ရခိုင်တွင် ဥပဒေအရ စစ်အုပ်ချုပ်ရေး ကြေညာနိုင် | ဧရာဝတီ

ရခိုင်တွင် ဥပဒေအရ စစ်အုပ်ချုပ်ရေး ကြေညာနိုင်

Hits:7,875
  | |

ရခိုင်ပြည်နယ် ကျော်တော်ဒေသမှ ဒဏ်ရာရရှိလာသူများကို အောက်တိုဘာ၂၆ရက်နေ့တွင် စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် ကြေညာ နိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁) အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်သွားရန် ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက တရားဝင်ထုတ်ပြန် ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အမြန်ဆုံး လုပ်ဆောင်ရန် အရေးကြီး အဆိုတရပ် တင်သွင်းလာချိန်တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“ရခိုင်ပြည်နယ် အရေးကိစ္စကို ချက်ချင်း အရေးယူဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း လွှတ်တော်မှာ
အရေးတကြီး အဆိုတင်တယ်။ ဒီအပေါ်မှာ ပြည်ထဲရေးဝန်ကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁) အတိုင်း ဆောင်ရွက် မယ်လို့ပြောတယ်။ ဆိုလိုတာက အခန်း (၁၁) ဆိုတာ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်ပါ။ တည်ငြိမ်မှု မရှိတဲ့ ပြည်နယ်/ တိုင်းဒေသ ကြီးတွေမှာ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော် သမ္မတနဲ့ အမျိုးသား လုံခြုံရေး ကောင်စီက တိုက်ရိုက်ကွပ်ကဲပြီး စစ်အုပ်ချုပ်ရေး ကြေညာလို့ ရတဲ့ ပြဋ္ဌာန်းချက်မျိုးပါ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လှည်းကူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၁ ပုဒ်မ ၄၁၃ (က) (ခ) တွင် အရေးပေါ် အခြေအနေ ကြေညာသည့် နေရာအတွင်း မူလ အခြေအနေ ပြန်လည် ရောက်ရှိစေရန် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ ယင်း အဖွဲ့အစည်းဝင်များ၊ နယ်ဘက် ဆိုင်ရာ အဖွဲ့အစည်းများ အပါအ၀င် အဖွဲ့အစည်းများသည် တည်ဆဲဥပဒေ များနှင့်အညီ ဆောင်ရွက်ရာတွင် တပ်မတော် အကူအညီယူကာ ဆောင်ရွက်နိုင်ကြောင်း၊ လိုအပ်ပါက နိုင်ငံတော် သမ္မတသည် စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်နိုင်ကြောင်း တရားဝင် ပြဋ္ဌာန်းထားသည်။

ထို့အပြင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက လက်ရှိတွင် ရခိုင်ပြည်နယ်ကိစ္စကို နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ကာကွယ်ရေးဝန်ကြီး ဌာန စစ်ဆင်ရေး အထူးအဖွဲမှူး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းတို့ ဦးစီး ကွပ်ကဲနေပြီး လုံခြုံရေး တိုးမြှင့် သွားမည် ဖြစ်ကြောင်း၊ အခြေအနေ ထပ်မံဆိုးရွားလာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၁ ပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အတိုင်းသာ ဆက်လက် ဆောင်ရွက်သွားရန် ရှိသည့်အပြင် ဥပဒေများအတိုင်း ဖမ်းဆီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

“လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကလည်း လုံခြုံရေး အင်အားတိုးဖို့၊ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူပေးဖို့ တက်တက်ကြွကြွ ထောက်ခံ ဆွေးနွေးကြတယ်။ ရခိုင် လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ရေး လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးက တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်ဖို့ ဆွေးနွေးကြပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော်အမတ် သူရ ဦးအောင်ကိုကလည်း ရခိုင်ပြည်နယ်တွင် တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေး ကဏ္ဍ အားကောင်းရေး လုပ်ဆောင်ရန် တိုက်တွန်း ပြောဆိုသွားကြောင်း သိရသည်။

ယနေ့ ပြည်သူ့လွှတ်တော်တွင် တင်သွင်းသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရန် အရေး အဆိုကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီအဖွဲ့ဝင် တိုင်းရင်းသား စည်းလုံးညွတ်ရေး ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဉာဏ်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။


17 Responses

Leave a Reply

  1. အမျိုးသားရေးကာကွယ်ပေးပါ။
    မြန်မာပြည်တွင်းအစ္စလာမ်များလုပ်ဆောင်ချက်မဟုတ်..
    တဖက်နိုင်ငံကအကြမ်းဖက်အစ္စလာမ်အစွန်းရောက်များလက်ချက်
    လုပ်ပြီးဒုက္ခသည်စခမ်းထဲပြန်ဝင်အောင်းနေတာ
    သေချာစုံစမ်းစစ်ဆေးသင့်ပါတယ်..

    • မြန်မာ တိုင်းရင်းသူ

      ပြည်ပက အစွန်းရောက်တွေက ပြသာနာ ဖွနေတယ်ဆိုတာ လက်ခံပါတယ်။
      ပြည်တွင်းက မူဆလင် ဘာသာဝင်တွေဟာ အတူနေလာတာလဲ ကြာပြီ။ ပြသာနာတက်ပြီး ဒုက္ခရောက်စရာ ဖြစ်ရင် သူတို့ပဲ ခံရမှာ သိကြမှာပါ။
      ပြသာနာ အမှန်ကို ဖြေရှင်းစေချင်ပါတယ်။ မဆိုင်ပဲ နင့်အမျိုးလုပ်တာ နင်ခံလို့တော့ အပြစ်မပေးသင့်ပါဘူး။

  2. အစက မသိလား၊ ချစ်ခဲ့မိတာ ငါ့အမှား

  3. နိုင်ငံတော်သမ္မတကြီး၊လွှတ်တော်ဥက္ကဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား
    ရခိုင်ပြည်နယ်ကအနိဌာရုဏ်တွေအမြန်ချုပ်ငြိမ်းရေးအတွက်အရေးပေါ်အခြေအနေနဲ့စစ်အုပ်ချုပ်ရေး
    ကိုဖွဲ့စည်းပုံအခြေခံဥပဒေ ၁၁ပုဒ္မ ၄၁၃(က)(ခ)အရလုပ်ဆောင်မယ်ဆိုရာမှာတပ်မတော်အခန်း
    ကဏ္ဍကိုမျက်ခြေမပြတ်ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်နိုင်ကြပါစေခင်ဗျား။အကြောင်းကတော့ဧရာဝတီ
    blogက blogerနေဘုဏ်းလတ်ရဲ့စာကိုဖတ်ရပြီးပြည်သူတွေရဲ့စိတ်မှာတဘက်ကအဓိကရုဏ်းတွေကို
    အမြန်ချုပ်ငြိမ်းစေချင်တယ်၊တဘက်ကလဲနောက်ပြန်ဆွဲမှာကိုလဲစိုးရိမ်နေကြပါတယ်ခင်ဗျား။

  4. Killing of Burma army in Arakan state almost 7 arakanese died was devious condition that will be made to be broken unity. Burma army always open fire non- armed ethnic people that is noticed to betray on ethnic minority.It was worsen and enhanced to riot. There are many different on concept of this chaos as Burmese and Arakanese that Burma never try this problem basically because of they didn’t like arakan scenario.I wouldn’t like to military rule that will increase to disgust and corrupt in state where Military has only responsibility to be secure and not to be conflict again.Government was weaken to use diplomacy and failed by conspiracy and knockout of OIC and them its result got burning .”" struggle of arakan state is not to frustrate””.

  5. မြန်မာနိုင်ငံသားတိုင်းသိစေရန်တင်ပြပေးလိုက်ပါသည်ကျွန်တော်နေ့ စဉ်သတင်းတွေဖက် စာစောင်တွေကြည် အင်တာနက်
    ကြည်ရင်းငါတို့ မြန်မာတွေတဖြည်းဖြည်းပြောင်းလည်းသွားတာကိုတွေမြင်ရနေပါသည် မြန်မာတွေဟာကူညီတက်တဲ့စိက်
    သနားတက်တဲ့စိတ်တွေ သဘောကောင်းတဲ့စိတ်တွေပျောက်ကွယ်ကုန်ပြီး မနာလိုတဲ့စိတ် သွေးခွဲတက်တဲ့စိတ်တွေရယ်
    အဆင့်အတန်းခွဲခြားခြင်တဲ့စိတ်တွေ လူမျိုးရေးခွဲခြားတက်တဲ့စိတ်တွေ ဒီမိုကရေစီရပြီးမှဖြစ်ပေါ်လာတာတွေရပါတယ်
    အင်တာနတ်သတင်းတွေကြည်ရင်လည်း ဘန်ဂါလီ နဲ့  ရခိုင်အကြောင်းတွေပဲဖတ်နေရပြီး တရား မ၀င် ရောက်လာတဲ့
    ဘန်ဂါလီမူစလင်တွေ ကိုမောင်းထုတ်ဖိုအကြောင်းတွေ မြန်မာပြည်မှာမထားဖိုအကြောင်းတွေ ဘန်ဂါလီတွေနဲ့ အတူ
    မနေခြင်တာရယ် ကျောင်းအတူ မသက်ခြင်တာရယ် ဘန်ဂါလီတွေ ကိုကူညီခြင် တဲ့သူတွေကိုတားစီးနေတာတွေ ရယ်
    ကုလားဆိုင်တွေမှာဈေးမ၀ယ်ကြရန် တိုက်တွန်နိုးဆော်ဆန္ဒပြတာတွေကိုကြည်ရင်း သိတ်အံအောမိပါတယ်
    ဘာဖြစ်လို့ လဲဆိုရင် ထိုင်းနိုင်ငံအတွင်းသို့ မြန်မာတိုင်းရင်းသားများနေ့ စဉ်ခိုးဝင်နေသည်မှာယနေ့ အထိရှိနေပြီးခန်မှန်
    ခြေ ၂ သန်းလောက်ရှိသည်ဟုသိရပါသည်။ မလေးရှားနိုင် ငံတွင်လည်း ခိုးဝင်နေသောမြန်မာတိုင်းရင်းသားများရှိသည်ကို
    အာလုံသိကြပါမှာပါ မြန်မာတိုင်းရင်းသားများခိုးဝင်ရောက်နေထိုင်မူအပေါ်မလေးရှားကကောထိုင်းနိုင်ငံကကောမြန်မာ
    တိုင်းရင်းသားများမိမိနိုင်ငံတွင်မနေရအောင်ကန်ကွတ်မူများ ယနေ့ အချိန်အထိမပြုလုပ်ကြပါ ဒုက္ခသည် စခန်းများဖွင့်
    ပေး၍ နေထိုင်ခိုင်းခဲ့သည်မှာ ယနေ့ အချိန်အထိဖြစ်ပြီး မည်သည်ထိုင်းလူမျိုးမှအနှေက်အရှက်ပေးခြင်း ဆန္ဒပြခြင်းများ
    မြန်မာပြည်တွင်ဖြစ်ပေါ်နေသောပုံစံများ ထိုင်း နိုင်ငံတွင်လည်းမတွေရသလိုမလေးရှားတွင်လည်းမပြုလုက်ကြပါ။
    ဦးအောင်ဇေယျလက်ထက်ကထိုင်းလူမျိုးတွေကိုနိုပ်ဆက်ခဲ့သော်လည်းမြန်မာများကိုပြန်လည်ကလဲ့စားခြေခြင်းမရှိခဲ့ပေ။
    ဒုက္ခသည် စခန်းများဖွင့်ပေးပြီး နိုင်ငံတကာက မှအကူညီများ ထောက်ပံကြေးများလက်ခံ၍ကျွေးမွှေးထားသည်ကိုသတိ
    ရကြပါ မြန်မာလူမျိုးများဟာ ထိုင်းလူမျိုးတွေလောက်အတွေးအခေါ်ခေါင်းပါးနေပြီးလား လူမူရေးစိတ်ဓါတ်မရှိကြတော့
    တာလားကိုယ်ခြင်းစာနာသောစိက်ဓါတ်များပျောက်ကွယ်နေကြပြီးလား လူသားခြင်းစာနာစိတ်လူသားခြင်းရိုင်းပင်းကူညီ
    ခြင်သောစိတ်တွေ မရှိတောဘူလား မိမိတို့ ပြုလုပ်ခြင်းအားလုံးကို နိုင်ငံတကာက ကြားရမြင်ရ နှင့် မြန်မာလူမျိုးတွေရဲ
    အကြင့်စရိုက်မကောင်းဘူးဟု နိုင်ငံတကာကထင်ကုန်ကြပါလိမ်မည်။ကိုယ်နိုင်ငံအတွင်းရှိနေသောလူသားအားလုံးကို
    လူမျိုးရေး ဘာသာရေး အဆင့်အတန်းမခွဲခြားပဲနေထိုင်နိုင်မှသာ နိုင်ငံကြီးသားပီသမည်ဟုထင်ပါသည်။

    • Your comment reflects true concepts of humanism. Today, many burmese people use internet to disclose their thougths and opinions as they think it is free from responsibilities.They uses the savage and rude terms as possibly as they can find in burmese and English.But they have no ample wisdom to aware such kind of acts will negatively effect the image of entire burmese society. It is so disappointing to see that some burmese assume themselves as online heroes by posting rude and in inhumane comments on internet. Such acts can only show their lacks of humanity senses and rational thinking . Today’s Myanmars seems to be forgetting their present statuses as illegals in neighbouring countries and refugees in West.However, in these countries they are not subject to maltreatments ,discrimination or any acts which may adversely effect human dignity ,if they were legals or illegal .But some people in our society are still reluctant to accept concepts of humanitarianism with rational thinking. .

    • မော်ကြီး

      ထိုင်းတို့မလေးရှားတို့မှာသွားရောက်အလုပ်လုပ်နေကြတဲ့ မြန်မာတွေနဲ့ အခုရခိုင်ပြည်ထဲရောက်နေတဲ့ ဘင်္ဂါလီတွေရဲ့ အခြေအနေနဲ့ ပုံစံအနေအထားလုံးဝကွာတာမို့ ဘယ်လိုမှယှဉ်ပြောလို့မရပါဘူး။ အဲဒါနှစ်ခုဘယ်လိုကွာတယ်ဆိုတာတော့ ပြောပြစရာမလိုလောက်အောင်သိသာထင်ရှားလွန်းပါတယ်။

    • ကျော်ဆိုတဲ့အတွေးအခေါ်ပညာရှင်ကြီး…
      နည်းနည်းလေးလျှော့လိုက်ပါ။
      ခေါင်းစဉ်လွဲနေတယ်။မြန်မာနိုင်ငံသားတွေ
      ဘယ်နိုင်ငံရောက်ရောက်
      ကိုယ့်ဘ၀ကိုယ်နားလည်တယ်။
      ကိုယ့်နေရာကိုယ်သိတယ်။ကိုယ့်ဌာနေကိုယ်သိတယ်။
      သူများအရပ်ဒေသမှာ..စော်ကားမှုယမ်းကားမှုဒေသခံများကို
      ခေါင်းဖြတ်သတ်ဖြတ်မှုမျိုး..မီးရှို့ဖျက်စီးမှု
      အကြမ်းဖက်မှုဆိုတာမရှိခဲ့ဖူးဘူး။
      သူများနိုင်ငံမှာမှီခိုပြီးစားဝတ်နေရေးအတွက်
      ရေကြည်ရာမြက်နုရာမှာနေထိုင်ကြသော်လည်း
      အချိန်တန်ကိုယ့်အိမ်ကိုယ်ပြန်မည့်
      ရည်မှန်းချက်များဖြင့်သာ..
      သူများနေရာကိုအတင်းလိုချင်တပ်မက်စိတ်ဖြင့်
      မကျူးကျော်ခဲ့…
      ကိုယ့်အိမ်ထဲလာနေတဲ့ဧည့်သည်ကို
      ညစဉ်အိပ်မောကျချိန်ကိုယ့်ကိုရန်မူစော်ကား
      မှာကိုစိုးကြောက်နေရပြီဆိုရင်
      အဲ့ဧည့်သည်ကိုမည်သို့လက်ခံထားရမည်နည်းကို
      သေချာစဉ်းစားချင့်ချိန်ပြီး..ပြောနော်……
      စိတ်ပျက်ဖို့ကောင်းတယ်။။မြန်မာတွေကိုဝေဖန်ထားနေလိုက်တာ
      ကိုယ့်အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ကြမှာ
      လူတိုင်းပဲ…
      ကျော်ရေ……ဘင်္ဂါလီတယောက်လောက်ကို
      အိမ်ပေါ်ခေါ်တင်ကြည့်လိုက်..

    • ကို Kyaw ရေ၊ ရေးထားတာ ဟုတ်မလိုလိုနဲ့ တက်တက်စင်အောင်လွဲနေတယ် လို့ ပြောလိုပါတယ်။ မြန်မာတွေတစ်ခြားနိုင်ငံတွေကိုခိုးဝင်တာက စားဝတ်နေရေး အတွက် ရေကြည်ရာမြက်နုရာ ရှာဖွေခြင်းနှင့် တစ်ချို့ကတော့ နိုင်ငံရေးအရ ယာယီခိုလှုံရန်သာဖြစ်ပါတယ်။ ဥပမာ-မလေးရှားရောက်မြန်မာများသည် မလေးရှားလူမျိုးများ (လူမျိုးရေး) ကိုလည်းကောင်း၊ ယင်းတို့၏ဘာသာရေးကို လည်းကောင်း ၀ါးမျိုရန် မည်သူကမျှမကြိုးစားကြပါ။ ထိုင်းမှာလည်း အလားတူဖြစ်ပါသည်။ မိမိနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှု၊ ၀င်ငွေနည်းပါးမှုကြောင့်သာ စွန့်စား သွားလာနေကြတာဖြစ်ပြီး၊ ယင်းနိုင်ငံများ၏ ဥပဒေများစည်းကမ်းများကို လိုက်နာနေထိုင်ကြသူများ ဖြစ်ကြပါသည်။ ( မတစ်ထောင်သားများ ဖြစ်ကြသဖြင့် အနည်းငယ်သော လူနည်းစု၏ ဖေါက်ပြန်မှုတော့ ရှိနိုင်ပါသည်။ ) သို့သော် မြန်မာပြည်ရောက် ဘင်္ဂါလီများနှင့်စပ်လျဉ်းပြီး မြန်မာလူထု ( ရခိုင်တိုင်းရင်းသားများ ) စိတ်ထဲတွင် စိုးရိမ်ပူပန်မှုသည် အထက်ကဖေါ်ပြခဲ့တာတွေထက် အခြေအနေ လုံးဝမတူပါ။ ဥပမာ-ယောင်္ကျားတစ်ယောက်က မိန်းမတွေအများကြီးယူ ကလေးတွေ တပြွတ်ပြွတ်မွေးနေတော့ လူဦးရေအရလွှမ်းမိုးသွားမှာကြောက်ကြသည်။ ဘာသာရေးအရ ဗလီတွေဆောက် ယုံကြည်ကိုးကွယ်ကြတာ ဘာမှဝေဖန်စရာမရှိပေမယ့် ဗုဒ္ဓဘာသာကျောင်းတွေ၊ ခရစ်ယာန်ကျောင်းတွေလို ပြင်ပဘာသာဝင်တွေဝင်ခွင့်မရှိ တင်းကြပ်တဲ့စည်းမျဉ်းတွေနဲ့ ထင်သာမြင်သာမရှိမှုတွေ၊ ပိုဆိုသွားတာက မြန်မာမ
      ( မြန်မာမိန်းခလေး ) ယူ (လက်ထပ်) ရင် ဘယ်လောက်ထောက်ပံ့မယ် စတဲ့သတင်းတွေပြင်ပမှာပြန့်လာတော့ ဒေသခံ တိုင်းရင်းသားတွေစိတ်မှာ စိုးရိမ်စိတ်တွေ ပိုပြီးကြီးလာကြတာပေါ့။ မြန်မာနိုင်ငံ ရခိုင်ပြည်အရေးကို ကျန်တာတွေ ( မြန်မာတွေ တစ်ခြားနိုင်ငံကို သွားတာနဲ့ ) မနှိုင်းယှဉ်သင့်ပါ။ ဒီတော့ Kyaw ရဲ့ သဘောထား Comment ကို ဆန့်ကျင်ပါကြောင်း။ မြန်မာတွေ နဲနဲရန်လိုတတ်လာကြတာတော့ ဟုတ်ပါတယ်။ နေရာနယ်ပယ်အသီးသီးမှာပါ။ ဒါကလည်းခေတ်အဆက်ဆက် မပြည့်စုံမှုတွေ အလိုမကျမှုတွေ ခါးသီးမှုတွေအောက်မှာ ရုန်းကန်နေလာရတဲ့ အကျိုးဆက်တွေ ( ပေါက်ကွဲမှု ) လို့ ယူဆပါတယ်။ ဒါပေမယ့် တစ်ချိန်ချိန် —— မှာ ( တိုင်းပြည်အဘက်ဘက်ကတိုးတက်လာတဲ့အချိန်မှာ၊ ပြည်သူ့ဘ၀တွေ လုံခြုံမှုရှိတဲ့အချိန်မှာ၊ ပညာတတ်လူတန်းစားတွေများလာတဲ့ အချိန်မှာ၊ ဘုရား ကျောင်းကန်တွေမှာ အလှုရေစက်လက်နဲ့မကွာ ပြန်ဖြစ်လာတဲ့အချိန်မှာ ) မြန်မာတွေဟာ မည်သည့်လူမျိုးနဲ့မှ မတူတဲ့ ယဉ်ကျေး သိမ်မွေ့မှုတွေ ပြန်လည် ပေါ်ထွန်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလိုအချိန်ကိုအမြန်ဆုံး ပြန်ရောက်ပါစေလို့ ဆုတောင်းနေပါတယ်။

  6. ဒါဆိုရင်လည်း ရခိုင်ပြည် ကိုကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးလိုက်တော့
    ဒါမှထိထိရောက်ရောက် ကိုယ်တွယ်ဖြေရှင်းနိုင်ကြမှာ

    • Freedom Bangali/Rohingya

      အဲလို ရခိုင်ပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်လို့ကတော့ ဟားဟား.. ပွဲကြီးပွဲကောင်းပေါ့။ တာလီဘန်တွေထင်တိုင်းခြေချနိုင်မဲ့ ဒုတိယအာဖဂန်နစ်စတန် ဖြစ်သွားမှာပေါ့ကိုယ့်လူရယ်။ အဟိ..

  7. Burma is not racist and Arakanese also not to be genocide. There were 2 million peoples entered to Thailand as employee due to lack of works in MYanmar. If Myanmar will has an opportunity of jobs ,all those come back our nation.
    They never claim citizen and to establish a sovereign land in Thailand where those are workers not migrations who has mother land always welcome them.Thiland has been fighting separated muslim rebels for 3 decays died 3000 people.
    Arakan people don’t hate kular who helped to establish as the golden age of Arakan state among 16 century when Kular was good no terrorism and religious extreme.
    Why is kular burning Arakan residence? Many people, migrations of Bangladesh, were trained in Afghanistan by Taliban that Bangladesh knew it so they didn’t agree them to accept as refugees.If you wish to know about Rohingya’s terroirism in Arakan State, you can read Bangladesh newspaper ” amader-shoot” on oct 5 page 5 collum 6 and ” kalerkantho ” on oct 3 2012 page 6 collum 1. It published Rohingya created 5 step planned riots,about 3 step was Arakan’s riots between on May and June, 4 step was 12 temples and 50 residence burnt in Bangladesh, 5 step was now oct riot. You can read about detail supporting money, to push and flee Mrama ,Burma race in Bangladesh, into Myanmar and to flee rohingya into Bangladesh.
    These newspapers furthermore also published to Rohingya’s struggle to establish ” Rohinger’s sovereign land” where ‘s 3 township khagrachari, Rangamati, Bandarban in Bangladesh and Akyab district in Arakan state in Myanmar ,were combined. So you think that is different 2 millions Myanmar in Thailand and kular in Bangladesh.
    Arakan people want to be good and honest kulars who will have to participate our social and respect our nation.

    • To, lay hone ,
      It is illogical to say that Bangalis are creating racial riots to establish a Rohinger Sovereign land.Please be noted that there is no country in the world history which born out of racial riots.Surely, idiots headed will accept cheerfully such a nonsense statement. Myanmars are not so stupid to agree such a pretext. Certainly, you may be one of those who voluntarily want to include themselves in
      the gang of black hands from behind.

  8. Kyawဆိုတဲ့ မောင်ရင်ရေ မပြောမပြီး မတီးမမြည်ဆိုသလိုပေါ့။ မောင်ရင် ဥပမာက – နည်း နည်းချောတော့ ငေါထွက်သွားသလိုဖြစ်နေတယ်။ ထိုင်းကို ခိုးဝင်တဲ့ မြန်မာပြည်သား အလုပ် သမားတွေက ပြည်နယ်မတောင်းဘူး။ အရှင်းပြောရရင် သူတို့လုပ်ခကိုတောင်တိုးမတောင်း ဘူး။ သို့သော် မဲဆောက်မှာရှိတဲ့ မော်လမြိုင်အရေးအခင်းကထွက်လာတဲ့ မြန်မာပြည်က ကု လားတွေကတော့ တချိန်က မဲဆောက်မှာ သူတို့ကို အထူးအုပ်ချုပ်ရေးပေးဘို့ တောင်းဆိုခဲ့ ဘူးတယ်။

  9. ပြောရမှာတော့ စိတ်မကောင်းလှပါဘူး။ တကမ္ဘာလုံးမှာ ဘယ်ဘာသာဝင်နဲ့မှမတဲ့သူ၊ ပြ​ဿနာ
    တွေ အများဆုံးနဲ့သူကိုပြပါဆိုရင်။ အစ္စလာမ်သာသာဝင်တွေ ဖြစ်နေတာတွေ့ရပါတယ်။ နေရာ
    တော်တော်များများမှာ မုတ်ဆိတ်နဲ့ ခေါင်းမူးခြုံဆိုရင် လူတွေက ခပ်ရှောင်ရှောင်ဆက်ဆံတာ ကိုမြင်တွေ့နေရပါပြီ။ မည်သူမပြု မိမိမှု့ဆိုတာ အရမ်းမှန်ပါတယ်။
    အစ္စလာမ်သာသာဝင်တွေ ကျန်းမာ၊ချမ်းသာပြီး ဘေးကင်းကြပါစေ။