ရေရှည် စီးပွားရေးဖွံ့ဖြိုးရန် အစီအစဉ် NLD ရေးဆွဲမည် | ဧရာဝတီ
သတင်း

ရေရှည် စီးပွားရေးဖွံ့ဖြိုးရန် အစီအစဉ် NLD ရေးဆွဲမည်

Hits:309
  | |

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေမည့် ရေရှည်တည်တံ့သော စီးပွားရေး မော်ဒယ်ပုံစံသစ်အတွက် အသေးစိတ်အစီအစဉ် ရေးဆွဲရန် စီစဉ်ထားကြောင်း ပြောဆိုလိုက်သည်။

ကမ္ဘာ့စီးပွားရေးညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းဗီဒီယို ဖွင့်လှစ်နေစဉ် (ဓာတ်ပုံ - WEF)

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပနေသော ကမ္ဘာ့စီးပွားရေးညီလာခံသို့ ယမန်နေ့က ပေးပို့သော မိန့်ခွန်းဗီဒီယိုတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ကျမတို့ နိုင်ငံအတွက် ကျင့်ဝတ်နဲ့လည်းညီ၊ အသစ်လည်းဖြစ်၊ ရှိပြီးသားအပေါ် ထပ်ဆင့်မွမ်းမံတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ဖြစ်ပေါ်စေမယ့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပတ်ဝန်းကျင် ဖန်တီးဖို့ ဆန္ဒရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “စီးပွားရေး တိုးတက်မှုဟာ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေကနေ မြန်မာအတွက် လုပ်ဆောင်ပေးခဲ့တဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးကိစ္စတွေအပေါ် အခြေတည်တာထက် ပိုပါတယ်။ တရားမျှတပြီး ထိရောက်စွာ စီမံခန့်ခွဲပေးနိုင်မယ့် အားကောင်းသော ဥပဒေနဲ့ စည်းမျဉ်းတွေနဲ့ အာမခံချက် ပေးနိုင်ဖို့ တရာရေးဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်ပါလိမ့်မယ်” ဟု ပြောကြားသည်။

ဒါဗို့စ် ညီလာခံသို့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားခဲ့ပြီး ဦးသိန်းစိန်ကိုယ်စား စက်မှု (၁) နှင့် (၂) ဝန်ကြီး ဦးစိုးသိန်းက တက်ရောက်ကာ ဒေါ်အောင်ဆန်းစုကြည်ကမူ ဗီဒီယိုမိန့်ခွန်းသာ ပေးပို့ခဲ့သည်။

ဦးစိုးသိန်း တက်ရောက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အပြုသဘောပြောင်းလဲမှု လက္ခဏာတရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးသွားသည်။

အထက်လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည်လည်း ယမန်နေ့က တရုတ် CNTV ရုပ်သံဌာန၏ မေးမြန်းခန်းတွင် စီးပွားရေးတိုးတက်မှုနှင့် ကာကွယ်ရေးမြှင့်တင်မှုကို အသားပေး ပြောဆိုသွားသည်ကို တွေ့ရှိရသည်။

“စီးပွားရေးကောင်းလို့ရှိရင် နိုင်ငံရေးလည်း တည်ငြိမ်မှာပဲ။ တရုတ်ပြည်ဆိုရင် စီးပွားရေးကောင်းတဲ့အတွက် နိုင်ငံရေး တည်ငြိမ်တာပေါ့နော်။ ပြီးတော့မှ စီးပွားရေး ကောင်းလာတယ်ဆိုရင် ကာကွယ်ရေးစွမ်းအားကလည်း လိုက်ပြီး မြှင့်ရမှာပေါ့။ လူက ချမ်းသာလာလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပိုပြီးလိုတာပေါ့” ဟု ဦးခင်အောင်မြင့်က ပြောဆိုသွားသည်။


20 Responses

Leave a Reply

  1. ညီညီနိုင်

    အမေစုရေ
    တရုတ်ပြည်မှာ production သမား တစ်ယောက်က သူ့ရဲ့productကို export ရင် အခွန်မပေးရတဲ့အပြင် အစိုးရက export money amount 12% ကို ဆုအဖြစ် exporter အားပြန်ပေးပါတယ် ကိုယ်တွေှ့ပါ

  2. Tahnk you Daw Su, I really proud of you. After U Thant, only Daw Su can show to the world as the leader of Burma, who is respected and loved by people of world, before nobody know Burma.
    Our country was broke by General Nay Win and his followers, but now time to change the political situation. We hope that our Army leaders understand of the country current situation and will change their idea,they need to support to Daw Su and U Thein Sein,Prisedent, who can be change to New Burma. Thank you.

  3. လူတွေကမချမ်းသာသေးဘူး သေနတ်ဝယ်ဖို.ပြင်နေပြီ။ ယခင် ၂၅%နဲ.မလောက်လို.လား?။

  4. MOTHER SU,
    In CHINA,when a company export his products,there is no custom duty.moreover;the china goverment pay him 12%of export money.

  5. a may su tha narr bar tal , all burma people so clever . except 88 students , therr guu

  6. စေတမန်

    ရေရှည်..စီးပွားရေးပိတ်ဆို့ရန်….NLD ရေးဆွဲနေ။

    • why do you think about negative?
      May be not your land.May be you are not from our country.

    • To Sataman, You have a crazy mind. You have no brain. You have no general knowledge. Who gave you the idea to write that kind of comment? You are a piece of crap.

  7.ူalinyaung

    မောင်စေတမန်…မင်းတဖတ်သားကိုအမြင်ရှင်းရှင်းနဲ့ကြည့်စမ်းပါကွာ..အမြင်မရှင်းဘူးဆိုငါဆီသာလာခဲ့…

  8. Lee Kuan Yew tried to build the strong for Singapore. Now days Singapore economy is very strong among in Asian countries. I seriously believe that our Daw Aung San Su Kyi can do so. Just need to agree n mature mind of recent president & his government.

  9. နအဖဇာရိတ အကျင်.တွေဖျောက်ပစ်မှ ပြည်သူအသက်အိုးအိမ်စီးဇိမ် ချမ်းသာညြ်.စုံမယ် ရွာမှာဘုရားမှာပွဲ
    ချိန်မှာ ထုံးစံအတိုင်းဆင်နွဲစေ ပွဲလမ်းသဘင်တွေအစပေါ့

  10. ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်ရံမဲပေးကြစို.
    ပြည်သူေ၇

  11. မှန် နို.မဟုတ်ရင် အချိန်ကြာသွါးနိုင်တယ်

  12. နတ်ဆိုး (Russia )

    မြန်မာနိုင်ငံက စီးပွားရေးသမားတွေ ၅၀%လောက်က အခွန်မထမ်းကြဘူး။အခွန်ထမ်းတဲ့သူတွေကြတော့ လျှော့ပေါ့ပြီး လိမ်ညာပြီးထမ်းကြတော့ ။နိုင်ငံနစ်နာတာပေါ့။ ခင်ဗျာတို့ အဲဒီထဲပါမပါ ပြန်ဆန်းစစ်ကြည့်ကြပါ။

  13. Corruption is like a terminal disease in people’s character, especially in government officials. After by-election, with NLD’s sure-win, a lot of cleaning-up corrupt needs to be done, both inside country and outside. Corrupt so-called diplomats who have been abusing their powers to exploit and squeeze money out off myanmars working overseas should be removed.

  14. now we must concentrate on economy not for defense. you army government every time say defense defense defense how many years already.

  15. @Ye Yint. Totally agreed. We have suffered in double overseas, by the countries we came to work and by the Embassies. The staff ask for “donation in kind” by selling calendars and sometimes, you have to donate for ” Embassy’s thar-yay-nar-yay fund”. Unless you pay, your passport will not be renewed. Let’s see if these Embassies still maintain this business-as-usual trick.

  16. မောင်စေတမန် အရူတွေဖမ်းနေတယ်။
    အပြင်မထွက်နဲ့

  17. မျိုးဆက်သစ်

    မှန်တယ်၊ အခွန်မထမ်းတဲ့ ၅၀% က ခရိုနီတွေဆိုရင် ပိုမှန်တယ်။