ရဲများ၏ သြဝါဒခံယူပွဲ မုံရွာဒေသခံများ ရှုတ်ချ | ဧရာဝတီ
ရဲများ၏ သြဝါဒခံယူပွဲ မုံရွာဒေသခံများ ရှုတ်ချ
Hits:1
  | |
သြဝါဒခံယူရန် ရောက်ရှိလာသည့် မုံရွာရဲများကို ဒေသခံပြည်သူများက ဝိုင်းကြည့်နေစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်သည့် သြ၀ါဒခံယူပွဲကို မုံရွာလူထုက ရှုတ်ချခဲ့ကြောင်း သိရသည်။
နေ့လည် ၂ နာရီတွင် သြ၀ါဒခံယူပွဲဟု အမည်ပေးထားသည့် အစီအစဉ်သို့ ဆရာတော် အပါး ၂၀ ဖိတ်ခဲ့သော်လည်း ၁၀ ပါးသာ အချိန်အတော်နောက်ကျမှ ကြွရောက်လာသည်။
အစီအစဉ်တွင် ဒဏ်ရာရ သံဃာအများစု ပါဝင်သည့် ဇောတိကကျောင်းတိုက်မှ ဆရာတော်ကို သြ၀ါဒပေးရန် ထည့်သွင်းခဲ့သော်လည်း ဆရာတော် ကြွရောက်လာခြင်း မရှိသဖြင့် အုတ်ကန်ကျောင်း ဆရာတော်က သြ၀ါဒပေးသည်။
စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုက သပိတ်စခန်းမှ သံဃာတော်များကို လူစုခွဲရာတွင် လူအင်အားအနည်းဆုံး တတ်နိုင်သမျှ ထိခိုက်မူမရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးတို့ကိုသာ အသုံးပြုခဲ့သည်ဟု ပြောနေသည့် အချိန်တွင် ၀င်ရောက်နားထောင်နေသည့် ဒေသခံလူစုက ညာနေတာ၊ လိမ်နေတာဟု အသံပြုခဲ့ကြသည်။
သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ တာဝန်အရ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်ပါရန် ရဲမှူးကြီး ဦးစန်းယုက လျှောက်ထားခဲ့သည်။
ရဲမှူးကြီး ဦးစန်းယု ဆရာတော်များကို လျှောက်ထားအပြီးတွင် ဆေးရုံသို့ရောက်နေသည့် သံဃာများအတွက် လှူဖွယ်ပစ္စည်းများ ကပ်လှူသည့်အခါတွင် ၀င်ရောက် နားထောင်နေသည့် မုံရွာလူထု ၈၀ ကျော်က မကျေနပ်ကြောင်း ပြောဆိုကာ အခမ်းအနားပြုလုပ်နေသည့် သာသနာ့ဗိမာန်မှ ထွက်ခွာသွားခဲ့သည်။
“ဒါက ဆင်ခြေပေးတာပါ။ သူတို့ပြောချင်တာပြောတာ၊ ပြည်သူတွေက ဘာမှ မသိဘူး။ ဒီလိုမျိုး အခမ်းအနား လုပ်မယ်ဆိုတာလည်း မသိရပါဘူး။ ပင့်လာတဲ့ဘုန်းကြီးတွေကလည်း ဒီကိစ္စနဲ့ဘာမှ မပက်သက်တဲ့သူတွေ ” ဟု သာသနာ့ဗိမာန် အပြင်ဘက်သို့ အော်ဟစ်ကာထွက်လာသူ မုံရွာမြို့ခံတဦးက ပြောသည်။
“တောင်းပန်ပါတယ်၊ မှားပါတယ်လို့ တခွန်းမှ မပြောသွားဘူး။ ပြောတဲ့လေသံကလည်း မာထန်နေတာပဲ။ မီးခိုးဗုံးပဲ သုံးတယ်ဆိုရင် ဘယ်လိုလုပ် မီးလောင်တာလဲ။ ဒီလိုပြောတာတွေကို မုံရွာကလူတွေ လုံးဝလက်မခံသလို မကျေနပ်ဘူးလို့ ပြောပါရစေ” ဟု ယင်းမြို့ခံက ပြောသည်။
“ကန်တော့တောင်းပန်တဲ့သူတွေက အနောက်ဘက်ကမ်းက လူတွေ ပါ မပါ မသိဘူး ” ဟု ယင်းသြ၀ါဒခံယူပွဲသို့ တက်ရောက်လာသူ ရဲအရာရှိတဦးက ပြောသည်။ လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲမှူးကြီး ဦးစန်းယုက “ဖြေဖို့ကို မရှိတာ” ဟု မီဒီယာများ၏ အမေးကို တုန့်ပြန်ခဲ့သည်။
“ဘုန်းကြီးတို့ လုံးဝလက်မခံပါဘူး။ သွားစရာအကြောင်းလဲ မရှိပါဘူး ” ဟု သပိတ်အောင်မြင်ရေးကော်မတီမှ ဆရာတော် ဦးတေဇက ပြောသည်။
ယင်းသြ၀ါဒခံယူပွဲနှင့်အပြိုင် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို ရှုတ်ချသည့်လှုပ်ရှားမူ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သြ၀ါဒခံယူပွဲ ပြုလုပ်စဉ် ပြင်ပတွင် မုံရွာမြို့သားများက ၀ိုင်းအုံကြည့်ရှုခြင်းသာ ပြုလုပ်ခဲ့သည်။
ထိုသြ၀ါဒခံယူပွဲသို့ မုံရွာမြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင် ၁၂၀ ကျော် တက်ရောက်ခဲ့ပြီး ဆရာတော်အပါး ၂၀ သို့ ဒဏ်ရာရ ကိုယ်တော်များအတွက် စောင်၊ သင်္ကန်းနှင့် တခြားပစ္စည်းများ လှူဒါန်းခဲ့သည်။
25 Responses
Leave a Reply
  1. ရဲမှူးကြီးကလဲ..တာဝန်အ၇လုပ်၇ပါတယ်ဆိုတော့….မီးလောင်ဗုံးနဲ့ဖြိုခွင်းဘို့..အမိန့်ထဲမှာပါသလား…ကိုယ့်ဟာကိုယ်လက်တဲ့စမ်းတာလား….ခင်ညွှန့်ပြောသလို…..ခိုင်းလို့လုပ်၇တယ်ဆိုပါတော့…..ဘယ်သူခိုင်းမှန်တော့မသိဘူး…နေ၀င်းလက်ထက်ကလဲ…ကျောင်းသားသမဂကို..ဖြိုတုံးကလဲဒီလိုပါဘဲ…တယောက်နဲ့တယောက်လွှဲချပြီး..ရှောင်နေကျတယ်…..သမတကြီးလဲ..အသံမထွက်ဘဲ…ဘယ်နားသွားပုန်းနေလဲမသိဘူး…တော်သေးတာပေါ့..နိုဘယ်ဆုမပေးမိလို့..
    • အားလုံးက မခံခြင်စိတ်နဲ့ အော်တာလား ဒီမိုကရေစီသွားဖို့အော်တာလား ကိုယ်ပိုင်ဆို
      င်တာဆုံးရှုံးမခံခြင်လို့လား။
      နာမည်မက်လို့အော်တာလား။ဘာကြောင့်အော်အော်ခေါင်းဆောင်ရှိသော တာဝန်ယူသောအော်ချင်းသာ ဒီမိုကရေစီ နှင့်ညီပါသည်။
  2. “ကန်တော့တောင်းပန်တဲ့သူတွေက အနောက်ဘက်ကမ်းက လူတွေ ပါ မပါမသိဘူး ”၊ လုံးဝမပါ ပါဘူး။ အရှေ့ဘက်ကမ်းက ကိုယ်စားလှယ်အဖြစ် တက်ပေးတာပါ။ ရဲမှူးကြီး စန်းယုက “ဖြေဖို့ ကို မရှိတာ” မဟုတ်ပါဘူး။ သူဆရာတွေက အဖြေကို ထည့်ကိုမပေးလိုက်တာပါ။
  3. l think that is…..
  4. I lisen to MRTV. San Yu is big liar.
    But he may promote his rank because he tell untruths.
  5. ဘုန်းကြီးခေါင်းခေါက်ပြီျးမှ ကန်တော့ပါလို့ ပြောရင် ရပါသလား။အစကတည်းကမစဉ်းစားဘူးလား။ ပြည်သူတွေ ပါးစပ်ကအော်တောင်းနေရုံနဲ့တော့
    ဒီမိုကရေစီဆိုတာမရနိုင်ပါဘူး။တိုက်ယူမှ ရမှာပါ။ ဒါကြောင့်မို့ လက်နက်တွေစုဆောင်းကြပါ
    နိုင်ငံခြားနှင့် အဆက်အသွယ်လုပ်ပါ။အကူအညီယူပါ။မပိုင်းသေးလျှင်မစပါနှင့်၊ပိုင်ပြီဆိုလျှင်နိုင်
    ငံအနှံ့ တစ်ပြိုင်တည်းသူချကိုယ်ချပုံစံနှင့်တိုက်ယူပါ။
    • ဒီမိုကရေစီကိုလွယ်လွယ်နဲ့တော့မရနိုင်ဘူးဆိုတာသိထားပါတယ်။ ဒါပေမယ့် သမ္မတကို
      နိုင်ငံတကာကဆုတွပေးလိုက် ချီးကျူးလိုက်နဲ့ သူတယောက်တည်းအနည်းစုနဲ့ လုပ်ယူလို့
      မအောင်မြင်နိုင်တာသိသာလာပါပြီး။
      ယခင်ကတည်းကစစ်အစိုးရဟာ တနိုင်ငံစလုံးကိုချုပ်ကိုင်ဖို့ အရေးကြီးတဲ့ဌာန၊
      တွေ၊ လုပ်ငန်းတွေ မှာ စစ်ထွက်တွေ၊ B ပိုးတွေ့တဲ့ အငြမ်းစားတွေ အုပ်ချုပ်ဖို့
      ဖြန့်ကျက်ထားပြီးဖြစ်ပါတယ်။ ဒီမိုကရေစီ ဘယ်လိုပဲပေးပေး နေရာတိုင်းမှာ စစ်အုပ်ချုပ်ေ၇း စိတ်ဓာတ်တွေ့ကကြီးစိုးနေပါပြီး ။
      စစ်မှန်တဲ့ဒီမိုကရေစီ ကို မြန်မာနိုင်ငံလိုနေရာ
      မျိုးမှာလိုချင်ရင် တိုက်ယူနိုင်မှရမယ်ဆိုတာမှန်ပါတယ်။ တိုင်းရင်းသားတွေစုစည်းကြပါ
      စည်းလုံးကြပါလို့ပဲပြောချင်ပါတယ်။
    • စစ်မှန်သော ဒီမိုကရေစီ ကိုမြန်မာနိုင်ငံလိုနေရာမျိုးမှာလိုချင်ရင် တိုက်ယူမှရမယ်
      ဆိုတာမှန်ပါတယ်။ တိုင်းရင်းသားတွေစည်းလုံးကြပါ ။ ပြည်တွင်းစစ်ဖြစ်စေချင်လို့
      မဟုတ်ပါဘူး။ နည်းလမ်းရှာပြီးတုန့်ပြန်ကြပါ။
      • သူတို့ကအေးအေးဆေးဆေးမပေးချင်ဘဲဆက်တိုက်လုပ်ဆောင်
        လာခဲ့ရင်တော့ကျောင်းမှန်းကန်မှန်းသိအောင်တော့ပညာပေး
        တဲ့အနေနဲ့တိုက်ရတော့မှာပေါ့။အဲ့ဒီအခါကြရင်တော့တိုင်းပြည်လည်း
        နာပြီပေါ့။သူတို့လည်းကဒါဖီလိုခွေးသေဝက်သေ သေကြရတော့မှာပေါ့။
        သူတို့ကအလုံးစုံပျက်သုန်းရေးကိုလုပ်ချင်နေတာကိုး။သာအေးတို့။ကြံ့ဖွတ်တို့
        ကအလုံးစုံပျက်သုန်းမှနေသာထိုင်သာရှိမဲ့ပုံဘဲ။ကြံ့ဖွတ်တစ်ချို့ကဦးသိန်းစိန်
        တစ်ယောက်တည်းဆုတွေရ မျက်နှာရတာကိုမနာလိုကြဘူးလေ။သန်းရွှေ
        တို့မောင်အေးတို့လည်းအနောက်ကနေမျက်မှောင်တစ်ကြုံ့ကြုံ့ဖြစ်နေမှာ
        ပေါ့။ငါတို့ဆင်းပေးလို့ခင်းပေးလို့မင်းဒီလိုဖြစ်လာတာငါတို့ကိုမကလန်နဲ့
        နော်လို့အမောက်ထောင်ပြတာပေါ့။ သူတို့လုပ်ချင်တိုင်းလုပ်လို့ရတဲ့ပြည်
        သူတွေမဟုတ်တော့ဘူးဆိုတာသူတို့မသိရင်တော့။တွေ့ကြမှာပေါ့မကြာ
        ခင်…
  6. Slapping one man’s cheek intentionally and caused pain, then say sorry with lip’s service may not heal the wound, especially emotional pain and scar.
  7. “စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုက သပိတ်စခန်းမှ သံဃာတော်များကို လူစုခွဲရာတွင် လူအင်အားအနည်းဆုံး တတ်နိုင်သမျှ ထိခိုက်မူမရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးတို့ကိုသာ အသုံးပြုခဲ့သည်”ဟု မိုးလုံးပြည့်မုသား ပြောတုန်းပါပဲလား။ “လုပ်ချင်တာကိုလုပ်၊ ပြီးရင် ငြင်း” ဆိုတဲ့ စစ်အစိုးရ အဆက်ဆက်ကျင့်သုံးခဲ့တဲ့ လှည့်ကွက်ပါ။
    “သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ တာဝန်အရလုပ်ဆောင် ရခြင်း ဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်ပါရန် ရဲမှူးကြီး ဦးစန်းယုက လျှောက်ထားခဲ့သည်။” လို့ ဆိုထားတော့ သံဃာတော်တွေကို လောင်တိုက်သွင်းဖို့ တာဝန်ပေးထားတယ်ပေါ့။
  8. အမိန်ပေးတာဘယ်သူလဲ။တာဝန်အရှိဆုံးက ဘယ်သူလဲ
    အဲဒီလူကမတောင်းပန်ဘူးလား။ရဲ-ကိုဘယ်သူခိုင်းတာလဲ
    ရဲ ဘဝ မလုပ်တော့ပြုတ်၊လုပ်တော့အပြောခံရ။
    တောင်းပန်ရနဲ့။ စစ်သားလူထွက်တွေ လူပါးဝတယ်။
  9. ဖိုးလုံး
    ရှေ့ဆုံးကရဲနှစ်ယောက်က သွားနေရင်းပြောသွားကြတယ် ” ဟင်းဟင်း..လုပ်တော့သူများတွေ။
  10. ကိုသီဟမင်းပြောတာ မှန်ပါတယ်။ သူ က ဆရာ့တပည့်ကောင်းလေ။ ဒါကြောင့် ရဲမှူးကြီးဖြစ်လာတာ ပေါ့။ နောက်မဟုတ်ရင်တော့ စခန်းမှူးလောက်နဲ့ ပင်စင်ယူရမှာ။ လာတောင်းပန် တယ်ဆိုတာ တော့ ကောင်းပါတယ်။ လူထုကလည်း နားလည်ပါတယ်။ သူတို့တာဝန် အရလုပ်ရတယ်ဆိုတာကို။ အမိန့်ပေးတဲ့ လူမှာသာ အပြစ်ရှိတာပါ။
  11. (ထိုသြ၀ါဒခံယူပွဲသို့ မုံရွာမြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင် ၁၂၀ ကျော် တက်ရောက်ခဲ့ပြီး ဆရာတော်အပါး ၂၀ သို့ ဒဏ်ရာရ ကိုယ်တော်များအတွက် စောင်၊ သင်္ကန်းနှင့် တခြားပစ္စည်းများလှူဒါန်းခဲ့သည်။)
    သံဃာတွေကိုရိုက်တာအဲဒီ(၁၂၀)လား။ ဟုတ်ရင် သူတို့ကိုမေး။ မဟုတ်ရင် ရိုက်တဲ့လုံထိန်းတွေကို စစ်မေးပေါ့။ ဘယ်သူပေးတဲ့အမိန့်လဲ။ မီးလောင်ဗုံးဘယ်ကရသလဲ။ ဗမာနိုင်ငံက SB တွေ စစ်လိုက်ရင် ပေါ်ပါတယ်။ SBက စစ်ရင် ငရဲသားတောင်မခံနိုင်တာ။
  12. ရဲတို့ စစ်တပ်တို့ က ကိုယ့်လူမျိုးချင်းတို့  ကိုယ့်တိုင်းရင်းသားချင်းတို့ ဆို လက်သံပြောင်ပါ ဗျာ။ ပေါက်ဖေါ်ကြီးဆို ခေါင်းတချက် မော့ မကြည့်ဝံ့ဘူး။ ပြောတော့ တိုင်းပြည်ငြိမ်းချမ်းရေး- လုပ်တော့ ကိုယ်လူမျိုး မျိုးတုန်းပျေက်ကွယ်ရေး- ဘယ်သူသေသေ ငတေ မာပြီးရော ဆိုတဲ့ လူရမ်းကားတွေ- ဒီပုံစံ ဒီသောက်ကျင့်မျိုးနဲ့  တိုင်းပြည်က မွဲသထက်မွဲ-ဆင်းရဲသထက် ဆင်းရဲဦးမယ်-ရပါလိမ့်မယ်- တိုင်းပြည်ငြိမ်းချမ်းရေး- အပြောနဲ့ အလုပ် တခြားစီ။ စစ်တပ်က အစိုးရ အမိန့်  မနာခံ- ကိုယ်ထင်ရာကိုယ်စိုင်း- အစိုးရက အပစ်ရပ်ရေးပြော- စစ်တပ်က တိုက်-အော် ဖြစ်မှ ဖြစ်ရလေ-
    တိုင်းပြည်တခု အစိုးရ နှစ်ခု- ဟေး လိုက်လဲ လိုက်ပါ့ကွာ- နောက်ကြောင်းပြန်မှာ စိုးရိမ်းကြသတဲ့- ဘယ်တော့မှ နောက်ကြောင်းမပြန်ဘူး-စိတ်ချ- ဘာဖြစ်လို့ လဲဆိုတော့ နောက်ကြောင်းပြန်ဘို့  ရှေ့ ကို မလှမ်းရသေးဘူး- ဒါကြောင်း နောက်ကြောင်းမပြန်ဘူးပြောတာ။
  13. ဘကျော်ထူး
    အဲဒီ မြန်မာလို ပလိပ်လို့  ခေါ်တဲ့သတ္တ၀ါတွေက လူရော ရောဂါရော မကောင်းတဲ့ အကောင်တွေပါ။
  14. ခိုင်းတာပဲလုပ်တတ်တာကိုဘာလို့ခေါ်လဲ။
  15. ငရဲမှတပါး အခြားမရှိ။ လုပ်တုံးကစဉ်းစားပါလား။ မသိလို့ လုပ်ခဲ့ တာမဟုတ်ဘဲ၊ သေစေ ပျက်စေ နာစေ ဆိုတဲ့ စိတ်
    စေတနာဆိုးတွေနဲ့ တရုတ်ကို မျက်နှာလိုမျက်နှာရ လုပ်ခဲ့ကြတာ အသိသာကြီးပါ။ ဒီလောက် ပြင်းပြင်းထန်ထန် လုပ်စရာ အကြောင်းပြချက်က တရုတ် ကို ဖါးတာလို့ဘဲမြင်တယ်။
  16. ဦးမင်းမြတ်သူ
    ရဲတွေဘက်ကလည်း အထက်အမိန့် ကိုနာခံရတော့ သူတို့ ဘက်က ကြည့်တော့လည်း မှားတော့မမှားပါဘူး။ ရဲမှူးကြီး စန်းယုကို ပြောချင်တာကတော့ အထက်ကအမိန့် ပေးတိုင်း လုပ်သင့်တာကိုပဲလုပ်ပါ။ မလုပ်သင့်တာကိုမလုပ်ပါနဲ့ ။ ရဲမှူးကြီးအဆင့်ဆိုတာက Commender အဆင့်ပါ။ ငြင်းပယ်လို့ ရပါတယ်။ အဲဒီလို ငြင်းပယ်လိုက်လို့  ရဲမှူးကြီး မှာ အခက်တွေ့ တယ်ဆိုရင် ရဲမှူးကြီးရဲ့ အနောက်မှာ ပြည်သူတွေ ရှိပါတယ်။ ပြည်သူချစ်တဲ့ ရဲတွေ ဖြစ်အောင် တည့်မတ်ပေးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
  17. Ye Min Gyi,
    Your family will get shame and suffer mentally because of what you have done.
  18. Actually, police’s work is totally not relate to the army.
    But now all of high level ranks are army officers.
    It is the basic fault.
  19. ရခိုင်.ဘဂ်လားအရေးတုန်းက ကိုယ့်နိုင်ငံကိုခိုးဝင် ကိုယ့်လူမျိုးကို စော်ကားတဲံ့ သူတွေ ကြတော့ဒီလို ဗုံးမျိုးကို မသုံးဘဲ ကိုယ့်လူမျိုး သာသနာ စောက်ရှောက်ပေးဘို့ အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာဆန်ဒဖေါ်ထုတ်တဲ့လူတွေကြရက်ရက်စက်စက်လုပ်ရဲတယ် ကိုယ့်လူမျိုးအခြင်းခြင်းကြအရမ်းသတိ ရှိကြတယ် သူများနဲ့ဆိုရင်တော့…………..
  20. တာဝန်အရလုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာခွင့်လွှတ်ပါရန် လျှောက်ထားတဲ့တကာကြီး
    တာဝန်အရ လျှောက်ထားလာတော့ ဘုန်းဘုန်းကခွင့်လွှတ်တယ် တကာကြီး
    တာဝန်အရ လောကဒယ်အိုး ကြီးက စောင့်နေတယ်တကာကြီး
  21. မေတ္တာရှေု့ထား
    ဗုဒ္ဓဘာသာတွေနော်၊ကံကြီးထိုက်တဲ့ကိစ္စဖြစ်နေတယ်၊မလုပ်ခင်ကတဲကသေသေချာချာစဉ်းစားသင့်တယ်