ဒေါ်အောင်ဆန်းစုကြည်ကို ပခုက္ကူဒေသခံများ တခဲနက်ကြိုဆို | ဧရာဝတီ
သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပခုက္ကူဒေသခံများ တခဲနက်ကြိုဆို

Hits:94
  | |

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ မကွေးတိုင်း ပခုက္ကူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများကို ယနေ့နံနက်က သွားရောက်လေ့လာသည့် ခရီးစဉ်တွင် ဒေသခံလူထုက တခဲနက်ကြိုဆိုကြောင်း သတင်းရသည်။

၂၀၁၁ ခု နိုဝင်ဘာ အတွင်းက DFID ၀န်ကြီး အင်ဒရူး မစ်ချယ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရန်ကုန်လှိုင်သာယာ မြို့ နယ်ရှိ အမေ့အိမ် အခမဲ့ စာသင်ကျောင်းတွင်တွေ့ရစဉ်(ဓာတ်ပုံ - UK DFID)

ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ပေပင်တိုက်နှင့် ကျစ်တီးရွာများတွင် ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဆိုင်ရာ ဌာန(DFID)၏ အကူအညီဖြင့် ပြုလုပ်နေသည့် လူမှုရေးလုပ်ငန်းများကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗြိတိသျှ သံအမတ်ကြီးနှင့် သြစတေးလျ သံအမတ်ကြီးတို့ အပါအ၀င် လူပေါင်း ၄၀ခန့် စင်းလုံးငှားလေယာဉ်ဖြင့် ယနေ့ နံနက် ၇နာရီခန့်က ရန်ကုန်မြို့မှ လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။

ယခုခရီးစဉ်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး၏ ဖိတ်ကြားမှုကြောင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို သွားရောက်လေ့ လာခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် NLD ၏ စည်းရုံးရေး ခရီးစဉ်နှင့် မသက်ဆိုင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပခုက္ကူနှင့် မြိုင်မြို့ခံ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုကြောင်း ပခုက္ကူမြို့နယ် NLD ဥက္ကဋ္ဌ ဦးလှိုင် အေး က ဧရာဝတီသို့ ပြောသည်။

“လူထုကို မသိအောင်လို့ ပါတီဝင်တွေကို ယူနီဖောင်းမ၀တ်ဘဲ ကြိုဖို့မှာထားတာ၊ ဒါပေမယ့် လူထုကသိပြီးတော့ ကြိုလိုက်တာ လမ်းတွေပိတ်ကုန်လို့ ကားကို ဖြည်းဖြည်း မောင်းပေးနေရတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ မြို့ခံ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုသော်လည်း  ဒေါ်အောင်ဆန်းစုကြည်သည် တရားဟောခြင်း၊ ပါတီဝင်များနှင့် တွေ့ဆုံခြင်းများကို မပြုလုပ်ကြောင်း၊ သို့သော်လည်း ကြိုဆိုသည့် ပရိသတ်များပြားသည့်အတွက် သတ်မှတ်ထားသည့် အချိန် ထက် နောက်ကျမှ မြိုင်မြို့သို့ ထွက်ခွာနိုင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာသည့် ပေပင်တိုက်နှင့် ကျစ်တီးရွာများတွင် ကလေးသူငယ်များနှင့် ပတ်သက်ပြီး အသိ ဉာဏ် ဖွံ့ဖြိုးရေးနှင့် အသက်မွေးဝမ်းကျောင်းအတွက် ရက်ကန်း လုပ်ငန်း၊ ရိုးရာ မုန့်လုပ်ငန်း၊ အပ်ချုပ် ပညာ၊ လယ်ယာ လုပ်ငန်း စိုက်ပျိုးမှုနည်းစနစ်များကို သင်ကြားပြသခြင်းနှင့် သောက်သုံးရေသန့် ရရှိရေးလုပ်ငန်းများကို အန်ဂျီအို တခုဖြစ်သော The Adventist Development and Relief Agency (ADRA) အဖွဲ့က လုပ်ကိုင် နေခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်မှ ၀င်ရောက်အရွေးခံမည့် NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ပြောသည်။

“အညာဒေသ ထွက်ကုန်လေးတွေ နဲ့ မုန်မျိုးစုံလုပ်နည်းလေးတွေ သင်ပေးတာ၊ နောက် တိုင်းပြည်ဖွံ့ဖြိုးလို့ နည်းစနစ် ကောင်း ကောင်း လုပ်နိုင်ရင် နိုင်ငံခြားပို့ဖို့အထိ ရည်ရွယ်တယ်”ဟု ၎င်းက ဆက်ပြောသည်။

ပခုက္ကူခရိုင်သည် မိုးနည်း ရေရှား ရပ်ဝန်းတခုဖြစ်ပြီး ဒေသခံများမှာ စားဝတ်နေရေးအတွက် ပဲနှမ်းစိုက်ပျိုးခြင်းနှင့် သနပ်ခါးလုပ်ငန်း ကိုသာ မှီခိုနေရကြောင်း၊ ထိုကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ  သံတမန်များ လာရောက် သည့် အတွက် ဒေသခံများမှာ ၀မ်းမြောက်ကြောင်း ဦးမြင့်အောင်က ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ညနေ ၄နာရီခန့်တွင် မြိုင်မြို့မှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

ပြီခဲ့သည့် ၂၀၁၁ ခု နိုဝင်ဘာလအတွင်းက ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဆိုင်ရာ ဌာန(DFID) ၀န်ကြီး အင်ဒရူး မစ်ချယ် သည်လည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။


WSJ LIVE VIDEO:

23 Responses

Leave a Reply

  1. အောင်ကြီး

    ၁။ ဒေါ်အောင်ဆန်စုကြည် ချမှတ်ထားတဲ့ ဥပဒေ လေးများရှိပါသလား။
    ၂။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည် အာနာ ရရင် လက်ရှိအစိုးရ ခင်းပေးသွားတဲ့ အဆောက်အဦးတွေ မြို့တွေ လွတ်တော်တွေ လေဆိပ်တွေ လမ်းသတားတွေ ကိုဆက်ပြီးအသုံးပြုမှာလား နေပြည်တော်မှာရောရုံးထိုင်မှာလား ? ဘာလို့လဲဆိုတော့ လက်ရှိအစိုးရက ချမှတ်ထားတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ တွေကို NLD နဲ့ အတိုက်အခံတွေ အရင်ကသဘောမတူခဲ့တဲ့ အတွက်ကြောင့်ပါ။ နေပြည်တော်မြို့ တည်ဆောက်စဉ်ကလဲ သူတို့အားလုံးကန့်ကွက်ခဲ့လို့ပါ ။ သိပါရစေ။။

    • keep your mouth shut and don’t show your useless brain.

    • ဘယ်မှာ ရုံးထိုင်တာ က အရေးကြီးလား။ တိုင်းပြည်ရဲ့ အမှန်တကယ် လိုအပ် ချက် တွေ ကို လက်တွေ့ လုပ် ဆောင်ဖို့ က အရေးကြီးလား
      ဆောက် ပြီးသား နေပြည် တော်ဟာ ပြည်သှူုဘဏ်ဒါ ကို မတရား သုံးတာဖြစ် ပေမဲ့ အခုပြန် ဖြစ် လိုက်ရင် ရော ပြည် သူတွေမှာ အကျိုးရှိ မှာ လား ။ အကျိုးယုတ် မှာ လား ။ အသေးအဖွဲ ကိစ တွေ ကို လိုက် ကတ် ပြီး ပြော ရ မဲ့ အချိန် လားဆိုတာ စဉ်းစားပါ။

    • မနေနိုင်သူ

      အောင်ကြီး<<< အာနာ လား အာဏာ လား
      ဗမာစာတောင် ကောင်းကောင်းမရိုက်နိုင်တဲ့ ကောင် အဆင့်ဆိုတော့ ဒီလိုအတွေး ဒီလိုအရေးလောက်ပဲရေးနိုင်မှာပေါ့

    • လက်ရှိအစိုးရက ခင်းပေးတဲ့လမ်း – ဟုတ်စ တစ်တိုင်းပြည်လုံးပိုင်တဲ့ နိုင်ငံတော် သံယံဇာတတွေကိုရောင်း၊ လူတွေဆီက အထွေထွေ အရပ်ရပ် အကောက်အခွန်တွေ၊ ပြည်သူ့ ဘဏ္ဍာတွေကို တစ်ဝက်လောက်ကို ဘုံး – တစ်ဝက်လောက်ကို အလိုတူအလိုပါတွေ ကို ခွံ၊ မိမိကိုယ်ကာကွယ်ဖို့ လက်နက်တွေဝယ်၊ ကျန်တာလေးနဲ့ ခင်းလို့မလောက်လို့ လူတွေကို ကိုယ်ထူ ကိုယ်ထ လုပ်ခိုင်း၊ မီးဖျက်၊ ခောတ်ရဲ့အခြေခံလိုအပ်ချက် ဖြစ်တဲ့ ဆက်သွယ်ရေးအတွက်ဖုန်းတို့ သယ်ယူပို့ဆောင်ရေးအတွက် ကားတို့ကို လက်ဝါးကြီးအုပ် ဈေးကစား၊

  2. အောင်ကြီး

    နိုင်ငံရေးပါတီတွေမှာ သူ့တို့ရဲ့ စံနဲ့ ကိုက်ညီအောင်ရေးထားတဲ့ အဆိုပြုချက် ဖွဲ့စည်းပုံဥပဒေ ဆိုတာတွေ၇ှိရမှာဖြစ်ပါတယ် NLD ပါတီအနေနဲ့ အဲ့လိုမျိုးတွေရှိရင် ပြည်သူတွေကချပြစေချင်ပါတယ်။

    • ညီလေး အောင်ကြီးရေ NLD ပါတီအဖွဲ့ချုပ်ရဲ့စည်းမျဉ်းနှင့်ဖွဲ့စည်းပုံ ၀ယ်ဖတ်လို့ရပါပြီ။ ညီလေး ၀ယ်ဖတ်ကြည့်လိုက်ပါဦးနော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဋ္ဌာနရုံး၊ ဗဟိုပြန်ကြားရေးဋ္ဌာနမှာ ၁၀၀ ကျပ်ထဲနဲ့ ၀ယ်ယူလို့ရပါတယ်။ ဒါနဲ့ ညီလေးပြောနေတဲ့ comment တွေက မလိုတမာတွေ များနေသလားလို့။ myanmarexpress.net အဖွဲ့ကတော့ မဟုတ်လောက်ဘူး ထင်ပါရဲ့။:D

  3. Well done !
    Bravo !

  4. အပြစ်ကင်းစင်တဲ့ အမေ့မျက်နှာလေးက ကြည်လင်နေတာပဲ။ အမေစု ဘယ်သူနဲ့ပြိုင်ပြိုင် အနိုင်ရပါစေ။
    အမေစုကို အားကိုးမျော်လင့်ချက်များစွာနဲ့…
    လက်ရှိသမ္မတကို အားကိုးချင်ပေမဲ့ အမေစုရှိမှ အမှန်တရားဆိုတာကို မားမားမတ်မတ် ရပ်တည်မှာကို ယုံကြည်လျှက်… သမိုင်းကြောင်းမှာ ပြစ်ချက်မြောက်မြားစွာက သက်သေဖြစ်နေလို့ မယုံရဲလို့ပါအမေ.. သူတို့ကို အမှန်တရားနဲ့ မျှတခြင်းကို
    မီးမောင်းထိုးပြနိုင်လို့ ပြင်ဆင်ပူးပေါင်းကြမယ်ဆိုရင် အတိုင်းထက်အလွန်.. တံတိုင်းကြီးတခုလို ပြည်သူဘက်က မားမားမတ်မတ် ရပ်တည်ပေးသော အမေကို ကျေးဇူးအထူးတင်မိပါတယ်။

  5. Sorry, ဒုတိယ စာကြောင်းဗျ။

  6. What the waste of people going out from their houses without working. A lot of Business persons could not work because of blocking the streets with people. She did not say to the public of go work or home for the country. Just keep on saying government is not good, no good, too bad, bla, bla, bla… she will do all things for the people with her hands?!

  7. အမိမြန်မာနိုင်ငံတော်ကို နိုင်ငံတကာက သိအောင်မြင်အောင် ထင်ရှားအောင် စိတ်ဝင်စားအောင် ကိုင်လှုပ်ပြနိုင်တဲ့ အရည်အချင်းစစ်ရှိသူများကို ဂုဏ်ယူလေးစားပါတယ်။

  8. ဒေါ်စုဘက်ကနေ ကူပြီး မဲဆွယ်ပေးတဲ့သဘောပေါ့
    ဘယ်လိုကြောင့်ရရ ဒေသခံတွေအတွက် ဝမ်းသာပါတယ်

  9. အမေစုကမြန်မာပြည်ရဲ့…logo…ပါ

  10. ကိုအောင်ကြီးရေ၊ ကျွန်တော်သိသလောက် ကြားကရှင်းပြမယ်၊ (၁) NLD မှာ ပါတီစည်းမျဉ်း ၊ ဖွဲ့စည်းပုံ၊ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ် ဆိုတဲ့ စာအုပ် ထုတ်ဝေထားပါတယ် လေ့လာကြည့်ပါ၊ (၂) အတွက်ကတော့ အဲဒါတွေက ပြည်သူ့ငွေတွေနဲ့ လုပ်ထားတာလေဗျာ၊ ပြည်သတွေအတွက် အကျိုးရှိအောင်တော့ လုပ်ရမှာပေါ့၊ မသုံးတော့ ကောလုပ်ပြီးသားတွေကို ပြန်လျှော်ခိုင်းရမှာ လား၊ နှစ်ဦး နှစ်ဘက် အကျိုးမရှိတာတွေ မတွေးကြပါနဲ့ဗျာ၊

  11. အန်တီစုရဲ့ အနာဂါတ် မျိုးဆက်သစ်များအတွက် Planning ရှိမရှိလဲ သိပ်အရေးကြီးပါတယ်၊ ဘာလို့လဲဆိုရင် ကျွန်တော်စိုးရိမ်မှူနဲ့ပြောတာပါ
    အန်တီစုလဲ အသက်ကရလာပြီ၊ ပြီးတော့ မနက်ဖြန်ဆိုတာ တရားသဘောအရဆိုရင် ဘာမှသေချာတာမရှိတော့ အန်တီစုများတစ်ခုခုပေါ့ (မတွေးမပြောရဲပါ) ဆိုရင် တိုင်းပြည် ဘယ်လိုဖြစ်မလဲ။
    တိုင်းပြည်ချစ်တာက ချစ်ကြတာပဲနော်
    ဆိုလိုတာက Qualify person လိုတယ်၊
    တိုင်းပြည်ချစ်+ သတိBrave ရှိ+ ပညာတတ် +နောက်ခံကောင်းတဲ့လူ လိုမယ်
    လျှော့မတွက် မယုံရဲမှုများနဲ့ပေါ့
    အန်တီစုနဲ့နီးစပ်သူများ သတိပေးပေးပါ

  12. Aung Gyi, what are you talking about. Present government does not use their money to build road and building. It is our money! people’s money if Daw Su is elected she is entitled to use any of them. Oppose and fight for change in constituition is her political stand and if that is what people want her to do what is wrong with that?

    • ဘိုးဘိုးကြီး

      နိုင်ငံရေးတွေဘာတွေပြောနေတယ် ဘာမှလဲမသိဘဲနဲ့

  13. အောင်ကြီးရယ်
    နေရာဆိုတာ အဓိမကျပါဘူး၊ လုပ်ဆောင်ချက်က အဓိကပါကွာ၊ နည်းနည်းလေး စဉ်းစားကြည့်ပါ
    ကိုယ်တို့ မြန်မာပြည့်မှာ မင်းအဆက်ဆက် နေပြည်တော်တွေ ပြောင်းလာခဲ့ကြတာလေ၊ တကယ်တော့ အဲဒါတွေက မဖြစ်သင့်တာတွေပါ၊ အခုလည်း ငါတို့အမြင်ကတော့ အမေစု အနေနဲ့ ဒီရုံးတွေကို သုံးသင့်ပါတယ်၊ ဘာဖြစ်လည်း ပြည်သူပိုင်တွေပဲဟာ

  14. ဓမ္မဘက်တော်သားလုပ်မလား၊ အဓမ္မဘက်တော်သားလုပ်မလား။ အရိုးဝါးရလို့ဟောင်ရင်၊ မင်းဘာဖြစ်သွားမလဲ။ ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်ဦး။ သူများအကြောင်းကို သိဖို့ထက်၊ အကြောင်းကိုယ်သိအောင် အရင်လုပ်။ ခွေးအလုပ် ၊နွားအလုပ် လုပ်ရင်းဘာဖြစ်သွားမလဲ။ ကိုယ့်ဘာသာဖြေကြာ့်ကြ။

  15. ဒေါ်စုအနစ်နာခံပြီး ရုန်းကန်နေတာဟာ၊ NLD များကောင်းကျိုး သက်သက်အတွက်မျှ မဟုတ်ပါ။ တပ်မတော်သား မိသားစုဝင်များအားလုံး ၊ကြံ့ခိုင်ရေးမိသားစုဝင်များအားလုံး၊ ဟို..ပုဂ္ဂိုလ်ကြီးမိသားစုလည်း အပါအ၀င် တိုင်းရင်းသားပြည်သူအားလုံး၊ တမျိုးသားလုံးအတွက် လုပ်နေတာ..။ တည့်တည့်ကြည့်ရင်မြင်ပါတယ်။ ရန်ပြုသူများရဲ့ ကောင်းရာကောင်းကျိုးကိုပါ ချန်ထားမယ်မဟုတ်ပါ။ ဂဠုံဦးစောမိသားစုဝင်များနဲ့ စကားသွားပြောကြည့်ပါ။ အဲဒီမိသားစုက ကျွန်တော်ပြောခဲ့တာတွေ မှန်ကန်ကြောင်း သက်သေထူကြပါလိမ့်မယ်။

  16. ဧရာဝတီဘလော့ဂ်မှာ ဖတ်ကြည့်ပါ။ ဦးစောမိသားစုဝင်များရဲ့ အမြင်သဘောထားကို သိစေချင်ပါတယ်။ ဦးစောအပေါ်၊ ဦးစောမိသားစုအပေါ်၊ ဒေါ်စုက ဘယ်လိုထားသလဲဆိုတာ အထင်အရှားတွေ့ရပါလိမ့်မယ်။ ဆောင်းပါးခေါင်းစဉ်က .. အဲ ကိုယ်ဟာကိုတောင် မေ့သွားသဗျာ။ ဆောင်းပါးခန်းမှာရှာကြည့်ပါ။