လက်ပံတောင်းဖြိုခွင်းမှု သမ္မတကိုယ်တိုင် တောင်းပန်ရန် သံဃာများ သတိပေး | ဧရာဝတီ

လက်ပံတောင်းဖြိုခွင်းမှု သမ္မတကိုယ်တိုင် တောင်းပန်ရန် သံဃာများ သတိပေး

Hits:1
  | |

မန္တလေး အိမ်တော်ရာဘုရားတွင် ယနေ့နေ့လည်၌ ဆန္ဒဖော်ထုတ်ခဲ့သည့် သံဃာတော်များ (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သော သံဃာတော်များကို သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကိုယ်တိုင် အမြန်ဆုံး တောင်းပန်ရန် မန္တလေးမြို့မှ သံဃာတော်များက ယနေ့ နေ့လည်တွင် ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်၍ တောင်းဆိုခဲ့ကြသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ အိမ်တော်ရာ ဘုရားတွင် ရာနှင့်ချီသော သံဃာတော်များက လက်ရှိ အရပ်သား အစိုးရသစ်လက်ထက် ယင်းသို့ ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့တွင် တာဝန် အရှိဆုံးဖြစ်သဖြင့် ၎င်းတို့ကိုယ်တိုင် တာဝန်သိသိဖြင့် အမြန်ဆုံးတောင်းပန်းသင့်ကြောင်း မိန့်ကြားသည်။

“ဒဏ်ရာရ သံဃာတွေကို တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသိန်းစိန်နဲ့ အစိုးရ ပုဂ္ဂိုလ်တွေက အမြန်ဆုံး လာတောင်းပန်ဖို့လိုတယ်ဗျ။ ဒါ ပထမဆုံး လုပ်ရမယ့်အလုပ်။ ဒါပြီးမှ အကြမ်းဖက်တဲ့ ပုဂ္ဂိုလ်တွေကို မြန်မြန်ဆန်ဆန် ပွင့်လင်းမြင်သာမှုရှိရှိ အရေးယူပေးဖို့ လိုတယ်။ အခု ဒေါ်စု ဦးဆောင်တဲ့ ကော်မတီက ဒီအကြမ်းဖက်မှုကို ဖော်ထုတ်ဖို့ မပါဘူးလို့ ဦးပဉ္စင်းတို့ သိရတယ်၊ ဒါ အစိုးရက မတရားဘူး။ ဒါကြောင့် ဦးပဉ္ဇင်းတို့ ဆန္ဒထုတ်ဖော်နေရခြင်း ဖြစ်တယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သော သံဃာတော်တပါးက ဧရာဝတီသို့ မိန့်ကြားသည်။

အဆိုပါ သံဃာတော်များက အိမ်တော်ရာစေတီကို မျက်နှာမူကာ မေတ္တာသုတ် ရွတ်ဆိုခဲ့ကြပြီး နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရ သံဃာများကို အမြန်ဆုံး လာရောက်ဝန်ချ တောင်းပန်ရန်၊ အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန်၊ ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ထို့အပြင် ကြေးနီစီမံကိန်းကို ဒေသခံများနှင့် ပြည်သူများ ကျေနပ်လက်ခံနိုင်အောင် ဆောင်ရွက်ပေးရန်နှင့် ဒီမိုကရေစီ အစိုးရ စစ်စစ်တရပ် ပေါ်ပေါက်လာရန်၊ နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုမျိုးမပေါ်ပေါက်စေရန်၊ လွှတ်တော်များနှင့် အစိုးရအဖွဲ့တွင် ပါဝင်လျက်ရှိသော တပ်မတော်သားများ အမြန်ဆုံးနှုတ်ထွက်ပေးရန် တို့ကိုပါ တောင်းဆိုခဲ့ကြသည်။

သံဃာတော်များက ၎င်းတို့၏ တောင်းဆိုချက်များကို အစိုးရဘက်မှ လုပ်ဆောင်ပေးမှု မရှိမချင်း သပိတ် ဆင်နွှဲသွားရန် ရှိပြီး ယခုလ ၈ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင်လည်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားရန်ရှိကြောင်း အကယ်၍ အဆိုပါရက်များ မတိုင်မီ အစိုးရက ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်မှုရှိပါက သပိတ် ရပ်တန့်မည်ဟု သိရသည်။

ယနေ့တွင်ပင် ရန်ကုန်မြို့တွင်လည်း ဆူးလေစေတီတော် ဝန်းကျင်တွင် သံဃာတချို့က လမ်းလျှောက်ပြီး လက်ပံတောင်း အကြမ်းဖက်မှု ဖော်ထုတ်အရေးယူပေးရေး၊ ဒဏ်ရာရ သံဃာတော်များကို အစိုးရက အမြန်ဆုံး တောင်းပန်ရေးနှင့် ဒဏ်ရာရ သံဃာတော်များကို လိုအပ်ချက်မရှိ ဆေးကုသပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရန်ကုန်မြို့ခံတချို့ကလည်း မီးလောင်ဒဏ်ရာ ရထားသော သံဃာတော်များ၏ ပိုစတာများကို ကိုင်ဆောင်ကာ သံဃာတော်များ အကြမ်းဖက်ခံရမှု ကာကွယ်ပေးရေး စာတမ်းပါ ပုံများကိုင်ဆောင်ကာ တာမွေဈေးမှ ယုဇနပလာဇာသို့ ချီတက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ဧရာဝတီတိုင်း ဝါးခယ်မမြို့များတွင်လည်း မြို့ခံ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ စုပေါင်းကာ ယင်းသို့ပင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပြီး အစိုးရအနေဖြင့် အကြမ်းဖက်မှုကို တောင်းပန်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ထုတ် အရေးယူခြင်း မရှိပါက ဆက်လက် ဆန္ဒဖော်ထုတ်ကြမည်ဟု ကြေညာလိုက်သည်။

မနက်ဖြန်တွင် မကွေးတိုင်း ချောက်မြို့ပေါ်ရှိ စာသင်တိုက်များမှ သံဃာတော်များ၊ မြို့ခံလူပုဂ္ဂိုလ်များက မြို့ပေါ်ရှိ အေးစေတီ ဘုရားဝန်းထဲတွင် လက်ပံတောင်း အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အစိုးရကို ထပ်မံ ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်းနှင့် တခြား ပြည်နယ်နှင့် တိုင်းအချို့က မြို့ခံသံဃာများကလည်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဖြစ်သည်ဟု ဦးဆောင် ဆရာတော်များက ဧရာဝတီသို့ မိန့်ကြားသည်။

၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု စတင်ခဲ့သည့် ပခုက္ကူမြို့မှ သံဃာတော်များနှင့် လက်ပံတောင်းတောင် စီမံကိန်းဒေသ မုံရွာမြို့ခံ သံဃာတော်များက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီအဖွဲ့နှင့် အစိုးရ တာဝန်ရှိသူတို့၏ ကိုင်တွယ်ဆောင်ရွက်မှုကို စောင့်ကြည်လိုကြောင်း အကယ်၍ ထူးခြားမှုမရှိခဲ့လျှင် နိုင်ငံလုံးဆိုင်ရာ သံဃာ့သပိတ် ဆင်နွှဲမည်ဟု တညီတညွှတ်တည်း ပြောဆိုကြသည်။

စစ်တပ်ကျောထောက်နောက်ခံ ဦးပိုင်ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖျက်သိမ်းရန် ဒေသခံများက သပိတ်စခန်းများဖွင့်၍ ဆန္ဒထုတ်ဖော်မှုကို ဝန်းရံပေးခဲ့သည့် သံဃာတော်များကို ယခင်လ ၂၉ ရက်နေ့ မနက် ၃ နာရီခန့်က အစိုးရ အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် သံဃာနှင့် လူပုဂ္ဂိုလ် ၁၀၀ ခန့် မီးလောင်ဒဏ်ရာရခဲ့ပြီး တချို့မှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။

ယင်းအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ရာ၌ ဦးဆောင်ခဲ့ကြသူများကိုလည်း အစိုးရက ဆက်တိုက် ဖမ်းဆီးမှုများရှိသည်။


21 Responses

Leave a Reply

  1. သမ္မတကြီးအနေနဲ့ဝင်ဖြေရှင်းပေးသင့်တယ်..
    နာကျင်နစ်နာသူကနစ်နာပြီးပြီ…
    ဒါကလည်းမြန်မာမြေအတွက်ဆန္ဒပြုခြင်းပါ..
    ပြစ်မှုကျူးလွန်သူများမဟုတ်
    ငဲ့ညှာပေးပါ။။

    • That’s right. But we believe in President,Hluttaw chairprsons,Daw Su and civil societies. They can solve this problem.

    • မြန်မာ တိုင်းရင်းသူ

      snow ပြောတာ မှန်ပါတယ်။ ဒေသခံတွေနဲ့ သံဃာတော်တွေ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာက ကိုယ့်တိုင်းပြည် အမိမြေရဲ့ သဘာဝ ပတ်ဝန်းကျင်တွေ ထိခိုက်လာတာတွေ၊ မြေသိမ်းမှုတွေမှာ သူတို့ မတရား ပြုကျင့်ခံရတယ် ထင်လို့ ဂရုပြုပြီး နိုင်ငံတော် အစိုးရက ကူညီနိုင်မလား လုပ်ခဲ့ကြတာပါ။ နိုင်ငံမှာ သမတဆိုတာ တကယ်တော့ အိမ်တအိမ်က အိမ်ထောင်ဦးစီးလိုပဲ။ ဦးစီးသူက ၀င်ပြီး မျှတအောင် ဆုံးမပေးတာ၊ ဘယ်သူမှားတယ် ဘယ်လိုမှားသွားတယ် မသိခင်မှာလဲ လောလောဆယ် မျက်မြင် ခံလိုက်ရသူတွေကို အားပေးမှု၊ ဂရုပြုမှုတွေ ပြသင့်ပါတယ်။ ဥပမာဆိုရင် တခြားနိုင်ငံတွေမှာသာဆို အကြီးအကဲတွေ သည်လိုနေရာ ရောက်သွားပြီ။ ဒါမှ လူထုအားပေးမှု ထောက်ခံမှုတွေ ရနိုင်မှာလေ။

  2. ယနေ့ကျင်းပတဲ့ သတင်းစာ၇ှင်းလင်းပွဲမှာ အမေစု ကိုယ်တိုင် သံဃာတော်များ ဒဏ်၇ာ၇၇ှိမှုများ ကို ပြည်ပက ပညာ၇ှင်များနဲ့ စစ်ဆေးဖေါ်ထုတ်သွားမည်ဟု ပြောကြားခဲ့ပါသည်.ယခုထိုင်သပိတ်ဆင်နွဲနေသော သံဃာ တော် များအနေနဲ့ ပခုက္ကူ နှင့် မုံ၇ွာက သံဃာတော်များကဲ့သို့ စုံစမ်းစစ်ဆေးေ၇း ကော်မ ၇ှင်၏ အစီ၇င်ခံစာ အပေါ် သုံးသပ်ပြီးမှ သပိတ် ဆင်နွဲသင့်သည်လို့ ထင်မြင်မိပါသည်.

  3. ကိုအောင်မင်းက တော်ပါပေတယ်။ သမ္မတကြီးကို ထပ်ညာဖို့ ဝ တွေနှင့် ရှမ်းတွေကို ရန် ထပ်တိုက်ပေးတော့ မယ်ထင်ပါတယ်။
    သြော် … တကယ်တန်း နစ်နာ တာက တော့ ပြည်သူတွေပါ။

  4. မြန်မာပြည်က သံဃာတော်တွေ ၀ိနည်း တစ်ခုတိုးရတော့မယ် သံဃာတော်တိုင်းဆန္ဒပြတတ်ရမည်လို့

    • ကိုကြီး

      ဆန္ဒပြခြင်းသည်ဝိနည်းတော်နှင့်ညီပါသည်။ဘုရားရှင်သည်သာသနာကိုရန်ပြုလိုသူများမှကာကွယ်ရန် လိုအပ်ပါကဆန္ဒပြနိုင်ရန် ကံဆောင်ခြင်းအဖြစ်ပညတ်ထားပါသည်။ယခုဖြစ်ရပ်ဍ်သံဃာသည်အမျိုး ဘာသာ သာသနာ ပြည်သူဘက်မှဝင်ရောက်ရပ်တည်ပေးခြင်းဖြစ်သည်။ပုဂ္ဂလိကအကျိုးခံစားခွင်.အနေဖြင့်ဘာမှမရှိတာသိနိုင်ပါသည်။ကိုယ်တိုင်ဖြိုခွင်းသောတပ်ဖွဲ့ များမှာလည်းငရဲကြီးခြင်း ၀ဋ်လိုက်ခြင်း သံသရာပါခြင်း မဂ်လမ်းပိတ်ဆို့ ခြင်းသာခံစားကြရမည်။အကျိုးအမြတ်ကတော့၎င်းတို့ ကာကွယ်ပေးနေသောလူတစုနဲ့ တရုတ်သာခံစားရမည်ဲဖြစ်သည်။ပြည်သူထိတော့သံဃာမနေသာ သံဃာထိတော့ပြည်သူဝင်ပါမှသာ ။ပြည်သူထိလဲသံဃာမပါ သံဃာထိလဲပြည်သူအနေသာသီးခြားဆီရပ်တည်ပါကနာစရာရှိရင်ပိုနာဖို့ ပဲရှိပါသည်။သင့်မိသားစု သင့်အသိုင်းအ၀ိုင်း သင့်ပတ်ဝန်းကျင်တခုခုဖြစ်ပါကလဲကှ်ျသို့ အကျိုးစွန့်ကာကွယ်ပေးမည့်သူများလိုအပ်မည်ဖြစ်ကြောင်းစဉ်းစားစေလိုပါသည်။

  5. A lot of demandings are complicated and
    difficult to do.

  6. သံဃာတော်တွေလဲ တရားအားထုတ်ကြပါဦး ထစ်ခနဲဆို ဆန္ဒပြ နဲ့ ဦးသန်းရွှေအကွက်ထဲ ဝင်နေကြပါလား

  7. After this time, we no need to ask the sympathy. We shall react eye for eye, fire with fire.

  8. ဒီ အချက်က နိုင်ငံတော် အစိုးရကို စိန်ခေါ်သလိုဖြစ်နေတယ် အခက်အခဲအများကြီးကြုံတွေနိုင်
    တယ် အစိုးရက ဒါမျိုးလုပ်မယ်မထင်ဘူး။

  9. အရှင်ဘုရားတို့ဘုရား….
    တပည့်တော်တို့လဲ စိတ်မကောင်း ကြေကွဲ ဒေါသဖြစ်ကြရပါတယ် ဘုရား
    သို့သော် ဒေါ်စုကို ယုံပြီး စောင့်ကြည့်ပေးပါဘုရား…
    စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာထွက်လာသည်အထိ ထိုင်သိတ်မလုပ်ဘဲ စောင့်ကြည့်ရန် သင့်လျော်ပါကြောင်း ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား..
    (တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစေလိုသူ)

  10. သမတကြီးကလုပ်ပေးနိုင်မယ်ထင်လိုဆိုတော့ အခုဟာက OIC မဟုတ်ဘူးလေ အခုဟာက ၀ တို.ရဲ. ၀မ်းပေါင်း ဖြစ်နေတာကိုသတိထားဘို.လိုပါတယ်။

  11. တရားဥပဒေ ဆိုတာလည်းရှိသေတယ် တရားဥပဒေအတိုင်းမလုပ်ရင် အရေးယူမှုတွေ ဖြစ်လာနိုင်ပါတယ်။တရားဥပဒေ စိုးမိုမှု နဲ.ပတ်သက်ပြီး တော်တော့ပြောနေတဲ့အချိန်မှာအစိုးရ
    အနေနဲ.လည်း တရားဥပဒေနဲ. အညီဆောင်ရွက်သွားမယ်လို.ယူဆရပါတယ်။ဒါကြောင့်အားလုံး
    ကအထူးသတိထားဘို.လိုပါတယ်။

  12. သမတကြီး တောင်းပန်တာရော အရေးယူတာရော ပြန်ပြင်ဆင်ဖို့တွေပါ လုပ်ရမှပါ

    မလုပ်ရင် နောက်ပြန်လှည့်တာပါဘဲ

    တရုတ်ကိုကြောက်ရတယ်လို့တော့ ၀န်ခံတဲ့သူက ၀န်ခံသွားပြီ

    မကြောက်ဘူးဆျိုတဲ့ အကြောင်း ပြည်သူတွေက ပြကြမယ်

    ဒါကိုလည်း လက်မခံရင်လိမ်ဆင် ပေါ်လာမှာပေါ့

    • အားလုံးကိုဖွင့်ဟစေချင်တယ်။ နောက်ပြီး သမ္မတကြီးအရမ်းပင်ပန်းနေပြီးဆိုတာလည်းသိပါ တယ်။ ဒါပေ့မယ် တတ်လှမ်းနေကျလှေကားတစ်ခုလို သတ်မှတ်ပြီး ကြိုးစားပေးပါအုံး။ ဘာ အကြောင်းကိုမှ ပြန်လှည့်မကြည့်ဘဲ သမ္မတကြီးရုန်းထွက်နေတယ်လို ထင်မြင်မိပါတယ်။ ဒါကြောင့် ပြည်သူတွေကို အားကိုးလို၇ပါတယ်။ ဘယ်သူကိုမှ ဘာအကြောင်းကြောင့်မှ အရှုံး မပေးပါနဲ့။ မိဘတိုင်းဟာ သားသမီးတိုင်းအတွက် ပူပင်ရစမြဲပါ။ သမ္မတကြီး ကျန်းမာပါစေ။ အမေစုလည်း ကျန်းမာပါစေဆိုတာကတော့ ကျွန်မရဲ့ ဖြစ်စေချင်ဆုံးဆုတစ်ခုပါ။ ကျွန်မတို့ နိုင်ငံသားတွေက မရင်းနှီးဘူးသေးတဲ့ အပြောင်းအလဲကြောင့် အခွင့်အရေးအများ ကြီး ယူသလိုဖြစ်သွားခဲ့ရင် လည်းသည်းခံ ပေးစေချင်ပါတယ်။ နောက်ပြီး ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။ အကြောင်းရင်းကိုသာရှာဖွေဖြတ်တောက် ဖို့လိုပါတယ်။ လုပ်ကြံမှုတွေဖြစ်နိုင်သလို ကြိုးကိုင်မှုလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး အကောက်ကြံမှုလည်းဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် စိတ်ဓါတ်မကျဘဲ ကြိုးစားပေးစေချင်ပါတယ်။

      အမြန်ဆုံး ပဋိပက္ခတွေဖြေရှင်းနိုင်ပါစေ။

  13. We should be patient until the result of comission.

  14. Dictator’s son becomes dictators .
    Junta’s son becomes Juntas .
    At last , civilians , monks , woman and children are suffered and died because
    no law and justice rule in Burma .
    New government is come from where ? Dictator ? Junta ? Killers ?
    I believe nobody can’t solve this problem . Wait and see . Dictators are still alive .

  15. ဒေ၀ဒတ် လည်းမြေမြို ခါနီး တော့ ဘုရားကို တောင်းပန် ရှိခိုးကန်တော့ရှာပါတယ်။
    အပြစ်လုပ်တဲ့သူတွေရဲ့ မကောင်းကံတွေ ကအ၀ီစိ ကပြန်တက်ဘို့ မရှိ ပါဗျာ။ တကယ်ခံရတဲ့
    သံဃာတွေကို ထိထိရောက်ရောက် တောင်းပန်ရင် ငရဲက လွတ်နိုင်လိမ့်မယ် လို့ မျှော်လင့်နိုင်ပါ သေးတယ်။ မဟန က ခံရသူများ ကိုယ်စားခွင့်လွတ် ပေးလို့ရ-မရ။ သို့မဟုတ် အပြစ်ကြီး ပြုလုပ်သူများ၏ ကိုယ်စား မဟန မှ မည်သို့ တောင်းပန်မည်လဲ။ ထုံးစံ အတိုင်းမျက်နှာကြီးသူများ ဘက်လိုက်၍ ခံရသူ သံဃာများကိုပင် အကြောင်းမျိုးစုံ စွပ်စွဲ လူဝတ်လဲခိုင်း အုံးမှာလား ..??????? ညောင်ဦးမှာ ကမ်းပါးပြိုတာ စပ္ပနဂိုရ် ပြည်ပျက်တာနဲ့ ဘာမှ မဆိုင်ပါ။ ထိပ်ပေါက်တာ ခြေထောက်ဆေးထည့် လို့ပျောက်ပါ့မလား၊ ငရဲရောက်မှ ဆုံကြမယ် ဇတ်ကားမရိုက်စေချင်ပါ။

  16. မင်းကြီးညို

    နတ်စင်တရာဆရာတော်ကြီးက နောက်ထပ်သွေးထွက်သံယိုတခုဖြစ်ရန် ရှိသေးကြောင်း
    ပြည်တွင်းထုတ်ဂျာနယ်တစောင်မှာ ဖတ်လိုက်ရတယ်။ သံဃာတော်အရှင်သူမြတ်များ သီးခံ
    ခွင့်လွှတ်တော်မူကြပါဘုရား။ နတ်စင်တရာဆရာတော်ကြီးဆိုတာက သာသနာရေးသက်သက်
    ကိုသာ ဆောင်ရွက်တော်မူပါတယ်။မည်သူ့ကိုမျှ ဝေဖန်ခြင်း၊ပြစ်တင်ခြင်းမရှိခဲ့ပါ။ သဗ္ဗေသတ္တာ
    ကမ္မသကာလို့ပဲသဘောထားတော်မူတယ်။ စတုဒိသာ အကြိမ်(၁၀၀)ပြည့်အောင် ကျွေးမွေးနေ
    ပါတယ်။ လူရိုသေ၊ ရှင်ရိုသေ ဆရာတော်ကြီးပါ။ အရှင်ဘုရားတို့လည်း ဤဆရာတော်ကြီးကဲ့သို့
    သဗ္ဗေသတ္တာ ကမ္မသကာ သဘောထားပြီး ကျင့်ကြံတော်မူကြပါဘုရား။