အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ကို ဘယ်လိုမြင်သလဲ

Hits:1
Print This Post

အမေရိကန်သမ္မတ အိုဘားမားရဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ မြန်မာပြည်ခရီးစဉ်ကို ပြည်တွင်းကရော ပြည်ပကပါ စိတ်ဝင်စား စောင့်ကြည့်ကြပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း  မြန်မာအာဏာပိုင်တို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် အမေရိကန်ခေါင်းဆောင်တွေ မြန်မာပြည် လာရောက်ဖို့ နေနေသာသာ သံတမန် ဆက်ဆံရေးကိုတောင် သံရုံးယာယီတာဝန်ခံအဆင့်ပဲ ထားရှိခဲ့တာပါ။

အခုတော့ သမ္မတကိုယ်တိုင် မြန်မာပြည်လာတဲ့အထိ အမေရိကန်က မူဝါဒ ပြောင်းလိုက်ပါပြီ။

တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ တဦးရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်အစိုးရအတွက် အလွန်တရာ အကျိုးရှိမှာ အသေအချာပါပဲ။

မြန်မာပြည်က နိုင်ငံရေးသမား အများအပြားကလည်း သူ့ခရီးစဉ်ကို ကြိုဆိုကြောင်း ပြောကြပါတယ်။ ဒီခရီးဟာ အစိုးရရဲ့  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအတွက် အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ယူဆသူများလည်း ရှိပါတယ်။

တချိန်တည်းမှာပဲ – အိုဘားမား မြန်မာပြည် မလာသင့်သေးဘူးလို့ ဆိုကြသူများလည်း ရှိပါတယ်။ သူတို့ကတော့ ပြုပြင်ပြောင်းလဲရေး အခြေအနေကို အားမရသူတွေပါ၊ သူတို့က တိုင်းရင်းသားဒေသ ပဋိပက္ခ၊ နိုင်ငံရေးအကျဉ်းသား စတဲ့အခြေအနေတွေကို ထောက်ပြကြပြီး အမေရိကန်သမ္မတ တယောက်ရဲ့ မြန်မာပြည်ခရီးက စောလွန်းနေသေးတယ်လို့ ဆိုကြပါတယ်။

ဧရာဝတီ စာဖတ်သူများကရော အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ကို ဘယ်လို မြင်ပါသလဲ။

သမ္မတအိုဘားမားရဲ့ မြန်မာပြည် ခရီးဟာ  မြန်မာပြည်အတွက်၊ လူထုအတွက်၊ အစိုးရအတွက် ဘယ်လောက်အထိ အကျိုးရှိသလဲ၊ အကျိုးမဲ့သလဲ။ ဘယ်လို သက်ရောက်မှုတွေ ရှိသလဲ။

ဧရာဝတီဖိုရမ်မှာ ၀င်ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

17 Responses to “အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ကို ဘယ်လိုမြင်သလဲ”

    November 16, 2012 at 6:09 pm

    အိုဘားမား မြန်မာပြည်ကို လာရောက်တဲ့ကိစ္စနဲ့ပတ်သက်၍ အများပြည်သူအပေါ် ထိရောက်တဲ့ အကျိုးကျေးဇူး သိသိသာသာပြောင်းလဲ မခံစားရနိုင်ဘူးဆိုပေမယ့်လည်း အမေရိကန်သမ္မတ ရောက်ရှိလာမယ့် အပေါ် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို မျက်မြင်တွေ့ရှိသွားဖို့နဲ့ အခြေအနေမှန်တချို့ကို သိမြင်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်၊
    ယခုလို လာရောက်ခြင်းနဲ့ပတ်သက်ပြီး နိုင်ငံတိုးတ
    က်ဖို့ရာအတွက် ဘယ်လို ပုံသဏ္ဍန်နဲ့ ကူညီထောက်ပံ့မယ်ဆိုလျှင် ဘယ်လိုအကျိုးဖြစ်ထွန်းမယ်စသည့် လက်တွေ့ဆန်တဲ့ ကူညီမှုမျိုးကို သိရှိစေနိုင်မှာ ဖြစ်တဲ့အတွက် ယခုလို လာရောက်ခြင်းနဲ့ ပတ်သက်ပြီး ကောင်းသောလာခြင်းဟု ဆိုရမည်ဖြစ်ပြီး ကြိုဆိုသင့်ကြိုဆိုထိုက်တဲ့ လာခြင်းမျိုးဖြစ်တယ်လို့ မြင်ပါတယ်။

    အဓိကအားဖြင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များဖြစ်တဲ့ ပညာရေးဆိုင်ရာကိစ္စတွေမှာ ဘယ်လိုကူညီပံ့ပိုးလျှင် ထိရောက်မည် ဆိုတာမျိုးကို သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ဆွေးနွေးညှိုနှိုင်းစေနိုင်ဖို့၊ တရားဥပဒေစိုးမိုးမှု ပိုမိုရရှိလာစေဖို့၊ အများပြည်သူကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီး အခွင့်အရေးတွေ ရရှိစေဖို့၊ ဒီမိုကရေစီစံနှုန်းနဲ့ပတ်သက်ပြီး ပိုမိုပြည့်မှီလာစေဖို့ စတဲ့ အချက်အလက်တွေကို ဦးစားပေးကိစ္စရပ်များအနေနဲ့ သက်ဆိုင်ရာ အာဏာရှိသူများဖြင့် ဆွေးနွေးစေချင်ပါတယ်။

    အဲ့ဒီလို ဆွေးနွေးမှုများကိုအစပြုပြီး နည်းပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများမှတဆင့် ဖြစ်ပေါ်ပြောင်းလဲလာမယ့် အကျိုး သက်ရောက်မှုများကို ပြည်သူလူထုတရပ်ထံသို ရောက်ရှိလာနိုင်မယ်လို့ မြင်မိပါတယ်။

    haha
    November 16, 2012 at 6:43 pm

    ကောင်းပါတယ်
    မလာတာထက်စာရင် လာတာကောင်းတာပေါ့။
    ဘုရှ်လက်ထက်ကလို အဝေးကနေ စကားလုံးကြီးကြီးနဲ့ လေသေနပ် ပစ်နေတာနဲ့စာရင် ။
    ကျနော်တို့ ကံကောင်းတယ် အာရပ် စပရင်းလိုသာဖြစ်ရင် ပြန်ထူထောင်ဖို့မလွယ်ဘူး။ ခုတောင် လမ်းအစုတ်၊ မီးမလာနဲ့ အတော် လုပ်ယူရမှာ။
    အတိုက်ခံတွေလဲ ပြည်တွင်းပြန်ကြည့်ပါဦး။ကမောက်ကမတော့ ဖြစ်နေသေးတာပေါ့ဗျာ။
    ကို့နိုင်ငံပဲ ဝေဖန်တာတခုပဲထက်စာရင် အထဲဝင်ကြည့်ပြီး ကူညီနိုင်ရင် ကူညီလို့ရတာပေါ့

    ဦးမျိုးခန့်
    November 16, 2012 at 10:44 pm

    အိုဘားမားလာတာကို အကျိုးရှိတယ် သူမရောက်ခင် သက့သိုလ်အသစ်ပြန်ရ

    အခုလိုလမ်းဖွင့်ပေးတာ ကျေးဇူးတင်ပါတယ်…ဧရာဝတီ…

    အိုဘားမား လာတာ ၀မ်းသာစရာလိုတော့ရှိပါတယ်…ဒါပေမဲ့ အော် သူတို့တွေ ပေါင်းသွားကြပြီကိုးလို့ ခံစားမိတယ်… (ဒေါ်စုရွေးကောက်ပွဲ ၀င်မယ်ပြောတုန်းကလိုပါပဲ) နိုင်ငံရေးမှာ အမြဲရန်သူ အမြဲမိတ်ဆွေ ဆိုတာလဲမရှိပြန်ဘူးသတဲ့လေ…
    ကြားဖူးတာက ဘယ်နိုင်ငံမဆို ကိုယ့်နိုင်ငံရဲ့အကြိုးစီးပွါးရေးက ပထမဦးစားပေးပါပဲ… အမေရိကန်လည်းထိုနည်းအတူတူပဲ သူ့ရဲ့ပထ၀ီနိုင်ငံရေးအရ၊စီးပွါးရေးအရ၊စစ်ရေးအရ၊ အရေးပါတဲ့မြန်မာနိုင်ငံကို ဖင့်ကြွပြီးလာချင်နေတာ ကြာပြီပေါ့…ဒါ့ကြောင့် ဒေါ်စုကိုပါ လွတ်တော်မရောက်ရောက်အောင် နှင်ကြတာလေ…သူတို့တွေ အ၀င်နည်းနည်းကောင်းအောင်…မရှိစလောက်အပြောင်းအလဲကို ၀ိုင်းပြီးမြောက်ပေးကြနဲ့…နောက်ဆုံးတော့လည်း ဒုက္ခခံကျန်ခဲ့သူတွေက ပြည်သူတွေပါပဲ…လူ့အခွင့်အရေးအလွန်အကျူးချိုးဖောက်ခဲ့တဲ့ အရင်စစ်အစိုးရ ကသူတွေတောင် ကမ္ဘာ့ငြိမ်းချမ်းရေးဆုတောင်ရတော့မလို့နော်… တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာက လောကကြီးမှာမရှိနိုင်တော့ပါ… သေဆုံးပြီး ကောင်းကင်ဘုံရောက်မှပဲ ရှိမယ်လို့လဲ ဘယ်သူတွေရောက်ဖူးကြလည်းမသိပါ…. နိုင်ငံရေးမှာ အမြဲရန်သူ အမြဲမိတ်ဆွေ ဆိုတာလဲမရှိပြန်ဘူးတဲ့…ဒီတော့က တချိန်ချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အစိုးရလဲ အပေးအယူပြန်တည့်သွားတဲ့အခါတော့လည်း ဘယ်သူတွေကို ကြည့်ရပြန်မလဲမသိ…ဘယ်သူတွေက လူမှန်တွေပါလိမ့်…

    MTK
    November 17, 2012 at 9:11 am

    President Obama next week visit to Burma is more great hopes and dreams for our Burmese people, but the mainly changes for Democracy and Human Rights all are depend on New Government. President Obama can support and direct to the way for our country development and a lot of business and jobs blooming up in Burma. Still right now more than 50% of Ministers and Military Personel, they don’t want to change and struggle moving forward to Democracy for our country development and people living poverty. They want to control all the Government Departments and Business going the old policy. No action in Department Corruptions and Mismanagements. Really to change our poverty life in Burma, our Burmese People must understand and don’t accept easily the way Tricks and Treats Policy. Thanks!

    November 17, 2012 at 8:03 pm

    မြန်မာပြည်နှိုင်ငံရေးတကယ်တမ်းပြောင်းလဲနေပြီလားမလာတာထက်စာရင်လာတော့ပိုကောင်းတာပေါ့တကယ်တမ်းကြတော့အမေ ရိကန်အကျုးစီးပွားကာကွယ်ဖို့အတွက်မြန်မာပြည်က အလေးသာပြီးတရုတ်ကြီးကိုလဲသတိပေးရာေ ရာက်တာပေါ့

    November 17, 2012 at 11:30 pm

    Of course, Obama visit is great. All World Leaders are super rich & they have super busy life style. But, We ( our Govt ) shouldn’t miss basics. 1) Creat jobs for ordinary Burmese people like Chinese /Thai Govt’s past 20 yrs policies. 2) Improve standard of education & Healthcare like Vietnam/Indonesia/Thai/Malaysia/S’pore Govts. 3) Within 5 to 10 yrs, Improve/ meet standard of Electricity & roadyways for 60 millions Burmese like China/Thai. 4) Burmese Govt must have knowledge how to get financial assistant from World Bank/ADB/ Rich US/Japan/European govts like Cambodia/Thai/China/Vietnam/Indonesian Govts.

    hlamyint
    November 18, 2012 at 12:06 am

    We need Financial assistant yes but we have to do a lot of stuffs ourselves too.
    invite Polytechnics and vocational colleges & schools for 4 to 18 yrs from Thai/Malay/S’pore. Creat opportunities in Burma for educated young Burmese from Thai/S’pore. If 5% to 20% young educated Burmese come back to Burma, our country will be better. Educate & Train Healthcare & every sectors’ professionals & workers in Burma/Thai/S’pore/Japan/Korea/EU/US.
    Within 10 yrs, Imporve income level & living standard for ordinary Burmese like 60 yrs ago living standard level or 2012 Thai people standard.
    Try to stop Govt Sr Officers & clerks to take “tea money”. Try to stop building low quality standard level Factories by Chinese Cos because Burmese people money goes to Sr Burmese Officers’ pockets. Burmese export income from selling Gas. oil, timber,gems must spend on ordinary Burmese life imporvement.( foods, healthcare, school, roadways, job creations, job training, etc… Like U Nu Govt.) . Good Govt = example: Indian people cry when they Leaders die. Indian ordinary people are doing memorial service yearly for heir Leaders ( unlike Gen Ne Win. Even he thinks/belives he loves Burma & he is doing good for country & ordinary Burmese people)

    hlamyint
    November 18, 2012 at 8:27 pm

    Obama visit is good but present Govt need to do more important things are:

    Present Burmese Leaders should learn from Gen Aung San’s Life style and other countries ( S;pore/ Malay. India/ US ) Leaders’ Legacy in the history.

    At the same time, our today Leaders should know also Gen Than Shwe and Gen Khin Nyunt names are in the drain. Do they want to copy their life?
    [( from North Korean/ Libyer/ Iraq/ Syria ) Leaders ]

    How they ( present Burmese Learders ) want to be remembeedr after they go to next life?

    Please do good for the country and ordinary Burmese people like past 20 yrs other countries ( S’pore/ Malay/ Thai/ China/ Indo/ South Korea/ HK/ Taiwan/ Japan/ America ) Leaders did for their average ordinary people.

    Please just copy from Chinese/ Thai/ S’pore Govt style policies and Management style. Every ordinary people must work hard without “tea mony” and it is muxh more important is present Burmese leaders’ Management skills.

    Management skills of Company is key of it success story in the world. ( Pepsi, Coke, Sansung, Sony, Toyota, etc… )

    Gobt Must Improve education standard to S’pore/Malaysia Level.
    College educated young person from S’pore/ Malay can find a good high income job like Burmese educated in U Nu’s time ( 50-60 yrs ago ).

    Today Burmese educated person is lack ( LACK ) of skills so they get hard job low level position with low pay in other countries. ( 3 D jobs = Dirty / Dangerous/ Difficult jobs ).

    min min
    November 19, 2012 at 6:32 am

    obama လာလာမလာလာ ကိုယ့်နိုင်ငံကခေါင်းဆောင်ကောင်ဖို့အုပ်ချုပ်တဲ့အစိုးရရဲ့အတွေးအခေါ်
    အယူအဆတွေအဆင့်မြင့်ဖို့လိုပါတယ်အစိုးရအနေနဲ့အဖြူရဲ့ဆန့်ကျင်ဖက်ဟာအမည်းလို့ပဲလက်ခံထားရင်တို့နိုင်ငံပြောင်းလဲတိုးတက်ဖို့မမြင်ဘူးပြည်သူတွေနင်းပြားဘ၀ကတက်မှာမဟုတ်ဖူး

    November 19, 2012 at 10:34 pm

    အမေရိကန်ရဲ့ လူကိုတန်ဖိုးထားပြီး အကျိုးရှိအောင်စီမံခဲ့ပုံနဲ့ သူတို့ရဲ့ဒီမိုကရေစီပုံစံကို အကြမ်းဖျင်းချပြဆွေးနွေးသွားတာ အရမ်းကောင်းပါတယ် … ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာ လောလောဆယ် အာဏာရယူထားတာက … လူမျိုးစွဲဘာသာစွဲ ပြင်းထန်တဲ့ စစ်တပ်ကလူတွေပဲဖြစ်နေသေးတော့ … ဘယ်လောက်ပဲကောင်းတာတွေ လက်ဆောင်လာပေးပေမယ့် … ပြည်သူတွေ တကယ်ရရှိလာဖို့ကတော့ ဝေးနေဆဲပါပဲ … သိပ်လည်းဘ၀င်မမြင့်သင့်သေးဘူးထင်တယ် ….

    November 20, 2012 at 12:22 pm

    အိုဘားမားပြန် ဘာတွေကျန် ကျွန်တော်စဉ်းစားမိ။
    ပေါက်ဖော်ကိုကျော် အနောက်မျှော် တချို့ဝေဖန်၏။
    ပြောင်းလည်းခြင်း ခရီး မပေါက် အလည်ရောက် စောလွန်းပါဘိ ဝေဖန်ကြ၏။ ကိုယ်ကျိုးစည်းပွါးလက်ကိုင်ထား လာရောက်လည်ဘိ တချို့တွေး၏။
    အာရှတခွင် သူ့ဂုဏ်အင် ချိန်ခွင်ရှာညိ ဤခရီးဖောက်၏ တွေးကြပြန်၏။
    တွေးချင်ရာတွေး ရေးချင်ရာရေး
    စိမ်းလမ်းစိုပြေမြကျွန်း မြေ ပြန်လည်သက်ဝင် သန့်ရှင်း လက်ဆတ်
    မော်ကွန်းသစ်ရေးထိုး ဤ တမျိုးပင် ကျွန်တော့် လိုလူပိန်း ခပ်စိမ်းစိမ်းတွေးသည် ကြည်နူးပါ၏။

      November 22, 2012 at 6:19 pm

      ကိုမိုးရေအမေ့ကိုနမ်းသွားတာတေါ့ဗျာမကျေနပ်ဘူး။နေနှင့်ဦး….ကျွန်တော်air force oneနဲ့လိုက်ပြီးကွိုင်ရှာမလို့။ြ(ရယ်စရာပြောတာနော်)မြန်မာနဲ့အမေရိကန်ပေါင်းပြီးရှေ့ကိုချီတက်နိုင်ရင်မြန်မာဟာအာရှမှာကျားဖြစ်ပြီပေါ့ဗျာ။ပေါက်ဖေါ်ကြီးကတော့ဖင်ဆောင့်နေလောက်
      ပြီထင်ရဲ့။မြန်မာတွေမညံ့ပါဘူး။

    November 20, 2012 at 11:02 pm

    သူကြွယ်ရှင်ဘုရင်လာတာတိုင်းပြည်အတွက်ပါ
    သူတောင်းစားဘုရင်လာရင်ဘာတွေဖြစ်မလဲ
    သူပုန်ဘုရင်လာရင်ဘာတွေဖြစ်မလဲ
    လူလိန်ဘုရင်လာရင်ဘာဖြစ်မလဲ
    ရန်သူမိတ်ဆွေခွဲခြားဖို့ မြန်မာပြည်သူပြည်သားတွေ
    ဒီလောက်တော့မညံ့သေးပါဘူးလို့ ပြောပါရစေခင်ဗျာ

    November 24, 2012 at 10:00 am

    မြန်မာကတော့အာရှမှာကျားဖြ စ်မဖြစ်တော့မသိဘူးနွားဖြစ်မှတော့သေချာတယ်ဘာဖြစ်လို့  လည်းဆိုတော့ဟို လူာလာလည်းမျက်နှာချိုသွေးရဒီလူလာလည်းမျက်နှာချိုသွေးရနဲ့ဗိုလ်ချုပ်ပြောတဲ့နှိုင်ငံလိုဖြစ်နေပြီ

    Peace
    November 29, 2012 at 12:56 am

    အိုဘားမားလာတာ မြန်မာနိုင်ငံရဲ့ရုပ်ပိုင်းဆိုင်ရာတိုးတက်ဖို့ အထောက်ကူပြုနိုင်ပေမယ့်
    ခေါက်ရိုးကျိုးနေပြီးဖြစ်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းကလူကြီးတွေ ရဲ့စိတ်ဓာတ်တွေကိုတော့
    ပြောင်းလဲပေးနိုင်မယ်မထင်ပါဘူး။

    myochit
    November 29, 2012 at 1:09 am

    စောပါသေးတယ်။

အပြန်အလှန် ဆွေးနွေးရန်