ကချင်ကို အပြတ်ချေမှုန်းရန် ကြံ့ခိုင်ရေးပါတီ အမတ် လွှတ်တော်တွင် ပြော | ဧရာဝတီ

ကချင်ကို အပြတ်ချေမှုန်းရန် ကြံ့ခိုင်ရေးပါတီ အမတ် လွှတ်တော်တွင် ပြော

Hits:9,237
  | |

၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ကျင်းပသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံသို့ သမ္မတ ဦးသိန်းစိန် လာရောက်နှုတ်ဆက်စဉ် (ဓာတ်ပုံ – ကောင်းညီဟန် /ဧရာဝတီ)

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အပြုတ်တိုက် ချေမှုန်းနိုင်မှသာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်ကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော်အမတ် ဦးလှဆွေက ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြောဆို ဆွေးနွေးကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက “ကမ္ဘာပေါ်မှာ စစ်ပွဲတွေ ကြည့်လိုက်၊ ညှိမရလို့ တိုက်နေတာချည်းပဲ။ လက်ရှိဖြစ်နေတဲ့ မာလီမှာ ပြင်သစ်တွေ ၀င်တိုက်နေတာ ညှိမရလို့ပဲ။ ကိုလံဘီယာဆိုလည်း အဲဒီလိုပဲ” ဟု ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အင်တာဗျူးတွင်လည်း ဖြေဆိုထားသည်။

အမေရိကန်နှင့် ဂျပန်တို့အကြား ဖြစ်ပွားခဲ့သည့် ဒုတိယ ကမ္ဘာစစ်သည်လည်း ညှိမရသည့်အတွက် ဗုံးကြဲလိုက်မှသာ ကမ္ဘာစစ်ပြီးဆုံးသွားကြောင်း ဒု ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေက ဥပမာပေး၍ ပြောဆိုသည်။

“ဗုံးနှစ်လုံး ကြဲထည့်လိုက်တော့မှ ဟိုကောင်တွေက ချက်ချင်းလာပြီးတော့ စစ်သင်္ဘောကြီးပေါ်မှာ လာပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုးသွားတယ်၊ လက်နက်ချပါပြီ ဆိုပြီးတော့။ ဒီတော့ ကျနော်ပြောလိုတာက ရွှေလက်နဲ့ ခေါ်နေတုန်း မလာတဲ့ KIA ကိုလည်းပဲ Bullet ပေးလိုက်ရင် ကောင်းမလားပေါ့” ဟု ဆိုသည်။

ဦးလှဆွေ၏ ပြောဆိုမှုသည် စစ်တပ်၊ အစိုးရအဖွဲ့နှင့် ၎င်းတို့ ကိုယ်စားပြုထားသည့် နိုင်ငံရေးပါတီ၏ အာဘော်ဖြစ်ပြီး ၎င်းတို့၏ ရင်ထဲမှ ဆန္ဒအမှန်ကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်ကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ဧရာဝတီသို့ ပြောသည်။

“တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး မလုပ်ချင်လို့ တသက်လုံး ဟန်ဆောင် လိမ်လည်လာတာတွေကို ဖော်ပြလိုက်တာပဲ။ ဒီလို ပြောစကားကြောင့် နောက်ဆက်တွဲ ဖြစ်လာတာကိုလည်းပဲ သူတို့က တာဝန်ယူရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

သီရိလင်္ကာနိုင်ငံ၌ တမီလ်သူပုန်များအား အစိုးရက အပြုတ်တိုက်ပုံနှင့် အမေရိကန်နှင့် ဂျပန် စစ်ပွဲသည်လည်း ဂျပန်ကို ဗုံးကြဲလိုက်၍ ငြိမ်းချမ်းရေးရကာ လက်ရှိတွင် ဂျပန်နိုင်ငံ တိုးတက်နေပြီ ဖြစ်ကြောင်း၊ KIA ကို အပြုတ် တိုက်နေခြင်းသည်လည်း ငြိမ်းချမ်းရေးအတွက် ဖြစ်ကြောင်း စသည့်ဖြင့် ဦးလှဆွေက ဆွေးနွေးသည်ဟု လွှတ်တော်အမတ်များက ပြောသည်။

“KIA ကို အပြတ်ချေမှုန်းနိုင်မှ ငြိမ်းချမ်းရေးရမယ်။ ဥပမာ – ဂျပန်ကို အမေရိကန်က ဗုံးကြဲပြီးမှ ငြိမ်းချမ်းရေး ရတယ်။ သီရိလင်္ကာမှာ တမီလ် သူပုန်တွေကိုလည်း သမ္မတက အပြတ်ချေမှုန်းပြီးမှ ပြည်တွင်းငြိမ်းချမ်းရေး ရတယ်ဆိုပြီး KIA ချေမှုန်းရေးကိစ္စကိုပဲ စောင်းပေးဆွေးနွေးတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ “ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဘက် ယုံကြည်မှုရှိမည့် ခိုင်မာသော အခြေခံမူများ ချမှတ်ပေးရေး” အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်၍ ဦးလှဆွေက KIA ကို အပြတ်ချေမှုန်းရေးကိစ္စ ဆွေးနွေးခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းအဆိုနှင့် ပတ်သက်၍ စုစုပေါင်း ၂၉ ဦး ဆွေးနွေးရန်ရှိပြီး ယမန်နေ့က ၁၄ ဦး ဆွေးနွေးကာ ကျန်လွှတ်တော် ကိုယ်စားလှယ်များက ယနေ့ ဆွေးနွေးမည်ဟု သိရှိရသည်။

ကချင်စစ်ပွဲနှင့်ပတ်သက်၍ ယမန်နေ့က ၁၄ ဦး ပါဝင်ဆွေးနွေးကြရာတွင် တပ်မတော်သား ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၉ ဦး၏ ဆွေးနွေးမှုသည် KIA အား အပြတ်ချေမှုန်းရေးကိုသာ ဦးတည်ဆွေးနွေးကြကြောင်း၊ တိုင်းရင်းသား ကိုယ်စားလှယ်များကမူ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီး ယုံကြည်မှု တည်ဆောက်ရေး ကိစ္စကို စောင်းပေး ဆွေးနွေးကြကြောင်း ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။

၎င်းက “နယ်မြေတခုကို ခဏ အပိုင်သိမ်းနိုင်ရုံနဲ့ ထာဝရ ငြိမ်ချမ်းရေး မရနိုင်ဘူး။ ဒီတော့ အပြတ်ချေမှုန်းရေး ပြောမယ့်အစား တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကသာ ငြိမ်းချမ်းရေးရမယ့် ကိစ္စတွေ အဖြေရှာရမယ်။ နိုင်ငံရေးအရ ဆွေးနွေးနိုင်မှသာ ပြည်တွင်း ထာဝရ ငြိမ်းချမ်းနိုင်မှာပါ” ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် ၆၆ နှစ်ရှိဖြစ်၍ ထာဝရငြိမ်းချမ်းရေး ကိစ္စကိုသာ အဓိက ဦးစားပေး ဆွေးနွေးသင့်ကြောင်း၊ တိုင်းရင်းသားအားလုံး တန်းတူရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးသည်လည်း ပြည်တွင်း ထာဝရ ငြိမ်းချမ်းရေးအတွက် အရေးပါကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

ကချင်အရေးနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး ကျော်ကျော်ထူးက ဆွေးနွေးရာတွင် အပစ်အခတ် ရပ်စဲရေးကို ပထမဆွေးနွေး သဘောတူညီမှု ရရှိပြီးမှသာ ကြာရှည်သည့် နိုင်ငံရေးဆွေးနွေးမှု (Political Dialogue) ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ပြောဆိုဆွေးနွေးကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများ၌ ရေးသားထားသည်။

KIA /KIO အဖွဲ့ကမူ အပစ်အခတ် ရပ်စဲမှုကို အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရကြောင်း၊ ထို့ကြောင့် နိုင်ငံရေး ဆွေးနွေးမှုကိုသာ ပထမ လုပ်ဆောင်လိုတော့ကြောင်း ပြောဆိုနေ၍ အစိုးရ စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများဖြစ်ပွားနေ ရခြင်းလည်း ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး ရလိုပါက နိုင်ငံရေးအရ မဖြစ်မနေ ဆွေးနွေးရန်နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ယုံကြည်မှု တည်ဆောက်နိုင်ရန် တတိယ အင်အားစု ကြားခံပုဂ္ဂိုလ်များထားရေး၊ လွှတ်တော်ပြင်ပ၌ နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်၍ အဖြေရှာပြီးပါက “ပြည်ထောင်စုမှ ခွဲမထွက်ရေး အာမခံချက် ပေးရေး” ကိစ္စများကို အစိုးရအနေဖြင့် လုပ်ဆောင်သင့်ကြောင်း ရှမ်း ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ ဦးစိုင်းကျော်ဇောသန်း ကလည်း ဆွေးနွေးသည်။

တိုင်းရင်းသား ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်သည် သီးသန့် ဖြစ်နေပြီး အာဏာ ပိုမိုရှိနေသည့် အဖွဲ့အစည်းဖြစ်၍ နိုင်ငံတကာ၏ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီကြောင်း၊ ထို့ကြောင့် ကချင်အား ထိုးစစ်မဆင်ရန် သမ္မတက အမိန့်ပေးသော်လည်း စစ်တပ်က လိုက်နာမှု မရှိပုံတို့ကို ထောက်ပြ ဆွေးနွေး ကြကြောင်း သိရသည်။

“ဒီမိုကရေစီ စနစ်သွားမယ်ဆိုရင် ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေမှာလိုပဲ စစ်တပ်ဟာ သမ္မတ လက်အောက်မှာ ရှိနေဖို့နဲ့ အာဏာ အရပ်ရပ်ဟာလည်းပဲ ပြည်သူတရပ်လုံးဆီမှာ ရှိဖို့၊ ပြည်သူ့ထံ အပ်နှင်းထားဖို့ လိုပါတယ်၊ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံထဲက ပြင်စရာ စာပိုဒ်အချို့ ပြင်ဆင်နိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။


63 Responses

Leave a Reply

  1. ဦးလှဆွေ က စစ်သားဟောင်း ဆိုတော့ စစ်ရေးနဲ့ ဖြေရှင်းဘို့ အကြံပေးတာ မဆန်းပါဘူး…သူဒီလောက် စိတ်သန် နေတယ် ဆိုရင်းလဲ သူ့ကို စစ်ဆင်ရေးမှူး ခန့်ပြီး ကိုယ်တိုင် သွားပြီး တိုက်ခိုင်းလိုက်ရင် ကောင်းမလားလို့….သဘောတူကြရင် လွှတ်တော်မှာ ဒီအဆိုကို တင်းသွင်းကြပါ….

    • မြန်မာ တိုင်းရင်းသူ

      အဲသည် လူကြီးကို စစ်ဆင်ရေးမှုးခန့်ပြီး ကိုယ်တိုင် ရှေ့တန်းမှာ စစ်သားလေးတွေနဲ့ လက်ရေတပြင်စီး သွားတိုက်ခိုင်းရင် ခဏပဲ ရမယ် ထင်တယ်။ နောက်ကြောကျည်မှန်မှာ သေချာတယ်။

      • နောက်ကြော ကျည်မမှန်ခင် သေနပ်ပြောင်းပြန် ပစ်မိလို့ ဟုတ်ပ ဖြစ်နေမှာ…ဒုဗိုလ်မှူးကြီး နဲ့ဘဲ အပြင်ရောက်သွားတာသာ ကြည့်တော့…..

  2. KIA should not only fight imperialistic Burmese troop, but also USDP, all the parties will also fight against USDP in the next election…then USDP will be vanished from the earth….remnants of USDP should also be trialed too.

  3. အင်း- ဒီလို အတွေးအခေါ်မျိုးတွေနဲ့ ပါလီမာန်ထဲရောက်လာတဲ့ လွှတ်တော်အမတ်တွေ ဘယ်နှစ်ယောက်များရှိလဲမသိဘူး-တိုင်းပြည်ကတော့ ငြိမ်းချမ်းတော့မယ်-သုဿန်တစပြင်လိုပေါ့- လူတယောက်မှ မရှိတော့တဲ့ ငြိမ်းချမ်းရေးမျိုးပေါ့- လူကလေး မောင်လှဆွေ ကချင်ကို အပြုတ်တိုက်လို့ ငြိမ်းချမ်းရေးတကယ်ရမယ်ထင်လား- အသက်ချင်းထပ် လောင်းရအောင်လေ- မငြိမ်းချမ်းရင်- စစ်တပ်က ဘယ်တော့မှ နိုင်ငံရေးမှာ မပါတော့ပါဘူးဆိုတဲ့ ကတိပေးမလား- အာဏာ အရသာကို စွဲမက်နေတာက –ဟင်း-ဟင်း- ကေ-အိုင်-အေ- မဟုတ်ဘူး-တိုင်းပြည်ကို လူထုဆန္ဒ မပါဘဲ လက်နက်နဲ့ ဗိုလ်ကျ စိုးမိုးနေတဲ့ စစ်တပ်ဗျ-စစ်တပ်- ဒီလိုစစ်တပ်က တိုင်းပြည်အုပ်ချုပ်ရေးမှာ ပါနေသမျှ တိုင်းပြည် ဘယ်တော့မှ မငြိမ်းချမ်းဘူး- ဘယ်တော့မှ အခြေခံလူထု ဘ၀ မတိုးတက်ဘူး-မသိရင် မှတ်ထား-

    • I agree with you. Our dream to democratic union seems evaporating and disappearing now. Too many idiots and stooges are in the house in Nay Pyi Taw.

  4. သောက်သုံးမကြတဲ့ကြံ့ဖွံ့က ဘာတွေရှောက်ပြောနေသလဲ? ဘာကြောင်းပြချက်နဲ့အဲဒီလိုပြောရ လဲ? အပြတ်ချေမှုန်းလို့ရမယ်ထင်လား? Union of Myanmar ဆိုတာဘာလဲ? ကျွန်တော်က “၀” လူမျိုးတယောက်ပါ။

    • မြန်မာ တိုင်းရင်းသူ

      သောက်သုံးမကျတဲ့ ကြံ့ဖွတ်က သူတို့ အဖွဲ့ရဲ့ အတွင်း စိတ်ထားမှန်တွေ လာပြောနေတာ နေမှာပေါ့။ အကြောင်းပြချက်ကတော့ ကချင်မြေမှာ ကျောက်စိမ်း လုပ်ခွင့်၊ တခြားစီးပွားရေး လုပ်ခွင့် ဂွင်တွေ သူတို့ အပိုင်လိုချင်လို့ ဖြစ်မယ်။ မြစ်ဆုံကို တရုတ်ကို လုပ်ပိုင်ခွင့် ပြန်ပေးချင်လို့ ဖြစ်မယ်။ Union of Myanmar ဆိုတာ သူ့ပထွေး ပေးတဲ့ အမွေလို့ သူတို့ ထင်နေပုံပဲ။ ကျွန်မက ဗမာလူမျိုးပါ။ ဒါပေမယ့် တိုင်းရင်းသားတွေ ကို တန်းတူထား လေးစားတယ်။ ဗမာတွေက တပန်းသာတယ်လို့ ဘယ်တုန်းကမှ မတွေး၊ လက်မခံဘူး။ လူတယောက်ရဲ့ တန်ဘိုးဟာ လူမျိုးနဲ့ မဆိုင်ဘူး၊ ကိုယ်ပိုင် အရည်အချင်းပဲ။ လူမျိုးတိုင်း ဘာသာတိုင်းမှာ လူတော် လူကောင်းတွေ ရှိသလို လူဆိုး လူညံ့ လူယုတ်မာတွေ ရှိတယ်။ သောက်သုံးမကျသူတွေလဲ အပြည့်ပဲ။

    • Dear Hu Aik
      I love your comment. Union of Myanmar or Union of Rapists or Union of Hitler, etc. We the ethnics need to have unity than before. UNFC seems taking long nap in Chang Mai. We all are made one by this Burmese assault on our Kachin brothers and sisters. Laiza may fall but it is not the end at all. Before Laiza was built, KIO/KIA already existed. The history lives on. Who betrayed or who is being betrayed. This is the history.

  5. Irrawaddy editors, can you at least add the party affiliations beside the names of the parliamentarian that you refer to in the articles? Please do not assume that every reader knows the names of the member of parliament and which party they are representing.

    To the ex-soldiers and soldiers in parliament, you have been destroying Burma for ages with a bigoted sense of fake nationalism and it’s high time you all leave the country to true civilian rulers. You guys were never good since the time of Ne Win and to this day, all you soldiers and cronies have no sense of shame whatsoever on the disastrous reign of the country since 1962.

    • Hla Swe is ex-military man and now representing USDP. He is not representing the people but USDP(United S****rs D**gy P**ps).

  6. စိတ်ရင်းအမှန်တွေကိုသိရတာပေါ့၊ဒီလိုအသိဥာဏ်မျိုးနဲ့အုပ်စုကိုယုံကြည်ဖို့၊အကောင်းမြင်ဖို့ပြောဆိုနေကြတဲ့သူတွေကိုလည်းအံ့သြတယ်။အမှောင်ဖုံးနေတဲ့လူတော်တွေကိုလည်းအမြင်မှန်ရဖို့(အမှန်မြင်နိုင်ဖို့)ဆုတောင်ပေးပါတယ်။

  7. အရင်က အဖြစ်တွေကို ခဏ ဘေးဖယ်ထားပြီး လက်ရှိအခြေအနေကို လက်တွေ.လုပ်ကြည့်တာ ခေတ်နဲ.ညီမယ်လို.ယူဆမိပါတယ်။ တကယ့်နိုင်ငံရေးသမား /ခေါင်းဆောင်ကောင်းတွေ ကတော့ ပြောင်းလွယ်ပြင်လွယ် ရှိခြင်း ဆိုတာကို ရှက်စရာ လို.မယူဆတတ်ကြပါဘူး။ KIA ခေါင်းဆောင်တွေက ရှက်စရာလို.ထင်ပြီး ပြောင်းလဲမပေးသေးတာက အဖြေလို.ထင်ပါတယ်။ အစိုးရပြောတဲ့အတိုင်း တဆင့်ပဲ လိုက်လျောပေးပြီး တကယ်ပဲ တိုင်းရင်းသားပေါင်းစုံပါတဲ့ညီလာခံ မလုပ်ပေးဘူးဆိုမှ လက်ရှိစွဲကိုင်ထားတဲ့မူကို ဆက်လုပ်ပေါ့။ ဒါဆို ကမ္ဘာ ကလဲ ထောက်ခံမှာပဲ၊တိုင်းရင်းသားအားလုံးတင် မကဘူး နိုင်ငံရေးအင်အားစုတွေ အားလုံး ပါလာလိမ့်မယ်။ပြည်သူတွေလဲ အသက်ရှူချောင်မယ်၊(လူသစ်တောင် ပိုပြီးစုဖို.အချိန်ရသေးတယ်)။ လက်ရှိအတိုင်းကတော့ KIA အသာရ ဖို.မဖြစ်နိုင်ဘူး။ မီဒီယာဆိုတာ နှစ်ဖက်စလုံးမှာ ရှိပါတယ်၊ဖွလဲ ခဏပဲရမယ် ။အမှန်တရာဆိုတာ အကြာဆုံ(၃)ရက်လောက်ဆပေါ်လာလိမ့်မယ်။

    • Ko yeag’s say seems to be practical. But the other tribes of mm, incl KIA, hv been deceived by those burmse nationalists, since the time of chan tun, u nu, nay win.

      We the signatories of the panlong agreement, incl KIA, can no longer afford to entertain the game the big brass would like to play around with us.

      This is the fact and more practical than you say.

    • Yeag KIA က တစ်ဆင့်လျှော့ပေးပြီးခဲ့ပြီးပြီ။ ၁၇နှစ်တောင်စောင့်ကြည့်တာကြာ
      ခဲ့တယ်။ ဖြစ်မလာတဲ့အပြင်မြစ်ဆုံကိစ္စကြောင့်တရုတ်ကြီးငြိုငြင်မှုရှိသွားလို့
      ကချင်ကိုရုတ်တရက်ပြန်ဆော်တာလေ။တရုတ်ကြီးကကချင်ကိုအမှိုက်လို့
      ထင်သွားတာကိုး။KIA ကမယုံတော့တာမမှားဘူး။

  8. ဌေးဝင်း

    ဒု ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေ… ဘယ်လိုများဒု ဗိုလ်မှူးကြီးဖြစ်ခဲ့တာလဲမသိဘူး…….ခင်ဗျားအဆင့်လောက်နဲ့ဒု-ကာကွယ်ေ၇းဦးစီးချုပ်ကို…ပညာပေးနေတာလား…..နာတော့မယ်နော်။…စစ်အ၇ည်အချင်းမမှီလို့..လွှတ်တော်ထဲေ၇ာက်လာတာလဲ..မမေ့နဲ့ပေါ့။

    • pps၁၂၃၄၅

      စစ် နည်းနည်း တိုက်ဖူးသော ကိုလှဆွေက စစ်မတိုက်ဖူးပဲ ကောင်းဘွိုင် စတိုင် ဖမ်းနေသော မင်းအောင်လှိုင် ထက်ပို၍ မိုက်ပြခြင်း…

  9. ဌေးဝင်း

    ဗမာစစ်တပ်က…လူ ၅၀၀၀ လောက်ရှိတဲ့ KIAလောက်ကို…တကယ်တိုက်၇င်..နှိုင်ပါတယ်…အခုဟာက..လုပ်ပွဲကြီးပါလို့…ပြောနေ၇တာလဲမောလှပြီ…

  10. မင်းမင်း

    ကေအိုင်အေက ငြိမ်းချမ်းရေးသွားမယူဘူးဆိုရင် မြန်မာနိုင်ငံက ငြိမ်းချမ်းမှာ မဟုတ်ဘူး၊ ကချင်ပြည်နယ်လည်း တစ်သက်လုံး ဖွံ့ဖြိုးလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူမှာ အပြစ်ရှိသလဲဆိုတာ စဉ်းစားကြည့်ပေါ့။

  11. အလို… ဦးလှဆွေ
    ခုမဘဲ နင့်တို့ စိတ်ရင်းမှန်ကို ဖွင့်ပြတော့တယ်
    ကျေးဇူးတင်တယ်နော် ခုလို တိုင်းသိပြည်သိ
    ကြေညာပေးလို့ ဒါများမြန်မာပြည် ခေါ်နေသေး
    ဗမာပြည် လို့ မှေ့ဘာတော့လား တိုင်းရင်းသား
    ပြည်သူတွေကို ရင်ခြားစေ့ရေး ဆို… စာမှာမို့ အလှရေးထားတာလား
    ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘာလို့ မအောင်မြင်လည်း ဆိုတာ ရှင်းနေတာဘဲ
    နင်တို့က တကယ်ငြိမ်းချမ်းရေးကို မလိုလားတဲ့သူ ဆိုတာ
    နင်တို့ ပါးစပ်နဲ့ကို ဖော်ပြလိုက်တာဘဲ
    လူမျိုး အနည်းစု တိုင်းရင်းသား တွေကို
    အမြစ်ပြတ်ခြေမှုန်းချင်တဲ့ စစ်သွေးကြွခေါင်းဆောင်ဘဲ
    နင်ရှက်တတ်ရင် လွတ်တော်မှာ တောင်ဆက်မနေသင့်တော့ဘူး
    လွတ်တော် ဆိုတာ ဘယ်လို လူတွေနေသင့်တာ နင်ကောင်း၂ သိမှာဘာ
    ပြည်သူက ပေးလို့ ရတဲ့နေရာလား အာဏာကြောင့် ရတဲ့နေရာလား
    ခုထိုင်နေတဲ့ လွတ်တော်က နင့်ထိုင်ခုံလေ
    ပြန်စဉ်းစား ဦးလှဆွေ ရယ်
    စကားကျွန်ရင် နှုတ်မရဘူးနော်
    ကို့ ရာဇ၀င် ကိုရေးကြတာပေါ့

    • ဟုတ်ပါတယ်တော်တော်ယုတ်ညံ့တဲ့စိတ်ဓါတ်ရှိတဲ့ကြံ့ဖွတ်အမတ်ပေါ့။
      အဲ့ဒါကြောင့်စစ်တပ်ကိုလွှတ်တော်ထဲမှာမရှိစေချင်တာပေါ့။
      ဒီိမိုကရေစီစံနစ်နဲ့သူတို့နဲ့ဆိုင်မှမဆိုင်တာ။ထစ်ခနဲဆိုလက်နက်အားကိုး
      အနိုင်ကျင့်ချင်တာဒီမိုကရေစီမှမဟုတ်တာ။
      လွှတ်တော်ထဲမှာစစ်ယူနီဖေါင်းဝတ်အလိုမရှိ။
      စစ်သွေးကြွအမတ်အလိုမရှိ။
      ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးတို့အရေး။
      ကြံ့ဖွတ်အမတ်တွေကိုရှေ့တန်းပို့ရေးတို့အရေး။

  12. နိုင်ငံရေးအမြင်မရှိတဲ့ ငဆွေကတော့ … ရာသီချိန်ရောက်ပေမဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေရဲ့ဂါရ၀လေးတွေ ရှယ်ယာလေးတွေမလာသေးတာလောက်နှင့်ပေါက်ကွဲပြီပေါ့ဗျာ….

    ဖေကြီးချွှေ ဖေကြီးချွှေ… သားသားဆွေချားမလို့ဟာ… ဆလန်ကဘာတို့က မပေးချားဘူး..
    သားသားဆွေချားချင်တယ် အများကြီးချားချင်တယ်… ဟီး ဟီး… အီး.. ( လောက်လေးဂွရှိတဲ့ သူ့ *** သန်းရွှေကိုပူဆာနေတာဖြစ်ပါတယ်)

  13. အပြတ်ချေမှုန်းရေးဆိုတာ လက်လွတ်စပယ် မပြောသင့်ပါဘူး။ ဒီစကားပြောတာတောင်မှလွန်
    နေပြီ။ တိုင်းရင်းသားတွေရင်ထဲဝယ်ကြည့်ပါ။ မညာတမ်း ပြောကြေးဆိုရင် တိုင်းရင်းသားတွေမှာ
    ပြောစရာတွေရင်ထဲ အပြည့်ပဲ။
    ဗမာနဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် ခံစားခွင့် တန်းတူရည်တူအခွင့်အရေးဘယ်လောက်များ
    ရှိလို့လဲ ဆိုတာ ထည့်တွက်ကြည့်ကြရဲ့လား။

  14. ဒီအတိုင်းဆို …KIA ပြီးရင် တခြား အဖွဲ့ တွေကိုလည်း ဒီလိုနည်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်သွားမှာဘဲ….. ဖြစ်နိုင်ခြေအရှိဆုံးက SSPP/ SSA ၊ပလောင်လွတ်မြောက်ရေးအဖွဲ့ ၊RCSS/SSA ၊KNPP၊ KNU တွေကို တောက်လျောက် ငြိမ်းချမ်းရေး လုပ်တော့မယ် နောက်တစ်ဆင့်DKBA နဲ့ တခြားအဖွဲ့ ငယ်တွေကို အသွင်ပြောင်းခိုင်း နောက်ဆုံး မှာ ”၀” အဖွဲ့ UWSA နဲ့ မိုင်းလား အဖွဲ့ NDAA-ESS ကို အရင် ချေမှူန်းထားတဲ့ အင်အား၊ အသွင်ပြောင်း သြဇာခံလာတဲ့ အဖွဲ့ ငယ် အင်အားတွေကိုသုံးပြီး တိုက်မယ်

    • “၀” ကိုတော့သွားမထိနဲ့ဗျ, တော်ကြာနေမင်းအောင်လှိုင်ရဲ့စစ်တပ်ပြာကျသွားအုံးမယ်။

  15. ဦးလှဆွေဟာ တိုင်းရင်းသား တော်လှန်ရေး နဲ့ ပတ်သက်တဲ့ အင်အားစု အားလုံးကို စော်ကားသွားတယ်လို့ ခံစားရပါတယ်။ သူဟာ အခုထိ မြန်မာပြည်ရဲ့ ပြဿနာ အရင်းအမြစ်ကို မသိသေးသူ ဖြစ်ပါတယ်။ သူများနိုင်ငံက မကောင်းတဲ့ အနိဌာရုံတွေကိုပဲ အတုယူတတ်ပြိ

  16. ဒု ဗိုလ်မှူးကြီး ကျော်ကျော်ထူး၏ ဆွေးနွေးချက်ကို ပြည်ချစ်တပ်မတော်သားအသွင် မြင်တွေ့ရသောကြောင့်ထောက်ခံပါသည်။
    ဦးလှဆွေမှာပြည်သူကိုနှိပ်စက်ကြမ်းကြုတ်မည့်ရုပ်လုံးပေါ်နေပါသောကြောင့်သူ၏အဆိုကိုလုံးဝကန့်ကွက်ပါသည်။

  17. brain မရှိလို့ ပြောတာပါ။

  18. သူတို့ဆန္ဒနဲ့သဘေါထါးအမှန်ကိုတကမ္ဘာလုံးချက်ချင်းသိနိုင်တဲ့လွှတ်တေါ်ထဲမှာတေါင်ဆွေးနွေးနေကြပြီဆိုတေါ့၊ငြိမ်းချမ်းရေးယူထါးတဲ့အဖွဲ့တွေအတွက်မျက်ခုံးလှုပ်စရာဘဲ။ငြိမ်းချမ်းရေးအဖွဲ့တွေငြိမ်းချမ်းရေးကိုဘူးလက်နဲ့လဲကြပါ။

  19. Realy ugly and unbelieving !!!!!!!how worst is our country!!!!! let recall ours past !!!!we are union ,,,,we are not like japan and U S,, alright ,,, killing men is not peace ,,, let them peace and free,,,keep in tender and lovely !!!!I thinks that is God ,, Jesus and buhda and alahs,,Ok ,,, last !!!!!You can kill men but not mind,.

  20. သုဝဏ္ဏ

    ဒါဆိုငြှိလို့ မရတဲ့အရပ်ဝတ်လဲကြံ့ဖွတ်အစိုးရကို ဂျပန်ကိုဗုံးကြဲသလို ဝင်ဆော်မှဘဲအေးချမ်းသွားမယ်။

  21. အိုးး ရူးသွပ်မိုက်မဲလိုက်လေ မောင်လှဆွေ…လိုင်ဇာသိမ်းလို့ ကေအိုင်အေပြုတ်ရိုးလား၊ ကချင်တိုင်းက ကေအိုင်အေ၊ ကေအိုင်အေတိုင်းက ကချင်ဆိုတာ မောင်မင်း သတိမမူမိဟန်တူပါရဲ့ကွယ်…မောင်မင်း ငယ်ငယ်က အိမ်စာမကျေခဲ့ဘူးနဲ့တူပါတယ်… ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို သေချာပြန်ရေးကြည့်ပါဦး မောင်ရင်

  22. Let this horrible thug move away from his post. What he speak is not public voice.

  23. U Hla Shwe, pasawn ‘prawn’ brain. b***s**t!

  24. ဟတ်ချိုး

    ခါးကြားသေနတ်ထိုးတဲ့လူတန်းစားတွေ ဒီလို လူမိုက်စကားပြောတာ မဆန်းပါဘူး။ မြန်မာနိုင်ငံဟာ ဘာမှမပြောင်းလဲသေးပါဘူးဆိုတာ ထင်ရှားနေတာပဲ။
    ဒေါက်တာဆိတ်ဖွားကို အရေးယူမယ်ဆိုရင် ဦးလှဆွေကို ပိုအရေးယူသင့်ပါတယ်။
    ဦးလှဆွေက ကြံ့ဖွံ့နဲ့လွှတ်တော်ကို အများအထင်သေးအောင် လုပ်နေပါတယ်။ (ဦးလှဆွေ က ဒေါက်တာဆိတ်ဖွားများလား ??? )

  25. In Fact, All Burma army generals and leaders are Idiot , Crazy, Selfish. Thats why Singapore Senior Leader Lee Kuan Yew called them, MAD Leaders from Burma…

  26. For peace there is no need to annihilate to KIA, our country condition will be peaceful, if USDP disappear from earth.

  27. ဝေလွင်က တပတ်အတွင်း(Dec 14-20,2012) အပြတ်တိုက်မယ်ပြောတယ်။ မရတော့ ဦးစိုးသိန်းကသမတထံ နောက်ထပ်တပတ်တောင်းပေးတယ်၊ နောက်သုံးရက်ထပ်တောင်းတယ်။

  28. ကချင်မြေ

    ဦးလှဆွေ ရဲ့ သားသမီးနှင့်  ဆွေမျိုးတွေကို စစ်မြေပြင် အရင် လွတ်ကြည့် လိုက်ပေါ့ 

    • ကချင်မြေ

      ဦးလှဆွေ ရဲ့  ချမ်းသာကြွယ်ဝမှုဟာ ကချင်ပြည်နယ် သယံဇာတတွေဆိုတာ မမေ့ရင် ကချင်အပြတ်ချေမှုန်းရေးစကား ပြောခြင်းဟာ ကျေးဇူးရှင်ကို ကျေးဇူးကန်းတာပါဘဲ။

  29. ဦးအောင်ဆန်းက ဖက်ဆစ် စနစ် ဆိုသည်မှာ သူတစ်ပါး ဒေသ ကို ၀င်ရောက် အုပ်ချုပ် ကာ စီးပွားရေး ဂုတ်သွေး စုပ်သော စနစ်ကို ခေါ်ကြောင်း မိန့်ကြားခဲ့ပါသည်။
    ယနေ့ တိုင်းပြည်တွင် ရှမ်းပြည်တွင်လည်းကောင်း ၊ ကချင်ပြည်တွင်လည်းကောင်း သယံဇာတ များကို ထုတ်သွားသူများ မှာ ဗမာစစ်တပ်နှင့် ရင်းနှီးသော သူများဖြစ်ကြပါသည်။
    စစ်အစိုးရ လက်ထက် က ပြည်မ တွင် မွေးဖွားသော စစ်တိုင်းမှူး များ က ပြည်နယ်များ တွင် ၀င်အုပ်ချုပ် ခဲ့ကြခြင်း သည် ဖက်ဆစ် ပုံစံပေါက်သလား ။ ပင်လုံစာချုပ်ပါ ကတိက၀တ်များ နှင့် ညီသလား နောင်လာနောက်သား တိုင်းရင်းသားတို့ ပြန်လည် လေ့လာကြဖို့လိုနေပါသည်။
    အကယ်၍ စစ်တပ်သည် ဖက်ဆစ် ကဲ့သို့ ပြုမူခဲ့ပါက နေပြည်တော် ကို အမေရိကန် တို့ ဗုံးကြဲပေးပါလို့။
    မင်းအောင်လှိုင် ကို စစ်ခုံရုံးတင်ပေးပါလို့။ ကမ္ဘာကြီးကို တောင်းဆိုပါရစေ။

    • မြန်မာပြည်သား

      ဦးလှဆွေ ပြောသော စကားသည် စစ်အရာရှိကြီးများ၏ သားသမီးများ နှင့် စစ်သားများ ပြင်ပတွင် ပြောလေ့ရှိသော စကားဖြစ်ပါသည်။
      ထိုစကားကို ပွင့်ပွင့် လင်းလင်းပြောဆိုပြသည့် အတွက် ဦးလှဆွေကို ကျေးဇူးတင်ပါသည်။
      စစ်သားသည် ပွင့်ပွင့်လင်းလင်းပြောတတ် ဖို့လိုပါသည်။
      စစ်တိုက်နေပေမယ့် မတိုက်ပါဘူးပြော နေသောပုဂ္ဂိုလ်များ ၊ စစ်တိုက် အမိန့်ပေးပြီး ငြိမ်းချမ်းရေး လုပ်ချင်ယောင်ဆောင်နေသော တာဝန်ရှိသူများ ထက်စာလျှင် ဦးလှဆွေ သည် ရိုးသား သည်ဟု ထင်မြင်ယူဆနိုင်ပါသည်။
      ဗိုလ်ချုပ်နေ၀င်း နှင့် ဗိုလ်ချုပ်သန်းရွှေ စသော လူလိမ်များကြောင့် တိုင်းသူပြည်သား များ အလိမ်အညာ ခံနေရဆဲ ဖြစ်ပါသည်။
      ဗိုလ် သိန်းစိန် နှင့် ဗိုလ် စိုးသိန်း တို့ ပေါင်းထားသော လူလိမ် အစိုးရကြောင့် စစ်အစိုးရ သက်ဆိုး ရှည်နေအုံးမည်ဟု မှတ်ယူရပါသည်။
      ကို R.Zar ရေးထားသော တိုင်းရင်းသား ဒေသတွင် အုပ်ချုပ်ခဲ့သော ပြည်မတွင် မွေးသော စစ်တိုင်းမှူး များသည် ပင်လုံစာချုပ်ကို ချိုးဖောက်ပြီး အုပ်ချုပ်ခဲ့ကြောင်း သမိုင်းကြောင်း က တစ်နေ့နေ့ တွင် ဖေါ်ထုတ်ကောင်း ထုတ်နိုင်ပါသည်။
      သို့သော် ထိုနေ့တွင် ကချင်အားလုံး မရှိသာ နေ့ သာ ဖြစ်ပါတော့မည်။

  30. တိုင်းသူပြည်သားတွေအပေါ်အကြင်နာတရားလုံးဝမရှိတဲ့ရက်စက်ကြမ်းကြုတ်တဲ့ဦးလှဆွေရဲ့အာဘော်ကိုနာကျည်းစွာကန့်ကွက်ပါတယ်။
    နိုင်ငံချစ်သားကောင်းပီပြင်သောတပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ကျော်ကျော်ထူးရဲ့ဆွေးနွေးမှုဟာ ပြည်သူပြည်သားတွေအပေါ် စာနာထောက်ထားမှုရှိတဲ့အတွက်လေးစားစွာ ထောက်ခံပါတယ်။

    မြနှောင်းညို
    စာရေးဆရာ

    • မြန်မာပြည်သား

      တိုင်းရင်းသားတွေ အပေါ် စာနှာထောက်ထား တယ်ဆိုပြီး အပြတ်ရှင်းတဲ့ စစ်သားတွေ ရှိနေသ၍ တိုင်းပြည်မှာ ငြိမ်းချမ်းရေးဆိုတာ ရမှာ မဟုတ်တော့ပါဘူး။

  31. အမေရိကန်က ဂျပန်ကို ဗုံးကျဲလိုက်လို့ ဂျပန်က လက်နက်ချလိုက်တယ်၊ အဲဒါမှန်တယ်၊
    အဲဒီတုန်းက ဂျပန်မှာ လက်ဆုပ်လက်ကိုင် အနုမြူမှ မရှိသေးတာကိုး။
    ဒါပေမယ့် အမေရိကန်က ကိုယ့်လုပ်တဲ့တာဝန်ကို ကိုယ် ယူခဲ့တယ်၊
    အမေရိကန်ဟာ ဂျပန်ကို စက်မှုနည်းပညာတွေ ပြန်ပေးခဲ့တယ်၊
    နစ်နာကြေးသဘောပေါ့၊
    အစိုးရက KIA ကို ဗုံးကျဲမယ်ဆိုတယ်၊
    တကယ်လို့ KIA က လက်နက်ချခဲ့ရင် အစိုးရက ဘာပေးမှာလဲ၊
    ကိုယ်လုပ်ခဲ့တာကိစ္စကို ဘယ်လိုနည်းနဲ့ တာဝန်ယူမှာလဲ၊
    ဘယ်လို အပေးအယူတွေ လုပ်မှာလဲ၊
    ဘယ်လို နည်းဗျူဟာတွေ သုံးဦးမလဲ၊
    ပင်လုံစာချုပ်က အချက်တွေကို ဘယ်ချောင် သွားထိုးထားမှာလဲ၊
    ငြိမ်းချမ်းရေးတွေ ခဏခဏ ဆွေးနွေးခဲ့တယ်၊
    ဆွေးနွေးမှုအဖြေက အပေးအယူမျှခဲ့ရင် ဘယ်ဖြစ်လို့ အခုလို တိုက်ပွဲ ဖြစ်နေဦးမှာလဲ၊
    ဘယ်သူက သဘော မဖြောင့်တာလဲ၊
    ဘယ်သူက ကလိမ်ကကျစ် ကျတာလဲ၊
    ဘယ်သူက စေတနာ မရှိတာလဲ၊
    စစ်ဖြစ်ခဲ့တာလဲ နှစ်နဲ့ ချီခဲ့ပြီ၊
    အကျအဆုံးနဲ့ ဒုနဲ့ဒေးပဲ၊
    စစ်ထဲမှာ အစိုးရဘက်က ဗမာမဟုတ်တဲ့ ကပြားနဲ့ တိုင်းရင်းသားတွေ၊ အတွေ့အကြုံနုသေးတဲ့ ကလေးစစ်သားတွေ ဖြစ်နေတယ်၊
    KIA ကိုပဲ ကလေးစစ်သားတွေ သုံးတယ်လို့ ဆိုတယ်၊
    တစ်ယောက်အကြောင်း တစ်ယောက် မကောင်းကြောင်း ပြောနေကြတယ်၊
    ဒီလို ၀ါဒဖြန့်ရအောင် အခုခေတ်က ကွန်မြူနစ်ခေတ် မဟုတ်တော့ဘူးဆိုတာ မသိသေးသူ ခပ်များများပါလား၊
    သေချာစဉ်းစားကြည့်ပါ၊ ဘက်မလိုက်ဘဲ တွေးကြည့်ပါ၊ ဘောင်အပြင်ကနေ မြင်ကြည့်ကြပါ။

  32. Khaing Linn Aung

    အတြမ်းဖက်သမားကို တိုက်နေတာလား
    ကိုယ့်နိုင်ငံသားကို တိုက်နေတာလား
    ဦးလှဆွေ စဉ်းစားပြီးပြောသင့်တယ်
    Budget တွေ အလကား အဖြစ်မခံနိုင်ဘူး

    • ဟုတ်တယ်။အခုရခိုင်ပြည်နယ်မှာRSO ကသူတို့စစ်တပ်ကိုဝင်ဆော်တာနှစ်
      ခါရှိအခုထက်ထိဘယ်မှာလည်းဆိုတာရှာမတွေ့သေးဘူး။ ကိုယ့်တိုင်းရင်းသား
      အချင်းချင်းကိုတော့အပြုတ်ရှင်းဖို့သွေးကောင်းနေလိုက်တာ။သူတို့လိုဘင်္ဂါလီ
      စစ်သွေးကြွတွေကိုတော့မလုပ်ရဲဘူး။

  33.ှုI disagree what U Hla Swe said.

  34. မင်းမင်း

    ဦးလှဆွေကို စစ်ဆင်ရေးမှူးသာ ခန့်လိုက်ရင် ကေအိုင်အေဌာနချုပ်ကျတာ ကြာလှပြီထင်တယ်နော်။

  35. တင်မင်းအောင်

    မြန်မာနိုင်ငံက လွတ်တော်အတွင်း စစ်သွေးဆာနေတဲ့ လူတွေဘယ်လောက်တောင်များနေပြီလဲ လွတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ နိုင်ငံကို ကောင်းအောင် လုပ်မယ်ဆိုတဲ့လူက သတ်ဘို့ဖြတ်ဘို့ ပြောနေတယ် ဒီလိုဆိုရင်တော့ တစ်တိုင်းပြည်လုံးကို ဗုံးကြဲလိုက်မှ တစ်နိုင်ငံ လုံး ငြိမ်းချမ်းရေးရမှာဗျ ဦးလှဆွေရေ အဲဒီလိုသာ လွတ်တော်မှာ တင်သွင်းလိုက်ရင် ခင်ဗျား ချက်ခြင်း သမ္မတတောင်ဖြစ်နိုင်တယ် စစ်ရေးအတွေ့အကြုံထက်ပိုတဲ့ စစ်သွေးဆာအရည်အချင်းရှိသူအဖြစ်နဲ့ မြန်မာနိုင်ငံမှာ ခင်ဗျားတစ်ဦးတည်း ရာသက်ပန်သမ္မတ တောင်ဖြစ်သွားနိုင်တယ် …

  36. No wonder this idiot man Hla Swe is from USDP. Do we need to waste our time to comment? Absolutely idiot man from idiot party. Military and USDP? They are still in 17th century.

  37. I am so sorry that USDP has this kind of members at Hlutdaw. The spots and stripes they have proved that people will not cast their votes for the in 2015 election. I am glad that Hla Swe reveals the true color of USDP.

  38. How come he became a member Government with a such narrow minded and s**t brain.? Still talking rubbish and must think before you speak.

    “S**T HEAD U Hla Swe”

    • မြန်မာပြည်သား

      “S**T HEAD က သိန်းစိန် နှင့် သန်းရွှေ ပါ။
      ဦးလှရွှေကရိုးသားပါတယ်။
      သူ့ရင်ထဲမှာ ရှိတာပြောတတ်ပါတယ်။
      ကောက်ကျစ်တယ်ဆိုတာ သူတစ်ပါးအပေါ်ကောင်းချင်ယောင်ဆောင်ပြီး နောက်ကွယ်မှ ဒါးနှင့် ထိုးခြင်းပါ။
      ဒီလို အကွက်မျိုးကို တစ်ကယ်လုပ်နေထာ အစိုးရပါ။

  39. ဒီကြံဖွတ်တော့ကွား…မဟာမိတ်ဖွဲ့ထားတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေ သတိထားရတော့မယ့်အနေအထားဟုတ်ပြီ။ ဒီဗမာတပ်ကို တိုင်းရင်းသားအားလုံးပေါင်းပြီးတိုက်ရင် တလလောက်ပဲကြာမယ်ထင်တယ်။ အရင်တုန်းကလည်း ကရင်တွေ ရန်ကုန်အင်းစိန်အထိ သိမ်းခဲ့ဖူးတဲ့ရာဇ၀င်တွေရှိတယ်…ကျေးဇူးရှင်လို့ခေါ်ရမယ့် ဗမာတွေကို ကချင်တွေက ပြန်ကယ်တင်ခဲ့တယ်.. ၀ အဖွဲ့ကိုတော့ ဘာမှမပြောရဲဘူးနော်..ဗမာစစ်တပ်က..ဒူးတွေတုန်ပြီးကြောက်နေမယ်ထင်တယ်…ရယ်ချင်တယ်..ကချင်တွေကိုလည်းမရပါဘူး…သွေးကြွေးတွေက ပြန်ဆပ်ရမှာပါ..

  40. the dods idea show to public,,.

  41. (ပုံစံခွက်စားတစ်ယောက်ရဲ့သံချေးတက်ဦးနှောက်)…..ဆိုတဲ့ဇာတ်ကားမှာတော့မင်းသားက
    …ကိုလှဆွေ…ဖြစ်သွားပါပြီ။

  42. ၂၁ ရာစု ပင်လုံမခေါ်သရွေ့  မညှိနိုင်းသရွေ့  တိုင်းပြည်ငြိမ်းချမ်းမှာ မဟုတ်ဘူး..ကျွန်တော့်တို့ လူငယ်တွေဒါကို ယုံကြည်တယ်…

  43. If u want to get really peace we must to kill all burmese tat ma daw,so tht no more terrorist in union of Myanmar.

  44. Hi Hla Swe,
    Hey! Hla Swe,
    We gonna fight one on one???
    Come on test your courage!!!
    You will have international bravery award like ASSK!

  45. ဂျောက်ဂျက်

    ကိုလှဆွေ၊ ငယ်တုန်းက သမိုင်းဘာသာ စာမေးပွဲမအောင်ဘူးနဲ့တူတယ်၊ နောက်ပြီး ကောလိပ် တို့၊တက္ကသိုလ်လည်း မတက်ခဲ့ဘူးနဲ့တူတယ်။ သမိုင်းလေ့လာမှု နဲ့ အကြောင်းအရာ ခွဲခြမ်းစိတ်ဖြာမှု မှာ ကျွန်တော်တို့ ဆိုက်ကားသမားလောက်တောင် အရည်အချင်းမရှိဘူးဘဲ။ ဒီနေ့တော့ ကိုလှဆွေ ကို အခမဲ့ လက်ချာပေးလိုက်အုံးမယ်။ US က ဂျပန်ကို ဗုံးကြဲတာ နှစ်နိုင်ငံ (သို့) တကမ္ဘာလုံး ကိစ္စလေ၊ သိရီလကာ က တမီးလ် သူပုန် ကို တိုက်ခိုက်တာ က ခွဲထွက်တာကို မလိုလားလို့ ပေါင်းစည်းရေးအတွက်။ အဲတာတွေကို နမူနာယူလိုက်ရင် တပ်မတော်အနေနဲ့ ၁) ကချင်နိုင်ငံ ရှိပြီးသားလို့ လက်ခံပြီးရမလိုဖြစ်နေပြီ ၂) KIO ကို ခွဲထွက်ဖို့ ထောက်ခံနေသလို (သူများက မခွဲထွက်ဘဲ ဖက်ဒရယ်မူဝါဒ လက်ကိုင်ထားတာကို အတင်းသွား ခွဲထွက်ခိုင်းသလို) ဖြစ်နေတယ်။ ဥပမာ ပေးချင်လည်း ဒီထက်ကောင်းတဲ့ ဥပမာ နဲ့ လက်ခံနိုင်တဲ့ အကြောင်းအရာ ကြိုးစားပြီး ရှာပါအုံး လွတ်တော်အမတ်ရယ်……………. ခီးခီးခီး။

  46.ှဗုံကြဲလို့အဆင်ပြေသွားတာကနည်းပါတယ်နိုင်ငံတော်တ်ာများကဒီနည်းကိုမသုံးတော့ပါ။ကမ္ဘာစစ်ပြီးကတည်းကမသုံးတော့ပါ။အခုအများနိုင်ငံသုံးနေတာကကွဲပြားမူ့တွေးကိုနိုင်ငံအင်အားဖြစ်သုံးနေတဲ့ခေတ်ဗျ။အတူလက်တွဲပြီးတိုင်းပြည်တိုးတက်အောင်ဖော်ဆောင်ကြတာပါလူနည်းစုကောင်းစာဘို့အတွက်သယံဇာတတွေးကိုဖျက်စီးတာတော့ဘယ်ရမလဲ။ကချင်တိုင်းရင်းသာလူနည်းစုကိုလေးစာပါတယ်။ဒီလိုမှမလုပ်ရင်သယံဇာတပျက်စီးကုန်မှာပေါ့။သူတို့ပြည်နယ်ကိုကာကွယ်တာပါ။စစ်တပ်ကဘာကြောင့်တိုက်တာလဲသူတို့ရဲ့အဓိကစီးပွားရေးနယ်မြေဖြစ်မေလို့ပေါ့။သမ္မတတောင်းအမိန့်ပေးလို့မရဘူးဆိုတာတော့နည်းနည်းစဉ်းစားစရာဖြစ်နေတယ်။နောက်တခုအရေးကြီးတာကစစ်တပ်မှာငွေကြေးပိုင်ဆိုင်မူ့တွေးဝင်ငွေထွက်ငွေတွေးအားလုံးကိုအယောက်တိုင်းကိုဥပဒေနဲ့အညီစစဆေးဘို့လိုပါတယ်။