လေကြောင်းပစ်ကူပြီး KIA စခန်းထောက် တောင်ကုန်းကို အစိုးရတပ် သိမ်း | ဧရာဝတီ

လေကြောင်းပစ်ကူပြီး KIA စခန်းထောက် တောင်ကုန်းကို အစိုးရတပ် သိမ်း

Hits:11,255
  | |

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်သည့် လဂျားယန် ဒေသတွင်းသို့ ကျရောက်လာသည့် အစိုးရတပ်မှ ပစ်ခတ်ခဲ့သော ရော့ကက် ကျည်ဆံတခုကို ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – John Sanlin)

ကချင်လွတ်လပ် ရေးတပ်မတော် (KIA) ၏ ရှေ့တန်း စခန်းထောက် နေရာဖြစ်သော တောင်ကုန်းတခုကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်က လေကြာင်းပစ်ကူ တိုက်ခိုက်မှုဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်တပ်ပိုင် မြ၀တီ ရုပ်မြင်သံကြားက ယမန်နေ့က ထုတ်ပြန်ကြေညာသွားသည်။

လဂျားယန်စခန်း ပွိုင့် ၇၇၁ တောင်ကုန်းသည် အစိုးရတပ်ရိက္ခာပို့သည့် လမ်းကြောင်းနှင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းအား အဓိကပိတ်ဆို့သည့် နေရာဖြစ်ပြီး KIA ဌာနချုပ် လိုင်ဇာအတွက် အဓိက စခန်းထောက်နေရာ အရေးပါသည့် တောင်ကုန်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရတပ်က လဂျားယန် စခန်းနှင့် ပတ်ဝန်းကျင်အား လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်လိုက်ကြောင်း မြဝတီ ရုပ်သံက ကြေညာသည်။

နောက်ဆက်တွဲ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်းမှ ပြောရေး ဆိုခွင့်ရှိသူ ဦးလဆိုင်းက “လဂျားယန် မကျသေးပါဘူး။ ဒီနေ့မနက် ၁၁ နာရီ လောက်ကတည်းက ရဟတ်ယာဉ် ၄ စီးနဲ့ လဂျားယန်ကို လာပစ်နေပါတယ်။ အခု ပစ်နေတုန်းပဲ။ KIA နဲ့ ကျနော်တို့ ပြန်တိုက်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပွိုင့် ၇၇၁ တောင်ကုန်းကို သိမ်းပိုက်ပြီး လဂျားယန်စခန်းကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ KIA သို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (Peace Creation Group) မှ ဦးလမိုင် ဂွမ်ဂျာက “တိုက်ခိုက် သိမ်းယူတဲ့ သဘောမဟုတ်ဘူးလို့ ကျနော်ထင်တယ်။ စစ်တပ်က ထိုးစစ်ဆင်လာလို့ KIA က ရှောင်ပေးတာလည်း ဖြစ်နိုင်ပါတယ်” ဟု ခန့်မှန်း ပြောဆိုသည်။

တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင် တက်ရောက်ခြင်း၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းမှ လွဲ၍ စခန်းများအား စတင်တိုက်ခိုက်ခြင်း မပြုဘဲ သည်းခံဆောင်ရွက်လျက် ရှိသော်လည်း ဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ယခုကဲ့သို့ တိုက်ခိုက် သိမ်းပိုက်ခြင်း ဖြစ်ကြောင်း မြဝတီ ရုပ်သံ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်တပ်ပိုင် မြဝတီ ရုပ်သံက KIA ကို အကြမ်းဖက် သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲထားပြီး KIA ဘက်က ၂၀၁၁ ဇွန်လမှစတင်၍ ရထားလမ်း မိုင်းခွဲမှု အကြိမ် ၅၀ ကျော်၊ လမ်းတံတား ဖောက်လုပ်ရေး ယန္တရားများ တိုက်ခိုက်ဖျက်စီးမှု အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

KIA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့သည် ၂၀၁၂ အောက်တိုဘာ ၃၀ ရက်နေ့တွင် ရွှေလီမြို့၌ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထပ်မံတွေ့ဆုံရန် ညှိနှိုင်းနေကြစဉ်အတွင်း စစ်ရေးအခြေအနေများ ပိုမိုတင်းမာလာခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပန်ဝါဒေသကို ရဟတ်ယာဉ်များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ငြိမ်းချမ်းရေး ထပ်မံဆွေးနွေးရန် အကြောင်းကြားစာကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပေးပို့ခဲ့ကာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး စစ်ရေးအခြေအနေ တင်းမာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလမိုင် ဂွမ်ဂျာက “လေယာဉ်နဲ့ စပစ်တဲ့ အချိန်ကတည်းက ကျနော်ကိုယ်တိုင် (ဝန်ကြီး) ဦးအောင်မင်းကို ဖုန်းဆက် အကြောင်းကြားပြီးပြီ။ ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန် ဖြစ်တယ်၊ အဲလို အချိန်မှာ ထိပ်တိုက် ရှေ့တန်းမှာတွေ့ပြီး တိုက်ခိုက်တာက အကြောင်းမဟုတ်ဘူး၊ အခုလို လေယာဉ်နဲ့ လာပြီးတော့ တိုက်ခိုက်လာတယ် ဆိုရင်တော့ ကျနော်တို့ ငြိမ်းချမ်းရေးပါ ပျက်စီးနိုင်တယ်” ဟု ပြောသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကို ဆက်သွယ် အကြောင်းကြားထားသော်လည်း ပြန်လည် ဆက်သွယ်လာခြင်း မရှိသကဲ့သို့ ယခုအချိန်တွင် ဆက်သွယ်၍မရကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း၏ ဖုန်းကို အကြိမ်ကြိမ် ခေါ်ဆိုနေသော်လည်း ဖုန်းဖြေကြားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ရယူထားပြီး ၂၀၁၁ ဇွန်လမှ ပြန်လည်ဖြစ်ပွားခဲ့သည့် KIA နှင့် အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများသည် တနှစ်ခွဲကျော် ကြာမြင့်ခဲ့သည်။

KIA ၏ ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်မည် မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က ကတိပေးထားသည်ဟု ၀န်ကြီး ဦးအောင်မင်းကို ကိုးကား၍ ပြည်တွင်းထုတ် ပေါ်ပြူလာ သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်လှယ်အဖွဲ့သည်လည်း ကချင်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးရန် ကချင်ပြည်နယ် လိုင်ဇာဒေသသို့ ယမန်နေ့က ရန်ကုန်မြို့မှ ထွက်ခွာပြီး ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိကြောင်း၊ အဆိုပါအဖွဲ့တွင် ဦးမြအေး၊ ဦးထွန်းမြင့်အောင်၊ မမီမီလွင်၊ မစမ်းစမ်းမော်တို့ ၄ ဦးပါဝင်ကြောင်း၊ KIA ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။


26 Responses

Leave a Reply

  1. ကိုယ့်နိုင်ငံသားအချင်းချင်းကိုတရုတ်အကျိုးစီးပွားအတွက်အနိုင်ယူရတာကိုတော်
    တော်ဂုဏ်ယူနေကြတယ်ပေါ့မြန်မာ့စစ်တပ်ရယ်။ကျန်တဲ့တိုင်းရင်းသားအပစ်ရပ်တွေလည်း
    KIAကိုနမူနာကြည့်ကြပေတော့။သူတို့အရင်အပစ်ရပ်လိုက်ပြီးအရင်ခံနေရပြီလေ။
    ဝတပ်ကိုတော့တရုတ်ကြီးကိုကြောက်လို့မင်းအောင်လှိုင်ကမတိုက်ရဲဘူးလေ။
    မင်းအောင်လှိင်လည်း သန်းရွှေတို့နဲ့အတူတူအမြန်ရှောသင့်နေပြီ။သမ္မတကြီးကိုအရူး
    ဖြစ်အောင်နဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုမရအောင်ဝိုင်းဆန့်ကျင်ပြနေကြတာလေ။
    ယောင်္ကျားတွေဖြစ်ပြီးမနာလို့စိတ်အတော်ကြီးကြတာဘဲ။

    • အစိုးရကိုပဲ ထိုးစစ်မဆင်ပါနဲ့ ၊ မတိုက်ခိုက်ပါနဲ့လို့ ပြောနေမဲ့အစား ကေအိုင်အေကိုလည်း အပစ်ရပ်အောင် ငြိမ်းချမ်း ရေးကို ကြိုးစားညှိနှိုင်းအောင် အားလုံး တိုက်တွန်းပေးကြပါ။ကေအိုင်အေ ခေါင်းဆောင်တွေကလည်း လက်အောက် ငယ်သားတွေ၊ ကချင်ပြည်နယ်က ပြည်သူတွေရဲ့ ဒုက္ခတွေကို မသိချင်ယောင်ဆောင်နေတာလား၊ သိသိကြီးနဲ့ မျက်နှာလွှဲထားတာလားဆိုတာကို မေးပေးကြပါအုန်း။တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ နှစ်ဦးနှစ်ဖက်က မှန်မှန် ကန်ကန် တရားမျှတမှုနဲ့ ပြည်သူတွေအတွက် လျော့သင့်တာကို လျော့ပေးပြီး ဆွေးနွေးသင့်ပါတယ်။ ကေအိုင်အေ ခေါင်းဆောင်တွေက စစ်ပွဲအကြီးအကျယ်ဖြစ်နေတာနဲ့ တရုတ်ပြည်ဘက်ကို ထွက်ပြေးပြီး တရုတ်ပြည်ဘက်ကနေ ညွှန်ကြားမှုလုပ်နေတယ်ဆိုတာ မဖြစ်သင့်ပါဘူး။လက်အောင်ငယ်သားတွေကို လေးစားသင့်ပါတယ်။

      • မှန်တယ် ဒါမျိုးဖြစ်ရမယ်။ ကေအိုင်အေကို လည်းပြောပေးကြပါအုန်း။ကိုလဆိုင်းပြောတာ အရမ်းမှန်ပါတယ်။

  2. The KIA do not represent the whole populace of Kachin State. They are destroying & damaging a number of infrastructure in the Kachin state. The myanmar army action may be required to nudge the KIA into serious negotiations for ceasefire and peace in the state. Otherwise this stalemate will drag on for months / years to the detriment of the development of our country.

    “Si vis pacem, para bellum”- To seek peace, prepare for war!

    This is my humble opinion

  3. ချင့်ယုံ

    ဥမ္မာဆိုတဲ့နံမည်နဲ့ကောင်
    မင်းတို့KIA ခြုံခိုတိုက်လိုက်တုံးကတော့စစ်တပ်ကဘယ်နှစ်ယောက်ကျပါပြီဆိုပြီးဝမ်းသာအားရကြေညာ၊အခုခံရတော့ငြိမ်းချမ်းရေးဆွေးနွေးတုံးဒီလိုမလုပ်သင့်ပါဘူးပြော တော်တော်
    ကောင်း။စခန်းမကျဘူးညာချင်လည်း လိမ်သံတူအောင်ပြောကွာ၊ခုတော့တစ်ယောက် တပေါက်နဲ့ ယုံချင် စရာမကောင်းဘူး။စစ်ရေးမဆွေးနွေးဘူးစပြောတာမင်းတို့ကပဲ မဟုတ်လား။မင်းတို့အရူးမီးဝိုင်းမှကျန်တဲ့သူတွေကို သေပေါ်ညှိစည်းရုံးမနေနဲ့။ ဆွေးနွေးလို့ညှိလို့မရလို့တိုက်တာကွာ။ခုမှ အော်မနေနဲ့။

    • pps၁၂၃၄၅

      စစ်သားတွေရဲ့ မောက်မာမှု ၊ အဆင့် အတန်းခွဲခြားမှု တွေကြောင့် ပြည်တွင်းစစ် ဆက်ရှည်နေရတာပါ။ စစ်သားတွေဟာ အခက်အခဲတွေကြားထဲ ရောက်ရင် ဂန္ဒီ သဘောတူညီ ချက်အရ ဖွဲ့စည်းခဲ့တဲ့ တပ်မတော် ကို တည်ထောင်ခဲ့တဲ့ သခင်အောင်ဆန်း ကို ချီးကျူးလေ့ရှိပါတယ်။ အခက်အခဲတွေကို ကျော်လွှားပြီးရင်တော့ သခင်အောင်ဆန်း ကြိုးစားပန်းစား ထူထောင် ထားတဲ့ ပြည်ထောင်စုကို ဖျက်ဆီးဖို့ကြိုးစားပါတယ်။
      ဒါ မြန်မာ စစ်တပ်ပါ။

    • ကချင်ဗမာစခွဲခြားပြိးတာလဲသူတို့ မနိုင်တော့မှတိုင်း၇င်းသားစည်းလုံးေ၇းအစိုး၇ကဖျက်ဆီးတယ်ပြောတာလဲသူတို့ တတ်လဲတတ်နိုင်တဲ့ KIA. စစ်တပ်ကပစ်တဲ့ကျည်ခွံတွေ ဒဏ်၇ာ၇သူတွေတော့ပုံ၇ိုက်တယ် မငိးတို့ သောင်းကျန်းတုနားကသေခဲ့တဲ့အပြစ်မဲ့ ပြည်သူတွေကျမှတ်တမ်းတင်မထားဘူးလား ခုကျမှတ၇ားမျှတမှုအော်မနေနဲ့  လက်ခုပ်ဆိုတာ၂ဖက်တီးမှမြည်တာပါကွာ

      • pps၁၂၃၄၅

        ခင်ဗျားပြောသလို ဆိုရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရတာကော ၈၈မှာ လူတွေ အသတ်ခံရတာကော က လက်ခုတ် လို နှစ်ဘက် တီးလို့ပေါ့နော်။ လက်နက်မဲ့ကို သေနတ်နှင့် ပစ်တယ်၊ လက်နက်ရှိရင် လေယာဉ်ပျံနှင့် ချတယ်။ နျူကလီးလက်နက်သာ ရှိခဲ့ရင်တော့ မတွေးရဲစရာ

  4. ချင့်ယုံ

    ညာချင်ရင်လည်းကိုက်အောင်ညာကြကွာ၊တစ်ယောက်က စခန်းမကျသေးပါဘူးတဲ့၊ နောက်တစ်
    ယောက်က စစ်တပ်လာလို့ရှောင်ပေးတာတဲ့။ပထမတစ်ယောက်ကမကျပါဘူးသာပြောတာ ပြန်
    တိုက်နေပါတယ်ဆိုတာကပါသေး။

  5. pps၁၂၃၄၅

    သမ္မတကြီး သည် ယခင် အစိုးရ အကြီးအကဲ ၏ လိုအင်ဆန္ဒများကို သာ ဖေါ်ဆောင် နေသူဖြစ်ကြောင်း၊ ဒေါ်အောင်ဆင်းစုကြည်ကို လွှတ်တော်ထဲဝင်အောင် ဆွဲသွင်းခဲ့တာလည်း ယခင်လူကြီးသာဖြစ်ကြောင်း၊ ကချင်ကို တိုက်ခိုင်းသည်မှာလည်း ထိုလူဖြစ်ကြောင်း၊ ရခိုင်အရေးတွင် အဓိက တရားခံမှာ ထိုလူသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုး အမတ်များ ထံမှသိရပါသည်။ ယခင် အစိုးရ လူကြီးသည် မြန်မာပြည်တွင် ဒီမိုကရေစီ စနစ်ကို တည်ထောင်ပေးသူ အဖြစ် သမိုင်းတွင် ကျန်နေရန် ဆန္ဒရှိနေသူဖြစ်ကြောင်းသိရ ပါသည်။
    ကချင် ကို တရုတ်အားကိုး အဖြစ် ပြည်သူများမြင်စေရန် တမင်ဖန်တီးခဲ့သူမှာ လည်း ယခင်လူသာဖြစ်ကြောင်း၊ သို့သော် နောက်ပိုင်း အစည်းအဝေးများ တွင် ကိုရွှေမန်းကို မခေါ်တော့ကြောင်းသိရပါသည်။
    ဝ ကို လည်း တိုက်ရန် အားထုတ်နေကြောင်း သို့သော် တပ်မတော်သား များ အကျအဆုံးများပါက တပ်မတော် မှ အောက်ခြေ အရာရှိများ တန်ပြန်လာနိုင်သဖြင့် မိမိ လုံခြုံရေး အတွက် စဉ်းစားကာ ခြင့်ချိန်နေကြောင်းသိရပါသည်။

  6. both are wrong. they do not look population’s desire, but in democracy system only one
    federal army in country to protect and help people on the world. all states in country were
    controlled by their polices departments those were under federal government
    (you say you write, they say they write not finish.)

  7. စစ်တပ်က လေကြောင်းက တိုက်တယ်။ ဦးဇော်ဌေးက မဟုတ်ပါဘူးလို့ ငြင်းတယ်။ ကချင်ဘက်က ဓါတ်ပုံတွေနဲ့ သက်သေပြတော့ ဟော ခုပဲ “ လေကြောင်းပစ်ကူ တိုက်ခိုက်မှု” ဖြင့်လို့ တရားဝင်ကြေငြာရပြီ။ စစ်တပ်က ရှက်ရမှာလား၊ ဦးဇော်ဌေးက ရှက်ရမှာလား။ ဒါမှမဟုတ် ရှက်ကြောပြတ်နေလို့ အရူးချီးပန်း ပြောချင်ရာ ပြောနေတာလား။

    • I agree with you. The government needs to tell the truth. Flip-flop. Zaw Htay’s words do not match what the world see what happen in Kachin State.

  8. But the Thein Sein administration has denied that fighter jets have been used. What a shame! Instead solving political issues with dialogues, the Thein Sein administration is using guns and bullets. Thein Sein’s way of building democratic Union is not much different from Ne Win’s and Than Shwe’s way of dictatorship.

  9. မင်းကြီးညို

    စစ်တို့ရဲ့သဘောအရ မိမိဘက်မှ အကျအဆုံးနည်းပါးအောင် လေကြောင်းပစ်၊ လက်နက်ကြီး
    တွေသုံးရတာ မထူးဆန်းပါဘူး။ အဲဒီလိုမှ မလုပ်ရင် တပ်မတော်သားတွေ အကျအဆုံးများမယ်
    ရိက္ခာပို့လမ်းကြောင်းတွေကို ကေအိုင်အေတွေထိန်းချုပ်ထားရင် တပ်မတော်သားတွေအငတ်
    ဘေးကြုံရမယ်။ အခုကေအိုင်တွေ လက်နက်ကြီးဒဏ်/လေကြောင်းပစ်ကူဒဏ်တွေကိုမခံနှိုင်လို့
    တောင်ကုန်းကို စွန့်လွှတ်သွားရတယ်။ စစ်တို့မည်သည် တရားသည်/မတရားသည်မရှိ။ မိမိ
    ဘက်မှ အကျအဆုံးများလာရင် လက်နက်ကြီးတွေလည်း သုံးရမှာပါ။ တာဝန်ရှိသူတွေအနေဖြင့်
    လည်း ပေါ်ပေါ်တင်တင်ပြောပေါ့။ ကျွန်တော်တို့အကျအဆုံးများလို့ လက်နက်ကြီးသုံးတယ်ပေါ့

    • မှန်တယ်အကိုရေ. သမ္မတနဲ့ စစ်တပ်အမှားလိုက်ကြည့်နေတဲ့သူတွေကတော့လေကြောင်းသုံးတာဝန်ခံတော့လဲစောစောဝန်မခံလို့ တဲ့ဗျာ ဒါဆို KIAကစစ်သားတွေတငိလာပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရထားတွေမိုင်းထောင်တာကျအပြစ်မ၇ှိပုံပဲ
      သူတို့ လိုဖျက်ဆီးချင်တာဖျကိဆီး ပြိးမှဘူးတလုံးဆောင်နေမှ အပြောလွတ်မယ်ထင်တယ်ဗျ

    • GO TO DIE IN HELL to than shwe , min aung hlaing and all burma generals. burma army must getout from KACHIN STATE and ALL ETHNIC PEOPLE’S LAND.

  10. မင်းတို့ငါတို.ကိုနိုင်ရင်မင်းတို.ကချင်မြေကိုပေးမယ်ဆိုတဲ.သဘောဖြစ်နေတယ်ဒါတကယ်လားဒါမှ မဟုတ်ခြောက်တာလား။

  11. ဂျောက်ဂျက်

    ဒီလို စစ်တိုက်နေတော့ လူဘယ်လောက် သေကျအုံးမလဲ။ အကြံပြုချင်တာ ဗမာစစ်သားနဲ့ KIA စစ်သား တစ်ယောက်ချင်း လကျားရန်မှာ စင်ထိုးပြီး လက်ဝှေ့ထိုးပြိုင်ရင် ကောင်းမလား။ ရှူံးတဲ့အဖွဲ့က အလျော့ပေးလိုက်၊ ဒိုင်အဖြစ် ထိုင်းဝန်ကြီးချုပ်ကို ဖိတ်ခေါ်ပြီး လုပ်လိုက်။ အဲဒါမှ နှစ်ဖက်စလုံး မညစ်ရဲတော့ဘူး။

    • pps၁၂၃၄၅

      ခင်ဗျားကလည်း ဗျာ ဗမာစစ်တပ်ကို စော်ကားနေ သလိုဖြစ်နေပြီ။ ဗမာစစ်တပ်မှာ အထက် အရာရှိတွေ ခေါင်းပုံဖြတ်လို့ ထမင်းနပ်မှန်အောင် မစားရတဲ့ လူတွေ အများကြီးပဲ။

  12. ကိုယ်ဂျောက်ဂျက်ေ၇အကိုယ်ပြောတဲ့လဂျာယန်ဆိုတာကချင်နယ်ဗျာ့မန္တလေးနှံ့
    င့်ကချင်ပြည်စပ့်မှာချ၇မှာ။

  13. ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (Peace Creation Group) မှ ဦးလမိုင် ဂွမ်ဂျာက “တိုက်ခိုက် သိမ်းယူတဲ့ သဘောမဟုတ်ဘူးလို့ ကျနော်ထင်တယ်။ စစ်တပ်က ထိုးစစ်ဆင်လာလို့ KIA က ရှောင်ပေးတာလည်း ဖြစ်နိုင်ပါတယ်” ဟု ခန့်မှန်း ပြောဆိုသည်။
    i want to say mr lamine gunjar that is not funny games.if u said so u must go away from Laizer.

  14. ဦးလမိုင် ဂွမ်ဂျာက “တိုက်ခိုက် သိမ်းယူတဲ့ သဘောမဟုတ်ဘူးလို့ ကျနော်ထင်တယ်။ စစ်တပ်က ထိုးစစ်ဆင်လာလို့ KIA က ရှောင်ပေးတာလည်း ဖြစ်နိုင်ပါတယ်”
    i want to say mr lamine gunjar that is not funny games.if u said so KIA must go away from Laizer.