အစိုးရစစ်တပ်က KIA ကို လေကြောင်းမှ ပြင်းထန်စွာ ထိုးစစ်ဆင် | ဧရာဝတီ
အစိုးရစစ်တပ်က KIA ကို လေကြောင်းမှ ပြင်းထန်စွာ ထိုးစစ်ဆင်
Hits:23,482
  | |
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – KIA)
ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) စခန်း၏ ဗဟိုဌာနချုပ် တည်ရှိရာဒေသ တ၀ိုက်ကို မြန်မာ့တပ်မတော် (လေ) မှ ဂျက်ဖိုက်တာ လေယာဉ်များနှင့်ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစ၍ ထိုးစစ်ဆင်နေကြောင်း သိရသည်။
“ဂျက်တိုက်လေယာဉ် ၄ စင်းကို ၂ စင်းစီ တွဲပြီးတော့ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ် တ၀ိုက်ကို ပစ်ခတ်တယ်၊ အဲဒီ ၄ စင်းအပြင် စစ်ရဟတ်ယာဉ် ၂ စင်းနဲ့ပါ ပစ်ခတ်နေတာပါ၊ အဓိကတော့ ဗဟိုဌာနကို ပိတ်ဆို့နိုင်ဖို့ ကြိုးစားတာပါပဲ” ဟု KIA ပြော ခွင့်ရသူ ဦးလနန်က ဧရာဝတီ ကိုပြောသည်။
ယခုလအတွင်း ဖြစ်ပွားသော စစ်ပွဲပေါင်း ၁၅၀ ၀န်းကျင်အနက် ယနေ့ထိုးစစ်ဆင် ပစ်ခတ်မှုသည် အကြီးမားဆုံး ထိုးစစ်ဆင်မှုဟု ပြောဆိုနိုင်ကြောင်း၊ မြန်မာ့တပ်မတော် လေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ တိုက်ရိုက် လမ်းညွှန်မှုဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစိုးရ စစ်တပ်များသည် လဂျားယန် တ၀ိုက်နှင့်လိုင်ဇာဌာနချုပ် တ၀ိုက်ကို ထိုးစစ်ဆင်ပစ်ခတ် နေကြောင်း၊ ထိခိုက်ကျဆုံးမှုနှင့် အသေ အပျောက် မရှိသေးကြောင်း၊ KIA အနေဖြင့်လည်း ရှိသည့်လက်နက်ဖြင့် ခုံခံကာကွယ် ပစ်ခတ်ကြောင်း၊ အစိုးရ စစ်တပ်မှ ပစ်ခတ်မည်ဆိုသည်ကို ကြိုတင်သိရှိထား၍ အသင့်အနေအထားဖြင့် ပြင်ဆင်ထားကြောင်း ဦးလနန်က ဆက်ပြောသည်။
လိုင်ဇာဌာနချုပ် အနီးတွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထားပြီး ဖယ် ရှားပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့မှတဆင့် စာဖြင့်သတိပေး အကြောင်းကြားခဲ့ကြောင်း သိရသည်။
“ကျနော်တို့က ဘာမှဖယ်ပေးစရာ အကြောင်း မရှိဘူး။ သူတို့နဲ့ကျနော်တို့က ဘာမှသဘော တူညီထားတာ မရှိဘူး၊ မဖယ်ပေးလို့လည်းပဲ အခုလို ထိုးစစ်ဆင်တာပေါ့” ဟု ဦးလနန်က ဆိုသည်။
KIA နှင့်ပတ်သက်၍ ယနေ့ထုတ်အစိုးရ သတင်းစာများက ရေးသားဖော်ပြရာတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း ခုတ်မောင်းနေသည့် မြန်မာ့မီးရထားမှ စက်ခေါင်းအမှတ် DD-944 စက်ခေါင်းသည် KIA ထောင်ထားသော မိုင်းကြောင့် ပျက်စီးသွားကြောင်း ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ KIA အနေဖြင့် သမန်ပြည်သူ အရပ်သားများ စီးနင်းသည့် မီးရထားများ၊ သွားလာနေသည့် လမ်းများ၊ အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ ပစ်ခတ်မှုမျိုး လုံးဝလုပ်ဆောင်လေ့ မရှိခဲ့ကြောင်း ဦးလနန်က ငြင်းဆိုသည်။
၎င်းက “ဟိုတလောတုန်းကတော့ ကုန်တင်ယာဉ် တစီးမှာ စစ်လက်နက်တွေ တင်ဆောင်လာတဲ့ သတင်းကို အတိအကျရလို့ အဲဒီရထားကို ဟန့်တား တိုက်ခိုက်တာမျိုးတော့ လုပ်ပါတယ်” ဟု ဆိုသည်။
သမ္မတရုံး ၀န်ကြီးနှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးအောင်မင်းနှင့် KIO တို့အကြား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရက ကမ်းလှမ်းထားမှုသည် လက်ရှိ တိုက်ပွဲများကြောင့် ဆွေးနွေးမှု ဖြစ်လာနိုင်စရာ အကြောင်း မရှိတော့ကြောင်း သိရသည်။
ဦးအောင်မင်းသည် KIO နှင့်ငြိမ်းချမ်းရေး ဆွေးနွေးမည့်စာကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပေးပို့ကြောင်း၊ ထိုနေ့၌ပင် အစိုးရ စစ်တပ်အင်အား ၃၆၀ ၀န်းကျင်ကို KAI ဌာနချုပ်နှင့်နီးစပ်ရာ ဒေသများသို့ ပို့လွှတ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ကြောင်း ဦးလနန်က ပြောသည်။
၎င်းက “သူတို့က ဒီလိုမျိုး လုပ်တော့ ကျနော်တို့က ဘယ်လိုလုပ်ပြီးတော့ ဆွေးနွေးဖို့ အကြောင်းပြန်မလဲ၊ ဦးအောင်မင်း ကိုယ်တိုင်က မရိုးသားဘူးလို့ ကျနော် ရှင်းရှင်းလင်းလင်းပဲ ပြောချင်တယ်” ဟု ဆိုသည်။
ဝန်ကြီး ဦးအောင်မင်းက မူ KIO အဖွဲ့နှင့်ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင်ရန် ကြိုးပမ်းသွားမည်ဟု မီဒီယာ များကို မကြာခဏ ပြောဆိုလေ့ရှိသည်။
51 Responses
Leave a Reply
  1. kia မိုင်ခွဲလိုက်တာကုန်ရထာပါvidoရိုက် ထာတာရပါတယ်ဦးလနန်းဘာမမသိဘဲပြောနေတယ်ဧရာဝတီရေကုန်တွဲ၅တွဲနဲ့စက်ဂေါင်တလုံးလုံးဝသုံးမရအောင်ပြစ်စီးသွာတယ်အိမ်းဆောက်ပစ္စည်က ၁တွဲ ကုန်စုံးတွဲက ၄တွဲကုန်တွေလဲပြတ်စီးကုန်တယ် ၈မိနစ်စာvdoရှိတယ်ဘယ်လိုပိုရမလဲph 400002625
  2. သောက်၇ှက်ကိုမရှိဘူးကွာ။မြေပြင်ကနေမနိုင်တော လေကြောင်းနှင့်တိုက်တော သူရဲဘောမကြောင်လွန်းဘူးလားကွာ။ကချင်ကိုအပြုပ်ဆိုတဲ့သဘောလား။
  3. သတင်းဖတ်နေတဲ့ငါတို့တွေရော
    ရရာလက်နက်ဆောင်ထားရတော့မယ်ထင်တယ်
    မရိုးသားတဲ့သူတွေကိုဝိုင်းဖြုတ်ရအောင်
    တရုတ်ကိုကြောက်ရပါတယ်လို့ပြောတဲ့သူကို
    လျှာဖြတ်ရအောင်
  4. Zaw Htay was denying the use of helicopters in assault on the KIA. Now, he will deny that Thein Sein is using fighter jets on the KIA. What a government!
  5. pps၁၂၃၄၅
    ပြည်တွင်းစစ် တွင် စစ်လေယာဉ်တွေ သုံးသည် ဆိုသည်မှာ လွန်ပါသည်။
    ထွန်းထွန်းနောင် သည် တိုင်းပြည် ကို မည်ကဲ့သို့ အကျိုးပြုခဲ့ သောမိဘများ မှ မွေးဖွားလာ ခဲ့၍ တိုင်းရင်းသားဒေသ တွင် ထိုကဲ့သို့ အမိန့်များပေး နိုင်ကြောင်း သိလိုပါသည်။
    စဝ်ရွှေသိုက် ကိုတော်လှန်ခဲ့သော ဗိုလ်ထွန်းအုံ နှင့် မည်သို့ အမျိုးတော်သည် သို့ ဆမားဒူးဝါး နှင့် မည်သို့ အမျိုးတော်သည်ကို သိလိုပါသည်။
    တိုင်းပြည်တွင် စာနယ်ဇင်း နယ်ပယ်မှ စစ်သားသားသမီး စာရေး ဆရာများပင် ကွယ်ရာတွင် ထိုကဲ့သို့ တည့်ုတိုး မပြောကြပဲ ကွယ်ရာမှ စစ်တပ် ကို အားပေးကြပါသည်။
    ကချင် တွေကို အမိန့်ပေးသည့် ထွန်းထွန်းနောင် ခေါ် င..ိုက်သားလည်း အသိတရားရရှိပါစေ။ ပြည်တွင်း စစ်လည်း မြန်မြန်ငြိမ်းပါစေ။။။။။
  6. လေယာဉ် ၄ စင်း နဲ့ တိုက်တာတောင် KIA စခန်းမကျဘူးဆိုတော့ တပ်မတော် လေက လေယာဉ်တွေက ပန်းနဲ့ လာပေါက် တာလား။
    • pps၁၂၃၄၅
      ပန်းနဲ့ပေါက် တာမဟုတ် ဘူး။ တေဇ သွင်းခဲ့တဲ့ expired rocket တွေ ကြောင့် ဖြစ်ပါလိမ့်မည်။ လေတပ်သည်သာ မက လေကြောင်းရန်နှင့် အမြှောက်တပ် များလည်း expired များများစွာ အင်ထည့်ခံထား ရကြောင်းသိရပါသည်။
  7.ဵKIAနှင့်ကျောင်းသားတပ်မတော် အမြစ်ဖြတ်တိုက်နေပါပြီးပြည်တွင်းပြည်ပမှာရှိကျတဲ့တော်လှန်ရေအင်းအားစုတွေးအထူးသ
    ဖြင့်UNFCနှင့်NLDဘာတွေဆက်လုပ်မလဲ ——–
  8. The Kachins are asking what was robbed from them. They are not asking what they do not deserve. They legitimately were entitled from the Pang Long Agreement. Now, they have been assaulted by the Thein Sein’s government. We the people are with the Kachins. If the current government is building the genuine democracy, no need to argue much. Federal Union is what we all want. It is not separation. It is not a bad thing. Since day one, Thein Sein must tell the nation that he and his government are to build the federal Union. All of us have been on the same pace with the Kachins. Why is the government shelling and bombing our brothers and sisters? The Karen, the Shans, the Kayahs, the Rakhines, the Chins and the Mons have been asking for the same thing which is federal Union. It is not a bad thing for the Burmans and for the nation.
  9. နှစ်ဖက်စလုံးမှ အပစ်အခတ် အမြန်ဆုံးရပ်ကြပါ။ ဒေသခံပြည်သူတွေကို ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားပြီး အပစ်အခတ်ရပ်ပေးကြပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးပြန်စနိုင်အောင် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများက လှုပ်ရှားမှုအသွင်တစ်ရပ်ဖြင့် စုပေါင်းတောင်းဆိုဆောင်ရွက်သွားသင့်သည်ဟု ထင်ပါတယ်။
  10. ဒီတိုက်ပွဲအတွက် ကုန်ကျမည့် စစ်အသုံးစရိတ်တွေကို ပညာရေး-ကျမ္မာရေး အတွက်သုံးစွဲလိုက်လျှင်- ဘယ်လောက်ကောင်းမလဲ- အခုတော့ ကိုယ့်တိုင်းရင်းသား ညီအကို တွေအချင်းချင်း တိုက်ခိုက် ပစ်ခတ်နေတာ -အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ဘဲ-ဒီလုပ်ရပ်တွေနဲ့ ရှေ့ ဘယ်လိုဆက်သွားမလဲ- ပြည်သူ အားလုံးက တောင်းတနေတဲ့ တိုင်းပြည် ငြိမ်ချမ်းရေး- မျှော်တိုင်းဝေပြီ။ ငြိမ်းချမ်းရေးခေါင်းဆောင်ကြီးကလဲ ဂီတဖျော်ဖြေပွဲဖွင့်ပွဲ စကားပြောပေးရတာနဲ့ -နိုင်ငံတကာပွဲ စကားပြောပေးရတာနဲ့ ဆိုတော့ မအားရှာဘူး။ ဒီလိုမအားတဲ့ ကြားထဲက ပြည့်တန်ဆာ လုပ်ပိုင်ခွင့် လိုင်စင် လုပ်ပေးဘို့ တောင် သူ့ မ ပါတီက ပါလီမာန်မှာ အဆိုတင်သွင်းတယ် ဆိုတော့ လုပ်နိုင်သမျှ လုပ်ပေးတာမဆိုးပါဘူး။ အခြောက်လို့ ခေါ်တဲ့ ဂေးတွေကို လိင်တူချင်း ထိမ်းမြားပိုင်ခွင့်တို့  ဘာတို့ ပါ လုပ်ပေးနိုင်ပါစေလို့ တိုက်တွန်းသဗျာ
  11. aung min real realy…badddddd….
  12. Aung Min Lier….
  13. KIA လနန် က အမြဲတမ်း ညာနေတာဘဲ, ရထား မိုင်းခွဲလိုက်
    တတားဖေါက်ခွဲလိုက်နဲ့ အကြိမ်ကြိမ် လုပ်ပြီးတော့ သူတို့
    မဟုတ် သလိုလိုနဲ့
    ငြိမ်းချမ်းရေး အကျိုးဆောင် တွေလဲ KIA ဘက်ပင်းတယ်
    လို့မြင်တယ်
  14. တရုပ်မ ကြောက်
    မင်းအောင်လှိုင်၊ ဦးသိန်းစိန်၊ ဦးအောင်မင်းတို့ စည်းဝါးညီညီ ယိမ်းကနေကြတာ မသိကြသေးဘူးလား။ ဗိုလ်သန်းရွှေရဲ့ ကချင်အပြုတ်တိုက်ရေး စစ်ဆင်ရေးပဲ။ ဦးအောင်မင်း “ကြောက်”ရတဲ့ တယုတ်ရဲ့ ရေနံပိုက်လိုင်းစီးမံကိန်းအောင်မြင်ရေးအတွက်ပါ။
    တယုတ်က မြစ်ဆုံရေကရတဲ့ရွှေကို ဗမာပြည်ထဲပြန်သွင်းနေပါပြီ။ နောက် လောင်စာဆီရောင်း တော့မှာပါ။
  15. Dear readers!
    KIA and KIO are the biggest obstacle for the peaceful future federal union. Government has already agree whatever they ask. Only the elite KIA who are enjoying the life don’t want lasting peace because peace will take away their benefits. Just because these cowards don’t want to come to peace negotiation table doesn’t mean that they are honest. Remember in the Kachin state, the Kachins are the minority. They are not majority. Kachin represents only 35% of the population in Kachin land. Not only Shans and Bamar also Kachins themselves are sick and tired of those selfish cowards. It is really the time to reprimand the KIA. Just because the Tadmadaw consider KIA as mis behaving little brother, otherwise KIA would have been wiped out much earlier. When you give them so much chance, ofcourse they will behave bad. But enough is enough. Its time to root out the mercenaries KIA. If they don’t want to come to peace table this time around, when will they come. The country as a whole never had this kind of chance in the past and there will not be so much chance like this in the future. The whole country want to move forward, but these cowards still want to dig in the past. Come on Kachin brothers, this is the time to kick KIA cowards ass. Don’t let the whole Kachin race down because of KIA cowards. Its time to move forward and build prosperous true federal union. Long live our union and KIA down down!!!!!!!!!!
    • Hey Shan Lay, do you know the meaning of federal union. It is neither one individual who suck military and get the power and confiscated people land nor selling country natural resources and stash them in their families AH.
    • တရုပ်မ ကြောက်
      တယုနဲ့စစ်ဗိုလ်တွေ ယုတ်မာတာ၊ အနိုင်ကျင့်တာ ဆက်မခံရအောင်KIA ကို အားပေးပါတယ်။ မြေပြင်တိုက် သေနတ်နဲ့ တိုက်လေယာဉ်ကို ယှဉ်ရဲတာ coward မဟုတ်ပါ။ ခေတ်အဆက်ဆက် KIA ကို မနိုင်ခဲ့တာ တိုက်လေယာဉ်လည်း မနိုင်နိုင်ပါဘူး။ လျှို့ဝှက်သိမ်းဆည်းထားတဲ့ မြောက်ကိုးရီးယားလုပ် အနုမြူဗုံးနဲ့ဆို KIA တပ်ဖွဲ့တွေ ပြုတ်ပြုတ်ပြုန်းသွားနိုင်ပါတယ်။ ဒါပေမယ့် KIA စိတ်ဓါတ်ကတော့ အမြဲ ခိုင်မြဲနေမှာပါ။ KIA ကို လေးစားပါတယ်။
    • အပြင်လူ
ိသတ်မတော် သတ်မတော် down down
      သတ်မတော် သတ်မတော် down down
    • Hahahaha! This was what all you got? It does not matter whether the Shans are majority or minority in Shan State, Shans are owners of Shan State. Kachins are the owners of Kachin State no matter how many non-Kachins migrate into Kachin State. You idiot people need to shut youth big mouths.
      • We heard that KIO ask Monkoe,Monpaw,some areas of Muse and kutkhine townships to be self-admistrated. How is it possible !! Moenyin,Monkaung,Bamaw and myitkina townships are not in the kachin hilly region at first. In 1950,states are constituted and U Nu,and hluttaw put these townships into the kachin state against the people living in these townships. As monnyin sarbwa is the history and people living in these townships mostly shan and burmese. Moenyin sarbwa has been ruling these towns since history begins. q
    • မြန်မာပြည်သား
      တိုင်းပြည်တွင် တစ်ကယ်တန်း အရှုပ်ထုတ် ကြီး ဖြစ်နေသည်မှာ တပ်မတော်မှ အရာရှိကြီးများ ဖြစ်ပါသည်။
      ထိုသူများ နှင့် သူတို့သားသမီးများ ကောင်းစားရး အတွက် ပြည်သူတစ်ရပ်လုံးမှ အနစ်နာခံနေရပါသည်။
      တပ်မတော် အရာရှိကြီးများ နှင့် ရင်းနှီးသူများ သာ သတ္တု တူးဖေါ်ခွင့် ပါမစ် ရသဖြင့် ကချင်ပြည်နယ်မှ ကျောက်များ ကုန်သွားသော်လည်း ကချင်လူထုမှာ မွဲနေပါသည်။
      တပ်မတော်၏ ပြည်တွင်း ပြည်ပရန်သူ ဖန်တီးရေး ဗျူဟာကြောင့် တပ်မတော် အခြားအဆင့် တပ်သားများ နှင့် တိုင်းရင်းသား များ သေဆုံးခဲ့ရကာ တိုင်းပြည် စီးပွားရေးကို များစွာ နစ်နာခဲ့သည်။
      အထူးသဖြင့် ၁၉၆၂ မှ ၁၉၈၈ အထိ တရုတ်ပြည်ကို ရန် သူ အဖြစ်သဘော ထားပြီး ၁၉၈၈မှ၂၀၁၀ အထိ အမေရိကန် ကို ရန်သူ အဖြစ် သဘောထား ခဲ့ သဖြင့် တိုင်းပြည် စီးပွားရေး များစွာ နစ်နာခဲ့သည်။
    • brother shan lay.. are you a Shan coward ?….worry about your land, Shan state and your people …. we, the Kachin people are not asking for.money…as a begger. of course…we know the development of our people are important… but there are something which are more important than money and development in our life.. which are our land.,our right,our freedom, self-determination ….. all we ask for..is. to keep their promise.”Pang long agreement..”.. if you don’t know what Panglong agreement is .. don’t insult the people who are giving their live for their people and the blessing land
      your loving brother
      Kachin
  16. သူငယ်ချင်းတို့
    အရာရာတိုင်းကို နှစ်ဖက်မျှတအောင်တွေးကြည့်ပါ။ အပစ်အခတ်ရပ်မယ် ငြိမ်းချမ်းရေး လုပ်မယ်လို ပြောတာကိုလက်မခံတာက ဘယ်သူလဲ၊ ပြည်သူတွေသုံးနေတဲ့ တံတာ၊ လမ်းတွေ ကိုမိုင်းခွဲတာ ဘယ်သူလဲ ၊ တဖက်ကမလုပ်ပါဘူးဆိုပင်မဲ့ တဖက်ကလုပ်လာရင် ဘယ်လောက် ထိ သိခံနိုင်မှာလဲ ၊ သူငယ်ချင်တိုဆိုရင်ကော ကိုကရန်မစပါဘူးဆိုတာကို လာရန်စရင် ဘယ် လောက်ထိခွင့် လွှတ်နိုင်မှာလဲ— ဖြစ်လာရင်တော့မနိုင်ရင်နိုင်တာနဲ့လုပ်မှာပဲ– အချစ် နဲ့စစ်မှာမတရားတာမရှိပါဘူး– လူတွေသိပိအထက်ကြီးနေတဲ့ အမေရိကန်ကကော ဘယ်လောက် ထိချမှတ်ထားတဲ့ ဥပဒေကိုလိုက်နာလိုလဲ— မောင်းသူမဲ့လေယာဉ်နဲပစ်တာပဲ မဟုတ်လား—-နှစ်ဖက်မျှတွေးကြည့်လိုက်ပါ–
    • who is the one who kill hundreds or thousands of innocent people in 1988?
      who is the one who kill and beat the monk ,, the monk.. who are the same level as Buddha and parent..at the ?
      who is the one who burn the innocent monks and people. at the လက်ပတောင်း in 2012?
      The answer is so clear..
      Do you think all the unacceptable crimes are fair..for you, Nandarlin
  17. မင်းကြီးညို
    ပြည်တွင်းစစ်တွင် လေယာဉ်ဖြင့်တိုက်သည်များရှိပါသည်။ သီရိလင်္ကာပြည်တွင်းစစ်တွင်အစိုးရ
    တပ်များမှ တမီးလ်သူပုန်များကိုတိုက်ရာတွင်လေယာဉ်များဖြင့်ဗုံးကြဲခဲ့ပါသည်။တမီးလ်သူပုန်များ
    အရေးနိမ့်သွားပါသည်။စစ်ပြီးသောအခါ ကုလသမဂ္ဂမှ လူ့အခွင့်အရေးစုံစမ်းရန်စေလွှတ်သော်
    လည်း ၄င်းတို့ကိုသီရိလင်္ကာအစိုးရမှပြည်ဝင်ခွင့်ဗီဇာမပေးပါ။ ကုလသမဂ္ဂလည်းမည်သို့မျှမတတ်
    နှိုင်ပဲ အလျော့ပေးခဲ့ရသည်။ ပြည်ဝင်ခွင့်ဗီဇာမပေးလျှင် ကုလသမဂ္ဂအရာရှိများသော်မှဝင်ခွင့်
    မရသည်ကို ဗဟုသုတမှတ်သားရပါသည်။
  18. တော်လှန်ရေးနယ်မြေများ လက်လွှတ်ရသော်ငြား တော်လှန်ရေး မကျဆုံးနှိုင်။
    ကရင့်တော်လှန်ရေးအတွင်း ဖြတ်သန်းခဲ့သော သမိုင်းများအရ၊ န၀တ/နအဖ အစိုးရ အဆက်ဆက်တွင် ကရင့်တော်လှန်ရေးနယ်မြေများ တိုးပွားလာသည်များ ရှိခဲ့သကဲ့သို့၊ လက်လွှတ်ဆုံးရှုံးခဲ့ရသည်များလည်း ရှိခဲ့သည်။
    ၁၉၉၄-၉၅ တွင် မာနယ်ပလော ဋ္ဌာနချုပ်သည် အဖွဲ့အစည်းတွင်း ဘာသာရေးပြသနာကြောင့် တော်လှန် ပုန်ကန်မှုဖြစ်ကာ လက်လွတ် ခဲ့ရသဖြင့်၊ ၁၉၉၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဗဟိုဋ္ဌာနချုပ်သည် တပ်မဟာ ၆ နယ်မြေ၊ ဥဖိုးထာ့၊ ဝေါ်လေ မှတဆင့် စခန်းသစ်သို့ အဆင့်ဆင့် ပြောင်းရွေ့ခဲ့ရသည်။
    နောက်ပိုင်းတွင် ၀မ်ခ ခံတပ်စခန်းလည်း လက်လွတ်ဆုံးရှုံးခဲ့ရသည်။
    မှတ်မှတ်သားသား ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကရင်ပြည်နယ် ထိုးစစ်ကို စတင်ခဲ့သည်။
    တိုက်ပွဲစဉ်တလျောက် ကြည်းတပ်၊ ၀န်ဆောင်တပ်၊ အမြှောက်တပ်၊ တပ်မတော်(လေ)တို့ကပါ အပြင်း အထန် တိုက်ခိုက်ခဲ့သည်။ ထိုစဉ်က တပ်မဟာ နယ်မြေအသီးသီး လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ မြို့နယ်၊ ခရိုင်၊ တပ်ရင်း၊ တပ်မဟာ ဋ္ဌာနချုပ်ရုံးများသည်လည်း ကျောပိုးအိပ် ရုံးများအဖြစ်သို့ အသွင်ပြောင်းခဲ့ ရသည်။
    ထိုစဉ်က ခံတပ်စခန်းများ လုံးဝနီးပါး ဆုံးရှုံးခဲ့သည်ဟုပင် ဆိုရပေမည်။
    ထိုထက်ပို၍ တော်လှန် ရေးအားကောင်းစဉ်က ကိုယ်ကျိုးစီးပွားရှာရန် ၀င်လာခဲ့ကြသော တော်လှန်ရေး ကိုယ်ကျိုးရှာသမားများမှာ တော်လှန်ရေး၏ လတ်တလော အခြေအနေကို ကြည့်ကာ တော်လှန်ရေးမှ စွန့်ခွာခဲ့ကြသည်။
    တော်လှန်ရေးမှ စွန့်ခွာသူများထဲတွင် ကေအဲန်ယူ အဖွဲ့ဝင် ထက်ဝက်ကျော်သည် စစ်အစိုးရနှင့် ပူးပေါင်းကာ ကေအဲန်ယူအား ပြန်တိုက်သော အဖွဲ့များဖြစ်သွားခြင်းက အဖွဲ့အစည်း ရပ်တည်ရေးတွင် ပိုမို ခက်ခဲစေ ခဲ့သည်။
    ထိုစဉ်က ကေအဲန်ယူ တပ်မဟာ ၆ အတွင်း တော်လှန်ရေးသမား အင်အားမှာ ရာဂဏန်းအထိ ကျဆင်းသွား ခဲ့ သည်။ သို့ရာတွင် ထိုအင်အားသည် တကယ့်တော်လှန်ရေး အင်အား (၀န်ရိုး) ဖြစ်ခဲ့သည်။ ထိုစဉ်က တိုက်ပွဲစဉ် များတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စည်းရုံးရေး ဋ္ဌာနမှ ရဲဘော် ခေါင်းဆောင်များ ကလည်း KNLA တပ်ဖွဲ့များနည်းတူ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြသည်။
    မြို့နယ်၊ ခရိုင်၊ တပ်မဟာ တပ်ရင်းအသီးသီးတို့၏ ရှေ့တန်း နောက်တန်း ဋ္ဌာနချုပ်စခန်းများ၊ ဗဟိုဋ္ဌာနချုပ် စခန်းတို့ပါ လက်လွှတ် ဆုံးရှုံးခဲ့ရသော်လည်း၊ အဖွဲ့အစည်းတွင်း စိတ်ဓါတ်ရေးရာအရ ကျဆုံးမသွားဘဲ ပိုမို၍ ရှိသည့်အင်အားဖြင့် နအဖ တပ်များကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသည်။
    အင်အား ရာဂဏန်းလောက်သာ ရှိတော့သော ကရင်တပ်ဖွဲ့များသည် ယခင် အင်အားများစဉ်ကထက် ၃-၄ ဆ မက တိုက်ပွဲများကို ဖော်နှိုင်ခဲ့သကဲ့သို့ နေရာတိုင်းတွင် နေ့တိုင်း၊ နေ့တိုက်ပွဲ ညတိုက်ပွဲ စခန်းသိမ်း တိုက်ပွဲ ပြောက်ကျားတိုက်ပွဲများ ဆင်နှိုင်ခဲ့ခြင်းက နအဖ အား ပိုမို ချောက်ခြားစေခဲ့သည်။
    ထို့ကြောင့် တော်လှန်ရေးဟူသည် နယ်မြေအသာစီးရရှိမှု- လူအင်အား- ခေတ်မီ စစ်လက်နက်အင်အား- သာလွန်ရုံဖြင့် မကျဆုံးနှိုင်။ လူထုထောက်ခံမှုသည်သာ အဓိကကျပေသည်။ လူထု ထောက်ခံမှု ရနေသမျှ ကာလပတ်လုံး တော်လှန်ရေးသည် မကျဆုံးနှိုင်သည့် သာဓကပင်ဖြစ်သည်။
    ကရင်ခေါင်းဆောင် စောဘဦးကြီး မှာကြားချက် တခုရှိပါသည်။ ကရင်တွေ ရန်သူ့ထံတွင် လည်စဉ်းမခံ မချင်း ကရင့်တော်လှန်ရေး မကျဆုံးပါဘူးတဲ့။
    စစ်အစိုးရ၏ မတရား ဖိနှိပ်နေသမျှကာလပတ်လုံး တော်လှန် ပုန်ကန်မှု ရှိနေဦးမည်သာဖြစ်သည်။
    ဒီနေ့ တိုင်းရင်းသား KIA တပ်ဖွဲ့များသည်လည်း ထိုနည်းတူ မလျော့သော ဇွဲဖြင့် အဖွဲ့အစည်းတွင်း ညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ကာ အောင်ပွဲပန်းတိုင်အရောက် ဆက်လက် ချီတက်နှိုင်ပါစေ။
    အဖိနှိပ်ခံ တော်လှန်ရေး မုချ အောင်ရမည်။
    ဗမာ့တပ်မတော်ရဲ့ မူဝါဒ
    ပြည်တွင်းစစ်ကြီးရှိနေမှ တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို တပ်အတွက် လိုသလို ထုတ်ယူ လို့ ရမှာဖြစ်တယ်။
    စစ်အစိုးရအဆက်ဆက်ကတော့ ပြည်တွင်းစစ်ကြီး ရှိနေမှ တိုင်းပြည်လုံခြုံရေးကို အကြောင်းပြပြီး စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကို ပိုပြီး သည်ပိုးနှိုင်မယ်လို့ ယူဆကြတဲ့ စစ်ခေါင်းဆောင်တွေရဲ့ တလွဲ-အတွေးကြောင့်ပါဘဲ။
    ဒါကြောင့် ဗမာ့ တပ်မတော်ဟာအင်အား နဲနဲလေး ပြန်ကောင်းလာရင် နိုင်ငံတကာထောက်ခံမှု နဲနဲ တိုးလာတာနဲ့ ပြည်တွင်းစစ်ကို ပြန်စတာ နမူနာတွေ ရှိခဲ့သလို အင်အားနည်းလာရင် ပြည်တွင်းငြိမ်းချမ်းရေးစကားကို ပြောလေ့ ရှိတယ်။ ဒါဟာ အာဏာရှင်တွေရဲ့ ပုံသေနည်းဘဲဖြစ်တယ်။ ဒီလို ခေတ်မမှီတော့တဲ့ ပုံသေနည်းအတိုင်း KIA ကို ထိုးစစ်ဆင်နေတာဘဲ။
    ဘာလုပ်သင့်လဲ။ ဘာလုပ်ရမလဲ။
    KIA ရဲ့ အရေးဟာ ဗမာပြည်က တိုင်းရင်းသားတွေရဲ့ အရေးဖြစ်တယ်။ အဲလိုဘဲ KIO နယ်မြေမှာ တိုက်ပွဲဝင်နေတဲ့ ABSDF ကျောင်းသားတွေရဲ့အရေးကလည်း ဗမာ့ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် အရေးဖြစ်တယ်။
    ခုဖြစ်နေတဲ့ တိုက်ပွဲဟာ အမျိုးသားရေးနဲ့ ဒီမိုကရေစီရေးအတွက် တိုင်းရင်းသားတွေနဲ့ ကျောင်းသားတွေ က တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒီအရေးဟာ KIA အရေး၊ ကျောင်းသားတွေရဲ့ အရေးသာ မဟုတ်တော့ဘဲ ဗမာပြည်သား အားလုံးရဲ့ အရေးဖြစ်နေပြီ။
    ဒီတော့ အတိုက်အခံ ပါတီတွေ၊ တိုင်းရင်းသား အကျိုးကို ကာကွယ် စောင့် ရှောက်နေတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေက ဒီတိုက်ပွဲမှာ ၀င်ကူဘို့ လိုလာပြီ။
    သဘောထား မမှန်တဲ့ အစိုးရရဲ့ အပြောကို မကြည့်ဘဲ၊ သူတို့ရဲ့ လုပ်ရပ်တွေကိုကြည့်ပြီး စဉ်းစား ဆုံးဖြတ် ကြဘို့လိုပါပြီ။
    နိုင်ငံရေးပါတီတွေက ကန့်ကွက်စာ ထုတ်နေရုံနဲ့ မရတော့သကဲ့သို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကလည်း မသိသလို လုပ်နေခြင်းမျိုးကို ရပ်တံ့ဘို့ လိုအပ်နေသလို ပြည်သူတွေကလည်း ဒီစစ်ကြီး ရပ်စဲဘို့အတွက် တတ်နှိုင်တဲ့ဘက် ပံ့ပိုးပေးဘို့ လိုအပ်နေပြီ။
    (၀မ်းသာ)
    • ကရင့်တပ်ကို ကချင်တပ် နဲ့မနှိုင်းပါနဲ့ သမိုင်းကြောင်းအရ ကချင်တပ်ဟာ ဗကပ လက်အောက်ခံလုပ်ခဲ့ဘူးပါတယ်။ ကရင်တပ်က လူမျိုးကြီးဝါဒကိုမုန်းပါတယ်၊ ဘယ်လူမျိုးစုငယ် တွေကိုမှ ရွာလုံးကျွတ်မသတ်ခဲ့ဘူး။ ဗမာတွေကို သတ်ချင်သတ်မယ်၊ ကိုယ်လူမျိုးကိုယ်ပြန်မသတ်ဘူးကွ။ ကချင်တပ် ခေါင်းဆောင်တွေက သူတို့အကျိုးအတွက်ဆိုရင် ဘ နဖူးလဲ သိုက်တူးတဲ့ ကောင်တွေ။ သာတဲ့ဘက်ကူးတဲ့ကောင်တွေ ကိုယ်လူတွေ ခွက်ပျောက်ရင်လဲ သူတို့သာကောင်းမယ်ဆိုရင် လဲမယ့်ကောင်တွေ မနှိုင်းပါနဲ့ကွာ
  19. သမ္မတရုံးသို့ အကြံပြု ပေးစာ။
    ၃၀ ဒီဇင်္ဘာ ၂၀၁၂။
    KIA အား ထိုးစစ်ဆင်နေခြင်းကို ရပ်တံ့ပေးရန်။
    ၁။ ဗမာ အစိုးရသစ်အနေဖြင့် ကချင်အား အင်အား အလွန်အကျွံသုံး တိုက်ခိုက်နေခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေပါသည်။
    ၂။ ဗမာ့ တပ်မတော်အနေဖြင့်၎င်း၊ လက်ရှိအစိုးရသည်၎င်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအား အမှန်တကယ် လိုလားပါက ဗမာပြည်တွင်း စစ်ဆင်နေသော စစ်ဆင်ရေးအားလုံးအား ချွင်းချက် မရှိ ရပ်ဆိုင်းပြီး၊ တိုက်ခိုက်ရေး တပ်အားလုံးအား ချွင်းချက်မရှိ တိုင်းရင်းသား ဒေသများမှ ရုပ်သိမ်းပေးစေလိုပါသည်။
    ၃။ ဗမာပြည်သူများ၊ ဒီမိုကရေစီလိုလားသူများ၊ တိုင်းရင်းသားအင်အားစုများ၊ ပြည်ပရောက် ဗမာ မိသားစုများ အနေဖြင့် ငြိမ်းချမ်းမှု မရှိသမျှကာလပ်လုံး ငြိမ်းချမ်းရေးကို တည်ဆောက်၍ မရကြောင်း နားလည်ထားသည့်အပေါ် လက်ရှိ အစိုးအရအနေဖြင့် ဗမာပြည်သူတရပ်လုံး၏ ဆန္ဒသဘောထားကို လိုက်လျောသောအားဖြင့် ပြည်တွင်းစစ်ကို ဗမာပြည်တွင် ရပ်စေလိုပါသည်။
    ၄။ ငြိမ်းချမ်းရေး မရသမျှကာလပတ်လုံး လက်ရှိအစိုးရ၏ ရှေ့လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နှိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ဗမာပြည် ရှေ့ရေးအတွက် ပြည်တွင်း ငြိမ်းချမ်းရေး ပြည်တွင်းစစ် ချုပ်ငြိမ်းရေးသည် ပဋ္ဌမ ဖြစ်သကဲ့သို့ ဒုတိယ၊ တတိယလည်း ဖြစ်သည့် အပေါ် တိုင်းပြည်ကောင်းစားရေးအား ရှေးရှုလျှက် ပြည်တွင်းစစ်ကို ရပ်စဲပေးစေလိုပါသည်။
    ၅။ အထက်ပါ ၄ချက်သည် တိုင်းရင်းသားများနှင့် ယုံကြည်မှုတည်ဆောက်ရာတွင် အထိရောက်ဆုံးနှင့် အမြန်ဆန်ဆုံး ဖြစ်သကဲ့သို့ လက်တွေ့အပြုသဘောဆောင် လုပ်ဆောင်မှုများ ဖြစ်ပါသည်။
    တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုလျှက် . . .
  20. နေမျိုးသူ
    မင်းတို့သရဲဘောကြောင်တယ်ထင်ရင် မင်းလာတိုက်လိုက်လေ—- ပါစပ်ကပြောတာကလွယ် တယ်ဆိုတာမှတ်ထားပါ
  21. ပြည်သူ့မျက်နှာဘယ်တုန်းကမှမကြည့်ဘူး။
    ငါတို့ပညာရေးတွေကို စနစ်တကျဖျက်စီး။
    ကိုယ့်လူမျိုးကို ဖိနှိပ်အုပ်ချုပ်။
    ပြည်တွင်းစစ်ကိုလေယာဉ်တွေသုံး။
    မင်းတို့တကယ်ပဲပျော်ကြရဲ့လား။
  22. ဦးလာနန် … စာဖတ်ပရိတ်သတ်တွေ၊ ပြည်သူတွေကို ခင်ဗျား လိမ်လည်ပြီးလျှောက်ပြော နေတာတွေကို ခင်ဗျား ရှက်သင့်တယ်။ဒါများခင်ဗျားတို့ ကေအိုင်အေ က ၀မ်ပေါင်နိုင်ငံထူထောင်ကြချင်သေးတယ်။ ကျွန်တော်တို့ ပြည်သူတွေ ခင်ဗျားတို့ ကေအိုင်အေကို ဒီလိုလိမ်နေရင် ဘယ်လို ယုံကြည်ရမလဲ။နဲနဲတော့ ပြည်သူ တွေအတွက် စဉ်းစားပေးပါ အုန်း ခင်ဗျာ …။
  23. ချင့်ယုံ
    ဦးလနန်ပြောတာပဲယုံနေကြတာလား၊ သူပြောတဲ့ လေယာဉ်နဲ့လာပစ်၊လက်နက်ကြီးနဲ့ပစ်တာ
    ဘယ်သူမှမထိဘူးတဲ့လား၊ ဒါဆိုဘာကြောင့်ထိတ်လန့်တကြားအော်နေရတာလဲ၊ ပြည်တွင်းစစ်
    မှာလေယာဉ်မသုံးရလို့ဘယ်ဥပဒေ၊ပညာရှိကပြောသလဲ။ဦးလနန်က ပြည်သူတွေကိုပစ်မှတ်
    ထားမပစ်ပါဘူးတဲ့လား၊ ယုံကြနော်။နောက်ပညာကျော်တစ်ယောက်က စစ်တိုက်ရာမှာသုံးမယ့်
    ဟာကို အကျိုးရှိမယ့်နေရာမှာသုံးကြပါတဲ့လား။တော်လိုက်တာ။အမေရိကန်တောင်ကမ္ဘာပေါ်မှာ
    စစ်အသုံးစရိတ်အများဆုံးသုံးနေကြတာသိလား။KIA ကတောင် သူ့ပြည်နယ်ပျက်ရင်ပျက်ပါစေ
    အပစ်အခတ်တော့မရပ်စဲနိုင်ပါဘူးပြောနေတာကြောင့်ဖြစ်နေရတာ၊တစိတ်ရှိ တပ်ပဲအပစ်ပြောနေကြတာ လူကြမ်းကြီးကိုဖြစ်လို့။ KIAကငြိမ်းချမ်းရေးကိုတွင်တွင်ပြောနေရဲ့သားနဲ့ဖြစ်ရတာလား။နိုင်ငံရေးမရှင်းပဲမလုပ်နိုင်
    ဘူးခေါင်းမာနေလို့ဖြစ်ရတာလား။အကြောင်းကြောင့်အကျိုးဖြစ်ရတာပါ။အဲလိုလည်းစဉ်းစား
    ကြပါအုံး။KIA စစ်ရေးနိမ့်မှ ငြိမ်းချမ်းရေးကိုမြင်လာရမှာ။
  24. ချင့်ယုံ
    ပြည်တွင်းစစ်လေယာဉ်မသုံးရလို့နိုင်ငံတကာဥပဒေမရှိပါ။KIA ကသူတို့အခြေအနေမကောင်းလို့ ၀ါဒဖြန့်လာတာပါ။ဦးလနန်ပြောတိုင်း သံယောင်လိုက်နေတဲ့သူတွေတွေ့နေရတယ်။ ကေအိုင်အေ ကသူတို့စစ်ရေးအသာစီးရတယ်ယူဆလို့ နိုင်ငံရေးမရှင်းပဲ စစ်ရေးမရပ်င်္နိုင်လို့ခေါင်းမာနေတာပါ။ဒါကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်ပြသနာပါ။သူတို့စစ်ရေးနိမ့်မှ ဖြေရှင်းလို့ရမှာမို့ ဦးလနန်နဲ့ ဂွမ်မော်ပြောတိုင်းမယုံပဲ လောလောဆယ်ကချင်ပြည်နယ် အေးချမ်းသာယာရေးအတွက် လုပ်နေတာတွေကို အမြင်ကြည်ကြည်လင်လင်ထားပြီးမြင်ပေးကြပါ။
    • မြန်မာပြည်သား
      Yah, There is no law in Myanmar. Especially for poor and minorities. Army leaders can do almost everything without laws.
      President sent two bad USDP leaders to discuss peace talk with KIA. One is Aung Thaung , Aung Thaung discussed about economic projects for his family, not development of ethnic local in Kachin State. The other person , Ohm Myint critized about Aung San , Minorities Leaders and Pin Lon Agreement. This is why the frist peace talk was broken.
      Now discussion is over one years and President changed government team Leader but did not sack Ohm Myint from his post. This show that President is not sincere.
      I heard from another source that one national peace member who is closed to Aung Minn advised President only to discuss groups who are closer with Western Government to get better relationship with US.
      This also show Government side is not sincere.
      This is the Truth.
  25. လက်ခုတ်ဆိုတာတစ်ဘက်တည်းတီးလို.မမည်ပါ။စစ်တပ်ကတိုက်တာဘဲမပြောနဲ.ကေအိုင်အေကမိုင်းခွဲဖျက်ဆီးနေတာလည်းပြောကြဦး။မြေဇာပင်တွေကသနားစရာပါ။အပစ်ရပ်ကြပါ။
    • pps၁၂၃၄၅
      ဟုတ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် တပ်မတော် မကြိုက်တာ လုပ်မိ၍ထောင်ကျခဲ့ပါသည်။ ၈၈ခုနှစ်တွင် ပြည်သူများ တပ်မတော် မကြိုက်တာ လုပ်၍ သေရပါသည်။ ထို့အတူ တပ်မတော် ကို ဆော်ကားသော လက်နက်ကိုင် အဖွဲ့အစည်းများလည်း တပ်မတော် က ဆော်ပါသည်။ သို့သော် ဗိုလ်ချုပ်နေဝင်း လက်ထက် တပ်မတော် ကို စော်ကား သော အင်အားကြီး တရုတ် အစိုးရ ကို တပ်မတော် က စစ်မကြေငြာခဲ့ သလို ဗိုလ်သန်းရွှေ လက်ထက် တပ်မတော် ကို စော်ကားခဲ့သော အမေရိကန်ပြည်ထောင်စုကိုလည်း တပ်မတော်မှ စစ်မကြေညာခဲ့ပေ။ ထိုအကြောင်းများကို ကြည့်၍ လက်ခုတ် ဆိုသည် မှာ တီးမှမြည်ကြောင်း၊ သို့ရာတွင် အင်အားကြီး သူများကို ညင်ညင်သာသာတီးကြောင်း အင်အားနည်းသော ပြည်သူများကို အစိုးရမှ အားရပါးရတီးကြောင်း လေလာခံစားနိုင်ပါသည်။
  26. ငြိမ်းချမ်းမေ
    ကတိရှိမှု+ယုံကြည်မှု+ငြိမ်းချမ်းရေးကိုတကယ်လိုလားမှု+လုံခြုံမှု= အကျိုးတူစီးပွားဖြစ်မှု/နိုင်ငံရဲ့တည်ငြိမ်ငြိမ်းမှု
    ………ဒါတွေဟာကြိုးဆက်တွေလိုပါပဲ..ပြည်သူလူထုကိုတကယ်ငဲ့ညာရင်တကယ်စဉ်းစားပေးရင်..ညှိလို့မရတဲ့ကိစ္စဆိုတာမရှိပါဘူး…ကိုယ်ဘက်သူ့ဘက်ကြည့်ပြီးလုံးဝကိုအလျော့မပေးရင်ခံရမည့်သူကပြည်သူတွေ…ပြည်သူကမွေးတဲ့စစ်သားတွေ…ဒီစစ်သားတွေမှာလဲမိဘတွေရှိတယ်..သူ့တို့၏မိဘတွေများဘယ်လောက်ရင်ပူသောကရောက်ရလဲ…အားလုံးပြေလည်အောင်ညှိနှိုင်းနိုင်ပါစေလို့…..နိုင်ငံတော်ကြီးကိုဖွံ့ဖြိုးတဲ့ဒီမိုကရေစီပေါ်ရောက်ဖို့အတွက်..လူတိုင်းမှာတာဝန်ရှိတယ်..အကြီးအကဲတွေ…အာဏာရတွေ…အားလုံးတာဝန်ရှိကြပါတယ်………ပြည်အေးချမ်းမှာတိုင်းကသာသာပါမည်။
  27. ဖထွေးလေး
    စစ်ဖြစ်ရင် နိုင်ဖို့ဘဲ အရေးကြီးတယ် ဘာနဲ့တိုက်တိုက်ကွ…
    မင်းကိုယ်တိုင် တိုက်ကြည့်ပါလား?
    • pps၁၂၃၄၅
      ဒီစစ်ပွဲပြီး ရင် စစ်တပ်ထဲမှာ အောင်မြင်သော စစ်ဗိုလ်များကို ရာထူးတိုးပေးရန် ရှိပြီးသား တပ်မတော်သားများကို အရပ်ဖက်သို့ပို့ရန် တပ်ချုပ်နှင့် သမ္မတကြီးတို့ ဆွေးနွေးနေကြောင်း သိရပါသည်။
    • It is time to use anti-aircraft missiles to shoot down bully burmese aircraft.
    • opportunist-hater
      Yes, your comment is totally right!
  28. ကဲမပြောဘူးလို့နေတာ…ကွန်မန့်တွေဖတ်ရတာရော..စိတ်တိုင်းကိုမကျဘူး။ဘာတွေဖြစ်ချင်နေတာလဲပြော။တကယ်တိုက်မလား။ရှေ့တန်းကိုသွားကြ။ဘယ်သူကမှသေတာကိုမြင်ချင်မှာမဟုတ်ဘူး။ကချင်တွေဗုံးမခွဲဘူးလို့ဘယ်သူပြောလဲ။ကိုယ်တိုင်တွေ့လား။ကျုပ်ဘယ်သူဘက်မှမလိုက်ဘူး
    ထပ်ပြောဦးမယ်ဟိုABSDFဆိုတာတွေကရောဘာတွေတောကြောက်လက်ခမောင်းခတ်နေတာလဲ။ကိုယ့်ပြည်သူတွေအချင်းချင်းတိုက်နေတာကောင်းလား။စစ်တပ်ကရော့ဘာလို့လေယဉ်တွေသုံးတာလဲ..သေချာတာကရန်ဖြစ်ရင်တောင်လက်သီးနဲ့ထိုးမရရင်ဓါး၊ဒုတ်နဲ့ခုတ်ရမှာဘဲ။သေနတ်နဲ့ပစ်တာကိုမနိုင်လို့လေယဉ်နဲ့ပစ်တယ်။ဒါပေမယ့်သေရင်ပြည်သူတွေထိဦးမယ်။ဘာတွေတောင်းဆိုနေတာလဲ။အမေရိကန်လိုသေနတ်ကိုင်ချင်လို့လား။သူတို့ကချမ်းသာတယ်။ကိုယ်ကဘာမှမချမ်းသာဘဲနဲ့။ကိုယ့်ပြည်နယ်မှာပညာတတ်တွေပေါလို့လား။အွန်လိုင်းမှာလျောက်ပြောမနေနဲ့။ဒီနေ့လွတ်လပ်ရေးနေ့မှာဗိုလ်ချုပ်သာရှိရင်အားလုံးကိုသောက်ခွက်တွေရိုက်မှာ။ဘယ်သူ့ကိုမှအားမနာချင်နေဗိုလ်ချုပ်ကိုတော့အားနာဦးဟေ။တို့အဖဗိုလ်ချုပ်က၃၂နှစ်နဲ့အသက်ပေးသွားတာမြန်မာနိုင်ငံကြီးအတွက်နော်။မင်းတို့ကကိုယ့်အချင်းချင်းချဖို့တော့လုပ်နေတယ်။ဗိုလ်ချုပ်ပြောသလိုဗမာတွေစိတ်ထက်သလေးဘာလေးနဲ့အချင်းချင်းချဖို့ကိုလုပ်နေတယ်။စစ်တပ်ရော။ကချင်ရော။ဒီတိုင်းပြည်ဘယ်တော့မှမကြီးပွားဘူး။
    • pps၁၂၃၄၅
      you are right. သခင်အောင်ဆန်းသာ ရှိရင် မင်းအောင်လှိုင်တော့ တော်တော် အရိုက်ခံရမှာ။ အခုဆိုရင် ချီးထွက်နေလောက်ပြီ။
  29. စိုင်းနော်ခမ်း
    ဘယ်သူမှားတယ်မှန်တယ် သိချင်ယင် ကချင် ပြည်နယ် မှာ ရှိတဲ့ ရှမ်းလူမျိုး တွေကိုသာ လာပြီး
    စုံစမ်းပါ တော့ ။ ဒါမှ မဟုတ် ကချင်ပြည်နယ်မှာ ၁/၂ လ လောက် လာနေ ကြည့်ပါ ခင်ဗျား
  30. နန်းရင်းသား
    ကချင်ပြည်နယ်သား တွေကို မီးရထားနဲ့ ခရီးသွာတဲ့အခါဘေးရန်ကင်းအောင် စောင့်ရှောက်ပေးတာ
    တပ်မတောပါ။ ပြည်သူတွေ စိုးရိမ် ကြောင့်ကြဖြစ်အောင် မိုင်းထောင်
    တာ ကေအိုင်အေပါ။ မိုင်းထောင်တဲ့ အတွက် မီးရထားစက်ခေါင်းတောင်
    ဘယ်သူမှမောင်းရဲမှာ မဟုတ်ဘူး။ကေအိုင်အေက မိုင်းမထောင် ဆက်ကြေး မကောကရင်
    တပ်ကလည်း ကေအိုင်အေ ကို တိုက်စရာအကြောင်း မရှိဘူး။
    ဦးသိန်းစိန် အပစ်ရပ် ခိုင်းတော့ တပ်က မတိုက်ဘဲ လွှတ်ထား
    တာ ကေအိုင်အေက ပိုဆိုးလာတယ်။ ကျုပ်တို့ ကချင်မှာ နေတဲ့လူတွေ
    အဲဒီအချန်မှာ ဘယ်သူ့ကို အားကိုးရမှန်း တောင် မသိဘူး။ကေအိုင်အေက
    မိုင်းထောင်တဲ့အပြင် သူတို့နဲ့အဆင်မပြေသူ တွေကို နေ့ခင်းကြောင်တောင်
    မြို့ထဲထိ ဝင်ဆွဲပြီးသတ်ခံရတဲ့ လူတွေလဲမနည်းဘူး။ မယုံရင် ကချင်လာပြီး
    စုံစမ်းပါ။
  31. စိုင်းနော်ခမ်း
    ကွန်မဲန်းတွေ သတင်းတွေ ဖတ်ပြီး ဘယ်သူ
    မှန်တယ် မှားတယ် မဆုံးဖြတ်ပါနဲ့။ အမှန် သိချင်
    ယင် ကချင်ပြည်နယ်လာပြီး ကချင်ပြည်နယ်
    မှာ အမြဲ နေတဲ့ ရှမ်းတွေ ကိုလာပြီး တိတ်တဆိတ်
    လာစုံစမ်းပါ။ဒါမှမဟုတ် ကချင်ပြည်နယ်မှာ
    ၁လ ၂လ လောက်လာနေကြည့်ပါ။
  32. တိုက်ပွဲအခြေအနေကိုဖေါ်ပြပေးတာကျေးဇူးပါ