သတင်း

ရွှေဘို ငလျင် လူ ၆ ဦးထက် မနည်း သေဆုံး

Hits:1
  | |
Print This Post

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျှင်တခု လှုပ်ခဲ့သည်။ (မြေပုံ-U.S. Geological Survey)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီးရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျှင်တစ်ခု ယနေ့နံနက် ၇နာရီ ၄၂မိနစ် ၃၇စက္ကန့် လှုပ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ ၆ဦး ရှိခဲ့သည်။

သေဆုံးသူများမှာ ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော မြစ်ကူးတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့  ကျည်တောက်ပေါက် စားသောက်ဆိုင်တွင်သေဆုံးသူ ၂ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာတွင် သေဆုံးသူ ၁ဦးနှင့် မန္တလေးမြို့ သွေးလန့်သေဆုံးသူ ၁ဦးစုစုပေါင်း ၆ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ယင်းမြေငလျှင်မှာ မန္တလေးမြေငလျှင်စခန်း မှ မြောက်ဘက် ၈၂မိုင်ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း ရွှေဘိုမြို့မြောက်ဘက် ၄၅မိုင်ခန့်အကွာ ဗဟိုပြုပြီး အင်အားပြင်းထန် အဆင့် ၆.၈ ရစ်စကေး လှုပ်ခတ်သွားပြီးယင်းငလျှင်သည် စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း နေပြည်တော်မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ဧရာဝတီကို ပြောကြားခဲ့သည်။

ငလျှင်ကြောင့် ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား တိုင်အမှတ်MP 2 နှင့် MP3 ဆောက်လက်စ ငြမ်းများပြိုကျပြီး လုပ်သား၂ ဦး (အရပ်သားတဦး၊ ဝန်ထမ်းတဦး)သေဆုံးပြီး ၁၆ဦး ဒဏ်ရာရကာ ၅ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဦးက ပြောကြားသည်။

“ငလျှင်က တအားပြင်းတယ်ဗျ။ တံတားကတော့ ဆောက်လုပ်စမို့ သံချောင်းတွေကအခိုင်မာမရှိသေးဘူးလေ။ တစ်ယောက်ကတော့ ဆောက်လုပ်ရေးမှာ ထိခိုက်ဒဏ်ရာရပြီး သေတာ။နောက်တစ်ယောက်ကတော့ စားသောက်ဆိုင်မှာ ပြိုကျတဲ့ အဆောက်ဦးပိပြီး သေတာပါ” ဟုဦးလှဦးကပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသော သဘောင်္နှစ်စင်းလည်းရေထဲသို့ မြှပ်သွားကြောင်း သိရသည်။ ယင်းသဘောင်္ကို ပြန်လည်ဆည်ယူရန် ကြိုးပမ်းနေကြောင်းသိရသည်။

စဥ့်ကူး ဒေသခံများ၏ ပြောဆိုချက်များအရလည်း ကျည်တောက်ပေါက် စားသောက်ဆိုင် ပြိုကျရာ လူ ၂ဦးသေဆုံးပြီး နွယ်ရုံကျေးရွာတွင်လည်း တံတိုင်းတခု ပြိုရာတွင် ၁ ဦး သေဆုံးကြောင်း သိရသည်။စဥ့်ကူးတွင် ဗလီတစ်ခု ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ အက်ကွဲပျက်စီးခဲ့ကြောင်းသိရသည်။

မန္တလေးမြို့ ၌လည်း မန်းမြန်မာပလာဇာတွင် အက်ကွဲပျက်စီးမှုများရှိပြီး လျှောက်လမ်းခင်းကြွေပြားများအက်ကွဲခဲ့သည်။ ၂၅လမ်း၊ ၃၅လမ်းထောင့်ရှိ တိုက်တခြမ်း ပြိုကျခဲ့သော်လည်း လူအထိအခိုက် မရှိကြောင်းသိရသည်။  သို့သော်လည်း ၂၃လမ်းဘက်ရှိ နေအိမ်တွင် လေဖြတ်ဝေဒနာခံစားပြီး အိပ်ယာထဲ လှဲနေရသောအသက် ၆၀ ၀န်းကျင်ရှိ အမျိုးသမီးတဦးမှာ သွေးလန့်သေဆုံးသွားကြောင်း သိရသည်။

“ကျနော် အခု အသက် ၄၀ အထိ ကုန်ခဲ့သမျှ ငလျင်ထဲမှာ ဒီတစ်ခါ အပြင်းထန်ဆုံးပဲ။ မန္တလေးက အဆောက်အဦတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက်တာ မရှိခဲ့ပါဘူး။ ဒီတကြိမ် ငလျင်ဟာ မန္တလေးက အင်ဂျင်နီယာလောကကို သတိပေးလိုက်သလိုပါဘဲ။ အရင်က ငလျင်ဇုံ အဆင့် ၄ ထဲမှာရှိနေတာမို့ အဆောက်အဦးဆောက်တဲ့အခါ ငလျင်ဒဏ်ကိုပါ ထည့်သွင်း တွက်ချက်ကြရပါတယ်။ ရှေ့ ပိုပြီး သတိထားရပါတော့မယ်” ဟု မန္တလေးအင်ဂျင်နီယာတစ်ဦးဖြစ်သည့် ကိုဇင်မင်းဆွေက ပြောသည်။

အဆောက်အဦတင်မကပဲ အဆောက်အဦမှာ အသုံးပြုသော မှန်၊ အလူမီနီယံရဲ့ အရည်အသွေးကအစဂရုစိုက်ရန်လိုနေပြီ ဖြစ်ကြောင်း ကိုဇင်မင်းဆွေက ပြောကြားသည်။

မြေငလျှင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊မန္တလေး၊  မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရသည်။

အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ် ၃၈  ရှိလေးမျက်နှာစေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် ၃၁ ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များမြေခခဲ့ရသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး)စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့သည်။

ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက် ရွှေပေါ်ကျွန်းဘုရား အနည်းငယ် ပြိုကျ ပျက်စီးခဲ့ပြီး အနောက်ဈေးရပ်ကွက်ရှိလောကမာရဇိန် ဘုရားစောင်းတန်း ပျက်စီးမှုလည်း ရှိခဲ့သည်။

စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး ယင်းရှိ အခြေခံ မူလတန်းကျောင်း ရှိကျောင်းဆောင်တဆောင် ပြိုကျပြီး အုတ်တံတိုင်းပေ ၃၀၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။ ထို့ပြင်ရွှေကြက်ယက်တောင်ဘုရား တံခွန်တိုင်နှင့်မုခ်ဦး၊ တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်း၊ ပရိယတ္တိ သတ္တမ ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့် ၊ ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့်မုခ်ဦးလည်း ပြိုကျခဲ့သေးသည်။ အမှတ်၂ ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ဦးဒဏ်ရာရခဲ့သေးကြောင်း သိရသည်။

မိုးကုတ်မြို့တွင်လည်း ဘုရားစေတီပုထိုးများ ပြိုကျပျက်စီးခဲ့ပြီး ဌာပနာများ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရရှိသော သတင်းများအရ ဆေးရုံသို့ ရောက်ရှိသော အရေအတွက်ကို အခြေခံပြီး သေဆုံးသူ ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၀ ဦး ရှိကြောင်း Save The Children က ပြောဆိုသည်။

 


WSJ LIVE VIDEO:

22 Responses

Leave a Reply

  1. May all be happy and healthy.

  2. မြန်မာအင်ဂျင်နီယာများ ပိုမိုသတိထားသင့်သောအချက်ဖြစ်သည်။

  3. စိတ်မကောင်းစရာပါ၊တိုင်းပြည်မှာမင်းဆိုးမင်းညစ်တွေစီမံခန့်ခွဲအုပ်ချုပ်နေသမျှတော့ ပြည်သူက
    သာသီးခံမယ်၊လောကစောင့်နတ်ကသီးမခံဘူး၊သဘာဝဘေးအန်တရာယ်အမျိုးမျိုးနဲ့ဆုံးမနေမယ်ဆိုတာသတိထားနော်။

  4. ငလျင် သည် မြန်မာပြည်အတွက် အန္တရယ် ပေးနေပါပြီး မြန်မာပြည် သည် fault line ကြီးများပေါ်တွင် တည်ရှိပါသည်။ သို့သော် ငလျင်ဒဏ် ကာကွယ်ရေးမှာ အားနည်းနေပါသည်။
    နိုင်ငံတိုင်းတွင် အဆောက်အုံ ဆောက်လုပ်ရာတွင် ငလျင်ဒဏ် ကို ကာကွယ်နိုင်မှု အဆင့်အတန်းများသတ်မှတ် ကာတည်ဆောက် ကြပါသည်။ တိုင်းပြည်၏ အရေးပါသောအဆောက်အအုံများကို နှစ်ပေါင်းများစွာမှာ တစ်ခါလာတတ်သော ငလျင် လှုပ်လျှင် အနည်းငယ်သာပျက်စီးပြီး ပြန်ပြင်နိုင်အောင် ထိုဒေသ၏ မျှော်မှန်း ငလျင် ပမာဏ ထက်မြင့်သော ငလျှင်ကို ခံနိုင်အောင်၊ သာမန် လူနေ အဆောက်အအုံများကို ထိုဒေသ၏ မျှော်မှန်းငလျှင်ကို ခံနိုင်အောင် နှင့် ပြိုကျမှု နည်းစေရန် တွက်ချက် တည်ဆောက်နေပါသည်။သဘာဝ ဘေးများ ကျရောက်လာပါက အစိုးရ အဆောက် အအုံများကို ကယ်ဆယ်ရေး အတွက် အသုံးပြုနိုင်ရန် နှင့် အစိုးရဌာန ဆိုင်ရာများ ကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမို အာရုံစိုက်နိုင်စေရန် နှင့် အုပ်ချုပ်မှု ယန္တရား မရပ်သွားစေ ရန် အတွက် ဖြစ်ပါသည်။ သတင်းများ အရ ရဲစခန်းများ နှင့် အစိုးရ ရုံးများ ပြိုကျ မှု များ နေကြောင်း သိရှိရပါသည်။ နေပြည်တော်သည်လည်း အစိုးရရုံးများကို တောင်စောင်းများတွင် ဆောက်လုပ်ထားသဖြင့် အကယ်၍ တိုင်းပြည်တွင် ကြီးမားသော ငလျှင်လှုပ်ပါက ပြိုကျစေနိုင်ပါသည်။
    ဈေးကွက်ထဲတွင် ပြည်တွင်းမှ induction furnace များဖြင့် ထုတ်လုပ်ထားသော သံချောင်းများကို ရောင်းနေပါသည်။ ၎င်းသံချောင်းများသည် homogeneous မဖြစ်သောကြောင့် ပြည်ပမှ electric arc furnace များဖြင့် ထုတ်လုပ်ထားသော သံချောင်းများထက် ကွာလတီများစွာ လျှော့နည်းပါသည်။
    Structure ပိုင်းအရ joint များတွင် ငလျှင်ဒဏ်ကြောင့် bird case များ မဖြစ်ပေါ်စေရန် elasticity များစေရန် tie bar များ များထည့်ပေးရန် လိုအပ်ပါသည်။ မန္တလေးမြို့၏ အဆောက်အဦ အများစုမှာ rigidity center and weight center ထပ်တူ ကျမှု အားနည်းသည်ကို တွေ့ရပါသည်။ ထိုအချက်များကို အစိုးရပိုင်းမှ ကန်ထရိုက်ထာများ ဒီဇိုင်နာများ ကို လိုက်နာစေရန် တွန်းအားပေးသင့်ပါသည်။ ရန်ကုန်မြို့ တွင် mass မတူသော အဆောက်အဦများကို ပူးကပ်စွာ ဆောက်လုပ်ထားခြင်းကလည်း လည့်စရာကြီးပါ။
    ယခု ငလျင်နှင့် ၂၀၁၁ခုနှစ် တာဆန်းငလျင်များသည် လူနေထိုင်မှု နည်းပါးသည့် ဒေသများတွင် သာ လှုပ်ခဲ့သဖြင့် မြန်မာပြည်ကံကောင်းသည်ဟု ဆိုရပါလိမ့်မည်။ အကယ်၍ လူနေထူထပ်သောရန်ကုန်မြို့နှင့် မန္တလေးမြို့လို နေရာမျိုးတွင် လှုပ်ခဲ့မည် ဆိုက မတွေးရဲစရာပါ။ ထိုသို့ လှုပ်ခဲ့ပါကလည်း လူသူ သေဆုံးမှု နည်းစေရန် အစိုးရမှ ယခုကတည်းက တည်ဆောက်ပြီး အဆောက်အဦများကို ပြည်လည်စစ်ဆေးခြင်း၊ ထပ်မံတည်ဆောက်မည့် အဆောက်အဦများကို သေချာကြီးကြပ်ပေးခြင်း ဖြင့် တိုင်းပြည်၏ အကျိုးကို ထမ်းပိုးပေးနိုင်စေရန် လေးစားစွာ တင်ပြအပ်ပါသည်။ ထိုအပြင်ရွှေဘိုဒေသတွင် ရှိသော သဖန်းဆိပ်ဆည်ကို လည်းသေချာ စစ်ဆေးသင့်ပါသည်။

  5. Thura Tun,why u said like that.Our no 1,is a good guy.if you know something ,opening said.All people at that place,you must be fine,all engineer need to be careful.

  6. ကမ္ဘာပေါ်က သတ္တဝါ ကျန်းမားငြိမ်းချမ်းကြပါသေစေ
    မြန်မာနိုင်ငံပေါ်က သတ္တဝါ ငြိမ်းချမ်းကျန်းမားကြပါစေ

  7. 2012.11.13ရက်နေ့မနက်1နာရီခန့်ငလျင်လှုပ်ခတ်သွားသည်း

  8. 2012.11.13ရက်မနက်1နာရီခန့်တရုတ်ပြည်ကျယ်ဂေါင်မြိုတွင်အင်အားအတင့်တင့်ရှိသောငလျင်လှုပ်ခတ်သွားပါသည်။

  9. That is the signal to the wicked guys. Better be careful.

  10. ကိုလူမှန်

    မြေငလျှင်ကြီးရယ်ပြည်သူတွေကိုမသတ်ပါနှင့်မကောင်းတဲ့မင်းစိုးမင်းညစ်တွေကိုသတ်ပါဗျာ။

  11. သဘာဝတရားကတော်တော်ကြောက်စရာကောင်းလာပါတယ်။ ငလျှင်ဒဏ်ကြောင့်လူတွေလည်းသေကြေရတယ်။ အရမ်းသနားဖို့ကောင်းတယ်။ အားတင်းထား
    ကြပါ ။

  12. သတိထားသင့်ပါတယ်အင်ဂျင်နီယာတွေအနေနဲ့ပေါ့..အခုတော့သူတို့အလုပ်ရပြီပေါ့…

  13. အပြစ်မဲ့ပြည်သူတွေအတွက်စိတ်မကောင်းစရာဘဲ…တံတားကြီးပြိုပျက်ခဲ့တယ်ဆိုတော့လမ်းပန်း
    ဆက်သွယ်ရေးအနေနဲ့လည်းနှောင့်နှေးမှုတွေဖြစ်လာမယ်လေ…အဲဒါကိုတော့အင်ဂျင်နီယာတွေ
    အနေနဲ့ဂရုစိုက်သင့်ပါတယ်..ကိုယ်ကျိုးအတွက်ဘဲကြည့်မနေသင့်ပါဘူး…ခိုင်ခန့်ဖို့ဆိုတာ
    ပြည်သူအတွက်ဘဲလေ….အခုတော့သူတို့ကအလုပ်တွေထပ်ရပြီး..ပျော်နေမလားတောင်မသိဘူး…..

  14. သူတပါးအိမ်ကိုမီးရှို့.
    အဝတ်တထည် ကိုယ်တခုနဲ့
    သားတကွဲး မယားတကကွဲး
    သားသေ. မယာသေ အသက်လုပြေး
    စားစရမဲ့. ယခုတိုင် ဒုခပေးနေဆဲး
    ဘယ်လိုမှတားလို့မရပဲး
    ကျနေတဲ့မျက်ရည်

  15. ကောင်းတာလုပ်ရင် ကောင်းကျိုးလာမယ်
    မကောင်းတာလုပ်ရင်. ဆိုးကျိုးလာမယ်
    လူသားတွေအားလုံးအိမ်ထောင်စု. ဝင်တွေဖြစ်ပါတယ်
    တနေ့သေကြမယ်လူတွေပါ. အာဃာဓ တွေရန်ညှိုးတွေထုထ်သင့်ပါငြီး

  16. မိ့မိ့စကားတလုံးကြောင့်
    မိ့မိ့စာတလုံးကြောင့်
    လူတစုက လူတစုရဲ့မိ့သားစု ရဲ့ဘဝတွေကို
    ဖျက်ဆီးဖို့အဆင်သင့်ဖြစ်သွားတယ်
    ထိုဆိုးကျိုးရလတ်အားလုံးရဲ့တရခံဟာ
    မိ့မိ့ပဲး

    အရေးအသားများသတိ့ထားကြပါ

  17. As a civil engineer,I have alerted and motivated to construct earth-quake resistant buildings in Monywa.If you have difficulty,pls call 098623711.

  18. အဝေးမှာရောက်နေတဲ့အချိန်မှာ သတင်းတွေကို အချိန်နဲ့တပြေးညီ သိခွင့်ရတာ အရမ်းကျေးဇူး တင်ပါတယ်

  19. ဘာဘဲဖြစ်ဖြစ် ခရိုနီတွေအကြိုက်ပါဘဲ နောက်ဆောက်လဲဒီအဆောက်အဦးမျိုးဘဲဆောက်မှာပါ ပညာရှင်တွေပေါပေမဲ့လည်း အသိစိတ်ဓာတ်မရှိသေးသမျှ ခရိုနီတွေရဲ့သြဇာကိုတော့ လွန်ဆန် နိုင်အုန်းမှာမဟုတ်လို့ ဆောက်နေဆဲ ပြန်ဆောက်ဆဲ အဆောက်အဦးတွေအတွက်ကတော့ ပြည်သူတွေအနေနဲ့စဉ်းစားကြပေါ့

  20.့ comment ရေးနေတဲ့သူအတော်များများဟာ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး ကောင်းစေ
    ချင်တဲ့စိတ်နဲ့ အသွင်အမျိုးမျိုးဖေါ်ပြီးရေးနေတာတွေ့မြင်ရပါတယ်။ ဘယ်သူ့ကိုမှထိခိုက်
    ပျက်စီးစေချင်တဲ့စိတ်မရှိကြပါဘူး။
    ကျွန်တော်ရေးချင်တာကတော့ အခုလို သမ္မတ အသစ်
    တက်တဲ့အချိန်မှ တိုက်ဆိုင်မှုတွေများပြီးနိုင်ငံမှာဒုက္ခတွေအမျိုးမျိုးနဲ့ကြုံတွေ့နေရတာဟာ
    အံ့မခန်းလိလိပါပဲ။ ရှေးအစဉ်အလာအရဆိုရင်တော့ တိုင်းပြည်အုပ်ချုပ်တဲ့မင်းမကောင်းလို့
    ပဲလို့အားနာနာနဲ့ပဲပြောရပါတော့မယ်။ ကျွန်တော်တို့သမ္မတဟာ လူတော်တစ်ယောက်ပါ။
    တိုင်းပြည်အုပ်ချုပ်တဲ့မင်းမကောင်းလို့ပဲပေါ့။
    - နေရာတိုင်းမှာမကောင်းမှုတွေကြီးစိုးလာတယ်။
    -တရားဥပဒေစိုးမိုးရေးကိုလုံးဝလျစ်လျူရှုထားတယ်။
    -ပြည့်တန်ဆာလုပ်ငန်းနဲ့အလောင်းကစားတွေတကြော့ပြန်ထလာကြတယ်။
    -မင်းမဲ့စရိုက်တွေက ဒီမိုကရေစီ ကိုခုတုံးလုပ်လာကြတယ်။
    -ဆင်းရဲမှုပပျောက်အောင်လုပ်ခါမှ သူဌေးတွေပဲပိုပိုချမ်းသာလာကြတယ်။
    -အကျင့်ပျက်ခြစားမှုတွေကပုံစံပြောင်းပြီးပိုဆိုးသွားတယ်။နေပြည်တော်အထိ သွားပြီးငွေပေး
    နေရတာတောင်တိုးလာသေးတယ်။
    ဆက်ရေးရင်ကုန်မှာမဟုတ်ဘူး။ တပည့်မကောင်းဆရာခေါင်း သားသမီးမကောင်းမိဘ
    ခေါင်းပဲ ။ ဘယ်သူ့ကိုမှအပြစ်ပုံချစရာအကြောင်းမရှိပါဘူး။

    • သတင်းထူးတွေတင်ပေးတဲအတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ