X2O သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှု စွပ်စွဲခံရသူ ကိုဖြိုးဝေအောင် ကွယ်လွန် | ဧရာဝတီ

X2O သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှု စွပ်စွဲခံရသူ ကိုဖြိုးဝေအောင် ကွယ်လွန်

Hits:8,201
  | |

ရန်ကုန်မြိ့တွင် ၂၀၁၀ ပြည့်နှစ် X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှု၌ တရားခံဟု စွပ်စွဲကာ သေဒဏ်ချမှတ်ခံခဲ့ရသည့် ကိုဖြိုးဝေအောင် (၃၃) နှစ်သည် ယနေ့နံနက် ၃ နာရီခန့်က အသည်းကင်ဆာရောဂါဖြင့် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားသည်။

X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှု၌ တရားခံဟု စွပ်စွဲကာ သေဒဏ်ချမှတ်ခံခဲ့ရသည့် ကိုဖြိုးဝေအောင် (ဓာတ်ပုံ – AHRC)

ကိုဖြိုးဝေအောင်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို အစ္စလမ်ဘာသာဝင်တို့ ထုံးထမ်းအရ ၀တ်ပြုပြီးချိန် ယနေ့နေ့လည် ၁ နာရီခွဲတွင်  ရေဝေးသုဿန်၌ သင်္ဂြိုဟ်မည်ဟု သိရသည်။

မိသားစုဝင်တဦးဖြစ်သူ ကိုအောင်မြင့်က “ဆေးရုံက နောက်ဆုံးအနေအထား ရောက်နေပြီလို့ ဆိုတာကြောင့် ဆင်းလာတာ ၁၆ ရက်ပဲ ရှိသေးတယ်။ သူ့အမျိုးသမီး မဌေးဌေးကတော့ စိတ်မကောင်းဖြစ်ပြီး စကားမပြောနိုင်ဘူးဖြစ်နေတယ်” ဟု ဆိုသည်။

အင်ဂျင်နီယာတဦးဖြစ်သူ ကိုဖြိုးဝေအောင်ကို ၂၀၁၀ ဧပြီလ ၂၃ ရက်နေ့ X2O ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်မှ ဖမ်းဆီးသွားခဲ့ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဖောက်ခွဲမှု၊ လူသေစေမှု၊ မတရားအသင်း ဆက်သွယ်မှု၊ လူဝင်မှု ကြီးကြပ်ရေး ပုဒ်မတို့ဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

စစ်ကြောရေး ကာလအတွင်း ရိုက်နှက်စစ်ဆေး ခံရသည့်အပြင် အသည်းကင်ဆာ ရောဂါကြောင့် ကင်ဆာဆဲလ်များ ခါးရိုးတွင်းအထိ ပျံ့နှံ့ကာ ခန္ဓာကိုယ် အောက်ပိုင်း သေသည့်ရောဂါကိုလည်း ခံစားနေရသူဖြစ်သည်။

ယမန်နှစ် သြဂုတ်လအတွင်းက လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွတ်မြောက်လာခဲ့ပြီးနောက် အသည်းကင်ဆာရောဂါကို အင်းစိန် အထွေထွေရောဂါကု ဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့တွင် ကုသမှုခံယူနေခဲ့ရသည်။

ကိုဖြိုးဝေအောင် ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ မဌေးဌေးနှင့် သားသမီး နှစ်ဦးကျန်ရစ်သည်။

၂၀၁၀ ပြည့်နှစ် ရန်ကုန်မြို့ ကန်တော်ကြီးအနီး X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁၀ ဦး သေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ထိုဗုံးပေါက်ကွဲမှု၌ သွားရောက် ဓာတ်ပုံရိုက်ကူးခဲ့သည့် ကိုစည်သူဇေယျနှင့် ဖခင်ဖြစ်သူ ဦးဇေယျ (စာရေးဆရာ သားကြီးမောင်ဇေယျ) တို့ကိုလည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သေးသည်။


6 Responses

Leave a Reply

  1. Hep C is Hep C ,not back bone cancer .be fair news.naw ok yes?Kaung Yar Thu Ga Ti Lar Par Say Byar.Rest in peace brother.

    • မြန်မာ တိုင်းရင်းသူ

      to sa 3: Where did the reporter (ရန်ပိုင်) write ‘back bone cnacer’? I don’t find it.
      What he worte was: (အသည်းကင်ဆာ ရောဂါကြောင့် ကင်ဆာဆဲလ်များ ခါးရိုးတွင်းအထိ ပျံ့နှံ့ကာ ခန္ဓာကိုယ် အောက်ပိုင်း သေသည့်ရောဂါကိုလည်း ခံစားနေရသူဖြစ်သည်။)

      သတင်းရေးသူက အရိုးကင်ဆာ ဖြစ်တယ်လဲ မရေးထား၊ အရိုးကင်ဆာဆိုတာ တလုံးမပါဘူး။
      နောက်တခုက သေတဲ့သူက အရွယ်ကောင်း ၃၃ နှစ်မှာ အချိန်မတန်ပဲ၊ မတန်တဆရောဂါကြီးနဲ့ သေသွားရရှာတယ်။ သူ့မှာ Hep C ရှိချင် ရှိမယ်။ ထောင်မကျခဲ့လို့ ဆေးဝါးကုသမှု မှန်ခဲ့ရင် အသက်ရှည်ဦးမှာ။
      မဌေးဌေးနဲ့ မိသားစု၊ ကိုဖြိုးဝေအောင် မိဘ မောင်နှမများကို အထူး ၀မ်းနည်းကြောင်း၊ ပြုခဲ့သူများ ၀ဋ်ကြွေး ပြန်ဆပ်ရမည် အမှန်ဖြစ်ကြောင်း။

  2. pps၁၂၃၄၅

    တပ်မတော်၏ ကိုယ်တိုင် ဗုံးထောင်ဗုံးခွဲ ပြီး propagana လုပ်တဲ့ ထဲမှာ တရားခံ အနေနှင့် မတရား စွပ်စွဲခံခဲ့ရပြီး တိုင်းပြည်အတွက်ကော မိသားစု အတွက်ပါ အများကြီး နစ်နာခဲ့ရပါတယ်။ အခုထိ တိုင်းပြည်မှာ စစ်တပ်ရဲ့ မကောင်းမှုကြောင့် အနစ်နာခံနေရသူတွေ အများကြီးပါ။ ခင်ဗျားကို ဖမ်းချုပ်ခဲ့တဲ့လူတွေ လည်း ပြန်ခံရဖို့ မဝေးတော့ပါဘူး။

  3. The Intelligent has the Right to kill. This is so called Fake Democracy BURMA. During the Military Regime time and now,what is the difference ?

  4. ဒဲ့ဒိုး

    မျောက်လောင်းလုပ်ကြံမှုမှာ လက်သည်ရှာမရတော့ တွေ့ကရာလူတွေ ဖမ်း၊ တပ်ချင်တဲ့ပုဒ်မတပ်။ ဒါရာဇ၀တ်မှုပဲဆိုပြီး နှစ်ရှည်ထောင်ဒဏ် ၊ သေဒဏ်တွေပေး။ မျောက်သားတော်ရဲ့ ရန်သူများကို ပြစ်ဒဏ်ခတ်ပြီးကြောင်းပါဘုရားလို့ သံတော်ဦးတင်လိုက်တော့ အားလုံးအေးစေပေါ့။

  5. မင်းကြီးညို

    ကိုဖြိုးဝေအောင် ကောင်းရာဘုံဌာနရောက်ပါစေ။ အသက်ငယ်ငယ်ဖြင့် ကွယ်လွန် အနိစ္စ
    ရောက်သွားရတာကိုတော့ စိတ်မကောင်းပါဘူး။ အနိစ္စ ဒုက္ခ အနတ္တ ။