement for their old products. For other people is just only the status of ” take what they give, eat what they spare, do what they like”.The midia can stand infront of them and see their face but can’t go behind and see their…!

  6. သားသမီးမကောင်း မိဘခေါင်း ၀န်ကလေးမကောင်းတော့ သမတခေါင်း တဲ့ခဗျာင်္း။ ကြားနိုင်ပါစေ သိနိုင်ပါစေ မြင်နိုင်ပါစေ။ ကျွန်ပ်မသေခင် မြင်ချင်ပါသည်။

  7. Sar Pay Kin Pay Tine

    Telling what we see, some should be closed permanently.
    There are too many. No need. Most of them good.
    A few should be closed permanently.

  8. မျိုးမျိုး

    ကံဆိုးမိုးမှောင်ကျတယ်ဆိုတဲ့ အသုံးအနှုန်းက ပိုလွန်းမနေဘူးလား။ အရင်ကလည်း ဂျာနယ်တွေ ပိတ်ခံနေရတာပဲ။

    • Irrawaddy staff , they don’t know very well of Myanmar Language.
      both writing, spelling and usage and grammar . all of them.
      It is true.

      esp: those in blog area.

  9. မြန်မာ တိုင်းရင်းသူ

    ဘာ့ကြောင့် ပိတ်တယ်ဆိုတာ ရှင်းလင်းစွာ ပြောပြရမှာပေါ့။ ဒါမှ တခြား ဂျာနယ်တွေက ရှောင်ရှားသင့်တာ သိမှာပေါ့။ လူငယ်တွေ စာရိတ္တပျက်ဆီးနိုင်တာ၊ တိုင်းပြည်အကျိုးပျက်မှာ မဟုတ်ပဲ လူတဦးတယောက်ရဲ့ အကျိုးစီးပွား၊ အမည်နာမကို ကာကွယ်ချင်လို့ ပိတ်ပင်တာ ဆိုရင်တော့ မဟုတ်သေးဘူး။ မီဒီယာဆိုတာ လူတွေကို သတင်းတွေ မျှဝေဘို့ပဲ မဟုတ်လား။ မပိတ်သင့်ပါ။

  10. ဇောင်း

    အယ်ဒီတာအာဘော်ကို အပြည့်အ၀ သဘောတူ ကြိုက်နှစ်သက်မိပါတယ်။
    သမ္မတကြီးလည်း ဖတ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ သမ္မတကြီးနံဘးမှာ ရှိနေကြသူတွေ ဒါမျိုးတွေကို အကြံပြုကြပါဗျာ။

  11. မပြောတော့ပါဘူး ၊ မပြောချင်တော့ပါဘူး၊ ပြောကို မပြောချင်တော့ပါဘူး ကိုအောင်ဇော်ရေ….ပြန်ကြားရေးဝန်ကြီးဌါနဆိုတာကိုတောင် ပိတ်သိမ်းသင့်ပါပြီ။ဒင်းတို့ လုပ်နေတဲ့ အလုပ်တွေကို အဆင့်မရှိဖြစ်လွန်းလို့ ဘာပြောရမှန်းကိုမသိတော့ဘူး။ အထိခိုက်ဆုံး ၀န်ကြီးဌါနဖြစ်ပြီး အရင်က လာဘ်မိုးစွေတဲ့ဌါနဖြစ်လေတော့ ခုဘာမှမလာတော့ဘူးလေ…အဲဒီတော့..နည်းနည်းဖြစ်ဖြစ် ရလိုရငြား ကြမ်းပြနေကြတာပါ။ လာဘ်ပေးရမဲ့ခေတ်မဟုတ်တော့ဘူးဆိုတော့…ဒင်းတို့ကိုဘာလုပ်ပေးရမလည်း။အင်း….အိမ်ခေါ်ပြီးလက်ဘက်ရည်တိုက်ပြန်ရင်လည်း ဧည့်ခံရတာ အချိန်ကုန်တယ်။ ဘာလုပ်ရမလည်းဆိုတော့…ဆက်လက်တောင်းဆို တိုက်ပွဲဝင်ကြတာပေါ့ဗျာ။ ခုလည်းလုပ်နေကြပြီမဟုတ်လာ။ထောက်ခံပါတယ်။

  12. fully agree!!!!!!

  13. ပြန် စားရေး ၀န်ကြီး ကို ဖြုတ်ပစ် လိုက်ရင် ပြသနာတွေ ပြေလည်သွားမှာပါ

  14. ဦးသိန်းစိန်နှင့်သူရရွှေမန်းတို့ ချန်ထားခဲ့ရမဲ့သူ(သို့ )နောက်ပြန်လှည့်နိုင်သူ
    ကျော်ဆန်း အောင်သိန်းလင်း

  15. ခေတ်မြန်မာ

    နိုင်ငံတကာသိအောင်အစိုးရကိုတရားပြန်စွဲပါလား။ဒါမှစစ်မှန်တဲ့ဒီမိုကရေစီဆိုတာသိရမှာ၊ဂျာနယ် ၁ပတ်ပိတ်လျှင် ၁ပတ်ဝင်ငွေသိန်း၁ထောင်ရအောင်ပြန်တရားစွဲပါ၊

  16. ပြန်ကြားရေးဝန်ကြီးကိုကန့်ကွက်တယ်.ရှေ့ကဖြောင့်ဖြောင့်သွားနေတဲ့အချိန်မှာနောက်ကတောမတိုးချင်ပါနဲ့.ဒီမိုကရေစီရဲ့အရသာကိုကျုပ်တို့နဲ့အတူခံစားကြည့်ပါ.ခင်ဗျားတို့ပြောတဲ့ပြည်သူအတွက်ဆိုတာဘာလဲ.ဗိုက်လည်းကားသင့်သလောက်ကားပြီးပြီ.မလုပ်နိုင်တော့ရင် ထွက်စာတင်လိုက်. သန်း(၆၀)ထဲမှာ ခေါင်းခေါက်ရွေးလို့ရတယ်.

  17. Ko Aung Zaw,

    Who has no discipline, how he/she goes to a democratic country.
    Which has no power, how it drives to become a democratic country.
    Do you live in a democratic country?

  18. ဘယ်လောက်ဘဲအသံကောင်းဟစ်ဟစ်ဇာတိရုပ်ကဘွားဘွားကြီးပေါ်တာပါဘဲ
    ပြန်ကြားရေးဝန်ကြီးဌာနဆိုတာမရှိသင့်ပါ

  19. Sorry for everybody who hope change and wish to believe them.

    Just my idea they have well plan before changing their uniforms .

    Our Myanmar people are very very very poor in making decision on politics without history of notorious gangster in green suits.

  20. it is obvious, they don’t like democracy . U Thein Sein has no power. Think again from start.Who nominated President, vice presidents and ministers.They all are under control of Than Shwe .

  21. မောင်သစ္စာ

    သူတို့ ဓလေ့ ထုံးစံ၊ ရိုးရာ ပျက်မှာ စိုးလို့ နေမှာ ပေါ့ ။

  22. ဒီလောကကိုလေ့လာကြည့်၇င်..အထက်လူကြီးပြုတ်.လက်၇ှိလူကြီးတွေလုပ်ကိုင်စားသောက်နေတာကိုတွေ၇မယ်..အများစုကိုပြောတာနော်.သူတို့ချင်းဖြစ်တဲ့အေ၇းမှာ.မီဒီယာ၇ဲ့အခွင့်အေ၇းတွေပြောက်သွားနိုင်တယ်။