သတင်း

အလှမယ် လွတ်လပ်ခြင်းပွဲတော်

Hits:1,761
  | |
Print This Post

အလှမယ် စည်းကမ်း ပြောင်းလဲမှု
အပြောင်းအလဲတွေ များတဲ့ မြန်မာနိုင်ငံတော်ကြီးမှာ ထပ်မံဖြစ်ထွန်းလာတဲ့ အပြောင်းအလဲ တခုကတော့ အလှမယ်ပြိုင်ပွဲဝင် စည်းကမ်းချက်များ ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲက အလှမယ်များ ဖြစ်ပါတယ်။ ရှေ့ဆုံးတန်း ဂွာတီမာလာ နဲ့ ကိုရီးယားမယ်ကြားမှာ မယ်မြန်မာ သန်းသန်းအေးကို တွေ့ရမှာပါ။

မြန်မာ့အမျိုးသမီးများရဲ့ အလှအပ အားကစားတရပ်အနေဖြင့် ရပ်တည်လာခဲ့တဲ့ ခန္တာကိုယ် အချိုးအစား အလှ များကို ဖော်ထုတ်ပြသ ယှဉ်ပြိုင်ကြရသည့် ကာယအလှမယ် ရွေးချယ်ပြိုင်ပွဲများဟာလည်း ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းထဲ မျောပါလာပြီလို့ ပြောရမလိုပါ။

ဟိုတုန်းကတော့ ခန္တာကိုယ်အလှကို ဖော်ထုတ် ပြသ ယှဉ်ပြိုင်ကြတာပါ ဆိုပေမယ့် အမျိုးသမီးများက လည်ပင်းပိတ်ရင်စေ့အင်္ကျီ နဲ့  လုံချည်ရှည် ၀မ်းဆက်ဝတ်ပြီး ယှဉ်ပြိုင်ခဲ့ကြရတာပါ။

လာမယ့် ဇွန်လမှာ ပြုလုပ်မယ့် အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများက စတင်ပြီး ဘောင်းဘီတို့နဲ့ ၀င်ရောက် ယှဉ်ပြိုင်နိုင်ပြီလို့ မြန်မာနိုင်ငံ ကာယဗလနဲ့ ကာယအလှ အဖွဲ့ချုပ်က ဆိုလာပါပြီ။

အ၀တ်အစားသာမက ဦးခေါင်းပိုင်း အပြင်အဆင်တွေနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်ကိုလည်း လျှော့ချပေးထားပါတယ်။

အရင်က ဆံထုံး ထုံးဖွဲပြီး ယှဉ်ပြိုင်ကြရတဲ့ ကာယအလှမယ်တွေဟာ အခုတော့ နှစ်သက်ရာ ဆံပင်ပုံစံနဲ့ ယှဉ်ပြိုင်နိုင်တော့မှာပါ။

ဒီလိုပြောင်းလဲလိုက်ခြင်းဟာလည်း မြန်မာ့ ကာယအလှမယ်များ နိုင်ငံတကာကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အတွက်လည်း ရည်ရွယ်ပါတယ်လို့ ရန်ကုန်မှာ ထုတ်ဝေတဲ့ ဂျာနယ်များမှာ ဖော်ပြထားကြပါတယ်။

“ခေတ်နဲ့အညီပြောင်းတဲ့သဘောပေါ့ … အခုကတော့ ပိုပြီးမြင်နိုင်တာပေါ့” လို့ မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်အသင်း အကြံပေး နာယက ဒေါ်ရီရီမြင့်က ဧရာဝတီကို ပြောပါတယ်။

အပြောင်းအလဲများထဲကမှ ပျော့ပြောင်းတဲ့ ပြောင်းလဲသတ်မှတ်ချက် တခုလို့ မြင်မိတယ်၊ ကိုယ့်ယဉ်ကျေးမှု အနေအထား မပျောက်ပျက်ဘဲ ခေတ်နဲ့အညီ ပြောင်းလဲလာခြင်းဆိုရင် ကောင်းတယ်လို့ သူက ဆက်ပြောပါတယ်။

ဟိုခေတ်က ကာယအလှမယ်ရွေးချယ်ပြိုင်ပွဲတွေမှာ  ဟိုခေတ် ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ကြပေမယ့် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း နိုင်ငံကို ကယ်တင်လိုက်ပြီးနောက်ပိုင်းမှာ မယ်ရွေးပွဲတွေ ယာယီရပ်ဆိုင်းခဲ့ရပါတယ်။

ပြန်လည် ခွင့်ပြုချက် ရချိန်မှာ အကျီလက်ပြတ်၊ လုံချည် ၀တ်ဆင် ယှဉ်ပြိုင်တဲ့ ကာယအလှမယ်ရွေးပွဲများ ပြန်လည်ပေါ်ပေါက်လာတာပါ။

တချိန်က မြန်မာ့အလှမယ် ဆိုတာဟာ နိုင်ငံတကာပြိုင်ပွဲကို ရောက်ခဲ့ဖူးပါတယ်။ အခုလို စည်းကမ်းချက်တချို့ ဖြေလျှော့ပေးတဲ့အတွက် နိုင်ငံတကာကို ၀င်တိုးဖို့ လွယ်သွားပြီလို့ ဆိုနိုင်မှာပါ။

ကဲ ..   အနည်းငယ် ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ မြန်မာ့ကာယအလှမယ်လေးများလည်း မိမိတို့ရဲ့ ဘော်ဒီအလှကို လွတ်လပ်စွာ ပြသ ယှဉ်ပြိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း..

လွတ်လပ်ခြင်းပွဲတော်
သိပ်မကြာခင်က ပရိသတ်အကြား ရေပန်းစားသွားခဲ့တဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ ‘အဲဒီအခန်းဖြတ်’ ဇာတ်လမ်းတိုလေးဟာ စနေနေ့က အစပြုတဲ့ ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော်ကနေ အပယ်ခံရပါတယ်။ ပြိုင်ပွဲမကျင်းပမီ အပြင်မှာ ပျံ့နေတဲ့ဇာတ်လမ်းဖြစ်လို့ ပယ်ပါတယ် တဲ့။

အဲဒီအခန်းဖြတ်မှ ဇာတ်ဝင်ခန်းတခု

“စည်းမျဉ်းစည်းကမ်းနဲ့ ငြိတယ် ဆိုရင်တော့လည်း စည်းမျဉ်းစည်းကမ်းကို လေးစားရမှာပါ။ သို့ပေမယ့်လည်း ကျနော်ကိုယ်တိုင် လုပ်တာ မဟုတ်တဲ့အတွက် ကျနော့် အနေနဲ့ ချွင်းချက်တခုအနေနဲ့ ရှိနေပါတယ်။ အဲ့ဒါကိုလည်း သိအောင် တင်ပြထားပါတယ်” လို့ ဒါရိုက်တာ ၀ိုင်းက ဆိုပါတယ်။

သူက ‘အဲဒီအခန်းဖြတ်’ ကို ဒီပွဲတော်အတွက် ရည်ရွယ်ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။ ဒီဇာတ်ကားတိုဟာ ဘယ်သူရဲ့ လက်ချက်မှန်းမသိရဘဲ အင်တာနက်ပေါ် ရောက်ရှိသွားပြီး လူကြိုက်များလွန်းတဲ့အတွက် Facebook, Youtube တို့ကနေ လက်ဆင့်ကမ်း ကြည့်ရှုခဲ့ကြတာပါ။

“ကျနော်အလေးအနက်ပြောချင်တာကတော့ ဒီဇာတ်လမ်းတိုကို ကျနော် ကိုယ်တိုင် youtube မှာ မတင်ဘူး ဆိုတာကို ရဲရဲဝံ့ဝံ့ ပြောချင်ပါတယ်။ ဒီဇာတ်လမ်းထဲက သရုပ်ဆောင်တွေနဲ့ ကျနော့ရဲ့ ဇာတ်လမ်းပေါ်မှာ ထားတဲ့ စေတနာတွေကို နည်းနည်းလေး စဉ်းစားပေးစေချင်ပါတယ်။ ကမ္ဘာတ၀န်းလုံးမှာရှိတဲ့ ပရိသတ် အားလုံးကိုလည်း ကျနော် ကျေးဇူး အရမ်းတင်ပါတယ်”လို့ ဒါရိုက်တာ ၀ိုင်းက ဆိုပါတယ်။

အင်တာနက်ခေတ်လူထုကြားထဲကို  ‘အဲဒီအခန်းဖြတ်’ ဘယ်လို ပေါက်ကြားသွားပါလိမ့် ဆိုပြီး အံ့အားသင့်နေတဲ့ ဒါရိုက်တာ ၀ိုင်းတယောက် ကံကောင်းပါစေလို့…။


WSJ LIVE VIDEO:

22 Responses

Leave a Reply

  1. ဒါရိုက်တာဝိုင်းကလူတော်တယောက်ပဲ

    • In the article, someone said ” Gen NE WIN ” saved the country. Do you really mean it? Because of his ego and poor ideology, our country becomes one of the world poorest country..

  2. ဆုအတွက်မစဉ်းစားချင်နေပါ။ ရုပ်ရှင်ပွဲတော်မှာတော့ ပြသခွင့်ပြုသင့်ပါတယ်။
    သူ့ ခင်မျာကြိုးစားပမ်းစားရိုက်ထားရတာတာလေးကို။

  3. ၀ါသနာရှင်

    ဘောင်းဘောင်းက ဘယ်လောက်တိုယို့ရယဲ။ စိတ်လှုပ်ချားစရာကြီးတွေတော့ ညင်ကုန်တော့မှာပဲ။ အူး .. မယွတ်ယတ်တာကြာယို့ထင်တယ် အဲယိုကြီးချိုတော့ ၀တ်မယ့် မမတွေတော့တိဘူး၊ တားတော့ ညက်နာပူယိုက်တာ။ ကြည့်လည်ကြပါဦးယို့။

  4. ဘာပဲဖြစ်ဖြစ် ဆက်ကြိုးစား ဒါရိုက်တာ ၀ိုင်းရယ်

  5.်ကိုဖိုးထောင်

    အဲဒီကားကိုမဖြတ်ပါနဲ့

  6. ပေါ ပါ့ …စိတ်ကူး

  7. ဝိုင်း

    စိ တ်ဓါတ်မကျနဲ့လွတ်လပ်မှုရဲ့အထိမ်းအမှတ်ပြယုဒ်ရလာဒ်တခုဖြစ်အောင်ကြိုးစားတာ အရမ်းလေးစားတယ် ဝိုင်းြ ပည်သူအာားလုံးက ဝိုင်းလိုတယောက် တပုံစံနဲ့လွတ်လပ်မှုအတွက်ရှာကြံ စွန့်စားကြရင် ဒီမိုကရေစီ ရမှာတော့ အသေအချာပါ

  8. အောင်အောင်

    ထောက်ခံပါတယ် ၀ိုင်း ရဲရင့်ပါတယ် သူမတူခွဲ
    ထွက်သွားတာပေါ့ ပြိုင်ပွဲစည်းကမ်းကိုတော့
    လေးစားရမှာပေါ့် ပြိုင်ပွဲမ၀င်ခင် ကိုယ်ကကြို
    ပြတော့ စည်းကမ်းနဲ့မညီဘူးပေါ့ ပြိုင်ပွဲဝင်ရင်
    သိခါရှိရှိလေးဖြစ်စေချင်ပါတယ် အားလုံးကောင်းပါတယ်

  9. လွတ်လပ်သော အနုပညာပြိုင်ပွဲမှာ အရွေးခံရတဲ့ဇာတ်ကားပေါင်း ၅၃ ကားအမည်တွေကို သိချင်ပါတယ်

  10. ဆောင်းတင်

    ဒီကားလေးက ဒါရိုက်တာအနေနဲ့  စိတ်ကူး
    တော်တော်လေးကေါင်းပါတယ်။ Idea လေးတွေပေါ့
    လူကြိုက်လဲများတယ် တင်ပြချက်လေးတွေကလည်း
    တကယ်ထိမိပါတယ် အင်တာနက်ပေါ်ရောက်သွား
    တာကတော့ စေတနာအမှန်နဲ့ ဖြစ်မှာပါ
    ကျနော် အကြံပြုလိုတာကတော့  ဆုအတွက်
    မစဉ်းစားရင်နေပါ “လွတ်လပ်ခြင်းအနုပညာ”
    မှာတော့ တင်ပြ ထည့်သွင်းထားသင့်ပါတယ် လို့ 
    အကြံ ပြုလိုပါတယ်။ကျနော်က ဌာနဆိုင်ရာတစ်
    ခုကပါ တချို့ အပြင်က လူတော်တော်များများဟာ ဌာနတွင်းကပြဿနာ
    တွေကို မသိကြပါဘူး အခုတင်ပြချက်စိတ်ကူးလေးက တော်တော်လေးကို ဌာနတွင်းကိစ္စလေးတွေနဲ့ ပေါ်လွင်ပါတ်သက်နေလို့ ပါ။Ths..

  11. Please accept his presantation of ” Cut this sence” and let compete wtih other short movies as the director, Wyne, himself admited that he did not post or upload this short episode onto face book or youtube. He actually did not break the rule. It should be in the compitation. We all love this short movie.

  12. မသိတဲ့ လူကတော့ .. ဗိုလ်ချုပ်နေ၀င်းက ကယ်တင်၇ှင်ဖြစ်သွားကြတယ်.. .မြန်မာမြေပုံပဲကြည့် ပါ.. .ရှေ့ မြောက်ဘယ်ကြတဲ့ တရုတ်ပြည်.. နယ်စပ်တစ်လျှောက်ကတော့ နေ၀င်းတရုတ်ထံ ရောင်းစားထားတယ်နော်.. .ငွေအာမခံကြေးတွေ ပေါင်ထားတဲ့ရွှေလဲ ထုတ်ယူရောင်းစားပစ်လိုက်တယ်လေ.. ဒါကြောင့် မြန်မာပြည်ငွေဈေးဖောင်းပွခဲ့ ရတယ်.. ..ကြည့်ပါလာ. သူသေတဲ့ အချိန်က လူဘယ်နှစ်ယောက်လိုက်ပို့ တာလဲ… .နိုင်ငံတော်ကို အကြိုးပြုသူဆိုရင်.. .သေရင်လဲ… သူများကနှာမျောကြတယ်လေ.. .နေ၀င်းသေတော့ ခွေးတစ်ကောင်တောင်မှ မတန်ပါလားဆိုပြီး မ်ြန်မာပြည်သူပြည်သားတွေ ပြောမဆုံးဆိုနဆုံးပါပဲ

  13. အလှမယ်ဆိုတာ အလှတရားကို ဂုဏ်ယူဝံ့ကြွားစွာ ပြသတဲ့ မယ်လို့ဆိုရမလားပဲ။ အဲတော့ အလှတရားကို ဘာလို့ဖုံးကွယ်ခိုင်းရမှာလဲ ဆိုရှယ်လစ် ခေတ်နောက်ပြန်ဆွဲတို့ရယ်။

  14. တို့ရဲမေများအားလုံးသည်၊ ရှိတာတွေပြမည်။

  15. ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းက နိုင်ငံကို ကယ်တင် လိုက်သတဲ့လား၊

  16. (ပြိုင်ပွဲ မကျင်းပမီ အပြင်မှာ ပျံ.နေတဲ့ ဇာတ်လမ်းဖြစ်လို. ပယ်ပါတယ်… တဲ့ ) ဘာဆိုင်လို.လဲ ဟ…… ပြိုင်ပွဲဝင် စည်းကမ်း သတ်မှတ်ချက် ထဲမှာ အဲသလို စည်းကမ်းမျိုး ထည့် ရေးထားသလား။ ထည့်မရေးထား ရင်တော့ ပါယ်ခွင့် ရှိကို မရှိဘူး မောင် ။
    ဒါ- ပြောင်ကျကျ မုံလာဥလုပ်တာပဲ အရပ်ကတို. ။

  17. ချစ်ကို

    လစာမလောက်လီု. လုပ်၇ာကအစပြုပြီး အကျင့်ပျက်
    ကုန်ကြတာပါဗျာ။ ၀န်ထမ်းဘ၀ကိုလည်း စာနာကြပါ
    ဦး

  18. ဗိုလ်ချူပ်နေ၀င်းနိုင်ငံကို ကယ်တင်တယ်ဆိုတဲ. စာသားကို ဘယ်လိုစိတ်ကူးမျိုးနဲ.ရေးလိုက်လဲ သိချင်ပါတယ်။

  19. Maung Kyaw Nu, A former political prisoner of conscience.

    What do you mean ? Ne Win Saved the country????????????????????
    We need urgent clarification from the Irrawaddy ??

  20. Who did you say U Nay Win is a good person? I don’t think so, That person had bad history .Don’t afraid tell the truth. Lie is more than afraid.

  21. ယောကျာ်းတွေအတွက်ကတော့
    အကြိုက်ပေါ့..
    မယ်တွေကလည်း..လွတ်လပ်တာကိုအတော်ကြိုက်ကြတယ်လေ