အကျည်းတန်သော ဖြစ်ရပ်များ | ဧရာဝတီ

အကျည်းတန်သော ဖြစ်ရပ်များ

Hits:9,854
  | |

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ကမ္ဘာ့အလယ်တွင် အရုပ်ဆိုး အကျည်းတန်သော ဖြစ်ရပ်တချို့ မြန်မာပြည်၌ ပေါ်ပေါက် ခဲ့သည်။

ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူမဆန် အကြမ်းဖက်သော ဖြစ်ရပ်နှင့်ပတ်သက်သည့် ဓာတ်ပုံများ အင်တာနက် လူမှုကွန်ရက် များတွင် ပြန့်နှံ့ခဲ့သည်ကို ကမ္ဘာအနှံ့က မြင်တွေ့ကြရမည် ဖြစ်သည်။ ထိုဓာတ်ပုံများက ၈ လေးလုံး အရေးအခင်း ကာလ ပြီးဆုံးခါနီးရက်ပိုင်း ဖြစ်ပျက်ခဲ့သော လူမဆန်သည့် အမှုအခင်းများကို သတိရစေပါသည်။

အမျိုးသမီးတဦးအား လူသုံးဦးက ပစ္စည်းလု အဓမ္မကျင့် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်၏ နောက်ဆက်တွဲ ဖြစ်ရပ် အဖြစ် ရိုးမ သစ္စာ မှန်လုံကားပေါ် လိုက်ပါလာသူ ၁၀ ဦးအား လူတစုက ရမ်းကားစွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုအဖြစ်အပျက်များ ဖြစ်ခဲ့ရသည့် အကြောင်းရင်းကို ပြန်လည်လေ့လာ ကြည့်မည် ဆိုပါက တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းကိုလည်း ချန်လှပ်ထား၍ မဖြစ်နိုင်ပေ။

နောက်ဆက်တွဲ အနေဖြင့် တရားဥပဒေကို အယုံအကြည် မရှိနိုင်တော့သည့် လူတချို့၏ လူမဆန်သော သတ်ဖြတ်မှုကြီး ဖြစ်ပေါ်ခဲ့ရသည်။

ယဉ်ကျေးသော လူမျိုး ဟူ၍ ကမ္ဘာ့အလယ်တွင် အစဉ် ဂုဏ်ယူလေ့ရှိသော မြန်မာတို့အဖို့ ဤ လူသားမဆန်သော လူတစုကြောင့် မျက်နှာပျက် အရှက်ရစေမည့်ကိန်း ဆိုက်ရတော့သည်။

ထို့အပြင် အစိုးရ မီဒီယာများ၏ မီးလောင်ရာလေပင့် အရေးအသားကလည်း လူအများ ဝေဖန်စရာ ဖြစ်ခဲ့သည်။ မီဒီယာ သမားတို့ မသုံးသင့် မသုံးအပ်သော အသုံးအနှုန်းကို သုံးစွဲ ရေးသားခဲ့ပြီး ဝေဖန်ချက်များ ထွက်ပေါ်လာရာ အစိုးရက ပြင်ဆင်ချက် ထည့်သွင်း ဖော်ပြပေးခဲ့သည်။

ကြီးသည့်အမှု ငယ်ရေး၊ ငယ်သည့်အမှု ပပျောက်ရေးအတွက် မီဒီယာသမား အားလုံး သတိထား ဆင်ခြင်သင့်သည် မဟုတ်ပါလား။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခ များနှင့် ပတ်သက်၍ ဖြစ်ပွားနေသည့် ကိစ္စရပ်များ ပိုမိုကြီးထွားသွားစေရန် မလုပ်မိစေလိုကြောင်း၊ ပြဿနာများကို တရားဥပဒေ စိုးမိုးရေး အမြင်နှင့် ဖြေရှင်းစေချင်ကြောင်း၊ နိုင်ငံသားများ၏ အေးချမ်းမှု၊ နိုင်ငံ၏ သိက္ခာရှိမှုအတွက် ထိန်းသိမ်းစေလိုကြောင်း ယနေ့ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မည်သို့ဆိုစေ လူမဆန်သော ဖြစ်ရပ်များက ဖြစ်ပွားခဲ့ပြီ။ ထိုကဲ့သို့သော ရမ်းကားမှုမျိုး ထပ်မံ မဖြစ်ပွားစေရန် သတိထားရ တော့မည်။

တရားဥပဒေ စိုးမိုးမှုအပေါ် အယုံအကြည် ကင်းမဲ့လာစေရန် ပြုမူခဲ့သည့် တာဝန်ရှိသူများနှင့် တနိုင်ငံလုံးကို အရှက်ရစေသည့် ရမ်းကားသော လူတစုတို့ကို ဧရာဝတီက ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြလိုက်ပါသည်။


25 Responses

Leave a Reply

  1. who created it? who made it? we really need reality?

  2. Every country should have proper justice system…
    In this case, if someone (e.g.,may be either Kayin,Kachin,Mon,Bamar or Shan…) who did the same sort of killing/treated ways on the Rakhine Girls…I think no one will react like that…but for Bangali (Muslims) did it…problems start…Because the people (original nationalities) cannot accept those foreigners live in the country. This is immigration problems. Govt. should more restriction on the immigration policy like stopping of illegal entry of Bangali, Indian, especially Chinese..etc.
    If it is so, the problems will lesser.

  3. အဓိကတာဝန်ရှိတာ…မီဒီယာသမားတွေ….
    အထူးသဖြင့်….သစ်ထူးလွင်လိုသူတွေ….ပြည်သူတွေသတင်းငတ်တာကိုခုတုံးလုပ်…လုပ်စားနေတယ်

  4. မွန်လေးdk

    ဘယ်တုန်းက ပြည်တွင်းနေထိုင်သော အစ်စ်လမ်ဘာသာကိုးကွယ်သူလို့ခေါ်ဘူးလို့လဲ။
    တစ်သက်လုံးကုလားကို ကုလားဘဲခေါ်လာတာ။ ကုလားဟာကုလားဘဲဖြစ်တယ်။ ခုမှအသစ်မထွင်ပါနဲ့။ အရင်ကပဲကုလားဟင်းလို့ခေါ်တာကို အခုကျမှ ပြည်တွင်းနေထိုင်သော
    အစ်စ်လမ်ဘာသာကိုးကွယ်သူများပဲဟင်းလို့မခေါ်နိုင်ဘူး။

    • မွန်လေးdk

      မှန်ပါတယ်

    • Your commit is so cheap…There is no country in the world that it has only one race and one religion. We have to live together. Pls do not forget the diversity effect which developed countries are benefiting…PLs do not for get shann, kachin and chinn…those miniority are also suffering in our country because of different religion..

  5. ..Yes …Law & Justice were very important for every country.
    But more important things was the organization who issued Myanmar IC card to those illegal immigrants…In this case,if somebody did the same way on the girl, no problem but criminal/rape/robbing cases. For other nationalities (like Bangali/Indian/Chinese)…more problems will appear….They came to the country illegally,and tried to get citizen status through illegal ways..then monopoly economic or demand for same rights with origins …the origins are very angry for that social matters…something happen like that…then “BUSTS”…MM govt.=”no knowledge govt.” they cannot find out the real root cause..

  6. I HAVE SALUTE IRRAWADDY,AND FULLY APPRECIATE AND RESPECT EDITOR, WHO HAD REAL AND RIGHT HUMAN BROAD MINDED VISION.

  7. First I should say I’m neither budhist nor christian before I express my opinion. Internationally when you are dealing with Islamic community, these people are very sensitive in dealing with their religious believes and ideology. Religious lunatics from certain countries would try to involve or provoke the islamic affairs of some other countries even in every tiny expressions and writings based on the writers progressive thinking. How could an innocent writer be judge to death penalty by the religious lunatics from islamic country. 9/11 and many inhumane scenarios occured by such extremist group and declared proudly that they were responsible instead of regret. So many innocents lost their lives for the sake of that religious group, when people come across in dealing with such group or religion they can tolerate no more and take security measures more than required to protect their community. This might be an idea or basic principle that had happened in the Arakan State in dealing with muslim from neighboring countries.

  8. သတင်းမီဒီယာများနှင့်အင်တာနက်လူမှုကွန်ယက်များတွင်၊မလိုလားအပ်သည့်နောက်ဆက်တွဲများဖြစ်ပေါ်စေနိုင်သောသတင်းဓါတ်ပုံများဖေါ်ပြခြင်းကိုသတိချပ်သင့်သည်ဟုသုံးသပ်မိပါသည်။

  9. ရန်ကိုရန်ခြင်း မတုံ.နှင်းနှင့်တဲ့။

  10. Dear Irrawaddy

    I’m deeply appreciate of your articles with our great leader Daw Aung San Suu Kyi Speech,( Mother of Asian )

  11. နတ်ဆိုး (Russia )

    ဒီလိုကိစ္စ တွေကို အမှန်တကယ် ကိုင်တွယ် ဖြေရှင်းနိုင်တာ က တပ်မတော်ပါ ။ ဒါကြောင့်မို့ ပြည်သူလူထုက တပ်မတော်ကိုသာ အာဏာပြန်ယူဖို့ ဆန္ဒ ပြသင့်နေပြီ။ တပ်မတော် အုပ်ချုပ်တဲ့ ကာလတုန်းက ဆို ပြည်သူတွေငြိမ်းငြိမ်းချမ်းချမ်းဘဲလေ။ ဘာပြသ၁နာမှ မဖြစ်ခဲ့ဘူး။ဆန္ဒပြ ခဲ့တာလဲမရှိခဲ့ဘူး။

  12. ဘာလို့ DASSK ရဲ့ မိန့်ခွန်းကို အကုန်မဖော်ပြတာလဲ။ လူများစုမြန်မာက လူနည်းစုကို ဂရုဏာထားရမယ်လို့ ပါသေးတယ်လေ။ ကိုယ်တွေကပဲ ဆိုးနေသလို။ သည်းခံတာအတိုင်းအတာရှိတယ်။ လူနည်းစုက လူပါးဝနေတာ

    • မှန်တယ် အဲကောင်တွေမိုက်ရိုင်းနေတာ …
      ဖြစ်လာတဲ့ပြဿတိုင်းက အဲဒီကောင်တွေကဘဲစတာ …
      ဘာတဲ့ နအဖ ကို ပြန်ထောက်ခံဖို့ပြောနေတာလား တစ်ယောက်က ..
      အဲဒီတုန်းကတော့ဘယ် ဖြစ်မလဲ ဖြစ်လာရင် ငွေပေးပျောက် ဘဲ ဘယ်ဖြစ်မလဲ …. အခုကငွေပေးလို့ပျောက်လို့မှမရတာ ဖြစ်မှာပေါ့ ……….

  13. အမည်မဖော်ပြလိုသူ။

    ဒီနေရာမှာ နောက်ထပ်ပြောပါစေ။ အမေရိကမှာ အိုစမာတို့အဖွဲ့ဝင်တိုက်ဒါ၊ ဖီလစ်ပိုင်မှာ အဘူဆော်ယဒ်အဖွဲ့သောင်းကျန်းဒါ၊ ထိုင်းနိုင်ငံတောင်ပိုင်းက ပြသာနာတွေကို ထောက်ပြပြီး မွတ်စလင်မ် ဆိုးတယ်လို့ ၀ါဒမပြန့်နဲ့။ အဲဒီ conflict တွေကို သေချာလေ့လာပါ။ အမေရိကန် ပေါ်လစီဟာ ရာနှုန်းပြည့် ကောင်းတဲ့ ပေါ်လစီတစ်ခု မဟုတ်ပါ။ အီစရေးလ်က ရော့ အားလုံးမှာကောင်းနေဒါလား။ တစ်ခါတစ်လေ မွတ်စလင်မ်တွေ ဆိုးတယ်။ နောက်တစ်ဘက်က မွတ်စလင်မ်တွေ အပေါ်မှာ ဆိုးဒါ ကျူးလွန်ဒါလည်းများတယ်။ conflict ဆိုဒါ တစ်ခုနှင့်တစ်ခု ဆက်နွယ်မှုရှိဒါမဟုတ်ပါဘူး။ လူမျိုးနဲ့မဆိုင်သလို ဘာသာ ယုံကြည်မှုနဲ့လည်း မဆိုင်ပါဘူး။ သူအခြေအနေနှင့် ဇစ်မြစ်ပေါ်မှာ မူတည်ပြီး အစွန်းရောက်တွေကြောင့်ဖြစ်ဒါပါ။ အစွန်းရောက်ထဲမှာ အီစ္စလာမ်အစွန်းရောက်ရှိသလို၊ ဟိန္ဒူအစွန်းရောက်၊ မြန်မာမှာဆို ဗုဒ္ဓဘာသာအစွန်းရောက်၊ ဂျူးအစွန်းရောက်၊ တခြားဘာသာတိုင်းမှာလည်း အစွန်းရောက်အုပ်စုတွေရှိကြတယ်ဆို ငြင်းလို့မရပါ။ ဒါတွေအားလုံးကို ကိုင်တွယ်ပြေရှင်းတဲ့အခါမှာ ကိုယ့်လူမျိုးကိုလည်း ကိုယ်ဝေဖန်ရတယ်။ ကိုယ့်လူမျိုးကို ကောင်းတယ်လို့များများပြောရင် တဖြည်းဖြည်းပိုဆိုးသွားမယ်။ ဒါကြောင့် အီစ္စလာမ်တချို့က အီစ္စလာမ်အစွန်းရောက်များကို ပြင်းထန်စွာဝေဖန်ဒါဟာ သဘာဝကျတယ်လို့ ယူဆလို့ရပါတယ်။

  14. ဦးကုလားရာဇ၀င်ကို ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်များ ရာဇဝင်ကျမ်းလို့ ပြောင်းလဲ ခေါ်
    ဆိုဖို့တာဝန်ရှိ ပုဂ္ဂိုလ်တွေကို တိုက်တွန်းသင့်ပါသည်။ ။

  15. Shut up Nut Soe (Russia). We all don’t want military.

  16. နဂိုကတဲကဒီလက်ရှိအစိုးရကိုသံသယဖြစ်နေတာ တစ်ကယ်တော့ဒီစစ်ထွက်အုပ်စုဖြစ်တဲ့  ဦးသိန်းစိန်အစိုးရကို ပြည်သူတွေသဘောပေါက်သင့်ပါပြီ။ ကိုယ့် နိုင်ငံ ကိုယ့်အိမ်မှာ နေနေပြီး ဘေးကျူးကျော် ဘင်္ဂလီတွေရဲ့  သတ်ဖြတ်စော်ကားခံနေရတာကိုအပြည့်အ၀မကူညီပေးဘဲ လက်ပိုက်ကြည့်နေတဲ့  မျက်ဖြူစိုက်လေ ဆရာကြိုက်လေလုပ်နေတဲ့ အစိုးရပါ။ သူတို့ တစ်ကယ်ကူညီချင်ရင် ၁ကြိမ်ထဲဖြေရှင်းလိုက်လို့ ရပါတယ်။ ပြည်သူတွေစဉ်းစားကြည့်ပေါ့ သူတို့ တစ်ကယ်ဒီပြည်သူတွေကို မချစ် မသနားလို့ ပေါ့ ရင်ဝယ်သားလို တစ်ကယ်မစောင့်ရှောက်ချင်လို့ ပေါ့။ မှတ်ထား ဦးသိန်းစိန် ဒီလို ကိုယ့်ဘ၀ကို လုံခြုံမှူမပေးတဲ့ ကိုယ်ချင်းစာစိတ်မရှိတဲ့ ဒီအစိုးရ ၂၀၁၅မှာ လုံးဝမဲ ဘဲဥမကွဲစေရဘူး။ ပြည်သူတွေကို လောကငရဲထဲဆွဲချနေတဲ့  ကြံ့ဖွံ့ ကို ဘယ်တော့မှမဲမပေးဘူး နားလည်လား။

  17. The problem in Arakan State is not religious conflict but it is a racial conflict. Anyone who tries to say that it is a conflict between Muslim and Buddhist are just trying to heighten the conflict and they are responsible for whatever happens afterwards. They have written their own history and no one will be able to erase them. Judgement will come on them one day. Beware of Judgement Day!!!

  18. Mon lay has poor knowledge and racist herself grown up in narrow environment. u need to mature and try to view the world.

  19. ဦးသိန်းစိန်ကိုယ်တိုင်လဲချောင်ပိတ်မိနေတယ်၊ရူးရင်လဲရူးသွားမယ်၊စစ်တပ်ကလာသမျှအားလုံး (အားလုံး)နဲ့ခရိုနီဘော်ဒါဘော်ကြွက်တွေဟာလောင်းရိပ်ကြီးကြီးအောက်မှာလှုပ်မရဘူး၊ လွှတ်တော်မှာအဆိုတွေဟန်ပြတင်သွင်းကြမယ်၊လိုအပ်ရင် ဂျာနယ်ထဲကဆောင်းပါးတွေကိုကူးရေးပြီးကြက်တူရွေးလိုအလွတ်ကျက်၊မှားမှာစိုးလို့ စာရွက်ကိုင်ပြော၊အဲဒီရခိုင်ကိုအရေးအခင်းဖြစ်နေတုန်းကဘယ်ဂျာနယ်ကသတင်းသွားယူသလဲ၊ ဘယ်အမတ်ရောက်သလဲ၊ပေးသွားသလား အစိုးရက၊သွားလေ၊ရိုဟင်ဂျာကသတ်တာဆိုပြီးကျည်ဆံက ခင်ဗျားနောက်ကလာလိမ့်မယ်။အုပ်ချုပ်တဲ့လူတန်းစားကခုထိလိမ်လို့ကောင်းတုန်း။လုပ်ရမဲ့ ဟာတွေကရန်ကုန်မှာများနေတယ်၊မနိုင်ဘူး၊ဒီတော့အာရုံလွှဲရမှာပေါ့။တချက်ခုတ်ရင် ၃ချက်လောက်ပြတ်အောင်လုပ်နေတာ။ဆူကြ၊မီးရှို့၊သတ်ကြ၊နေဦး၊မသွားနဲ့ဦး။ ။ပြီးမှရုပ်ရှင်ထဲကလိုရဲတွေရောက်လာမယ်၊နောက်တော့မြန်မာ့တပ်မတော်ပေါ့(ဒီနေရာ မှာလော်စပီကာနဲ့စစ်သီချင်းတွေကျယ်ကျယ်ဖွင့်)၊အားလုံးလက်ခုပ်တီးကြပါ။ဗမာ့တပ်မ တော်ချီလာတယ်။စစ်တပ်မှတကယ်အားကိုးရတာကွ။ဒါလဲပါစေချင်တာပေါ့။အစိုးရက လူတွေကြောက်အောင်ကောလဟာလတွေများများရေး၊ဖြန့်၊အမှန်ရေးနိုင်ခြေရှိတဲ့ ဂျာနယ်တွေကျတော့ ခေါ်သတိပေး၊လူမျိုးရေးအဓိကရုဏ်းသိတ်ကစားလို့ကောင်းတဲ့နေရာကိုမှရွေးတတ်ပလေ၊မဟုတ်တဲ့နေရာမှာတော်တယ်။